Monday, March 26, 2012

ရဲရဲသာဖွင့်ချလိုက်ပါ ကိုနိုင်အောင်


by Soe Lynn on Monday, 26 March 2012 at 12:03 ·
 မနေ့ က ( 25.3.2012)  နေ့စွဲနဲ့  ကိုနိုင်အောင်ရဲ့ ရှင်းလင်းချက် စာတမ်းကို အင်တာ နက်ပေါ်မှာဖတ်လိုက်ရပါတယ် ။ အလွန့် အလွန်ကို စိတ်မကောင်းဖြစ် ရပါ တယ်။   ပြန်ရေးစရာတွေကအများကြီးပါ။   လောလောဆယ် အမျိုးသမီးကျန်းမာရေးအတွက် ရန်ကုန်ဆေးရုံကြီးမှာ ဆက်လက်ပြသကုသဖို့ ရှိနေတာကြောင့် အကျယ် တ၀င့် ပြန် မရေးနိုင်သေးပါ။တတိယ အကြိမ် ညီလာခံမှာ ကျွန်တော် ကြားခဲ့ သိခဲ့ ရသမျှတွေကို အချိန်ရရင် ပြန်ရေးသွားမှာပါ။ အဒီအချိန်မှာ ကျွန်တော်က မြောက်ပိုင်း ကရောက်လာခါစဖြစ်လို့  ဗဟိုမှာ ဖြစ်နေတဲ့ တချို့ ကိစ္စတွေနဲ့ ပတ်သက်ရင် အတတ်နိုင်ဆုံး(ကိုယ်သေချာမသိပဲဝင်မပါမိအောင်)ကြိုး စားနေထိုင်ပြောဆိုခဲ့ပါတယ်။
-----------------------------------------------------------------------------------------------------------------------
......မကဒတ အကျိုးအတွက် ကိုနိုင်အောင်ကြိုးစားခဲ့ တဲ့ ကာလတွေကို ကျွန်တော်အသိအမှတ်ပြုတယ်။အဲသည်လိုပဲကျွန်တော်တို့ ဘယ်လောက် ကိုယ်ရောစိတ်ပါဒုက္ခရောက်ခဲ့ရတယ်ဆိုတာကိုယ်ချင်းစာပါ။ အပြစ်ဆိုတာ ဆေးကြောမှသန့် စင်ကြည်လင်တာပါ။                                
ကိုနိုင်အောင်ရဲ့  အနာဂတ်နိင်ငံရေး ရည်မှန်းချက်အတွက်နဲ့ တော့ ကျွန်တော်တို့ ဘ၀တွေကို ဆက်ပြီး မနင်းချေချင်ပါနဲ့ .....
------------------------------------------------------------------------------------------------------------------------

                                       ကျွန်တော့်ကိုတတိယအကြိမ် ညီလာခံ အပြီး သိပ်မကြာခင် ( အောက်တိုဘာလကုန်လောက်)မှာတပ်ရင်း၂၀၉သံလွင်စခန်းမှာဖမ်းခဲ့တာပါ။ မြောက်ပိုင်းက ကြေးနန်းရိုက် အကြောင်းကြားလို့  ကိုနိုင်အောင်တို့ ကကျွန်တော့်ကိုဖမ်းခဲ့ တာဖြစ်ပါတယ်။ ဒါပေမယ့် စစ်ကြောရေး လုပ်ငန်းတွေကိုတော့ ကိုနိုင်အောင် ရဲ့ ခွင့်ပြု ချက်နဲ့ ပဲ လုပ်ခဲ့ ကြတာပါ။ ကိုနိုင်အောင့် ရှင်းလင်းချက်မှာ  ကျွန်တော်နဲ့ ဆရာနေ၀င်းအောင်က တပ်ဖွဲ့ ဝင် အများအပြားထပ်မံအဖမ်းခံရစေရန်လုပ်ကြံ ထွက်ဆိုချက် များပြောသလိုရေးထားပါတယ်။

( ဆရာနေ၀င်းအောင် နဲ့ ပတ်သက်တဲ့ အပိုင်းကိုတော့ သူကိုယ်တိုင်ပဲရှင်းပါလိမ့် မယ် ) ကျွန်တော့်ကို စတင် စစ်ဆေးစဉ်မှာပဲ ကျွန်တော် ရန်သူ့ လူမဟုတ်တဲ့ အကြောင်း အတန်တန်ငြင်းဆိုခဲ့ ပါတယ် ။ ရိုက်နှက်စစ်ဆေး မှုတွေသာ မလုပ်ခဲ့ ရင် နောက်ဆက်တွဲ ကိစ္စတွေ ဖြစ်ပေါ်လာမှာ မဟုတ်ပါဘူး ။ ဆရာနေ၀င်းအောင် ကိုတောင်ဖမ်းစရာလိုမှာ မဟုတ်ပါဘူး။ အဒီလို မတရားညင်းပန်း ရိုက်နှက်စစ်ဆေးတာတွေကို ကျတော့ ကိုနိုင်အောင်ဘာဖြစ်လို့  ထည့်ပြီး အများအရှေ့ မှာ ရှင်းလင်းမရေးသားရတာလဲ ၊ ကျွန်တော့်ပါးစပ်က အလ ကားနေရင်း အားအားယားယား ဘယ်တပ်ဖွဲ့ ဝင်ကိုမှ ဒုက္ခရောက်အောင်မပြောဘူး ။ ယောကျာ်းပီသပါ ကိုနိုင်အောင်။ကိုယ့်လုပ်ဆောင်ချက်ကြောင့်ဖြစ်လာတဲ့အကျိုးဆက်တွေကိုသူများအပေါ်ပုံမချပါနဲ့ ။
                 
 နောက်တစ်ချက် ရှိသေးတယ် ။ ကျွန်တော်ပြောတဲ့ နာမည်တွေမှာ ယနေ့ တိုင် စစ်အာဏာရှင် ဆန့် ကျင်ရေး လုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်နေဆဲ ဖြစ်သောကြောင့် ထုတ်ဖေါ်ပြောဆိုရန် မသင့်တော်ဟု ယူဆ သဖြင့်တဲ့ ။ရိုက်နှက်စစ်ကြော်လို့ ထွက်လာတဲ့ နာမည်တွေကို  ကာယကံရှင် တွေကကြားရရင် ရယ်လိမ့်မယ် ဗျာ ။ ကိုယ့်အတွက် အကာအကွယ်ဖြစ်မယ့် အချက်တွေကျ ဇွတ်အတင်းယူပြီး ဒုက္ခ ဖြစ်မယ့် အချက်တွေမှ ကျွန်တော်တို့ အပေါ်ပုံချ။ တော်တော်ခေါင်းဆောင်ပီသတဲ့ လူပဲ ။ ကိုကိုကြီးပြောတဲ့ မှတ်ချက်တွေကို  ကိုနိုင်အောင်သေသေချာချာဖတ်စေချင်ပါတယ်။ကျွန်တော့် ရဲ့ ထွက်ဆိုချက်တွေအားလုံးကိုရဲရဲသာဖွင့်ချ လိုက်စမ်းပါ။

ကျွန်တော်ပြောခဲ့ တာအားလုံး ယောကျာ်းပီပီတာဝန်ယူတယ်။မရိုးမသားနဲ့ အများအမြင်ရှုပ်ထွေးအောင် မလုပ်ပါနဲ့ ။ မကဒတ အကျိုးအတွက် ကိုနိုင်အောင်ကြိုးစားခဲ့ တဲ့ ကာလတွေကို ကျွန်တော် အသိ အမှတ်ပြုတယ်။အဲသည်လိုပဲကျွန်တော်တို့ ဘယ်လောက်ကိုယ်ရောစိတ်ပါဒုက္ခရောက်ခဲ့ရတယ်ဆိုတာကိုယ် ချင်း စာပါ။ အပြစ်ဆိုတာ ဆေးကြောမှသန့် စင်ကြည်လင်တာပါ။                           

ကိုနိုင်အောင်ရဲ့  အနာဂတ်နိင်ငံရေး ရည်မှန်းချက်အတွက်နဲ့ တော့ ကျွန်တော်တို့ ဘ၀တွေကို ဆက်ပြီး မနင်းချေချင်ပါနဲ့ ၊  ဒီနေ့ ဒီအချိန်အထိ အစိုးရဆီကနေ ဘာအကူအညီမှ ကျွန်တော်မယူဖူးဘူး ။ ကျွန်တော့   ဖြတ်သန်းမှုကို ကျွန်တော်လိပ်ပြာသန့် တယ် စားဝတ်နေရေး အခက်အခဲတွေကြားထဲက ကျွန်တော်တို့  မတရားခံခဲ့ရတဲ့ ကိစ္စတွေအတွက် ရိုးရိုးသားသား ကြိုးစားနေကြတာပါ ။ ကျွန်တော့ ရင်ထဲမှာ မကတဒ က အမြဲရှိတယ် FDB ရဲ့ ရပ်တည်ချက်ကိုလည်း ကျွန်တော်လေးစားတယ် ။ ကိုယ့်အတ္တအတွက်နဲ့ တော့  ဘ၀တူ အားလုံးရဲ့ အနာဂတ်တွေကို မရိုက်ချိုးပါနဲ့ ။                   

သမိုင်းမှာအဖုံးလွှမ်းအလိမ်အညာခံခဲ့ ရတဲ့ အမှန် တရားတွေ အများကြီး ရှိပါတယ် ။ ဒါပေမယ့် သူ့  အချိန် ကာလတိုက်ဆိုင်လာပြီဆိုရင်တော့ ပေါ်လာရတာပါပဲ ။ အနာဂတ်မျိုးဆက်တွေက ကျွန်တော်တို့ ထက် ပိုတော် ပိုထက်မြက်ပါတယ် ။ ကိုယ့် ထက်အကောင်ငယ်တယ်ဆိုပြီး အထင်သေးရင်တော့ ၊ ဆက်ပြီးလိမ် ညာ ဖုံးကွယ်ဖို့ ကြိုးစားနေအုန်းမယ်ဆိုရင်တော့ အဲ့ ဒီအကျိုးဆက်တွေကို ကိုနိုင်အောင် ကောင်းကောင်းကြီး ခံစား ရပါလိမ့်မယ် ။
စိုးလင်း

soe lynn facebook မှကူးယူဖော်ပြသည်။

No comments: