Wednesday, April 11, 2012

မင်းဘာလဲခင်ရွှေလှိုင် (နန်းအောင်ထွေးကြည်)

.....အကျယ်ချုပ်နဲ့အဆောင်မှာပြန်လာနေတဲ့နန်းအောင်ထွေးကြည်(ခ)မငယ်ကသူ
အဖေဟာတချိန်ကအမှတ်(၂)ထောက်လှမ်းမှူးဦးခင်မောင်ကြည်ဖြစ်ပြီးလောဆစ်ဟန်

တို့အမှုနဲ့ပတ်သက်ပြီးပြုတ်သွားတဲ့သူတဦးဖြစ်ကြောင်း၊ကေအိုင်အေကဗိုလ်ချုပ်ဇော် 
မိုင်နဲ့သူတို့မိသားစုကဘယ်လိုပတ်သက်ဆက်နွယ်မှုရှိခဲ့တယ်ဆိုတဲ့အကြောင်းဗိုလ်ချုပ်ဇော်မိုင် ကသူ့အိမ် က သူ့ကိုခေါ်တာ“မိငယ်”မဟုတ်ဘူး “မီးငယ်”လို့ခေါ်တာတောင်သိနေတဲ့အကြောင်းနဲ့လက်ရှိအဖြစ်အပျက်တွေ ကိုပါကျမကို ပြောပြခဲ့ဖူး တယ်။ ပထမတော့ နဲနဲ အံ့သြ မိတယ်။ ဘာကြောင့် လဲဆို သူအဲဒီလိုယုံယုံကြည်ကြည်ပြောပြဖို့ထိကျမနဲ့သူနဲ့ကသိပ်အတွဲမဖြစ်ခဲ့ဘူး။ 
ဒါပေမဲ့ကျမကိုယ်တိုင်ကအဲဒီအချိန်မှာဘာတွေဖြစ်နေသလဲဆိုတဲ့အဖြစ်မှန်ကိုသိချင်
လွန်းလို့ကျောင်းသားထောက်လှမ်းရေးထဲကပဲ ဖြစ်ဖြစ်အဖမ်းခံထားရတဲ့သူထဲကဖြစ်ဖြစ် လာပြောတဲ့ သူတွေ စကားကိုအကုန်လိုက်နားထောင် နေခဲ့တယ်...
ခင်ရွှေလှိုင် 
                    --------------------------------------------------------------------

....ခင်ရွှေလှိုင်မင်းငါ့အဖေကိုမစော်ကားနဲ့။ 
ငါ့ကိုလဲထောက်လှမ်းရေးဆိုပြီးတောထဲ မှာစော်ကားပြီးပြီ။
ခုငါ့အဖေကိုပါလော်ဆစ်ဟန်အမှု့နဲ့ပြုတ်တယ်တဲ့။
ငါ့အဖေက၁၉၆၉မှာအမှတ်(၂)ထောက်တပ်မှုး။
၁၉၇၂မှာအမြင်ကပ်ပုဒ်မနဲ့မျက်မှန်တင်ဦးကရေကြည်အိုင်မှာမတရားဖမ်းချုပ်ခဲ့တာခံရ တာကွ။၁၉၇၇မှာအချုပ်ကလွတ်ပြီးခ.လ.ရ(၃၅) ကိုပို့တာကွ။အဲ့ဒီကနေအငြိမ်းစားယူလိုက်တာ။
မင်းဘာလဲခင်ရွှေလှိုင်။ မင်းရိုင်းစိုင်းလွန်းပြီ။ငါ့မိဘနဲ့ငါ့ဆွေမျိုးလာမထိနဲ့။အောက်တန်းကျလွန်းနေပြီ....
နန်းအောင်ထွေးကြည်

3 comments:

ကျော်စိုးမိုး said...

အမရေ
ကိုအောင်မိုးဝင်း ၊ ကိုကျော်ခိုင်ဝင်း ၊ အမ ( နန်းအောင်ထွေးကြည် ) ၊ ကိုရဲလင်း နှင့် မခင်ရွှေလှိုင် တို့
ရေးတာတွေ ကျနော် အကုန်ဖတ်ပြီးပါပြီ ။ မခင်ချိုဦး အကြောင်းဖတ်ရတော့ ကျနော် မျက်ရည်တွေ ပေါက်ပေါက် ပေါက်ပေါက်
ကျရတယ်ဗျာ။ အမတို့ အကုန်လုံး က ဘယ်သူမှထောက်လှမ်းရေး မဟုတ်ခဲ့ပါဘူးလို့ ပြောထားပြီးသား ။
တကယ်လို့ ( a huge တကယ်လို့ ) ထောက်လှမ်းရေး ဖြစ်ခဲ့ရင်တောင်သေဒဏ်ပေးစရာမလိုပါဘူး ။ သေဒဏ်
ပေးခဲ့ရင်တောင် ကျည်ဆံကိုပဲသုံးခဲ့ရမှာပါ ။ လူတိုင်းဟာ အပြစ်ရှိခဲ့ရင်တောင် လူ့ ဂုဏ်သိက္ခာ နဲ့အညီ သေဆုံး
ခွင့်ရှိတယ်လို့ ကျနော် အတိအကျ ယုံကြည်ပါတယ် ။ အခု မခင်ချိုဦး ကို စီရင်ခဲ့တဲ့ ပုံစံ က လူမိုက်ဂိုဏ်း ဆန်လွန်း
တယ်ဗျာ ။
အာဆံကုန်း မှာ အသတ်ခံခဲ့ရတဲ့ သူတွေနဲ့ ဖမ်းဆီးနှိပ်စက်ခံ ခဲ့ရပြီး နှစ် ၂၀ လုံးလုံး ကြိတ်မှိတ်မြိုသိပ်နေခဲ့ရတဲ့
အမ တို့ အားလုံးအတွက် စိတ်ထိခိုက်ခံစားရလွန်းလို့ အကြံတစ်ခုလောက်ပေးပါရစေ ။ ( အမ တို့ကို လုံးဝ ဆရာမလုပ်ရဲပါဘူး ) ။
အမတို့ က ကိုယ်တိုင်ကိုယ်ကျ ပါဝင် ခံစားခဲ့ရတဲ့သူတွေဆိုတော့ ကျနော်တို့ စာဖတ်သူတွေ ထက် အဆပေါင်းမြောက်များစွာ ပိုခံစားရလိမ့်
မယ်ဆိုတာ နာလည်ပါတယ်။ စာရေးရင်လည်း ခံစားချက်တွေထည့်ရေး မိ ၊ ထည့်ရေးကြမှာ သေချာပါတယ် ။ အခုရေးနေကြတဲ့ ရည်ရွယ်
ချက်က နှစ် ၂၀ လုံးလုံး လူမသိသူမသိ ဖြစ်နေခဲ့ ရတဲ့ ရာဇဝတ်မှုကြီး ကိုပြန်ဖော်ထုက်ဖို့ လုပ်နေကျတာ ဖြစ်လို့ အမ တို့ စာရေးတဲ့ အခါ
ခံစားချက် ကိုနည်းနည်းလျှော့ပြီး အချက်အလက် အားကောင်းကောင်းနဲ့ ရေးကြပါလို့ မရဲတရဲ အကြံပေးပါရစေ ခင်ဗျာ။ ဒီ အမှုကို ရုံးတင်
စစ်ဆေးတဲ့အခါကျရင်လည်း အမတို့ တတွေပဲ အဓိက သက်သေတွေ ဖြစ်လာကြမှာမို့လို့ အခုအမတို့ ရေးနေကြတဲ့ စာတွေကိုလည်း သက်သေ
ခံ အနေနဲ့ တစိပ်တပိုင်း ယူသုံးကြလိမ့်မယ်လို့ထင်ပါတယ်။
ကိုရဲလင်း ရေးသလိုမျိုး ဘယ်နေ့ဘယ်ရက်မှာ ဘယ်မြို့ကနေ ထွက်ခွါတယ် ။ ဘယ်နေ့ ဘယ်ရက်မှာ ဘယ်သူ့ကိုဖမ်းတယ် ၊
ဘယ်နေ့မှာညှင်းပန်းစစ်ဆေးတယ် ၊ ဘယ်နေ့ဘယ်ရက်မှာ မှာသတ်ဖြတ်တယ် စသည်အားဖြစ်ပေါ့ ။ ဝါကျ တိုတိုလေးတွေနဲ့ ဦးဖိုးကျား
စတိုင်လ် နဲ့ရေးတာ ပိုပြီး ရှင်းလင်းတိကျ ခိုင်မာမယ်လို့ ထင်တယ် အမ ရဲ့ ။
ပြီးတော့ မခင်ရွှေလှိုင် ကိုတုန့်ပြန်ချင်ရင် ဆောင်းပါး ပုံစံ အကျအန ရေးပြီးတုန့်ပြန်တာ ပိုပြီးထိထိရောက်ရောက်ရှိမလားလို့ ။
အမ သိခဲ့တဲ့ မခင်ရွှေလှိုင် အကြောင်းနဲ့ သူ့ရဲ့စိတ်နေသဘောထား ကို ရေးပြနိုင်ရင် မခင်ရွှေလှိုင် ကို ရုပ်လုံးဖော် ရတာပိုလွယ်မယ်ထင်ပါတယ်။
သူ့ ( မလှိုင် ) ဆောင်းပါးအစပိုင်းတွေ တုန်းက ကိုမျိုးဝင်း ၊ ကိုသံချောင်း နဲ့ ကိုအောင်နိုင် တို့ ကို ကာကွယ်ချင်တဲ့ ပုံစံ ရေးပြီး နောက်ဆုံး အပိုင်းတွေ
ကျမှ ဘယ်လိုဖြစ်ပြီး တာဝန်ရှိတဲ့သူတွေ ခံပါစေ ဆိုတဲ့ပုံစံ မျိုးနဲ့ ခေါင်းရှောင်ထွက်သွားရတာလည်း ။ အဲဒါလည်းစိတ်ဝင်စားဖို့ ကောင်းပါတယ် ။
အမ တို့ အနှစ် ၂၀ လုံးလုံး မက်ခဲ့ရတဲ့ အိပ်မက်ဆိုးကြီးကနေ အမြန်ဆုံးလွှတ်မြောက်ပါစေ ။
လေးစားစွာဖြင့်
( ဝါခေါင် )

ကျော်စိုးမိုး said...

အမရေ
ကိုအောင်မိုးဝင်း ၊ ကိုကျော်ခိုင်ဝင်း ၊ အမ ( နန်းအောင်ထွေးကြည် ) ၊ ကိုရဲလင်း နှင့် မခင်ရွှေလှိုင် တို့
ရေးတာတွေ ကျနော် အကုန်ဖတ်ပြီးပါပြီ ။ မခင်ချိုဦး အကြောင်းဖတ်ရတော့ ကျနော် မျက်ရည်တွေ ပေါက်ပေါက်

ကျရတယ်ဗျာ။

ခွင့်ရှိတယ်လို့ ကျနော် အတိအကျ ယုံကြည်ပါတယ် ။ အခု မခင်ချိုဦး ကို စီရင်ခဲ့တဲ့ ပုံစံ က အရိုင်းအစိုင်းဆန်လွန်းတယ်ဗျာ ။