Friday, December 30, 2011
ကိုကျော်မျိုး၊ဦးတိုက်ပိတ်၊ဦးဌေးဝင်း၊ကိုမြင့်သိန်း၊ကိုဇော်ဇော်မင်း
ကိုကျော်မျိုး
ဦးဇန်ဇန်(ခ)ဦးခင်မောင်သန်း(နံနက်ခင်းသတင်းဂျာနယ်)
ABSDF အဖွဲ့ ဝင်တွေမဟုတ်ပဲနဲ့  တခြားလူထုကို နှိပ်စက်တာမျိုးရော ရှိသလား။
ကိုကျော်မျိုး
အဲဒီဥစ္စာကို ကျနော်တော့မသိဘူးခင်ဗျ။ ကျနော်က အဖွဲ့ ဝင်ထဲမှာပဲဆိုတော့ ကျနော့်လိုပဲ လူတိုင်းနှိပ်စက်ခံ ခဲ့ရတာတော့ တကယ်မျက်မြင်လက်တွေ့ လည်းတွေ့ ခဲ့ရတယ်။ နောက်ပိတ်ဆုံး မကြည့်ရက်လို့  မကြည့်ခဲ့  တာပဲရှိတယ်။ လူထုကို နှိပ်စက်တာမျိုးရှိ၊မရှိဆိုတာတော့ ကျနော်က အပေါ်တပ်ရင်း လိုင်စင်မှာပဲ နေရတဲ့   အခါကျတော့ အပြင်ကိုမရောက်ခဲ့ဘူး။ အပြင်မှာလူထုကိုနှိပ်စက်၊မစက်တော့ ကျနော်မသိခဲ့ဘူးခင်ဗျ။
ဦးတိုက်ပိတ်(ခေါ်)ဦးသန်းထွန်းစိုး
ABSDF မြောက်ပိုင်းမှာ မြင့်စိုး(ခ)သံချောင်း(ခ)စ၀်ခွန်ကျော်ရဲ့ လူမဆန်တဲ့ရက်စက်ယုတ်မာမှုတွေကို ကျနော်တို့ က လွန်ခဲ့တဲ့ ၁၅နှစ်ကာလတုန်းက ကျနော်တို့ က ကိုယ်နဲ့ ရင်းပြီးတော့ ကျနော်ခံစားခဲ့ရတယ်။  ..ဘ၀တူကျောင်းသားအချင်းချင်း လက်နက်အားကိုးနဲ့ မတရားနှိပ်စက်ညှင်းပန်းပြီးတော့ ကျနော်တို့ ကို ထောက်လှမ်းရေးတွေလို့ စွပ်စွဲပြီး နည်းမျိုးစုံနဲ့  ရိုက်နှက်ဖမ်းဆီးညှင်းပန်းသတ်ဖြတ်ခဲ့တဲ့ အကြောင်းတွေကို ၁၅ နှစ်ကာလလုံးလုံးကျနော်တို့ က မဖော်ထုတ်နိုင်ခဲ့ဘူး။ ဘာဖြစ်လို့ လည်းဆိုတော့ ကျနော်တို့ က မြို့ ထဲ၊ရွာထဲပြန်ရောက်နေပြီ။ သံချောင်(ခ)မြင့်စိုးကတော့လက်နက်စွဲကိုင်ပြီးတော့ သူ ကတော့ တောထဲမှာရှိနေတုန်းပဲ၊ အဲဒီတော့ သူ့ ကိုတရားစွဲလို့ လည်းမရဘူး။ ဖော်ထုတ်လို့ လည်းမရဘူး။ မရတဲ့အတွက် ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ မြင့်စိုး(ခ) သံချောင်းကို ဒီနှစ်ဆန်းပိုင်းမှာ ဖမ်းဆီးရမိပြီဆိုတဲ့ အချိန်ကျတော့  ကျနော်တို့ ကိုသက်ဆိုင်ရာ လူကြီးတွေက လာပြီးတော့ ခေါ်တွေ့ ပါတယ်။ မင်းတို့ ကို လွန် ခဲ့တဲ့ ၁၅ နှစ်ကာလတုန်းက မြင့်စိုး(ခ)သံချောင်းဦးစီးတဲ့သူတွေကနေပြီးတော့ မင်းတို့ ကျောင်းသားရာပေါင်း များစွာကိုဖမ်းဆီးထိန်းသိမ်းတယ်။ သူတို့ ရဲ့ ရိုက်နှက်ဖမ်းဆီးစစ်ကြောချက်တွေကြောင့် ၃၀ ကျော် ၄၀အသေဆိုးနဲ့ သေခဲ့ရတယ်။ သံချောင်းဖမ်းဆီးတဲ့အထဲမှာ ကျနော်ကိုယ်တိုင်လည်း ပါဝင်ခဲ့ပါတယ်။ အဲဒီ  အတွက်ကြောင့် ဒီအဖြစ်မှန်တွေကို နိုင်ငံတကာသံတမန်တွေ၊ သတင်းစာဆရာတွေသိစေချင်သလို တိုင်းပြည်ကိုလည်းသိစေချင်လို့  ဒီမေးခွန်းကိုဖြေရခြင်းဖြစ်ပါတယ်။
အဲဒီတော့ ကျနော်လိုင်စင်စခန်းမှာ ရှိနေတဲ့အချိန်မှာ သံချောင်းနဲ့ အတွင်းရေးမှူးမျိုးဝင်း ကျနော့်ကိုလာဖမ်းပါ  တယ်။ ဖမ်းရခြင်းအကြောင်းက အေဘီအက်စ်ဒီအက် ကချင်ကို မြောက်ပိုင်း ဆိုပြီးတော့ အ ဆင့်မြှင့်မယ်ဆိုတဲ့အချိန်မှာ ကျနော်တို့ က ဒီမိုကရေစီနည်းအရ ဆိုပြီးတော့မဲရွေးလိုက်  တယ်။ ကျနော်ကမဲများနေတယ်။ မျိုးဝင်းကမပါဘူး။ အဲဒီအခါကျတော့ ဒါဟာမဲရလာတဲ့သူတွေကို နေရာ မဖယ်ပေးချင်တဲ့အခါကျတော့ သိမ်းကြုံးဖမ်းတော့ ကျနော်အရင်ဆုံးစအဖမ်းခံရပါတယ်။ အဲဒီမှာ ကျနော့်ကို စပြီးခေါ်ခေါ်ခြင်း မျိုးဝင်းကထိုးတယ်။ သံချောင်းကထိုးတယ်၊ ထိုးပြီးတော့ ကျနော်လဲကျတဲ့အချိန်မှာ သံချောင်းက  ကျနော့်မျက်နှာကိုစစ်ဖိနပ်နဲ့ ကန်တယ်။ နဖူးမှာ ဒဏ်ရာရှိပါတယ်။  ဒီမှာကြည့်ပါ။ ပြီးတော့ ကျနော့်ကိုအချုပ်ခန်းထဲမှာထားတယ်။ ထားတဲ့အချိန် အမြဲတမ်းခေါ်ထုတ်ပြီးတော့ မင်းဟာတပ်မတော်  ထောက်လှမ်းရေးက ဗိုလ်ကြီးအဆင့်ရှိတဲ့ အကောင်၊ မင်းကိုငါတို့ သိတယ်။ မင်းဖော်  ဆိုပြီးတော့ ကျနော့်ကိုညပေါင်းများစွာ ရက်ပေါင်းများစွာ နှိပ်စက်ညှင်းပန်ပါတယ်။ မဟုတ်ကြောင်းအမျိုးမျိုး   ပြောဆိုပါသော်လည်း လက်မခံပါဘူး။ လက်မခံပဲနဲ့ ကျနော့်ကိုရိုက်တယ်။ ထိုးတယ်။ ထင်းစတွေနဲ့ ရိုက်တယ်။ ပြီးလို့ ရှိရင် ကျဉ်စက်နဲ့ တို့ တယ်။ လက်ချောင်းထဲကို ကျည်ဆန်တွေ ထည့်ပြီး ညှစ်တယ်။ အဲဒီလိုတွေလည်းလုပ်တယ်။ လုပ်ပြီးတော့ သူတို့ အဲဒီလိုလုပ်တဲ့အချိန်မှာ နောက်တခါ ဦးစီးလွှမ်းမိုးကို ထပ်ဖမ်းတယ်။ ဒါပေမယ့်နေရာတော့ ခွဲထားတယ်။ တညမှာကျတော့ ဦးစီးလွှမ်းမိုးကို သူက ခေါ်လာပြီး မျိုးဝင်းရဲ့ တဲမှာ ဦးစီးလွှမ်းမိုးက ဒီဖက်မှာကြိုးတုပ်ပြီးထိုင်နေတယ်။ ကျနော်က သူ့ ဘေးမှာ ကြိုးတုပ်ပြီး ထိုင်ရတယ်။ ထိုင်ပြီးတော့လွှမ်းမိုးကိုထပ်စစ်တာ။ စစ်ပြီးတဲ့အချိန်မှာ လွှမ်းမိုးမဟုတ်တဲ့အ   ကြောင်းငြင်းတဲ့အခါကျတော့ သံချောင်းက M-20 ပစ္စတိုနဲ့ လွှမ်းမိုးရဲ့ ပခုံးအောက် နား  နေရာကိုတေ့ပြီးပစ်တယ်။ ပစ်တော့လွှမ်းမိုးလဲကျသွားတယ်။ လဲကျသွားပေမယ့် လွှမ်းမိုးဒဏ်ရာကြီး နဲ့   အော်တယ်။  အဲဒီအချိန်မှာကျနော့်ကို အချုပ်ခန်းထဲပြန်ထည့်ထားတယ်။ လွှမ်းမိုးဟာ နောက်ထပ်သုံး   ရက်လောက်အကြာမှာ နေ့ လည်ပိုင်းမှာ ကျနော့်ကို နံနက် ၁၁နာရီလောက်မှာ ကျနော့်ကိုလည်းလက်ပြန်   ကြိုးတုပ်ပြီး သံကြိုးတွေနဲ့ ချည်ပြီး ထုတ်လာတယ်။ လွှမ်းမိုးကိုလည်းချည်ပြီးထုတ်လာတယ်။ ထုတ်လာပြီး  စစ်ရေးပြကွင်းမှာ မတ်တပ်ရပ်ခိုင်းထားတယ်။ မတ်တပ်ရပ်ခိုင်းထားပြီးတော့ ဒီဌာနချုပ်အင်အား အကုန်လုံး   ကိုတန်းစီခိုင်းလိုက်တယ်။ ပြီးတော့ လွှမ်းမိုးကို သံချောင်းကအဲဒီအချိန်မှာမေးပါတယ်။ မင်းဟာတပ်ဖွဲ့  ပိုင်  ငွေတွေနဲ့ မိန်းမတွေလျှောက်ပျော်ပါးတယ်တဲ့ ။ အမေအဖေတွေလည်းပိုက်ဆံပို့ တယ် ဘာညာ ဆိုပြီး  တော့ဦးစီး လွှမ်းမိုးကိုပြောပါတယ်။ စွပ်စွဲချက်တွေကတော့ များတယ်။ ဒါပေမယ့်လွှမ်းမိုးက မဟုတ်   ကြောင်းငြင်းတယ်။ သူက ဒဏ်ရာကြီးနဲ့  အဲဒီအချိန်မှာဒဏ်ရာလည်းဖြစ်နေတယ်။ ကျနော်အယူခံ  တင်ပါရစေဆိုတော့ မင်းဘာမှတင်စရာမလိုဘူးတဲ့။ ဒါဟာတရားရုံးရှိတဲ့အရပ်မဟုတ်ဘူး။အဲဒီတော့ မင်းအ  ကောင်းဆုံးကတော့ဘာဆုတောင်းမလဲ။ ဘာမှာချင်သလဲပြဲေဲပာဆိုတော့ လွှမ်းမိုးက အဲဒါဆိုရင် လည်း ကျနော့်အမေကိုပြောပေးပါ။ ကျနော်သေပြီလို့ ပြောလိုက်ပါဆိုတဲ့ အချိန်မှာ သံချောင်းကိုယ်တိုင်ပဲ M-20 ပစ္စတိုနဲ့ လွှမ်းမိုးနားထင်ကိုတေ့ပြီးတော့ပစ်တယ်။ ကျနော်ဘေးမှာပစ်လိုက်တော့ လွှမ်းမိုးနေရာမှာ  တင် on the spot သေသွားတယ်။ အဲဒီတော့ အလောင်းကိုသွားမြုပ်မနေနဲ့ တဲ့။ ရှုပ်တယ်တဲ့။ အဲဒီမှာတူး  ပြီးမြုပ်လိုက်တဲ့။ ဘောလီဘောကွင်းလုပ်လိုက်လို့ သံချောင်းကပြောပါတယ်။ ဒါကျနော့်ရှေ့ မှာ သတ်ဖြတ်ခဲ့တဲ့ကိစ္စ၊ကျနော်တို့ ကိုလည်းညှင်းဆဲတဲ့ကိစ္စ။ ဒီကလူငယ်တွေလည်း အကုန်လုံး ဒဏ်ရာတွေ နဲ့ ညှင်းဆဲခံထားရတယ်။ အဲဒီမှာထပ်ပြီး အောင်ကျော်ဆိုတာ ရန်ကုန်ကကျောင်းသား တ ယောက် ပါ။ အောင်ကျော်ကိုလည်း အဲဒီလိုပဲဖမ်းပြီးတော့ ရိုက်ရင်းနှက်ရင်း ညှင်းပန်းနှိပ်စက်ရင်း နဲ့    အောင်ကျော် ဟာနောက်ဆုံး ကေအိုင်အေ စစ်ဆေးရုံမှာ အသေဆိုးနဲ့ သေသွားတယ်။ ဘာမှအပြစ်မ ရှိ   ပဲနဲ့ ဒီကောင်တွေအာဏာလုတဲ့ဟာကြောင့် ကျနော်တို့ လူငယ်တွေအများကြီးပဲဆုံးရှုံးခဲ့ပါတယ်။ ဒါဟာ  တကယ့်အဖြစ်မှန်တွေပါ။ ဒါဟာ ၁၅ နှစ်ရှိသွားပါပြီ။  အခုဥပဒေရဲ့ အရိပ်အာဝါသထဲကိုရောက်လို့  ကျနော်  တို့ က ဒီကိစ္စကိုဖော်ထုတ်တာပါ။ အပြစ်မရှိပဲသေခဲ့တဲ့ လူငယ်အများကြီးရဲ့ အသက်တွေ၊ အရိုးတွေကနေပြီး  ကျနော်တို့ လိုရှိနေဆဲ အသက်ရှင်ကျန်ရစ်ခဲ့တဲ့လူတွေကို တောင်းဆိုလို့ ခုန ဆရာမြတ်ခိုင်မေးသလိုပဲ ခင်ဗျား ဒီနေရာကိုဘာလို့ ရောက်လာသလဲဆိုတာ ကျနော်အမှန်တရားအတွက် ကျနော်ရောက်လာတာပါ။
ဦးဌေးဝင်း(ခ) နိုင်လင်း
သူလျှိုလို့ ခေါ်ပြီး လူ ၁၀၀ ကျော်ဖမ်းဆီးနှိပ်စက်တာ ကျနော့် မျက်မြင်ကိုယ့်တွေ့ ပါခင်ဗျာ။ ဖမ်းဆီးနှိပ်စက် ခံရပြီး ပြန်လည် ထွက်ပြေး လာတဲ့ အထဲမှာ ကျနော်က တယောက်အပါအ၀င် ဖြစ်ပါတယ်။ ကျနော် ကတော့  ဌေးဝင်းခေါ်နိုင်လင်း ဖြစ်ပါတယ်။ အရေးအခင်းဖြစ်ပြီးတဲ့နောက်ပိုင်း ကျနော် ကABSDFဗဟို၊KNU   နယ်မြေဖြစ်တဲ့ မဲလထ စခန်းကိုထွက်ပြေးသွားခဲ့  ပါတယ်။ အဲဒီမဲလထ စခန်းမှာ အခြေခံစစ်ပညာသင်တန်း ကိုတက်ရောက် ခဲ့ပါတယ်။ ပလောင်နယ်မြေမှာ အမှတ်(၅၀၁) တပ်ရင်းဖွဲ့ ဖို့ အတွက် အဲဒီအချိန်မှာ ဥက္ကဌဖြစ်တဲ့ ကိုမိုးသီးဇွန်နဲ့  