Friday, July 6, 2012

သမိုင်းဝင် ရန်ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်းအဖုံးများ

သမိုင်းဝင် ရန်ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်းအဖုံးများ

Thursday, July 7, 2011

၁၉၈၃-၈၄ ရန်ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်းအဖုံးပါ။ ၇ ဇူလိုင် အထိမ်းအမှတ်တွေကို ပန်းချီမှာ ဝှက်ဆွဲထားတာပါ။ ပန်းချီဆရာက "မောင်မြင့်ဌေး" ပါ။ ဘယ်နားက မှန်ထောင်ကြည့်ရင် ပုံနဲ့ ဆက်စပ်ပြီး ဘာပုံဆိုတာတွေတော့ မေ့နေပါပြီ။ အခေါင်းထမ်းနေတဲ့ပုံ၊ ဝမ်းလျားမှောက်ပြီး သေနတ်ပစ်နေပုံ၊ ချီတက်နေပုံ စတာတွေပါပါတယ်။ သေချာတာကတော့ စာအုပ်ကို ပြောင်းပြန်ထောင်ကြည့်ရင် အ-သုံးလုံးသင်နေတဲ့သူတွေက လက်သီးဆုတ် ဖြစ်သွားပါလိမ့်မယ်။
ဒါက နောက်ဖုံးပါ။ "လှမိုး" လို့ လက်မှတ်ထိုးထားပါတယ်။ အဆောင် ပြတင်းပေါက်တွေက ထောင်တံခါးတွေ ဖြစ်နေပါတယ်။ အောက်နားက မျှော်စင်အောက်နားမှာ သပိတ်တလုံး တွေ့ရပါမယ်။ စာအုပ်ကို ပြောင်းပြန်ထောင်ကြည့်ရင် ပန်းတွေက ၇ ပုံစံ ပေါ်နေပါလိမ့်မယ်။
ဒီတပုံကတော့ ၇ ဇူလိုင်တော့ မဟုတ်ပါဘူး။ ၁၉၇၅-၇၆ ရန်ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်းအဖုံးပါ။ ဦးသန့် အရေးအခင်းအပြီး ထုတ်တာဖြစ်ပါတယ်။ သိပ်ရှားတဲ့ စာအုပ်ပါ။ သစ်ပုတ်ပင်က လက်သီးဆုတ်ပုံ ဖြစ်နေပါတယ်။ ပန်းချီဆရာက နောင်တချိန်မှာ ဂရပ်ဖစ်ဒီဇိုင်း ကျော်မင်းမောင် ဖြစ်လာမယ့် "ကျော်မင်းမောင်" ဖြစ်ပါတယ်။
Credit to Myanmar Cupid Community Forums


မြန်မာကျူးပစ်မှာ မှတ်မိသူတွေ ပြန်ပြောပြတာလေးတွေ တွေ့လို့ ထပ်တင်ပေးလိုက်ပါတယ်။

ဒါ ၇ ဇူလိုင်နဲ့ မဆိုင်ဘူးလို့တော့ ပြောလို့မရဘူးထင်တယ် . . . ဦးသန့် အရေးအခင်းအပြီးမှာ ထုတ်ခဲ့တာဖြစ်ပေမဲ့ ဖြစ်ခဲ့သမျှ အရေးအခင်းတွေ အားလုံးကို ခြုံငုံပြီး သရုပ်ဖော်ထားတယ်လို့ ထင်တယ် . . .

ပထမဆုံးကတော့ ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်ဆိုတဲ့ စာပဲ . . . ကုန်ဆိုတဲ့နေရာမှာ -ု နဲ့ နငယ်ရဲ့ ခြေထောက်ကို ထိစပ်ခမန်း လုပ်ထားတဲ့အတွက် ရန်ကုန် မဟုတ်ဘဲ ရန်ကျန် ဆိုသလိုမျိုးဖြစ်နေအောင် တမင်လုပ်ထားတာလို့ ဆိုတယ် . . . တချောင်းငင်တွေ နငယ်ခြေထောက်တွေကို ပုံမှန်ထက် ရှည်နေအောင် လုပ်ထားတယ် . .
သစ်ပုပ်ပင်ရဲ့ အကိုင်းအခက်တွေက ကဒေါင်းက နေတဲ့ပုံ၊ အဲ့သည် သစ်ခက်တွေကြားထဲမှာလည်း သရုပ်ဖော်ထားတဲ့ ပုံတွေ ရှိတယ်လို့ မှတ်မိနေတယ် . . . ဆွဲထားတဲ့သူက အရောင် အမှိန်အဖျော့တွေ နဲ့ သစ်ခက်လိုင်းတွေ စပ်ဟပ်လို့ ပုံဖော်ထားလို့ သေချာ စိုက်ကြည့်မှ မြင်ရမှာမို့လို့ မူရင်း အရောင်စိုစိုစာအုပ်ကို ကြည့်မှ ရေးရေး တွေ့ရလိမ့်မယ်ထင်တယ် . . . မှတ်မိသလောက်တော့ ဗိုလ်ချုပ်အောင်ဆန်း နဲ့ သခင်ကိုယ်တော်မှိုင်း ဦးခေါင်းပုံတွေ လို့ဆိုတယ် . . .
သစ်ပုပ်ပင် ပင်စည်ကြီးက လက်သီးလက်မောင်း တန်းလို့ ဟစ်ကြွေးနေပုံပေါ့ . .
လက်မှာ သွေးတွေ စီးကျနေတယ် . . . ဘွဲ့နှင်းသဘင် အဆောက်အဦးခေါင်မိုးပေါ်မှာ ဘုန်းကြီးတစ်ပါးရဲ့ ရုပ်ကလာပ်ကို ပြင်ထားတယ် . .
ဘွဲ့နှင်းသဘင်ရှေ့က ခြင်္သေ့ရုပ်က ခွေးပုံဖြစ်နေသတဲ့ . . .
နောက် အောက်ကို ဆက်ဆင်းလာရင် ပုံရဲ့ ညာဘက်ထောင့်ကို ဗဟိုထားပြီး အစိမ်းရောင် အစက်အပြောက်တွေက စက်ဝန်းတစ်ခုရဲ့ လေးပုံတစ်ပုံလောက် ရှိနေလို့ သည်လိုပုံ လေးခု ထောင့်ချင်းဆိုင် ဆက်လိုက်ရင် လွမ်းသူ့ပန်းခွေတစ်ခု ရတယ်တဲ့ . . . အဲ့သည်ထဲမှာတော့ ခုံတန်းလျား အဖြူရောင်လေးတစ်ခုဟာ ခြေထောက်တစ်ဖက်ပဲ ရှိသမို့ ၇ (၇) ဆိုတဲ့ သင်္ကေတကို ထင်ထင်ရှားရှားကြီး မြင်နေရတယ် . . .
ပုံတစ်ခုလုံးဟာ စိတ္တဇဆန်ဆန် ရေးဆွဲထားပြီး အစက်အပြောက်တွေ အရောင် အနုအရင့်တွေ သုံးထားလို့မို့ မရေရာတဲ့ ပုံရိပ်တွေ အများကြီးဖြစ်နေတော့တာ . . .
ဒါ ကျွန်တော် မှတ်မိသလောက်တွေပေါ့ . . . အများကြီးကျန်သေးတယ် . . .   
(credit to: nnnaing @ Myanmar Cupid)

ဒီမဂ္ဂဇင်းနဲ့ပတ်သက်ပြီး ကျောင်းစာသင်နှစ် (academic year) ကိုပြောချင်ပါတယ်။

၁၉၇၄-၇၅ ပညာသင်နှစ်ကို ၁၉၇၄ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှာစတင်ခဲ့တယ်။ ဒီဇင်ဘာလမှာ ကွယ်လွန်သူ ကုလသမဂ္ဂအတွင်းဝန်ချုပ်ဟောင်း ဦးသန့် ဈာပနကိစ္စကြောင့် တက္ကသိုလ်နှင့်ကောလိပ်များကို ရက်အကန့်အသတ်မရှိပိတ်လိုက်ပါတယ်။ ၁၉၇၅ ခုနှစ် မေလမှာ တက္ကသိုလ်နှင့်ကောလိပ်များကို ပြန်လည် ဖွင့်လှစ်ခဲ့ပါတယ်။ ထိုနှစ် ဇွန်လမှာ သမိုင်းအရေးအခင်းဖြစ်ပြီး တက္ကသိုလ်နှင့်ကောလိပ်များကို ရက်အကန့်အသတ်မရှိ ထပ်မံပိတ်လိုက်ပါတယ်။ အတန်းတင်စာမေးပွဲများကို ဇူလိုင် နှင့် ဩဂုတ်လများမှာ မြို့နယ်အလိုက် ကျင်းပခဲ့ပြီး ၁၉၇၄-၇၅ ပညာသင်နှစ်ဟာ ပြီးဆုံးခဲ့ပါတယ်။ ၁၉၇၅ ခုနှစ်အတွင်း တက္ကသိုလ်နှင့်ကောလိပ်များကို ပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိခဲ့ပါ။ ၁၉၇၆ ခုနှစ် ဇန်နဝါရီလမှာ ၁၉၇၅-၇၆ ပညာသင်နှစ်အတွက် တက္ကသိုလ်နှင့်ကောလိပ်များကို ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။ ယင်းနှစ် မတ်လမှာ သခင်ကိုယ်တော်မှိုင်း ရာပြည့်အထိမ်းအမှတ် အရေးအခင်းကြောင့် တက္ကသိုလ်နှင့်ကောလိပ်များကို ရက်အကန့်အသတ်မရှိ ထပ်မံပိတ်လိုက်ပါတယ်။ အောက်တိုဘာလ မှာမှ တက္ကသိုလ်နှင့်ကောလိပ်များ၏ အတန်းများအားလုံးကို ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။ ဒီဇင်ဘာလမှာ ကျောင်း ၁ လ ပိတ်ပါတယ်။ ၁၉၇၅-၇၆ ပညာသင်နှစ်အတွက် တက္ကသိုလ်နှင့်ကောလိပ်များ၏ အတန်းတင်နောက်ဆုံးစာမေးပွဲများအားလုံးကို ၁၉၇၇ ခုနှစ် မတ်လမှာကျင်းပပြုလုပ်ခဲ့ပါတယ်။

အထက်ပါ ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ် နှစ်လည်မဂ္ဂဇင်း ၁၉၇၅-၇၆ ကို ၁၉၇၇ ခုနှစ် ဇန်နဝါရီလ ကျောင်းပြန်အဖွင့်မှ ထုတ်ဝေခဲ့ခြင်းဖြစ်ပါတယ်။

ဘွဲ့နှင်းသဘင်အဆောက်အဦးကြီးရဲ့ အနောက်မှ အပြာရောင်ပုံများဟာ အုတ်ဂူတွေကိုရည်ညွှန်းထားတာလို့ မှတ်သားရဖူးတယ်။ ညာဖက်က ကန့်ကော်တော နေရာမှာ အစိမ်းရောင်တွေနဲ့ သစ်ပင်သစ်ရွက်ပုံတွေကို ရေးဆွဲထားပေမယ်လို့ အသေအချာကြည့်ရင် ကျောင်းသားများ၊ သံဃာတော်များပုံ၊ လဲကျနေတဲ့ပုံတွေကို မြင်နိုင်ပါတယ်။ သစ်ပုတ်ပင်ပေါ်မှာလည်း ကျောင်းသားများ၊ သံဃာတော်များပုံ ပါရှိသေးတယ်။

အဲဒီ နှစ်လည်မဂ္ဂဇင်း ကို ထုတ်ဝေချိန်မှာ လမ်းစဉ်ပါတီဗဟိုကော်မတီ နှင့် ပညာရေးဝန်ကြီးဌာန တို့မှ ချမှတ်ပေးလိုက်တဲ့ "ငြိမ်းချမ်းစွာပညာသင်ကြားရေး" မူဝါဒလမ်းစဉ်ကြောင့် မျက်နှာဖုံးကို ဆင်ဆာလွတ်ငြိမ်းခွင့် ပေးလိုက်တယ်လို့ နောင်နှစ်ပေါင်းကြာမှ ပြန်ကြားသိရပါတယ်။
(Credit to : koluchaw @ Myanmar Cupid)

Friday, June 1, 2012

ဂျွန်လ၏မိုးရေများ

သိဒ္ဓတ္ထလှိုင်

by Nyein Chan Aye on Monday, 20 February 2012 at 21:31 ·
ဟိုနိုလူလူမှာ ကုန်စုံဆိုင်လေးဖွင့်မယ်

ဟိုနိုလူလူမှာ
နာနတ်ဝိုင်၊ မလိုင်ချောကလက်
ဝက်သားစည်သွပ်ဗူး၊ ကော်ဖီဗူး
ပစ္စည်းထူးထူးဆန်းဆန်းလေးတွေရောင်းဖို့
ဝါရွှေညိုနီဆေးရောင်စုံနဲ့
ကုန်စုံဆိုင်လေးဖွင့်မယ်။

ဗိသိုဗင်
လီနင်၊ ဂျက်ကလင်း
နေမင်းအောက်က ပြည်သူများတို့
မရယ်(ရီ)ကြပါနဲ့၊ ဒါဟာ
နီလာရည်၊ စိန်ရည်၊ မြရည်လူးတဲ့
စိတ်ကူးထဲက ရည်ရွယ်ချက်လေ။

ပိုက်ဆံမရှိသော နေ့များ

စီးကရက်တစ်လိပ်
ပေါင်မုံ့တစ်လုံး၊ လဘ္ဘက်ရည်တစ်ခွက်ပဲ
တမ်းတပါတယ်။

မာဇဒါ၊ ရီကော်တာ
မန္တလေးဘီယာ
ဒေါက်တာဇီဗားဂိုးရုပ်ရှင်
တင်တင်လှရဲ့ တေးဂီတများ
သတိမရနိုင်ပါ။

၂၂ (သို့မဟုတ်) ကျွန်ုပ်၏ရုပ်ပုံလွှာ

ဆေးပြင်းလိပ်
ကိတ်မုန့်၊ ကျောက်ခဲ
ငရဲမီး၊ လမင်း
ဂျုံခင်း၊ ပိတောက်ဝါ
ဟစ်တလာ့ နှုတ်ခမ်းမွှေး
'ဒက်ဗလင်' မွေးတဲ့သား
ဘီတယ်လ်ဓါတ်ပြားများ
အားလုံးဟာ ငါဖြစ်တယ်။

မာရီလင်မွန်ရိုးသို့တမ်းခြင်း


“ဆင်းရဲခြင်းကဒုက္ခ” တဲ့။

နီလာရောင် ရေချိုးခန်း
ပဲရစ်ရေမွှေးဖြန်းထားသော ပန်းခြံ
မရမ်းရောင်ရှန်ပိန်၊ ရေခဲစိမ် “မာတီနီ”
ငွေခြည်ရောင် ရေခဲသေတ္တာတို့ ကြားမှာ
အဆိပ်သောက် သေဆုံးသွားသော
ဟောလီးဝုဒ်၏ ကြယ်ပွင့်အပြာ
အို မာရီလင်မွန်ရိုး။

“ချမ်းသာခြင်းမှာဘာဒုက္ခများတွေ့ခဲ့သလဲ” ။

ငှက်ပျောသီးစားသူ သို့

လမ်းမအနက်ရောင်ပေါ်မှာ
ငှက်ပျောခွံမပစ်ပါနဲ့။

ဆူကာနို၊ နစ်ဆင်
ဂျွန်ဆင်၊ ဒေါက်တာနိုး
ဘားဒိုး၊ ဂိုးလ်ဖင်းဂါးတို့
နင်းမိသွားလျှင်အရေးမကြီးပါ။

ဇီးသီးရောင်းသူလေး
ဆေးလိပ်သမလေး၊ ကျေးရွာသူလေး
မြို့ ကျောင်းသူလေးများ
နင်းမိသွားလျှင် သနားစရာ။

လဘ္ဘက်ရည် တစ်ခွက်

ငွေလရောင်ခြည်ကို
ချစ်သူ့ ထမီထဲမှာ ထည့်ချင်တယ်။

ဆိုဖီယာလောရင်း နှုတ်ခမ်းကို
နမ်းစုတ်ချင်တယ်။

အားလုံးအာသာပြေအောင်
လဘ္ဘက်ရည် တစ်ခွက်ပဲ သောက်လိုက်ပါတယ်။

တနင်္ဂနွေတစ်ခုရဲ့ ခံစားမှု

လမ်းထိပ် ကွမ်းယာဆိုင်က
သကြားလုံးဟာ ချိုတယ်။

ဂျယ်ရီလူးဝစ္စနဲ့
သန်းနွဲ့က ရီရတယ်။

နှင်းဆီမလေးရဲ့ အပြုံးများဟာ
ငါ့ကို ဖမ်းစားသွားခဲ့တယ်။

လှပတဲ့ ရပ်ကွက်များ

အမိုးနီနီ အိမ်များ
ရေဒီယိုတေးသံများ
ရှမ်ပိန်ရောင်မီးပွင့်များ
စန္ဒယားရောင် လမ်းမများနဲ့
ခမ်းနားပေ့ မြို့တော်ရဲ့ ရပ်ကွက်များ။

ရပ်ကွက်မှာ နေသူများကား
အရက်သမား၊ ဖဲသမား
ဘုရားလူကြီး၊ မြို့သူဗိုလ်ကတော်
ဗိုက်သားပေါ်တဲ့ အရာရှိ မယားငယ်နဲ့
အခြားဟန်ဆောင်ကောင်းကြသူများ။

ပေါင်မုံ့စားသူများအကြောင်း

နက်စ်ကဖီးရယ်
ရှယ်နယ်နံပါတ်ငါးရယ်
စတော်ဘယ်ရီပင်ရယ်
သင်တို့ကို ကျွန်ုပ်လေးစားပါတယ်။

သင်တို့ရဲ့ အရှင်သခင် လူတွေကတော့
'ဘယ်ရီကရင်း လိမ်းရတယ်'
'ဆံပင်တိုတို ညှပ်ရတယ်'
'ကောလိပ်ပညာ တတ်ရတယ်'
'ဘုရားရှိခိုးရတယ်'
'ရွန်နယ်လ်ကား စီးရတယ်'
'ဗက်၆၉ သောက်ရတယ်'
ဒီစာတမ်းတွေ ရှေ့မှာပြပြီး
ဒေါသဖြစ်ကြ အတင်းပြောကြ
မနာလိုကြ၊ စိတ်ထားညစ်ကြ
ဒီလိုနဲ့ စစ်ဆိုတာဖြစ်လာကြတယ်။


စိတ်ကူးထဲက ချိုချဉ်များ

ကျနော်လိုချင်တာ
သုံးခုရှိပါတယ်။

မေရှင်ရဲ့ 'ပျို့မှာတမ်း' ဓါတ်ပြား၊
ပီကာဆိုရဲ့ ပန်းချီကားတစ်ချပ်၊
၃၁လမ်းက ဂွက်ထော်။

ကျနော်မလိုချင်တာ သုံးခုကတော့
နစ်ဆင်၊ သူ၏ လမ်းစဉ်နဲ့
ငြိမ်းချမ်းရေး။


သိဒ္ဓတ္ထလှိုင် (သုခမိန်လှိုင်) ရဲ့ "ဂျွန်လ၏မိုးရေများ" (၁၉၇၁) ကဗျာစာအုပ် မှ ကဗျာတချို့ကို ကူးယူဖော်ပြပါတယ်။ စာလုံးပေါင်းမှား၊ စာလုံးကျန်ခဲ့ပါက ကဗျာဆရာနဲ့ မသက်ဆိုင်ပါ။ စာရိုက်သူ ကျွန်တော်ရဲ့ အမှားသာဖြစ်ပါတယ်။

Copyright @  Thukhamein Hlaing.  All Rights Reserved.  This is your personal copy and non-commercial use ONLY.

Nyein Chan Aye facebook မှကူးယူဖော်ပြသည်။

ဂျွန်နဲ့ အတူ


Sunday, May 27, 2012

ကျောင်းသားရဲဘော်ဟောင်းများအဖွဲ.မှနိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်ထံသို.အိတ်ဖွင့်ပေးစာ

ဥက္ကဌ
ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ..(နေပြည်တော်)
အကြောင်းအရာ။ ။မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများတပ်ဦး (ABSDF) မြောက်ပိုင်းမှ စစ်ရေးတာဝန်ခံ သံချောင်း(ခ)မြင့်စိုး၏ကိစ္စရပ်

လေးစားအပ်ပါသောပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီဥက္ကဌနိုင်ငံတော်သမ္မတ ကြီး   ဦးသိန်းစိန် ခင်ဗျား။
ကျွန်နော်တို.ကျောင်းသားရဲဘော်ဟောင်းများအဖွဲ.မှလေးစားစွာအစီရင်ခံတင်ပြအပ်ပါသည်။
၁။အနာဂတ်မြန်မာနိုင်ငံတော်ကြီးတွင်အောက်ခြေပြည်သူများအဆင့်ထိဒီမိုကရေစီစံများနှင့်လူ.အခွင့်အရေး စံမျာ့ ပြန့်  နှံ့ ရန်နှင့်အဆင့်လိုက်ပညာရေးဆိုင်ရာကိစ္စရပ်များကို NGO အဖွဲ.ပုံသဏ္ဌန်နှင့် လုပ်ဆောင် ရန် အတွက်ရည်ရွယ်ပြီးမန္တလေးမြို.တွင် ABSDF(NB) နှင့်အခြားအဖွဲ.အသီးသီးမှအလင်းဝင်ရောက်လာ
သောကျောင်း သားများနှင့်မန္တလေးဒေသခံကျောင်းသားအချို.ပူးပေါင်း၍ကျောင်းသားရဲဘော်ဟောင်း များ အမည်ဖြင့်အဖွဲ. ဖွဲ.စည်းရန်ကျွန်တော်တို.ပြင်ဆင်နေကြပါသည်။
၂။အဖွဲ.တွင်ABSDFမြောက်ပိုင်းပြန်ကျောင်းသားဟောင်းများပါဝင်နေသည့်အားလျှော်စွာ ABSDF မြောက် ပိုင်းလူသတ်ပွဲအတွင်းသေဆုံးခဲ့ရသူတို.၏မိဘဆွေမျိုးများနှင့်အဆက်အသွယ်မပြတ်တောက် ဘဲ မြောက်ပိုင်း ဖမ်းဆီးနှိပ်စက်မှု.များတွင်ကိုယ်တိုင်ကိုယ်ကျခံစားခဲ့ရသူများလည်းပါဝင်ပါသည်။
၃။၎င်းဖမ်းဆီးသတ်ဖြတ်မှုအတွင်းအသတ်ဖြတ်ခံရသူ ၄၀ ကျော်နှင့် ဖမ်းဆီးပြီးလူမဆန်စွာညှင်းပန်းနှိပ်စက် ခံရသူ ၁၀၀ ကျော် တို.ရှိရာ မန္တလေးမှ ကိုထွန်းအောင်ကျော်၊ကိုချိုကြီး တို.အပါအဝင် ၁၅ ဦးကို ၁၉၉၂ ဖေဖော် ဝါရီ ၁၂ ရက်နေ. ပြည်ထောင်စုနေ.တွင် အစုလိုက်အပြုံလိုက် တပြိုင်နက် သတ်ဖြတ်ခြင်း ခံခဲ့ရ ပါသည်။
၎။၎င်းဖမ်းဆီးသတ်ဖြတ်ခဲ့မှုများကိုဦးဆောင်ကျုးလွန်ခဲ့သူများအတွင်းမှတဦးမှာယ္ခုသာယာဝတီ အကျဉ်းထောင်တွင်သေဒဏ်ကျခံနေရာမှ လွတ်ငြီမ်းချမ်းသာခွင့်အမိန်.အရ တသက်တကျွန်းပြစ် ဒဏ်ပြောင်း လဲကျခံနေရသောထိုစဉ်က် ABSDF မြောက်ပိုင်း၏စစ်ရေးတာဝန်ခံ သံချောင်း (ခေါ်)မြင့်စိုး နမ္မား ဖြစ်ပါသည်။
၅။သံချောင်းသည်လူအစုလိုက်အပြုံလိုက်သတ်ဖြတ်သောရာဇဝတ်မှုများကိုကျုးလွန်ပြီးနောက် ဦးရွတ် စစ် ခေါင်းဆောင်သော (RCSS-SSA) အဖွဲ.သို.နောက်လိုက်နောက်ပါများနှင့်တကွ ရာဇဝတ်မှုများ မှအကာ အကွယ်ရရှိရန်ဝင်ရောက်ခိုလှုံခဲ့ပါသည်။ SSA အဖွဲ.တွင်မူ သူ၏မူရင်းနာမည်ကိုဖျောက်ပြီး စပ်ခွန်ကျော် ဟူသောနာမည်ဖြင့်ဝင်ရောက်ခဲ့ခြင်းဖြစ်ပါသည်။
၆။ယ္ခုအခါ SSA နှင့်ငြီမ်းချမ်းရေးလက်မှတ်ထိုးပြီးချိန်တွင် SSA လူကြီးများက သံချောင်း(ခ)မြင့်စိုး၏  

သမိုင်းကြောင်းအမှန်ကိုမသိဘဲအကျဉ်းထောင်မှလွတ်ပေးရန်တောင်းဆိုမှုများရှိလာနိုင်သည်။
ရ။ထိုကဲ့သို. သံချောင်း(ခ)မြင့်စိုးအားရာဇဝတ်သားမှန်းမသိပါဘဲနှင့်လွတ်ငြီမ်းချမ်းသာခွင့်တောင်းဆိုမှု 

များကြောင့်နိင်ငံတော်မှလွတ်ငြီမ်းချမ်သာခွင့်ပေးခဲ့မည်ဆိုလျှင်သေကြေခဲ့ရသူမိသားစုဝင်များ၊ကိုယ် တိုင် ကိုယ်ကျညှင်းပမ်းနှိပ်စက်ခံခဲ့ရသူများ၎င်းနောက်တရားမျှတမှုကိုလိုလား၍ဤသူများအပေါ်ဂရုဏာ သက်နေသောရဟန်းရှင်လူပြည်သူတရပ်လုံး၏စိတ်အတွင်းယူကြုံးမရဖြစ်ပြီးကြေကွဲခံစားရမည်မှာ အမှန် ပင်ဖြစ် ပါသည်။
၈။၎င်းအပြင်၂၁ရာစုဆန်းစတွင်မြန်မာပြည်တွင်းမှကျောင်းသားထုအတွင်းအချင်းချင်းသွေးကွဲကာ သတ်ဖြတ် ခဲ့မှုကြီးကိုအနောက်နိုင်ငံအစိုးရများ၊ကမ္ဘာ.မီဒီယာများမှလည်းစိတ်ဝင်တစားရှိနေကြရာ သံချောင်း(ခ)မြင့်စိုး ကို လွတ်ငြီမ်းချမ်းသာခွင့်ပေးလိုက်ပါလျှင်မြန်မာနိုင်ငံ၏တရားဥပဒေစိုးမိုးရေးနှင့်အတူနိုင်ငံတော်၏ပုံရိပ်၊ငြီမ်း ချမ်းရေး ရယူထားသော SSA အဖွဲ.၏ပုံရိပ်များကိုလည်းထိခိုက်စေနိုင်ပါသည်။
၉။၎င်းအပြင်ကျွန်တော်တို.အဖွဲ.သည်၎င်းရာဇဝတ်မှု.များကိုတရားစွဲဆိုနိုင်ရန်ပြင်ဆင်ဆောင်ရွက်နေပြီဖြစ်၍၎င်း၊နိုင်ငံတကာရောက်အမှန်တရားလိုလားသောမြန်မာလူငယ်များကလည်း ICC နိုင်ငံတကာရာဇဝတ် မှုခုံရုံး တွင်တရားစွဲဆိုနိုင်ရန်ပြင်ဆင်လုပ်ဆောင်နေပြီဖြစ်၍၎င်း ထင်ရှားသောရာဇဝတ်သားခေါင်းဆောင်တဦးကိုလွတ်ငြီမ်းချမ်းသာခွင့်ပေးရန်မှာမသင့်လျှော်ဟုကျွန်တော်တို.ကျောင်းသားရဲဘော်ဟောင်းများ အဖွဲ.မှ အလေးအနက်ယုံကြည်ပါသည်။
၁၀။တရားစွဲဆိုရာတွင်အသတ်ခံခဲ့ရသူများ၏မိသားစုများနှင့်ကိုယ်တိုင်ကိုယ်ကျအနှိပ်စက်ခံခဲ့ရသောကာယကံရှင်များမှလုပ်ဆောင်နေသည်ကိုကျောင်းသားရဲဘော်ဟောင်းများမှကူညီဆောင်ရွက်ပေးပြီးအဖြစ်မှန်ဖော် ထုတ်ရေး အတွက်အစွမ်းကုန်ကြိုးစားသွားမည်ဖြစ်ပါသည်။ သို.ဖြစ်ပါ၍ သံချောင်း(ခ)မြင့်စိုး နှင့်တကွ ၎င်း ရာဇဝတ်မှုကြီးတွင်ပါဝင်ပက်သက်ကျုးလွန်ခဲ့ကြသူများကိုရဟန်းရှင်လူပြည်သူအားလုံး၏ ဆန္ဒနှင့် အညီ၎င်း တို.ကျုးလွန်ခဲ့သောရာဇဝတ်မှုများအတွက် မြန်မာနိုင်ငံအတွင်းတွင်ဥပဒေကြောင်းအရတရားစွဲ ဆိုနိုင်ရေး အတွက်နိုင်ငံတော်သမ္မတကြီးအနေနှင့်ကူညီဆောင်ရွက်မှုများပြုလုပ်ပေးပါရန်အလေးအနက်တောင်းခံ တင်ပြ အပ်ပါသည်။
ညီညီ (၉/မရမ (နိုင်) ၀၂၆၆၉၇ )
ပြင်ပဆက်ဆံရေးတာဝန်ခံ
ကျောင်းသားရဲဘော်ဟောင်းများအဖွဲ.
မန္တလေး
ဖုံး--၀၉-၇၃၅၀၅၉၉၄

kyaw gyi ab facebook


ခဏခဏကြားနေရတဲ့ ခရိုနီဆိုတာ....

ခရိုနီနဲ့ ခရိုနီအရင်းရှင်စနစ်အကြောင်း (၁)မိနစ်တာ သိကောင်းစရာ (ရေးသူ -- သရဖီသန်း)
၁။ ခရိုနီဆိုတာဘာလဲ။
အာဏာရှိတဲ့လူက ပစားပေးလို့ ချမ်းသာလာတဲ့လူ။ ခရိုနီတွေချမ်းသာဖို့ သာမန်လူတွေရဲ့ စီးပွားရေးနဲ့  အခြားအခွင့်အရေးတွေ၊ လုပ်ပိုင်ခွင့်တွေ အဆုံးရှုံးခံရတယ်။
၂။ ခရိုနီတွေရဲ့ ကြွယ်ဝမှု ဘယ်ကလာလဲ။
ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှုတွေကြောင့်မဟုတ်ဘဲ အာဏာရှိတဲ့လူက အထူးပေးထားတဲ့ အခွင့်အရေးတွေကြောင့်ပဲ။ မြန်မာပြည်နဲ့ပတ်သက်ပြီး အရှင်းဆုံးဥပမာပေးရရင် သစ်လိုင်စင်၊ ကားလိုင်စင် (အရင်က)တွေကို ဘယ်သူ့ ကိုမှ မပေးဘဲ ခရိုနီတွေကို ပေးလို့  အဲဒါတွေကို ပြန်ရောင်းစားပြီး ချမ်းသာတာပဲ။
၃။ ခရိုနီအရင်းရှင်စနစ်ဆိုတာဘာလဲ။
ဥပဒေစိုးမိုးရေးနဲ့ အခွင့်အရေးတန်းတူညီမျှရှိမှု၊ ရွေးချယ်ပိုင်ခွင့်၊ လွတ်လပ်စွာကုန်သွယ်ခွင့်၊ ကိုယ့်လုပ်အားကို ကိုယ်ခံစားခွင့်၊ အာဏာရှိသူတွေနဲ့ ပေါင်းပြီး မြေနဲ့ တခြား ပိုင်ဆိုင်မှုတွေအသိမ်းခံရမှု မှ ကင်းခြင်း၊ ဒါတွေ အားလုံးမရှိတဲ့ စီးပွားရေးစနစ်ကို ခရိုနီစီးပွားရေးစနစ်လို့ ခေါ်တယ်။
၎။ ခရိုနီအစ်ဇင် (ခေါ်) လက်သင့်ရာစားတော်ခေါ်တဲ့ စနစ်ကို ဘာ့ကြောင့်ဆန့် ကျင်ကြတာလဲ။
အာဏာရှိသူနဲ့ စီးပွားရေးသမားတစု အာဏာနဲ့ စည်းစိမ်တည်မြဲဖို့ ကျန်တဲ့နိုင်ငံသားအားလုံးက စတေးပေး ရ တဲ့ စနစ်ဖြစ်လို့ ဟောင်ကောင်မှာ၊ အိန္ဒိယမှာ၊ တောင်အမေရိကားမှာ၊ အမေရိကန်ပြည်ထောင်စုမှာ၊ အင်္ဂလန် မှာနဲ့  ကမ္ဘာအနှံ့ အပြားမှာ နေ့စဉ်နဲ့ အမျှ ဒီစနစ်ကိုဆန့် ကျင်နေကြ တယ်။ အခု ၉၉ရာခိုင်နှုန်းလှုပ် ရှားမှုတွေ အားကောင်းလာတော့ ဒီစနစ်ကိုဆန့် ကျင်မှုတွေ ပိုကျယ်ပြန့် လာတယ်။ ပိုပြီး စနစ်ကျလာကြတယ်။
၅။ (၁) မိနစ်တာဖတ်ရတာ အားမရလို့  ပိုသိချင်ရင် ဘယ်မှာသွားဖတ်ရမလဲ။
http://cronychronicles.org/

http://www.amazon.com/Throw-Them-All-Out-ebook/dp/B0062N35X8

http://www.scribd.com/doc/60883227/Crony-Capitalism-and-Economic-Growth-in-Latin-America-Theory-and-Evidence-edited-by-Stephen-Haber

http://www.chinablitz.com/tag/cronyism-in-china/

http://www3.ntu.edu.sg/nbs/sabre/working_papers/10-99.pdf

https://www.facebook.com/againstcronycapitalism?sk=wall&filter=2

(ခေတ်မောင်း လစဉ်ထုတ်စာစောင်မှ ကူးယူဖော်ပြပါတယ်)
ခေတ်မောင်း

သေသော်မှတည့်..အော်ကောင်း၏ (တစ်လ ၄၈၀၀၊တစ်နေ့ ၈ နာရီ၊ တစ်နာရီ ၂၀)

"ကျနော်တို့က ညှိနှိုင်းမယ်ဆိုတာကို စက်ရုံသူဌေးက အခုရှောင်နေပါတယ် သူက တိုင်ဝမ်ကပါ စက်ရုံက ဧက ၂၀၀ လောက်ရှိပါတယ်။ အခြေခံလစာက တစ်လမှ လေးထောင့်ရှစ်ရာပဲရတဲ့လူ (၄၈၀၀ ကျပ် တစ်နေ့ ၈နာရီ တစ်နာရီ ၂၀ ကျပ်ပါ) ကအယောက် ၅၀ ငါးဆယ်လောက်ရှိတယ် တချို့ အနည်းဆုက သိန်းကျော်ရပါတယ်။ အဒီလူတွေလည်း ပူးပေါင်းပါဝင် တောင်းဆိုပေးပါတယ်။ခု ဦးဆောင်နေတဲ့အကိုကြီးက ဖိုမန်ပါ သူတို့ လည်း အောက်ခြေအလုပ်သမားတွေအတွက် ပါဝင်ဦးဆောင်နေတာပါ။ အခုသူတို့တွေက ဆန္ဒပြတဲ့ လူတွေ ကို အလုပ်ထုတ်တယ်ဆိုတဲ့ အကြောင်း စက်ရုံထဲမှာစာရင်းကပ်ထားပါတယ်။ ကျနော်တို့က ဒီစက်ရုံတစ်ခု တည်းအတွက်လုပ်နေတာမဟုတ်ပါဘူး မြန်မာတနိုင်ငံလုံးက အလုပ်သမားထုအခွင့်အရေးအတွက် ကိုယ် စားပြုပါတယ်။ အစာငတ်ခံဆန္ဒပြနေတဲ့ လူတွေက ဒီနေ့ဆို သုံးရက်မြောက်နေ့ပါ အခုဆိုရင် ၂၅ ယောက် လောက်ရှိပါတယ်။ ဒီမနက်ပဲအစာအိမ် ရောဂါဝေဒနာရှင်တစ်ယောက်ဆေးရုံတင်ရပါတယ်။ ကျနော် တို့ က ဒီတိုင်းကြီးခွင့်မပြုပါဘူး ကျမ်းမာရေးတကယ်ကောင်းရဲ့လားဆိုတာကို ကြည့်ပါတယ်၊ တစ်ခု ခုဖြစ်သွားရင် ကျနော်တို့မှာ တာဝန်ရှိပါတယ်။ နောက်ဝမ်းကိုက်လို့ဆိုပြီး တစ်ယောက် ဆေးခန်း ကိုသွားနေ ရပါတယ်။ (ဦဆောင်ဆန္ဒပြ အလုပ်သမားတစ်ဦး)





"သူ့ အသက်က တစ်နှစ်ခွဲပါ ရှင့်၊ ကျမတို့က ဟင်္သတကပါ။ သူ့အဖေကဒီတောင်းဆိုနေတဲ့အထဲမှာပါပါတယ်။ ၊ သူ့အဖေက နှစ်ဆယ်ဝန်းကျင်ပါ၊ ဟုတ်ကဲ့ နယ်ကလူတွေလည်းပါပါတယ်၊ မကွေး ဘက်ကလာလုပ်တာပါ။ ယောဘက်ကလည်းပါတယ်၊ နာဂစ်ဒေသကလူတွေလည်း ဒီစက်ရုံမှာလုပ်ပါတယ်၊ နေတော့ဒီစက်ရုံနားမှာ တဲထိုးပြီးနေပါတယ်။" (ဆန္ဒပြအလုပ်သမားတစ်ယောက်ရဲ့ ဇနီးဖြစ်ပါတယ် ) အခြေခံလစာ တစ်လမှာ လေးထောင့်ရှစ်ရာသာရတဲ့အလုပ်သမားတွေ (၄၈၀၀ ကျပ် တစ်နေ့ ၈နာရီ တစ်နာရီ ၂၀ ကျပ်ပါ) အယောက် ၅၀ ငါးဆယ်လောက်ရှိပါတယ် အခုဆန္ဒပြနေတာ ကအလုပ်သမား ၅၀၀ ကျော်ပါ စက်ရုံက စုစုပေါင်း ၈၀၀ လောက်ရှိပါတယ်။ တချို့ အနည်းဆုက သိန်းကျော်ရပါတယ်။ အဒီလူတွေလည်း ပူးပေါင်းပါဝင် တောင်းဆိုနေပါတယ်။ အခုဆိုရင် အစာငတ်ခံဆန္ဒပြနေတာက သုံးရက်မြောက်နေ့ပါ။ အယောက်၂၅ လောက်ရှိပါတယ်။ ဒီမနက်ပဲအစာအိမ် ရောဂါဝေဒနာရှင်တစ်ယောက်ဆေးရုံတင်ရပါတယ်။ နောက်ဝမ်းကိုက်လို့ဆိုပြီး တစ်ယောက် ဆေးခန်းကိုသွားနေရပါတယ်။
.... မှော်ဘီ မြောင်းတကာစက်မှုဇုံ YANGON CROWN သံရည်ကျိုစက်ရုံ ဆန္ဒပြတောင်းဆိုမှု ရှစ်ရက်မြောက်နေ့ အခြေအနေ (၂၇၊၅၊၂၀၁၂ တနင်းဂနွေ နေ့လည် ၁ နာရီ) (မှတ်ချက်...ကိုယ်တိုင်သတင်းသွားရောက် ယူတာဖြစ်ပါတယ် အချက်လက်မှန်ကြောင်း အာမခံပါတယ် ကျနော် SMR ပါ)
soe moe root facebook 
အစာငတ်ခံဆန္ဒပြသူအလုပ်သမား တစ်ဦး ဆေးရုံပို့ရ
ရန်ကုန် သရဖူ သံမဏိစက်ရုံမှာ အခြေခံလစာတိုးမြှင့်ရေး အစာငတ်ခံ ဆန္ဒပြနေသူတွေထဲက တစ်ဦးကို မှော် ဘီပြည်သူ့ဆေးရုံကို မနေ့က ပို့ဆောင်လိုက်ရပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က အလုပ်သမား ခေါင်းဆောင် ၂၅ ဦး စတင် အစာငတ်ခံ ဆန္ဒပြခဲ့ရမှာနောက်ထပ် ၁၅ ဦး ပူးပေါင်းပါဝင်ပြီး အလုပ်သမား ၄၀ ဆက်လက် အစာငတ်ခံ ဆန္ဒပြနေတာ ဖြစ်ပါတယ်။

ဆန္ဒြုပသူတွေထဲက ၄ ဦးကျန်းမာရေးအခြေအနေ ဆိုးရွားနေပြီးသူတို့ထဲကတစ်ဦးကို မနေ့က ဆေး ရုံပို့လို က် ရတယ်လို့ အစာငတ်ခံဆန္ဒပြနေသူတစ်ဦးကRFA ကို ပြောပါတယ်။

ဖိတ်စာ

မှောင်ရင်လည်းအတူ၊လင်းရင်လည်းအတူဖြစ်သင့်ပါတယ်(မင်းကိုနိုင်)

Min Ko Naing 88 piano & candle lights
လက်ရှိပြည်သူတွေရင်ဆိုင်ခံစားနေရတဲ့ မီးပျက်တဲ့ဒုက္ခကိုတင်ပြတဲ့အနေနဲ့ ကိုမင်းကိုနိုင်ကိုယ်တိုင် စန္ဒယားတီးပြီး သီချင်းတစ်ပုဒ်ဖျော်ဖြေခဲ့ပါတယ်။

၂၀၁၂ မေ ၂၆ ရက် ညနေ ၆ နာရီက ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ် ၊တောင်လုံးပြန်ရပ်ကွက်မှာ မြန်မာနိုင်ငံ လူငယ်များ အစည်းအရုံး ရံပုံငွေဈေးရောင်းပွဲနှင့် ဖျော်ဖြေရေး အစီအစဉ်တစ်ခုမှာ ဖြစ်ပါတယ်။


Saturday, May 26, 2012

လူဖြစ်တည်ခွင့်နောက်ဆုံးအချိန် ( ၃ )

by Kyaw Gyi AB on Saturday, 26 May 2012 at 15:48 ·
ထိပ်တုံးထဲက လူတစ်ယောက်
အောက်ပိုင်းကပုဆိုး နဲ့ ၊ အထက်ပိုင်းက စစ်အင်္ကျီ(ဘက်တံဆိပ် မပါ) နဲ့
ဒါပေမဲ့ လူ ခန္ဓာကိုယ်လား၊ အဝတ်အစားလား ခွဲခြားမရတော့
သွေးတွေ၊ မြေမှုံ့  ဖုံမှုံ့တွေ အလိမ်းလိမ်း နဲ့ အရောင်တွေ အားလုံးဟာ ပေါင်းစပ်နေတယ်
လူရုပ် မပီ
အဝတ်အစားတွေ အပိုင်းပိုင်းပြတ် သူ့ခန္ဓာကိုယ် မှာလဲ အပိုင်းအပိုင်း ဒါဏ်ရာတွေ ထပ်လို့ 
သူ့ ကို ငါးကင်တကောင်လို ဒါးနဲ့ မွှန်းထားတယ်လေ
ပြီးတော့  ဒါဏ်ရာတွေကို ဆားပက်ထားလို့ ပေါ့

သူ -    ကိုတင့်လွင်  တဲ့
အသက်(၃၀)လောက်၊ စစ်ကိုင်းမြို့သား၊ မြစ်ကြီးနားကလို့ လူသိများပါတယ်
အရင်က တပ်ထွက် (တပ်ကြပ်)
ကိုတူးတူး(ခေါင်းဖြတ်ခံရ ၁၅ယောက်) ရဲ့ ယောက်ဖ
ကိုတူးတူးရဲ့အမ (မခင်အုန်းကြူ- မြစ်ကြီးနား) နဲ့ အိမ်ထောင်ကျတယ်လေ
ကလေးတစ်ယောက်(သို့) နှစ်ယောက် ရှိတယ်
တပ်ကထွက်ပြီး တီးဆရာလုပ်ခဲ့သေးသတဲ့၊ အမဖြစ်သူ( ကိုတင့်လွင်ဇနီး)က
မောင်အတွက် စိတ်မချလို့ တောထဲလွှတ်ပုံရပါတယ်
အပတ်စဉ်(၆)ဆင်းပါ

ဗန်းမော်ခရိုင် တည်ထောင်နေချိန်ပေါ့
ရက်တိုသင်တန်းတွေ ပေးဖို့ ဖြစ်လာတယ်
ဗန်းမော်မြို့က (၆)တန်းနဲ့ (၇)တန်းကျောင်းသားလေးတွေ တော်တော်မျာများရောက်လာလို့ ပါ
ဘာလုပ်ရမှန်းမသိ၊ ချော့မော့ ပြန်လွှတ်ပေမဲ့ ဒီအထဲကျန်တဲ့တချို့
မောင်ငယ်၊ သက်လင်း၊ ဖိုးနှောင်း၊ မောင်ထွေး၊ နိုင်စော
ငယ်လွန်းလို့ အန္တရာယ်ကင်းအောင် ဗဟိုကို ပို့ခဲ့တယ်၊ ဗဟိုရုံးအကူတွေအနေနဲ့ မွေးဖို့
ဒါပေမဲ့ အသုံးချသူတို့ မူမမှန်မှုအရ
သူတို့ဟာ ပုရွက်ဆိပ်တပ်ကြီးဆိုတဲ့နာမည်နဲ့ ကျောင်းသားချင်းသက်ဖြတ်မှုမှာ စစ်ကျောရေး အဖွဲ့တွေ ဖြစ်ခဲ့တယ်
ဟေ့ကောင် ထွန်းအောင်ကျော်၊ မင်းကို ငါတို့မမေးဘူး၊ ပုရွက်ဆိပ်တပ်ကြီးနဲ့ပဲလွှတ်ပေးမယ်၊