Sunday, April 8, 2012

မြောက်ပိုင်းကျောင်းသားတပ်မတော်ကို ဖြိုခွဲသွားတဲ့ တရားခံအစစ်က ဘယ်သူတွေလဲ (၇)

(၆)
လုပ်ခဲ့တဲ့ တာဝန်ရှိသူတွေက သူတို့မှားခဲ့ရင် အဲဒီအမှားအတွက် ကြိုးစင်တက်မယ်ဆိုတာ လုပ်ကတည်းက ပြောထားကြ ပြီးသား။ အဲဒီအတွက်တော့ စိတ်ပူနေစရာ အကြောင်းမရှိပါ။ လုပ်ရဲရင် ခံရဲကြပါလိမ့်မယ်။ ပြန်လွတ်မပေး သင့်ဘူးလို့ ကျောင်း သားထောက် လှမ်းရေးက ယူဆထားတဲ့ (၁၅) ယောက်ကို ကျန်ရှိနေတဲ့ ဗဟိုကော်မတီတွေ ဆုံးဖြတ်ချက်နဲ့ အား လုံးကိုယ်စား ကိုမျိုးဝင်း တယောက်ထဲက တာဝန်ခံလက်မှတ် ထိုးပြီး သေဒဏ် ချမှတ်ခဲ့တယ်။ (ကျန်တဲ့သူတွေကို နိုင်ငံတ ကာ ကြက်ခြေနီအသင်းကို လွဲအပ်ဖို့ ကြိုးစားခဲ့ကြတယ်။ တရုတ်ပြည်ထဲ ဖြတ်ပြီးလာခွင့်မရလို့ အစီအစဉ်ပျက်သွားခဲ့ တယ်လို့ ကြားရတယ်။)
စစ်ထောက်လှန်းရေးတွေရဲ့ လုပ်နည်းလုပ်ဟန်တွေအရဆိုရင် တော်လှန်ရေးအင်အားစု ဖရိုဖရဲဖြစ်အောင် လုပ်သွားတဲ့ တရားခံ အစစ်အမှန်ဆိုတာ နာမည်မပေါ်တာများတယ်။ ထောင်ထဲမှာနှစ်ရှည်လများရှိမနေဘူး။ အသက်အသေခံ လုပ်ဖို့ ထက် လုပ်ပြီးတာနဲ့ ကိုယ်လွတ်ရုန်းထွက်ဖို့ အစီအစဉ်တွေရှိထားပြီးသား။ အခြေအနေအချိန်အခါကို စောင့်မယ်။ အသုံးချ ခံရတဲ့ ရဲဘော်အမှန်တချို့ကို အမှားတွေဆက်တိုက် လုပ်မိအောင် ဖန်တီးပေးပြီး တရားခံအဖြစ် လက်ညှိုးထိုးဖို့ ပြင်ထား မယ်။
နန်းစော၊ သင်းသင်း၊ ဘိုဘို၊ ကျော်ခိုင်ဝင်း တို့လို ရိုးသားတဲ့ ရဲဘော်ရဲမေတချို့ကို ကိုယ့်ဘက်က ခိုင်လုံတဲ့သက်သေတွေ အဖြစ် ကာဗာယူပြီး ဆက်အသုံးချမယ် ထိုးကျွေးခဲ့တဲ့ သမိုင်းအထင်အရှားရှိခဲ့တဲ့ ရဲဘော် ထွန်းအောင်ကျော် တို့လိုလူမျိုး တွေကို ရှေ့တန်းပြန်တင် ကာဗာယူလှုပ်ရှားပြီး သမိုင်းစင်မြင့်ပေါ် မှာ နောက်ထပ်အကွက်တခု ထပ်ဆင်ခွင့်ရဖို့ အရေးပါ တဲ့ နေရာတခုအတွက် ခြေလှမ်းပြင်နေလိမ့်အုံးမယ်။
ရန်သူက သူ့အလုပ် သူလုပ်သွားတာ ရှင်းတယ်၊ ဒါကိုပြန်အသုံးချပြီး ကျောင်းသားတပ်ကို ရေမဲ့ငါးဖြစ်ရေး သူတို့ရဲ့ စီမံ ချက် ဆက်လက်အကောင်အထည်ဖော် လှုပ်ရှားနေဆဲ။
မရှင်းတာက ဘာလဲ။ မရှင်းတာက “ကျနော် ထောက်လှမ်းရေးကပါ” လို့ ဘယ်သူမှ လည်ပင်းမှာစာတမ်းချိတ်ပြီး မလာ ကြတော့ တရားခံအစစ်တွေက ကိုယ်ပျောက်နေတယ်၊ အဲဒီအတွက် အမှန်တရားကို အမှန်တကယ် ဖော်ထုတ်ချင်ပါ တယ်ဆိုသူများ ငွေကုန်လည်းခံနိုင်တယ်။ အချိန်ကုန်လည်းခံနိုင်တယ်ဆိုရင်တော့ နောက်ခံဘက်ကရောင်းတွေကို တူး ဆွကြည့်ချင်ရင် တာဝန်ရှိခဲ့တဲ့သူတွေက …
ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်အပါအ၀င် နောက်တန်းမှာရှိနေတဲ့ မြောက်ပိုင်းဗဟိုကော်မတီဝင်တွေရဲ့ ဆုံးဖြတ်ချက်နဲ့ စခဲ့ ပြီး ကျန်ရှိနေတဲ့ ဗဟိုကော်မတီဝင်တွေရဲ့ ဆုံးဖြတ်ချက်နဲ့ အဆုံးသတ်ခဲ့တဲ့အတွက် မြောက်ပိုင်း ဗဟိုကော်မတီဝင်တွေ အားလုံးမှာ ပထမအဆင့်အနေနဲ့ တာဝန်ရှိတယ်။ ရှင်းအောင်လို့ အဓိက တာဝန်ရှိတယ် ထင်ရသူများကိုသာ ဖော်ပြထား ပါတယ်။
၁၊ ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော် (မန္တလေး၊ ဂျီတီအိုင်၊ အသတ်ခံရ)
၂၊ဒုဥက္ကဋ္ဌ(၁)စစ်ရေးတာဝန်ခံကိုသံချောင်း
(မိုးညှင်း(မိုဟန်)မြစ်ကြီးနားတက္ကသိုလ်၊သေဒဏ်အထပ်ထပ် နဲ့ထောင်ကျ)
၃၊ အထွေထွေအတွင်းရေးမှူး ကိုအောင်နိုင် (မန္တလေး၊ ဆေး၊ လက်ရှိချင်းမိုင်)
၎၊ တွဲဘက်အထွေထွေအတွင်းရေးမှူး (၁) ကိုမျိုးဝင်း (မိုးညှင်း-နမ္မား) အာအိုင်တီ ပဉ္စမနှစ်၊ ကျဆုံး)
၅၊ တွဲဘက်အထွေထွေအတွင်းရေးမှူး (၂) ဒူဝါ လှဆိုင်း (မြစ်ကြီးနား၊ ဂုဏ်ထူးတန်းကျောင်းသား၊ လက်ရှိ မြောက်ပိုင်း)
၆၊ သတင်းနှင့်ပြန်ကြားရေးဌာန ကိုတင်မောင်အေး (ခ) ကိုအားဆိုက် (ကသာ၊ စစ်ကြောရေးမှာ သေဆုံး)
ရ၊ ရန်ကုန်ဒေသတာဝန်ခံ (ရွှေကူခရိုင်မှူး) ကိုရဲလင်း (ရန်ကုန်၊ အဖမ်းခံရပြီးနောက်ပြန်လွတ်)
၈၊ မန္တလေးဒေသတာဝန်ခံ (ဗန်းမော်ခရိုင်မှူး) ကိုညီညီကျော် (မန္တလေး၊ အဖမ်းခံရပြီးနောက် လက်ပြန်ကြိုး တုပ်ထားတဲ့ ကြားက ပထမဆုံး ထွက်ပြေးလွတ်မြောက်ခဲ့သူ)
၉၊ (မပ) ကိုယ်စားလှယ်အဖြစ် တောင်ပိုင်းရှိနေ ကိုလှဌေး (ဗန်းမော်၊ လက်ရှိ အိန္ဒိယ)
၁၀၊ ဘဏ္ဍာရေးမှူး ကိုအောင်ကြီး (မိုးကောင်း၊ လက်ရှိ အက်စ်အက်စ်အေ)
၁၁၊ စီးပွားရေးတာဝန်ခံ ကိုနေထွန်း (မြစ်ကြီးနား၊ လက်ရှိအမေရိက၊ ရှေ့တန်းမှာ သူ့ရဲ့ပစ္စတိုလည်း အသိမ်းခံခဲ့ရတယ် ကြားတယ်)
၁၂၊ မိုးညှင်းဒေသတာဝန်ခံ ကိုစိန်အေး ( မိုးညှင်း၊ တရုတ်နယ်စပ်မှာ အဖမ်းခံရပြီး ပြန်လွတ်)
၁၃၊ (မပ)ကိုယ်စားလှယ်အဖြစ်တောင်ပိုင်းရှိနေ ကိုကျော်ကျော် (မြစ်ကြီးနား၊ လက်ရှိမြောက်ပိုင်း)
လုပ်မယ်လို့ ဆုံးဖြတ်ချက်ချပြီးတာနဲ့ ကိုမျိုးဝင်း ဦးဆောင်တဲ့ ကျောင်းသားထောက်လှန်းရေးအဖွဲ့ကို အာဏာကုန်လွဲအပ် ပေးခဲ့တဲ့အတွက် ကျောင်းသားထောက်လှန်းရေးအဖွဲ့မှာ ပါဝင်ခဲ့သူတွေ စစ်ကြောရေးမှာ ပါဝင်ခဲ့တဲ့သူတွေအားလုံး ဒုတိ ယ အဆင့်အနေနဲ့ တာဝန်ရှိတယ်။
တိုက်ရိုက်ကွက်ကဲသူ  ဒုစစ်ရေးတာဝန်ခံ ကိုမျိုးဝင်း (မိုးညှင်း၊ တိုက်ပွဲကျဆုံး)
ထောက်လှမ်းရေးတပ်ဖွဲ့
၁၊ တပ်ကြပ်ကြီး သန်းဇော် တာဝန်ခံ (မန္တလေး၊ တရုတ်နယ်စပ်မှာ ကိုစိန်အေးနဲ့အဖမ်းခံရပြီးပြန်လွတ်)
၂၊ ဒုတပ်ကြပ် ဇော်ဇော်မင်း (မိုးညှင်း၊ စစ်ထောက်လှမ်းရေးက ကာကွယ်စောင့်ရှောက်ထား)
၃၊ ဒုတပ်ကြပ် အောင်စိုးမြင့် (မိုးညှင်း၊ အထဲပြန်ဝင်)
၎၊ ဒုတပ်ကြပ် ကျော်ထင်ဦး (မိုးညှင်း၊ အထဲပြန်ဝင် သေဆုံး)
၅၊ ရဲဘော် သက်လင်း (ဗန်းမော်၊ အထဲပြန်ဝင်)
၆၊ ရဲဘော်ဖိုးနှောင်း (ဗန်းမော်၊ အထဲပြန်ဝင် ရထားပေါ်ကကျသေ)
၇၊ ရဲဘော်ကိုထွေး (ဗန်းမော်၊ အထဲပြန်ဝင်)
ဒီအဖြစ်အပျက်တွေကို ကိုယ်တိုင်ကိုယ်ကျ လာရောက်ကြည့်ရှုခဲ့တဲ့ မြောက်ပိုင်းဗဟိုနဲ့ ပတ်သက်ပြီး တာဝန်ခံခဲ့တဲ့ အဲဒီ အချိန်က အေဘီတခုလုံးရဲ့ ဥက္ကဋ္ဌကြီးဖြစ်တဲ့ ကိုနိုင်အောင်နဲ့ ဗဟိုကော်မတီဝင်တွေမှာလည်း တတိယအဆင့်အနေနဲ့ တာဝန်ရှိတယ်။
ဒါဆို အဖမ်းခံခဲ့ရ သူတွေ အားလုံးကတော့ ခံခဲ့ရသူတွေဖြစ်လို့ လူမှန်တွေချည်းပဲပေါ့။ သူတို့မှာတော့ ဘာတာဝန်မှ မရှိဘူး လို့ ယူဆရနိုင်သလား။
(ဒီမေးခွန်းနဲ့ ပတ်သက်ပြီး ကျမနဲ့ နန်းစော အကြီးအကျယ် အငြင်းပွားခဲ့ရသလို။ ကျမအတွက် ဘူးခံပေးလို့ အသားအနာခံ အရိုက်အနှက်ခံခဲ့ရတဲ့ (၄၀၁) တပ်ရင်းက ကျမရဲ့ရဲဘော်တွေက ကျမကို လူကြုံနဲ့ လှန်းဆဲလိုက်တာလည်းခံရဖူးတယ်။ မန္တလေးကျောင်းသားတွေ အမြင်မကြည်ဖြစ်တာလည်း ကြုံရဖူးတယ်။ ဒါပေမဲ့ ကျမလိုချင်တာက အမှန်တရားကို ပဲ) အဖမ်းခံရတဲ့ အုပ်စု (၃) မျိုး (၃) စားရှိတယ်။
၁၊ ကိုထွန်းအောင်ကျော် တို့လို ကိုချိုကြီး တို့လို ဦးစိန် တို့လို လူတကာယိုတဲ့ချီး ပုဇွန်ထုပ်ခေါင်းမှာ စုဆိုသလို ငြင်းလို့မရ ရုန်းလို့မရအောင် ခေါင်တည်ထားကြလို့ (ဖမ်းတဲ့သူတွေထဲကလား၊ အဖမ်းခံရသူတွေထဲကပဲလား၊ နှစ်ခုစလုံးဖြစ်နိုင် တယ်) ထိုးကျွေးတာခံလိုက်ရတဲ့ အုပ်စုနဲ့ အစီစဉ်တကျ မဖြေတတ်ခဲ့လို့ အသားပိုနာ ပိုသံသယအဖြစ်ခံရတဲ့ ရဲဘော်အ မှန်တွေ ပါနိုင်တယ်။
၂၊ အဖမ်းမခံရသေးတဲ့ အချိန်တုန်းကလည်း ဒီအုပ်စုဝင်တွေဟာ ခေါင်းဆောင်အသီးသီးရဲ့ ယုံကြည်မှုခံခဲ့ရ တဲ့အဖွဲ့ရဲ့ ဒုတိ ယအဆင့်နေရာတွေမှာ ရှိကြတယ်။ အဖမ်းခံရပြီးနောက် ရန်သူ့ရာထူးစာရင်းဆိုတာမှာလည်း ဒုတိယအဆင့် နေရာတွေ မှာပဲ အခု ကျမရေးနေတဲ့ အချိန်မှာတောင် ဒုတိယအုပ်စုပဲ ဖြစ်နေတဲ့အတွက် ဒီဒုတိယအုပ်စုကိုတော့ ကျမ အရမ်းစိတ် ၀င်စားတယ်။
ကော်မတီရုံး၊ စစ်ရုံးတွေမှာ အဖွဲ့ရဲ့မှတ်တမ်းမှတ်ရာတွေ ကိုင်ထားပြီး လူဦးရေ၊ လက်နက်စာရင်း၊ ငွေရေးကြေးရေးကအစ ခေါင်းဆောင်တွေရဲ့စိတ်အနေအထား၊ ရဲဘော်ရဲမေတွေ ရဲ့အခြေအနေ တော်လှန်ရေးအခြေအနေ၊ မဟာမိတ်တွေနဲ့ နယ် မြေအနေအထား အားလုံးကို အတွင်းကျကျ သိနေသလို အလွယ်တကူ တွက်ချက်နိုင်ပြီး ဘယ်လိုဖြစ်ရင် ဘယ်လိုလုပ်ဖို့ အသင့်ဖြစ်နေတတ်တဲ့ ကိုယ့်အ သက်ကိုကိုယ် ကာကွယ်စောင့်ရှောက်နိုင်စွမ်းရှိတဲ့ ကွန်ပျူတာဦးနှောက်ပိုင် ရှင်တွေ မြောက် ပိုင်း ကျောင်းသားတပ်မတော်ထဲမှာ အပါးနပ်ဆုံး လူရည်အလည်ဆုံးလူတွေ ဒီအုပ်စုမှာရှိတယ်။
ပြီးတော့ ဒီအုပ်စုဝင်တွေဟာ သိပ်ပြီး နှိပ်စက်မေးမြန်းနေစရာမလိုဘဲ အစီစဉ်တကျဖြေဆိုခဲ့ကြတဲ့အတွက် ဒါတွေနဲ့ ပတ်သက်ပြီး မေးမြန်းလာခဲ့တာတွေ ရှိလာခဲ့ရင် သက်သေပြနိုင်ဖို့ ချန်ထားခဲ့ တယ်။ ထောင်သားတွေလို မနေခဲ့ရဘဲ အရာရှိ ရိပ်သာမှာ သီးသန့် အကျယ်ချုပ် နေခဲ့ကြတယ်။ လွတ်လာပြီး လုပ်ငန်းခွင် ပြန်ဝင်ကြသူတွေလည်း ရှိတယ်။ မဟာမိတ်ရဲ့ အကာအကွယ်အောက် မှာနေခဲ့တာလည်း ရှိတယ်။ နောက်မှ အသီးသီး ကိုယ်စီကိုယ်စီ နည်းလမ်းအမျိုးမျိုးနဲ့ လွတ် မြောက်သွားခဲ့ကြတယ်။
၃။တတိယအုပ်စုကတော့ ကျောင်းသားထောက်လှမ်းရေးထဲကပဲ အစီအစဉ်ရှိရှိ နာမည်တပ်ပြီး ရိုက်စစ်မေးခဲ့လို့ပဲလား။ အဖမ်းခံရသူတွေထဲကပဲ အစီစဉ်ရှိရှိ တမင်ဆွဲထည့်သွားကြတာလား (တခုမဟုတ်ရင် တခုဖြစ်နိုင်တဲ့) ဘာတွေဖြစ်နေလို့ ဘာတွေဖြစ်နေမှန်းတောင် အတွင်းကျကျ သိနိုင်တဲ့အနေအထားမျိုးမှာ မရှိတဲ့ ရဲဘော် ရဲမေ အဖြူထည်တွေ တော်တော် များများ အရိုးခံအုပ်စု၊ ဒီအုပ်စုကတော့ ထောင် ပုံစံနဲ့ ထောင်သမားလို နေခဲ့လုပ်ခဲ့ရပြီး ထွက်ပြေးတဲ့အချိန်မှာတောင် လက်ထိပ်ခြေထိပ်တွေ တန်းလှန်းတွေနဲ့ အတူပြေးခဲ့ရတဲ့ အောက်ခြေရဲဘော်ရဲမေတွေ အများဆုံးပါဝင်တဲ့ ရိုးရိုးအင်ဖော် မာ အဆင့်လောက်ပဲ သဘောထားခဲ့ကြတဲ့ (၅၆) ယောက် (တယောက်က မလိုက်နိုင်လို့ လမ်းမှာ သတ်ပစ်ခဲ့ရ) အုပ်စု။
အမှန်တရားကို အမှန်တကယ် ဖော်ထုတ်ချင်ပါတယ်ဆိုရင် အဖမ်းမခံခင်ကရော အဖမ်းခံရပြီးနောက်ရော ဒုတိယအဆင့် အနေအထားတွေမှာရှိတဲ့ အရာရှိရိပ်သာမှာ အကျယ်ချုပ်နဲ့အဖမ်းခံရပြီး နည်းအမျိုးမျိုးနဲ့ လွတ်မြောက်သွားကြတဲ့ ကိုညီညီကျော် (မန္တလေး၊ ဗဟိုကော်မတီ၊ ကိုထွန်းအောင်ကျော်ရဲ့လူယုံ)၊ ကိုခင်မောင်ဇော် (မန္တလေး၊ စစ်ရုံးအုပ်၊ ကိုမျိုးဝင်း၊ ကိုသံချောင်းရဲ့လူယုံ)၊ ကိုညီညီ (မန္တလေး၊ ယူဂျီ၊ ကိုထွန်းအောင်ကျော်ရဲ့လူယုံ)၊ နန်းအောင်ထွေးကြည် (ရန်ကုန်၊ ၀ါဒ ဖြန့်ချိရေး၊ အဖမ်းမခံရစဉ်က ဒုတိယအဆင့်အနေအထားမှာမရှိပေမဲ့ သူ့ရဲ့ထွက်ဆိုချက်တွေက လူကြီးပိုင်းကလူတွေနဲ့ပဲဆက်စပ်နေတယ်။
နန်းအောင်ထွေးကြည် ဖြေတဲ့ထဲမှာ ကိုထွန်းအောင်ကျော် ပါမပါတော့မသိဘူး။ တောင်ပိုင်းမှာ ရှိနေတဲ့ ကိုစိုးလင်းပါနေတယ်။ ဦးစီး လှဌေးနဲ့ အိန္ဒိယဘက်မှာ ပြန်တွေ့တော့ ဟုတ်သလားလို့ ကျမ မေးကြည့်ဖူး တယ်။ ငါကိုယ်တိုင်စစ်တာ မြောက်ပိုင်းက အချက်တွေနဲ့တူနေတယ်လို့ ပြန်ပြောတယ်။ ဒါကို နန်းစောကို ကျမ ပြန်ပြောတော့ ကာယကံရှင်ကို ပြန် မေးနေစရာမလိုဘဲ သူ့ကကြိုသိပြီးသား ဖြစ်နေပြန်တယ်။ တူမှာပေါ့ တဲ့ ကိုစိုးလင်း ကြားအောင် အောက်ကနေ အခွေဖွင့် ပြထားတာကိုးတဲ့။ အဲဒီအချိန်က ဗဟို မှာ မြောက်ပိုင်းနဲ့ ပတ်သက်တဲ့စစ်ချက်တွေ၊ ဘာအခွေတွေမှ မရောက်သေးပါဘူး။

(ကိုစိုးလင်းရဲ့ တင်ပြချက်များကို အောက်ကလင့်တွင်ဖတ်ရှုနိုင်ပါသည်။ 
ရဲရဲသာဖွင့်ချလိုက်ပါကိုနိုင်အောင် , ,သူ့ ကြွေးရှိကဆပ်ရမည်(၇) , သူ့ ကြွေးရှိကဆပ်ရမည်(၆)   ,သူ့ ကြွေးရှိကဆပ်ရမည်(၅)   ,
သူ့ ကြွေးရှိကဆပ်ရမည်(၄)  ,,သူ့ ကြွေးရှိကဆပ်ရမည်(၃)  ,သူ့ ကြွေးရှိကဆပ်ရမည်(၂) ,သူ့ ကြွေးရှိကဆပ်ရမည်(၁)
    ကိုမိုးကြီး (ရန်ကုန်၊ ကော်မတီရုံး၊ ကိုမျိုးဝင်းရဲ့ လူယုံ) ကိုရဲလင်း (ရန်ကုန်၊ ဗဟိုကော်မတီ၊ ကိုထွန်းအောင်ကျော်ရဲ့ လူ ယုံ)၊ ကိုစိုးလင်း(မန္တလေး၊ အာအိုင်တီ၊ နိုင်ငံရေးမှူး၊ ဗဟိုကော်မတီ၊ တိုက်ပိတ်ကို အကျယ်ချုပ်မှထုတ် နိုင်ငံရေးဌာနမှာ အလုပ်စေခိုင်းခဲ့သူ၊ အရာအားလုံးကို တွက်ချက်ခန့်မှန်းနိုင်သူ) ကိုကျော်နိုင်ဦး (သာယာဝတီ၊ ကိုအောင်နိုင်ရဲ့ ကိုယ်ရံ တော်)၊ တို့အနေနဲ့ သူများတွေကို ဘယ်လိုဘယ်လိုတွေ လုပ်ခဲ့ပါတယ်ဆိုတာကို လက်ညှိုးထိုးပြနေကြတာထက် ကိုယ် က လူမှန်ဆို ကိုယ်ပါဝင်ခဲ့တဲ့ ကဏ္ဍကိုယ်စီကနေ ကိုယ့်ရဲ့သမိုင်းကြောင်းနဲ့တကွ ဘယ်သူတွေက ဒီလိုဒီလို မေးခဲ့ရိုက်ခဲ့ တဲ့အတွက် ဒီလူဒီလူတွေကိုဆွဲထည့်ပြီး ဒီလိုဒီလိုတွေ ဖြေခဲ့ရပါတယ်ဆိုတဲ့ဖြစ်စဉ်တွေ ဘာကြောင့်ဖြစ်ခဲ့ရတာလဲဆိုတဲ့ အကြောင်းအကျိုးနဲ့တကွ ကိုယ့်ရဲ့ ထင်မြင်ယူဆချက်တွေအားလုံး ဘက်ပေါင်းစုံ ထောင့်စုံကနေ စဉ်းစားနိုင်အောင်။ နောက်ကွယ်က လှုပ်ရှားသွားတဲ့ တရားခံအစစ်ကို ရှာနိုင်အောင်နဲ့ ယုံကြည်ချက်အတွက် မြောက်ပိုင်းကျောင်းသားတပ်မ တော်မှာ ကျဆုံးသေဆုံးရတဲ့ ရဲဘော်ရဲမေတွေရဲ့ ၀ိဥာဉ်နဲ့ လက်ရှိတိုက်ပွဲဝင်နေတဲ့ ရဲဘော်ရဲမေတွေအားလုံးအတွက်ချပြ သင့်တယ် ထင်ပါတယ်။
    ဒါမှမဟုတ် တိုက်ပွဲမှာကျဆုံးသွားတဲ့ ကိုမျိုးဝင်း (အာအိုင်တီ၊ ပဉ္စမနှစ်၊ မိုးညှင်း)၊ နဲ့ ကိုသီဟ (ခ) ကိုဖေ၀င်း(အာအိုင်တီ၊ ပဉ္စမနှစ်၊ မိုးညှင်း)၊ အထဲပြန်ဝင်ပြီးနောက် သေဆုံးသွားတဲ့ ကျော်ထင်ဦး(မိုးညှင်း)၊ အထဲပြန်ဝင်ပြီးနောက် ရထားပေါ်က ပြုတ်ကျသေဆုံးသွားတဲ့ ရဲဘော်ဖိုးနှောင်း (ဗန်းမော်) တို့ကလွဲရင် ကျောင်းသားထောက်လှမ်းရေးမှာ ကိုမျိုးဝင်း ပြီးရင် ဒု တာဝန်ခံ ကိုသန်းဇော် (မန္တလေး၊ နယ်စပ်မှာ ကိုစိန်အေးနဲ့အတူ အဖမ်းခံရပြီး ထောင်ကျပြန်လွတ်)၊ ကိုမျိုးဝင်း လူယုံလို့ လူသိများပြီး အဖမ်းခံခဲ့ရတဲ့လူတွေကို ရက်ရက်စက်စက်နှိပ်စက် မေးမြန်းခဲ့တဲ့သူ။ ကိုသံချောင်းနဲ့ ရဲဘော်တွေ အဖမ်းခံရ စဉ်က အစိုးရဘက်တော်သားလုပ်ခဲ့သူ၊ ထောက်လှမ်းရေးက “မင်းတို့ ထိရဲရင်ထိကြည့်လို့” အကာအကွယ်ပေးထားလို့ ဘယ်သူမှ ထိတောင်မထိရဲခဲ့တဲ့ ဇော်ဇော်မင်း(မိုးညှင်း)နဲ့ အောင်စိုးမြင့် (မိုးညှင်း)၊ ရဲဘော်အငယ်တွေထဲက သက်လင်း (ဗန်းမော်)၊ ကိုထွေး(ဗန်းမော်) လက်တွေ့စစ်ဆေးမေးမြန်းခဲ့ကြတဲ့ ကျောင်းသားထောက်လှမ်းရေးတဖွဲ့လုံးနဲ့ နန်းအောင် ထွေးကြည်၊ နန်းစော၊ ထင်လင်းအောင် တို့ကလွဲရင် အဖမ်းခံခဲ့ရသူတွေ အားလုံးအထဲမှာ ရှိနေတာပဲ နှစ်ဘက်စလုံးက ယုံကြည်စိတ်ချရတဲ့ ဗကသ ခေါင်းဆောင်များရှေ့မှာ မျက်နှာချင်းဆိုင် စုံရှင်းကြပါလား။ ဘယ်သူမှ ဂျိုမပါကြပေမဲ့ လူကဲ ခတ်တတ်ရင် အဲဒီလူတွေရဲ့ Background နဲ့ ပြောဆိုဆွေးနွေးတဲ့နေရာတွေမှာ ရိုးသားမှုရှိမရှိ မျက်လုံးတွေနဲ့ မျက်နှာ တွေကိုတော့ ဘယ်သူမှ ဖုံးကာထားလို့ မရနိုင်ပါဘူး၊ ကျမတယောက်တည်းအနေနဲ့ ပြောရရင် ရဲဘော်ထွန်းအောင်ကျော် သမိုင်းထက် ဒီလူတွေရဲ့သမိုင်းကို ပိုစိတ်ဝင်စားတယ်။
    တချိန်တည်းမှာပဲ အဲဒီကာလ မြောက်ပိုင်းကိုတာဝန်ခံခဲ့တဲ့ ဗဟိုရဲ့ ဥက္ကဋ္ဌကြီးဖြစ်တဲ့ ကိုနိုင်အောင်နဲ့ ဗဟိုကော်မတီဝင် တွေ၊ မြောက်ပိုင်းဗဟို ဥက္ကဋ္ဌ အဖြစ်တာဝန်ယူခဲ့တဲ့ ကိုအောင်နိုင်နဲ့ မြောက်ပိုင်းဗဟိုကော်မတီဝင်တွေ အားလုံးသက်ရှိ ထင်ရှားရှိနေကြစဉ် ဒီကိစ္စတွေကို ကိုယ်ပါဝင်ခဲ့တဲ့အပိုင်းကနေ ပြန်လည်သုံးသပ်ကြပြီး ကိုယ်ပါဝင်လုပ်ဆောင်ခဲ့တဲ့အပိုင်း နဲ့ပတ်သက်ပြီး တာဝန်သိသိနဲ့ ဖြေရှင်းပေးသင့်တယ်လို့ပဲ ကျမမြင်ပါတယ်။
    မြောက်ပိုင်းကျောင်းသားတပ်မတော်ဖြိုခွဲခံခဲ့ရတဲ့ ဒီဖြစ်ရပ်ဟာ သမိုင်းအမှန်ဖြစ်ခဲ့ပေမဲ့ လုပ်ပုံလုပ်နည်းနဲ့ ကိုင်တွယ်ဖြေ ရှင်းပုံ ဖြေရှင်းနည်းတွေ အကြီးအကျယ် မှားယွင်းခဲ့ကြတာကတော့ ထင်သာမြင်သာရှိနေပါတယ်။ အဲဒီအတွက် သားသ မီးတွေကို နစ်နာဆုံးရှုံးခဲ့ရတဲ့မိဘတွေကို တောင်းပန်သင့်ရင်လည်း ကျမတို့တောင်းပန်ကြရမှာပါပဲ။ မဟုတ်ပဲနဲ့ သေဆုံးခဲ့ ရတဲ့ ရဲဘော်တွေအတွက်တင်မကပါဘူး ယုံကြည်ချက်အတွက် မြောက်ပိုင်းတောတောင်တွေကြားမှာ မြုပ်နှံခဲ့ရတဲ့ ရဲဘော် ရဲမေတွေရဲ့ ဂုဏ်သိက္ခာအတွက်လည်း လိုအပ်ပါတယ်။ ကျမတို့အားလုံး အဖမ်းခံရမှာမကြောက်လို့ သေမှာမကြောက်လို့ လည်း တော်လှန်ရေးလုပ်နိုင်ခဲ့ကြတာပါ။ နောက်ထပ် ကျမတို့ ဘာကို ထပ်ကြောက် နေကြရအုံးမှာလဲ။ ဖြတ်သန်းခဲ့တဲ့ ကျမရဲ့ အတွေ့အကြုံအရတော့ ကိုယ်မှန်တယ်ထင်လို့ လုပ်ခဲ့တာတွေအတွက် မှန်ရင်စံဖို့မရှိပေမဲ့ မှားရင်တော့ ခံလိုက်ကြ ရုံပါပဲ။
    …………………………………………………
    အသိပေးချက်… တော်လှန်ရေးတလျှောက်လုံး ရိုးသားစွာနဲ့ ပေးဆပ်တိုက်ပွဲဝင်ခဲ့တဲ့ ကျမ ချစ်ခင်လေးစားတဲ့ မြောက်ပိုင်း က ရဲဘော်ရဲမေ အားလုံးအတွက် ကျမပါဝင်ခဲ့ရတဲ့ အခန်းကဏ္ဍကနေ ကျမရဲ့ ထင်မြင်ယူဆချက်တွေကို အပွင့်လင်းဆုံး ချပြခဲ့တာပါ။
    ဘယ်တုန်းကမှ ဘယ်သူက ကျနော်သူလျှိုပါလို့ ဖွင့်ပြောပြခဲ့တာမျိုး ထုံးစံမရှိတဲ့အပေါ် အမှန်တရားကို ဖော်ထုတ်ပေးဖို့ တောင်းဆိုနေသူတွေကိုယ်တိုင် တရားခံအစစ်ကို မဖော်ထုတ်ဘဲ သူလျှိုတွေကို ထွက်ပေါက်အသင့်ပေးထားတဲ့ အစက တည်းက ဖန်တီးထားခဲ့ပြီးသား ကျောင်းသားက ကျောင်းသားကိုသတ်တယ်ဆိုတဲ့ လိုင်းပေါ်မှာပဲ တစိုက်မတ်မတ်သွား နေတာကိုက ရိုးသားမှုမရှိဘူးလို့ ကျမ ယူဆတယ်။
    အစီစဉ်ရှိရှိကို ထိုးကျွေးတာခံလိုက်ရတဲ့ ကိုထွန်းအောင်ကျော်၊ ကိုချိုကြီး၊ ဦးစိန်တို့အတွက် ကျမအနေနဲ့ ရန်သူ့သူလျှို လုံးဝမပါဘူးဆိုတာ လက်မခံနိုင်ပါ။ ရန်သူ့သူလျှို မပါတာသေချာခဲ့ရင် ဥက္ကဋ္ဌကိုထွန်းအောင်ကျော်၊ ကိုချိုကြီး၊ ဦးစိန် တို့ နာမည်တွေလည်း ထောက်လှမ်းရေးစာရင်းမှာ ပါနေစရာအကြောင်းမရှိပါ။