ဒေါက်တာနိုင်အောင်တို့ ဟာ ကျနော်တို့ ကိုလာရောက်တွေ့ ဆုံပြီး တာဝန်ပေး   အပ်စေလွှတ်ခဲ့ပါတယ်။ အမှတ်(၅၀၁)ကျဆုံးသွားခဲ့ပြီး  မြောက်ပိုင်းဗဟိုကိုရောက်ရှိခဲ့ပါတယ်။ကျနော်   မြောက်ပိုင်း မှာအဖမ်းခံရပြီး ၁၉၉၂ ဖေဖော်ဝါရီလထဲမှာ ဒေါက်တာနိုင်အောင်ရောက်လာပါတယ်။ ဒေါက်တာနိုင်အောင်နဲ့ ကိုကျော်ကျော်  ဆိုတဲ့သူနှစ်ယောက်ဟာ ကျနော်တို့ အဖမ်းခံနေရတဲ့  အဖွဲ့ ၁၀၀ကျော်ကိုလာရောက်တွေ့ ဆုံတာဖြစ်ပါ တယ်။  တယောက်ချင်းခေါ်ယူတွေ့ ဆုံတာဖြစ်ပါတယ်။ အဲဒီအချိန်မှာ ဒေါက်တာနိုင်အောင်ရယ်၊ ကိုကျော်ကျော်ဆိုတဲ့သူရယ်၊ ကိုသံချောင်းရယ်၊ကိုမျိုးဝင်းရယ် အမှတ် (၅၀၁) တပ်ရင်းမှူးဖြစ်တဲ့ ကိုသိုက် ထွန်းဦး ရယ် နောက်ထပ်တယောက်နှစ်ယောက်ရှိပါသေးတယ်။ ကျနော်နံမည်တော့မမှတ်မိတော့ဘူး။  သူတို့ အားလုံးကျနော့်ကိုခေါ်ပြီးတွေ့ ပါတယ်။ တွေ့ ပြီးကာမှ နောက်တရက်နှစ်ရက်အကြာမှာ၁၉၉၂  ဖေဖော် ၀ါရီ လ ၁၂ ရက်နေ့ မှာ လူပေါင်း ၁၅ ယောက်အသတ်ခံလိုက်ရပါတယ်။ အဲဒီအသတ်ခံရတဲ့ ၁၅ ယောက်  မတိုင်ခင်ကလည်း  ကျနော်တို့ အထဲမှာ စစ်ရင်းဆေးရင်း စစ်ကြောရင်းနဲ့ သေသွားတဲ့လူလည်းရှိပါတယ်။  ကျနော်တို့ ကိုသံသယနဲ့ ဖမ်းတယ်ဆိုတာ ကျနော်တို့ လည်းသိပါတယ်။  ဒါပေမယ့်ကျနော်တို့ က ထောက်  လှမ်းရေးမဟုတ်တဲ့ အတွက်ကြောင့် မဟုတ်တဲ့အကြောင်းပြန်လည်ငြင်းဆိုတဲ့အတွက်ကြောင့် သူတို့ က  လွှတ်ပေးချင်တဲ့လူကိုလည်း တယောက်နှစ်ယောက်ပြန်ပြီးလွှတ်ပေးတာတွေ့ ရပါတယ်။
အဲဒီ ၁၅ ယောက်သတ်ပြီးနောက်ပိုင်းကျတော့ ကျနော်တို့ လည်းအခြေအနေမကောင်းတော့ပါဘူး။ ကျနော်တို့ လည်း အသတ်ခံရမယ်ဆိုတာလည်းသိနေကြတယ်။ ကျနော်တို့ ကိုပြန်လွှတ်ပေးလို့ မဖြစ်တော့  ဘူးဆိုတာသူတို့  သိနေကြပါပြီ။ ကျနော်တို့ ကိုပြန်လွှတ်ပေးရင် ကျနော်တို့ က ပြန်လည်အုံကြွမှာ သူတို့   စိုးရိမ်နေကြပါတယ်။ အခုလိုဖြစ်ခဲ့ရတဲ့ဖြစ်ရပ်တွေဟာ အားလုံးကလည်း သူတို့ အချင်းချင်းတယောက်နဲ့   တယောက် အာဏာလုလို့ ဖြစ်ကြရတာပါ။ ဘယ်သူ့ ဘယ်သူမှ ကျနော်တို့ ဒီကသွားကတည်းက ဗိုလ်ကြီး၊  ဗိုလ်မှူးဆိုတာပါသွားကြတာ မဟုတ်ပါဘူးဗျာ။ အားလုံးကကျောင်းသားအဖြစ်နဲ့ သွားကြတာပါ။   ဟိုရောက် တဲ့အခါကျတော့ သူကဗဟိုကော်မတီလုပ်မယ်။ ငါကဗဟိုကော်မတီလုပ်မယ်။ သူကစစ်ရေးတာဝန်ခံလုပ် မယ်။ ငါက စစ်ရေးတာဝန်ခံလုပ်မယ် ဆိုပြီးတော့ အငြင်းအခုံ၊သူတို့ ဘာသာ သူတို့ အချင်းချင်းအထက်မှာ  အာဏာလုကြတဲ့ပွဲမှာကျနော်တို့ က စတေးခံခဲ့ရတာပါ။ ကျနော်တို့ လည်းနောက်ပိုင်းအသတ်ခံရတော့မယ်  ဆိုတာသိတဲ့အတွက်ကြောင့် ကျနော်တို့ ထောင်ထဲမှာကျန်ခဲ့တဲ့ ၅၅ ယောက်ပဲ ကျနော်တို့ ထွက်ပြေး လွတ်မြောက်ခဲ့ခြင်းဖြစ်ပါတယ်။
ကိုမြင့်သိန်း
ကျနော့်နာမည်က ကိုမြင့်သိန်းပါ။ ကျနော်တို့ ဖမ်းဆီးချုပ်နှောင်ခံရတဲ့ အထဲမှာ အမျိုးသမီးလေးဦးပါ ပါတယ်။ သူတို့ နာမည်တွေ ကတော့ မခင်ချိုဦး(ရန်ကုန်)၊မနန်းစော၊မတူးတူး၊မနန်းအောင်ထွေးကြည် တို့ ဖြစ်ပါတယ်။ 
မခင်ချိုဦးကတော့ တက္ကသိုလ်ကျောင်းသူပါ။ ကျန်တဲ့ တချို့ လူတွေကတော့ State ကပါ။ ကျနော်က သူတို့  ကိုဖမ်းဆီးချုပ်နှောင်ထားတဲ့အချိန်မှာ အဲဒီထောင်ထဲမှာတင် ကျနော်တို့ အချင်းချင်းကိုပြန်အုပ်ချုပ်ခိုင်းထား  တဲ့ တန်းစီးလေးယောက်ထဲက တဦးဖြစ်ပါတယ်။ ဒါကြောင့်မို့ လို့  သူတို့ ကခေါ်ထုတ်သွားပြီးရင်နှိပ်စက် တယ်။ အဲဒီနှိပ်စက်တဲ့ ဟာတွေကို ပြန်ပြောပြတာကို ကျနော်တို့ ကကြားသိရတယ်။ သူတို့ ဆီမှာလည်း ဒဏ်ရာတွေနဲ့ ပြန်လာတဲ့အခါမှာ တွေ့ ရတယ်။ တလိမ့် နဲ့ ကြိတ်တာမျိုး၊ ခေါင်းကိုတုတ်နဲ့ ရိုက်တာမျိုးတို့   နည်းမျိုးစုံနဲ့ ပေါ့ဗျာ။အဲဒီနည်းမျိုးစုံတွေကတော့ကျန်တဲ့ညီလေးတွေလည်း ပြောပြီးသားဖြစ်ပါတယ်။  နှိပ်စက် နည်း မျိုးစုံပါပဲ။
ကိုဇော်ဇော်မင်း
