Sunday, March 25, 2012

ဒေါက်တာနိုင်အောင်မြောက်ပိုင်းလူသတ်မှုရှင်းပြီ

အားလုံးသို့
ABSDF မြောက်ပိုင်း၌ ၁၉၉၁ ခုနှစ်နှင့် ၁၉၉၂ ခုနှစ်များ၌ ဖြစ်ပွားခဲ့သော
ဖမ်းဆီးအရေးယူမှုများနှင့် ပတ်သက်၍ ABSDF ဥက္ကဌဟောင်း ဒေါက်တာနိုင်အောင်၏ ရှင်းလင်းချက်
ကိုအများသူငါသိရှိနိုင်ရန်အတွက်ပေးပို့အပ်ပါသည်။
လေးစားစွာဖြင့်
နိုင်အောင်


--
Naing Aung
 Secretary General
Forum For Democracy in Burma
 Executive Committee Member
Network for Democracy and Development

Phone: 66 81 883 7230
Fax: 66 55 546260
Email: dna_freeburma@yahoo.com
dna.freeburma@gmail.com
Skype: dnaforfreeburma
Postal Add: PO Box (142), Mae Sot PO, Tak 63110, Thailand


.http://www.scribd.com/dna_freeburma/d/86622098-DNA-s-Testimony-on-ABSDF-s-Northern-Case_,


ABSDF မြောက်ပိုင်း၌ ၁၉၉၁ ခုနှစ်နှင့် ၁၉၉၂ ခုနှစ်များ၌ ဖြစ်ပွားခဲ့သော
ဖမ်းဆီးအရေးယူမှုများနှင့် ပတ်သက်၍ ABSDF ဥက္ကဌဟောင်း
ဒေါက်တာနိုင်အောင်၏ ရှင်းလင်းချက်
လတ်တလောကာလအတွင်း ၁၉၉၁ ခုနှစ်၊ ၁၉၉၂ ခုနှစ်များ၌မကဒတ မြောက်ပိုင်း၌ ဖြစ်ပွား ခဲ့သော ဖမ်းဆီး အရေးယူမှုများနှင့် ပါတ်သက်၍ ပြောဆိုရေးသားမှုများကို ကြားသိတွေ့မြင်နေရပါသည်။

မိမိအနေဖြင့် လက်ရှိကာလတွင်`မကဒတ´အတွက် ပြောရေးဆိုခွင့်ရှိသူတယောက် မဟုတ်သော်လည်း
ထိုအချိန်ကာလအတွင်းတာဝန်ရှိခဲ့သူ တဦးအနေဖြင့်ကာယကံရှင်များ နှင့် စိတ်ဝင်စားသူများသိရှိ နား လည်စေရန်အတွက်အချက်အလက်မှန်များကို ရှင်းလင်းတင်ပြ အပ်ပါသည်။

မိမိအနေဖြင့် စိတ်ဝင်စားသူအားလုံး နားလည်သဘောပေါက်စေရန်မိမိ ရင်ဆိုင်ကြုံတွေ.ဖြတ်သန်း ခဲ့ရသော အဖြစ်မှန် များကိုမခြွင်းမချန် တင်ပြခြင်းသာဖြစ်၍ မည်သူတစ်ဦးတယောက်၊တသင်းတဖွဲ.ကိုမျှ နစ်နာစော် ကားလိုသော စိတ်ဆန္ဒမရှိပါ ကြောင်းရိုးသားစွာဖြင့် ကနဦး မေတ္တာရပ်ခံ တင်ပြလိုပါသည်။

၎င်းအချိန်၌ ရှိနေသော မကဒတ၏ နောက်ခံအခြေအနေ
(က) `မကဒတ´ ဗဟိုနှင့် စခန်းများအခြေအနေ
`မကဒတ´ တွင် ဖြတ်သန်းလာသူများ အားလုံး `မကဒတ´အား မည်သို့ တည်ဆောက်ခဲ့ကြသည်ကို အားလုံးကြုံဖူးခဲ့ကြမည် ဖြစ်သည်။
နယ်မြေအသီးသီးမှရောက်ရှိလာသော ရှစ်လေးလုံးသပိတ်တိုက်ပွဲဝင် ကျောင်းသား၊ လူငယ်၊ လူကြီး
အပေါင်းဖြင့်သက်ဆိုင်ရာတိုင်းရင်းသားနယ်မြေများတွင်စခန်းများကိုတည်ထောင်ခဲ့ကြခြင်း ဖြစ်ပါသည်။
ဤသို့ နယ်မြေအလိုက်စုစည်းထားသောစခန်းများကို အခြေခံ၍အမျိုးသားဒီမိုကရေစီတပ်ပေါင်း စု (NDF) ၏ ကမကထပြုမှုဖြင့် မကဒတ ကို ၁၉၈၈ ခုနှစ်နိုဝင်ဘာလ (၁)ရက်နေ့တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။

 ကိုထွန်းအောင်ကျော်မှာ ပထမဆုံးဥက္ကဌအဖြစ် အရွေးချယ်ခံခဲ့ရပါသည်။
၈၈ ကျောင်းသားလှုပ်ရှားမှု အတွင်းတည်ရှိခဲ့သော ကျောင်းသားအုပ်စုအသီးသီး၏အမြင်၊  အစွဲနှင့် ဒေသနောက်ခံ မတူညီမှုများအပေါ်တွင် ဖြစ်တည်ခဲ့ကြသော ပဋိပက္ခတချို.ကို`မကဒတ´  ဗဟိုကော် မတီအတွင်း ဖြေရှင်း မနိုင်ဖြစ်ခဲ့သဖြင့်တိုတောင်းလှသော သက်တမ်းအတွင်း အရေးပေါ်ညီလာခံ တရပ် ကို ခေါ်ယူကျင်းပကာဗဟိုကော်မတီကိုပြန်လည်ဖွဲ့စည်းခဲ့ကြရပါသည်။


စခန်းအများစုမှာ ကိုယ်ထူကိုယ်ထ ရပ်တည်နေခြင်း၊ဗဟိုအပေါ်တွင် ယုံကြည်လေးစားမှုမရှိခြင်း
တို့ကြောင့် ပထမအကြိမ်ညီလာခံသက်တမ်း ဗဟိုကော်မတီမှာ သြဇာသက်ရောက်မှု မရှိလှပါ။
ဤကာလအတွင်း ကျောင်းသားတပ်မတော်ဟူ၍ စတင်ဖွဲ့စည်းခဲ့သလိုကျောင်းသားအမြောက် အများမြန်မာပြည်သို့ပြန်ခြင်း၊ထိုင်းနိုင်ငံအတွင်းသို့ ၀င်ရောက်သွားခြင်းများ ဖြစ်ပေါ်ခဲ့ပါသည်။

ထိုအချိန်ကာလတွင် ကိုမိုးသီးဇွန်သည်လည်း လွတ်မြောက်နယ်မြေသို့ ရောက်ရှိလာခဲ့ပြီး
တပ်ရင်း၊ စခန်း၊ အကွဲအပြဲ များလည်းအကြောင်းအမျိုးမျိုးဖြင့် စတင်ပေါ်ပေါက်ခဲ့ပါသည်။

`မကဒတ´ ကို တဆင့်ပိုမိုကျစ်လစ်ခိုင်မာစေသော ဒုတိယအကြိမ်ညီလာခံကို ၁၉၈၉ ခုနှစ်တွင်
မင်းသမီးစခန်း၌ ကျင်းပခဲ့ပါသည်။ ထိုညီလာခံတွင်ကိုမိုးသီးဇွန်က ဥက္ကဌ၊မိမိက ဒု-ဥက္ကဌ(စီမံ)၊
ကိုကျော်ကျော်က အထွေထွေအတွင်းရေးမှူး အဖြစ်တာဝန်ပေးအပ်ခံခဲ့ရပါသည်။

ယခင် ပထမအကြိမ်ညီလာခံသက်တမ်း ဗဟိုကော်မတီဝင်အများစုမှာပြန်လည် ရွေးချယ်မခံ ရတော့ ပါ။ တစ်ချို့ဘန်ကောက်သို. ရောက်ရှိသွားကြသလို၊တချို့လည်းမိခင်စခန်းများသို့ ပြန်လည်ရောက်ရှိသွား
ခဲ့ကြပါသည်။

ဤကာလအတွင်း ဗဟိုနှင့်စခန်း များ၏ အာဏာခွဲဝေမှု၊ကျောင်းသားတပ်မတော်အတွင်း ဗဟိုဦးစီးအမိန့် ရရှိနိုင်ရန်ကြိုးပမ်းတည်ဆောက်နေရသောကာလဖြစ်ပြီးစခန်းများအနေဖြင့်ဗဟိုကော်မတီကိုနိုင်ငံရေးအရ တစုံတရာအသိအမှတ်ပြုလာသော ကာလလည်းဖြစ်ပါသည်။

၁၉၉၀ ရွေးကောက်ပွဲ၊ဘုရားသုံးဆူ၊မယ်သဝေါထိုးစစ်နှင့်န၀တမှကမ်းလှမ်းလာသောအပစ်အခတ်ရပ်စဲရေး  ကိစ္စများနှင့် ကြုံတွေ့ခဲ့ရသော ကာလဖြစ်ပြီး၊ `မကဒတ´ရဲဘော်များအနေဖြင့်လည်းမဟာမိတ်များနှင့် ပူးတွဲ  ၍ ရှေ.တန်းစစ်မြေပြင် မြန်မာပြည်နိုင်ငံရေးဇတ်ခုံနှင့် နိုင်ငံတကာစင်မြင့်များတွင်ပေါ်လွင်ထင် ရှား စွာလှုပ် ရှားနိုင်ခဲ့သောကာလလည်းဖြစ်ပါသည်။

တချိန်တည်းမှာပင် `မကဒတ´အတွင်းတွင်လည်း အတွေးအခေါ်တိုက်ပွဲသဏ္ဍန်ဖြင့်ပုံဖေါ်လာသော
 ခေါင်းဆောင်မှုတိုက်ပွဲများလည်း ထင်ရှားလာခဲ့ပါသည်။
မကဒတ ဗဟိုကော်မတီ ဌာနချုပ်ကို “ယာယီတော်လှန်ကော်မတီ” ဟူသောဂိုဏ်းကွဲအုပ်စုမှ လက်နက်နှင့် ၀ိုင်းခဲ့သည့်ဖြစ်ရပ်မျိုးအထိ ပေါ်ပေါက်ခဲ့ရပါသည်။
ဤညီလာခံ သက်တမ်းကာလအတွင်း မိမိမှ၁၉၉၀ ရွေး ကောက်ပွဲကာလ စစ်ရေးလှုပ်ရှားမှုများတွင်
မဲရုံများအား စစ်ရေးအရ မတိုက်ခိုက်ရဟု ပြောဆိုခဲ့ သည်.အပေါ်မိမိအားစေ့စပ်ကြေအေးရေး အတွေး အခေါ်ရှိသူဟု အုပ်စုဖွဲ.စွပ်စွဲတိုက်ခိုက်မှုများ ပေါ်ပေါက်ခဲ့ပါသည်။

မိမိအနေဖြင့်ဗဟိုကော်မတီအကွဲအပြဲ မဖြစ်စေလို၍ တာဝန်မှ နှုတ်ထွက်ပေးခဲ့ပြီးမိခင်တပ်ရင်း အခြေပြုရာ ဘုရားသုံးဆူစခန်းသို့ ပြန်ခဲ့ပါသည်။

(ခ) မကဒတ တတိယ အကြိမ်ညီလာခံ
တိုင်းရင်းသားမဟာမိတ်အဖွဲ.အစည်းများန၀တစစ်အစိုးရနှင့်အပစ်အခတ်ရပ်စဲရေးဆွေးနွေးမှုများ ပြု လုပ်နေသည့်အခြေ အနေ၊NLD ရွေးကောက်ပွဲ နိုင်သွားသည့်အခြေ အနေ၊စစ်အစိုးရက ကရင်နယ်မြေ တခုတည်းသို့ထိုးစစ်ကြီးများ အကြီးအကျယ် ဆင်နွဲနေသော အခြေ အနေအောက်တွင်၊ တတိယအကြိမ် ညီလာခံကို ကျင်းပခဲ့ရခြင်းဖြစ်ပါသည်။

တချိန်တည်းမှာပင် `မကဒတ´ဗဟိုကော်မတီအတွင်း၌စေ့စပ်ကြေအေးရေး အတွေးအခေါ်သမား များ လွှမ်း မိုးနေသည်ဟူသောစွပ်စွဲတိုက်ခိုက်မှုဖြင့်ယာယီတော်လှန်ကော်မတီ ဆိုသည့်ဗဟိုကော်မတီ အား ဆန့် ကျင်သည်.စင်ပြိုင်လှုပ်ရှားမှုများလည်း ရှိနေသကဲ့သို့၎င်းကော်မတီမှ မကဒတ ဗဟိုဌာနချုပ်ကို လက်   နက်နှ င့်ဝိုင်းခဲ့သည့်ကိစ္စ ကိုလည်းညီလာခံတွင် ဖြေရှင်းအရေးယူရန် ကျန်စခန်းများ မှ တောင်းဆိုထား သည့်အခြေအနေများလည်း ရှိနေပါသည်။