    ဒါကြောင့် ပါဝင်ခဲ့တဲ့ လူမှန်ရဲဘော်တွေအားလုံး ကိုယ်ပါဝင်ခဲ့ရတဲ့ အနေအထားတွေကနေ ပြန်လည်စဉ်းစားသုံးသပ်နိုင် အောင် ဖြစ်နိုင်ချေရှိတဲ့ လူတချို့ကို မချပြရင် မမြင်နိုင်တဲ့ အနေအထားတွေမှာ ရှိနေကြလို့ နာမည်နဲ့တကွ ချပြခဲ့တာပါ။ အဲဒီအတွက် တချိန်ချိန်မှာ စုံရှင်းရရင်လည်း ကျမ ရှင်းမယ်။ ပြန်တောင်းပန်သင့်တဲ့ အနေအထားမျိုးမှာ အမှန်တကယ်ရှိ နေရင်လည်း အဲဒီလူတွေကို လူကိုယ်တိုင်သွားပြီး ကျမပြန်တောင်းပန်မယ်။
    လက်ရှိအနေအထားမှာတော့ ဖြစ်ပျက်ခဲ့ပုံတွေကို ပြန်စဉ်းစားပြီး ဖြစ်နိုင်ချေရှိတဲ့ ကျမရဲ့အမြင် ကျမရဲ့ထင်မြင်ယူဆချက် ကို ကျမရေးတာဖြစ်လို့ အဲဒီအပေါ်မှာ ပြန်ပြီးဝေဖန် တိုက်ခိုက်လာမဲ့ ဘယ်လိုအကြောင်းအချက်မျိုးကိုမှ ကျမ အနေနဲ့ တုန့်ပြန်ဖြေရှင်းနေတာမျိုးတွေ လုံးဝပြုလုပ်မှာမဟုတ်ဘူး ဆိုတာကိုတော့ ဖတ်ရှုသူတွေကို အသိပေးချင်ပါတယ်။
    ရဲဘော် ထွန်းအောင်ကျော်နဲ့တကွ မဟုတ်ဘဲနဲ့ အဖမ်းအဆီးခံခဲ့ရတဲ့ ရဲဘော်များနဲ့ အမှန်တရားအတွက် ကျမ တာဝန်ရှိ တယ်ထင်တဲ့ ကျမအပိုင်းကနေ ကျမ ချပြခဲ့ပြီးဖြစ်လို့ ကျန်အပိုင်းကိုတော့ ကိုယ့်ကိုယ်ပိုင်ဦးနှောက်တွေကိုသာ အသုံးပြု ကိုယ်ပါဝင်ခဲ့ရတဲ့ အနေအထားတွေကနေ ဆက်ပြီး ဆင်ခြင်သုံးသပ်ကြပါကုန်။
    (ဆက်ရန်)
    ခင်ရွှေလှိုင်
    မပ ၀၀၃၆
    ကျောင်းသားတပ်မတော် (မြန်မာပြည်မြောက်ပိုင်း)
    မတ်လ (၂၇ )ရက် လူထုတော်လှန်ရေးနေ့

    1 comment:

    Canada Myanmar Group said...

    ( ၁ ) ကျောင်းသားတပ်မတေ် ကလူသတ်မူ ( တိုက်ပွဲမှာ သတ်တာမဟုတ် ပဲသွေးအေးအေးနှင့် စစ်တပ် ထောက်
    လှမ်းရေးတွေလို၊တိုင်းရင်းသားလက်နှက်ကိုင်အဖွဲတွေထက် ဆိုးတဲ့ ဖြစ် ရပ်ပါ
    ( ၂ ) စပိုင်လား သတင်းပေးလား အာဏာလုကြတာလား လူမှားတာလား ဆိုတာကဒုတိယပါ
    ( ၃ ) တတိယက ဘယ်သူတွေ၊ ဘယ်ထောက်လှမ်းရေး
    ဘယ်အဆင့် တွေက နောက်ကွယ်ကမွေသွားတာလဲဆို
    တာကို ငါတို့ ကျောင်းသားချင်းပူးပေါင်းဖေါ်ထုတ်သင့်
    ပါတယ်
    ( ၄ ) နစ်နာသူ တွေရဲ့ သဘောဆန္ဒ နှင့်  ဥပဒေကြောင်း
    အရ ဖြစ်သင့် ဖြစ်ထိုက်တာ ဆိုတာက ချန်ထားလို့ မရ
    ပါ