ကျနော်က မိုညှင်းမြို့ နယ်က ကိုဇော်ဇော်မင်းပါ။ ၁၉၈၈ အရေးအခင်းဖြစ်ပြီးနိုဝင်ဘာလမှာ ကိုမျိုးဝင်း သပိတ် ခေါင်းဆောင်။ နားမားသပိတ်ခေါင်းဆောင် ကိုမျိုးဝင်းဦးဆောင်ပြီးတော့မှ ကျနော်တို့ ကို မင်းတို့ ကိုစစ်တပ်ဖမ်းမယ်။ ငါတို့ ကိုလည်းဖမ်းမယ် ဆိုလို့  ကျနော်တော ခိုသွားပါတယ်။ စရောက်ရောက်  ကေအိုင်အေနယ်မြေတပ်ရင်းမှာပါ။ အဲဒီမှာ ကျနော်တို့ ကို ဗိုလ်မှူး ဇော်တူးက နေရာချပေး တယ်။ နေရာချပေးပြီးတော့ ကေအိုင်အေ ဗဟိုဌာနချုပ် လိုင်စင်နယ်မြေကို မိုးညှင်းကထွန်းအောင်နိုင်အဖွဲ့   နဲ့ ကျနော်တို့ ရောက်သွားတယ်။ သင်တန်းအပတ်စဉ်(၁)တက်ပြီးတော့ ဗဟိုကော်မတီရုံးခန်းတာဝန်ခံ ဆိုတဲ့  တာဝန်ပေးပါတယ်။ 
အဲဒီတော့ သူတို့ ဖမ်းဆီးတဲ့ကိစ္စတော်တော်များများကို ကျနော်သိသင့်တာတွေ၊ သိသင့်သလောက်တော့   သိပါတယ်။ စဖမ်းတာကတော့စိုးမင်းအောင်ဆိုတဲ့တယောက်ကို စဖမ်းတာပါ။ အဲဒီစိုးမင်းအောင်ဆိုတဲ့ တယောက်ဟာ ဗန်းမော်မှာပဲစစ်ကြောရင်းနဲ့ အသတ်ခံလိုက်ရတယ်။ ၁၉၉၀ ဧပြီလလောက်မှာ လွှမ်းမိုး (ခေါ်)ကိုမြင့်သူက မိုးကောင်းကနေ တောခိုတဲ့သူပါ။ သူက ABSDF ဗဟိုကော်မတီရဲ့ အထက်မှာရှိတဲ့ ဗဟို  ဦးစီးအဖွဲ့ ထဲက တာဝန်ရှိတဲ့သူတယောက်ပါ။ ဒါပေမယ့် သူ့ မှာတော့လုပ်ပိုင်ခွင့်ကို ဗဟိုကော်မတီကပေးမ  ထားပါဘူး။ အဓိက ကတော့သံချောင်းနဲ့ ကိုမျိုးဝင်းက ကိုင်ထားပါတယ်။ သူ့ ကိုပညာမတတ်ပဲနဲ့ ဟန်ဆောင် မှု၊ ဆိုလိုတာက သူက ဒီကျနော်တို့ မြန်မာနိုင်ငံကျောင်းသားတွေဗမာစကားပြောရင် ကြားထဲမှာ အင်္ဂလိပ် လို  ညှပ်ပြောလေ့ရှိကြပါတယ်။ အဲဒီလိုညှပ်ပြောတဲ့အသုံးအနှုန်း Slip ဖြစ်တယ်တို့ ၊Character မကောင်း  ဘူးလို့  စသည်ဖြင့် ဒီလိုအသုံးအနှုန်းမျိုးလေးတွေကအစ သူက အင်္ဂလိပ်လိုညှပ်ပြောရင် အသံထွက်မမှန်  ဘူးဗျ။ နောက်သူ့ ကိုယ်သူ Philo နဲ့ ဘွဲ့ ရတယ်လို့ ပြောတယ်။ အဲဒီအချက်တွေရယ်၊ နောက်တခါ သူဟာ  ရွှေလီမှာ ပြည့်တန်ဆာနှစ်ဦးနဲ့ ပျော်ပါးတယ်။ အဲဒီနှစ်ခုကိုထောက်ပြီးစဖမ်းတယ်ဗျ။ ဖမ်းပြီးတော့မှ  စစ်ဆေးတယ်။  ဒီစစ်ဆေးချက်ကလည်းသိပ်ဘောင်မ၀င်ပါဘူး။ စစ်ဆေးချက်မပြီးခင်မှာ သံချောင်းကသူ့  ကို လက်ပြန်ကြိုးတုပ်ခေါ်ထုတ်လိုက်ပြီးတော့မှ စစ်ရေးပြကွင်းပေါ့၊ အဲဒီမှာ ဒူးတုပ်ခိုင်းထားပြီးတော့မှ နား ထင်ကို ဦးခေါင်းကို  M-20 မောင်းပြန်သေနတ်နဲ့ ပစ်တယ်။ နော်ကအဖြစ်အပျက်တခုကတော့ ကိုထွန်းနွယ်အောင်။ သူကတော့ အေဘီအက်စ်ဒီအက်ဖ်က  တပ်ဖွဲ့ ဝင်မိန်းကလေးတယောက်နဲ့ Sex ကိစ္စ  ဖြစ်တယ်ဗျ။  စစ်ခုံရုံးဖွဲ့ ပြီးတော့အရေးယူတယ်။ မုဒိန်းမှုလို့ စွပ်စွဲတာပေါ့။ ဒါပေမယ့် စစ်ခုံရုံးမှာ မုဒိန်းမှု မမြောက်ပါဘူး။  အဲဒီမှာ သူ့ ဟာသူရှက်ပြီးတော့ အချုပ်ထဲဝင်တယ်။ ပြန်ထွက်တော့လည်း သူ့ နည်း သူ့ ဟန်နဲ့ ထွက်တယ်။ တာဝန်ကျတဲ့ ရမ်မူတူး တို့ က ဒီကောင်အပြင်ထွက်ရင်ပစ်ဆိုလို့  ရဲဘော်  တယောက်ကပစ်လိုက်တယ်။ ဆီးခုံမှန်ပြီး သေသွားတယ်။ 
နောက်ကျနော်သိတဲ့ဒီဖမ်းဆီးတဲ့ကိစ္စတွေ။ လူသတ်တဲ့ကိစ္စတွေ။ အဓိကဖမ်းတာကတော့ စစ်ထောက်လှမ်း   သူလျှိုဆိုပြီးတော့မှ ဖမ်းတာပါ။ကျနော်ကိုယ်တိုင်ဖမ်းရတဲ့  လူတွေလည်းပါပါတယ်။ အခုဒီထဲမှာကို ပါပါတယ်။ သူတို့ စစ်ကြောတဲ့ဆီမှာ လက်လွန်ပြီး သေသွားတဲ့သူတွေလည်း အများကြီး ရှိပါတယ်။ ကျနော်  မှတ်မိသလောက်ဆိုရင် ၁၃ ယောက်ထက်မနည်းရှိပါလိမ့်မယ်။ အဲဒီထဲကနာမည်တချို့ က တပ်သား ကိုအားဆိုက်၊ နောက်ပြီးတော့ ဦးစိန်၊ သူ့ တော့ကျနော်မြို့ မမှတ်မိတော့ပါဘူး။ နောက်ပြီးတော့    ကို ကျော်ဌေး၊ ကျန်တာတွေကျတော့ကျနော်ကောင်းကောင်းမမှတ်မိတော့ပါဘူးခင်ဗျ။ ဒါကသူတို့  စစ်ကြော  ရေးလုပ်ရင်းလက်လွန်သွားတဲ့သူတွေ။ နောက်ပြီးတော့၁၉၉၂ ဖေဖော်ဝါရီလမှာ ထောက်လှမ်း  ရေး သူ လျှိုဆိုပြီးတော့ ထွန်းအောင်ကျော်အပါအ၀င် လူ၁၅ယောက်ကို ဓားနဲ့ ခုတ်သတ်တယ်လို့  ကျနော်ကြားတယ်ခင်ဗျ။ အဲဒီအချိန်မှာတော့ ကျနော်ဗန်းမော်ခရိုင်ကိုရောက်နေတဲ့အတွက် စက်ထဲဝင်လာ တဲ့ သတင်းကိုပဲကြားသိရပါတယ်။ အသတ်ခံရသူ ၁၅ ဦးကတော့ ထွန်းအောင်ကျော်အပါအ၀င် မိန်းကလေး ထဲထဲက မခင်ချိုဦး၊ နောက်ပြီးတော့ ကျော်ကျော်မင်း၊နောက် ကျော်ဝေ၊ မန္တလေးက၊အောင်ဖုန်းကတော့  ရန်ကုန်ကဖြစ်မယ်ထင်တယ်ဗျ။ အားလုံးဓားနဲ့ ခုတ်သတ်ခံရတာ ၁၅ ယောက်ရှိပါတယ်။
No comments: