၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ဟာ မနေ့တုန်းက လွိုင်ကော်မြို့ကို သွားရောက်လည်ပတ်ခဲ့ကြပြီးနောက် ကရင်ပြည်နယ် သံတောင်မြို့ နယ်က ကယန်းလူမျိုးတွေနေထိုင်တဲ့ သောက်ရေခပ်ရွာမှာ ကျင်းပမယ့် ကယန်းအမျိုးသားနေ့အခမ်းအနားကို တက်ရောက်ကြ မှာဖြစ်ပါတယ်။ ၁၂ ကြိမ်မြောက် ကယန်းအမျိုးသားနေ့အခမ်းအနားကို ဧပြီလ ၁၀ ရက်နေ့မှာ ကျင်းပမှာဖြစ်ပါတယ်။
ဖယ်ခုံမြို့မှာ ကယန်းပဒေါင်လူမျိုးတွေက ရိုးရာတူရိယတွေဖြစ်တဲ့ ဗုံပလွေတွေနဲ့ ကြိုဆိုခဲ့ကြပါတယ်။ ကယန်းပဒေါင်တွေဟာ လူမျိုးခြား ဘာသာခြားတွေကို ရိုးရာဗုံပလွေနဲ့ ကြိုဆိုလေ့မရှိပေမဲ့ သူတို့ ချစ်ခင်ရိုသေသူတွေကိုတော့ ဗုံပလွေနဲ့ကြိုဆိုလေ့ရှိပြီး လွန်ခဲ့ တဲ့ နှစ်ပေါင်း၂၀ ကျော်က ဒေါ်အောင်ဆန်းစုကြည်လာရောက်လည်ပတ်ခဲ့တုန်းကတကြိမ် ပြီးတော့ ခုတခါ ၈၈ မျိုးဆက်ကျောင်း သားတွေ လာရောက်စဉ်မှာ ဗုံပလေတွေနဲ့ ဆီးကြိုခဲ့ကြကြောင်းလည်းသိရပါတယ်။
ကယန်းလူငယ်များနှင့် ၈၈မျိုးဆက်ကျောင်းသားအဖွဲ့ ကိုမြအေး ကိုပြုံးချိုတို့နှင့်ဆွေးနွေးပုံ
No comments:
Post a Comment