ဤယာယီတော်လှန်ကော်မတီကိုတပ်ရင်း၂၀၈တပ်ရင်းမှူးကိုမျိုးသန့်နှင့်ကိုဇော်ထွန်း(၂ ယောက်စလုံး 
 ပျောက်ဆုံး)တို့က ဦးဆောင်ခဲ့ပါသည်။

သံလွင်စခန်းတွင် စတင်ကျင်းပပြုလုပ်ခဲ့သော မကဒတ တတိယအကြိမ်ညီလာခံ၏(၁၆၊ ၈၊ ၁၉၉၁) တတိ ယမြောက်နေ.(နေ.လည်ပိုင်း) အစည်း အဝေးတွင်တပ်ရင်း(၂၀၈) ယာယီတော်လှန်ကော်မတီ၏ အယူခံ လွာကိစ္စကို စတင်ဆွေးနွေးရာတပ်ရင်းမှူးကိုမျိုးသန်.က ယာယီတော်လှန်ကော်မတီ၏နောက်ကွယ်တွင်
ဥက္ကဌဖြစ်သူ ကိုမိုးသီးဇွန်ကိုယ်တိုင်ပါဝင်ပတ်သက်မှုရှိခဲ့ကြောင်း၊ ထုတ်ဖေါ်ပြောဆိုသွား ခဲ့ပါသည်။

ဤအခြေအနေများအောက်တွင် ကျင်းပ ခဲ့ရသောထိုညီလာခံ၌မိမိအနေဖြင့် တပ်ရင်း(၁၀၁)မှ သာမန် ညီလာခံ ကိုယ်စားလှယ်တစ်ဦးအနေဖြင့်သာ တက်ရောက်ခဲ့ခြင်း ဖြစ်ပါသည်။

နောက်ပိုင်းတွင် ဖမ်းဆီးထိမ်းသိမ်းခံခဲ့ရသည်. ကိုနေ၀င်းအောင်(သံလွင်စခန်းကိုယ်စားလှယ်)နှင့် ကိုစိုးလင်း(မြောက်ပိုင်းကော်မတီကိုယ်စားလှယ်) တို.လည်းယင်းညီလာခံသို.တက်ရောက်ခဲ့ကြပါသည်။

မကဒတ၏ ဖွဲ.စည်းပုံ အခြေခံဥပဒေအရ ညီလာခံတွင် အသစ်ရွေးချယ်တင်မြောက်ခံရသည်.ဗဟိုကော်
မတီသစ်မှကျမ်းသစ္စာကျိန်ဆိုပြီးတရားဝင်အာဏာလွဲပြောင်းရယူသည်.အချိန်အထိယခင်ဗဟိုကော်မ တီဟောင်းတွင်တာဝန်နှင့်လုပ်ပိုင်ခွင့် အပြည်.အ၀ ရှိပါသည်၊

မြောက်ပိုင်းကိစ္စနှင့်တတိယအကြိမ်ညီလာခံ(သြဂုတ်လ ၁၄ ရက်နေ့ မှအောက်တိုဘာလ၂၅ရက်နေ့ ၁၉၉၁ခုနှစ်)
သံလွင်စခန်းညီလာခံအတွင်း တင်းမာမှုများပေါ်ပေါက်နေစဉ်တရက်၌ ဥက္ကဌ ကိုမိုးသီးဇွန် က မြောက်ပိုင်း ဗဟို၌ရန်သူသူလျှိုများကို ဖေါ်ထုတ်ဖမ်းဆီးရမိထားကြောင်း၊ထိုသူများထဲတွင် ဗဟိုကော်မတီဝင်များလည်း ပါဝင်သည်ဟု ကြေးနန်းရရှိကြောင်းညီလာခံခန်းမ အတွင်း၌ ထုတ်ဖေါ်ပြောဆိုခဲ့ပါသည်။
 
ကိုမိုးသီးဇွန်၏ ထိုပြောဆိုချက်အပေါ် မြောက်ပိုင်း ကိုယ်စားလှယ်တစ်ဦးဖြစ်သည်. ကိုစိုးလင်း   အပါအ ၀င် ကိုယ်စားလှယ်တချို.က အပြင်းအထန် ကန်.ကွက်ဆွေးနွေးခဲ့ကြပါသည်၊ညီလာခံအတွင်း တင်း မာမူများ လည်း ပိုမိုကြီးထွားလာခဲ့ပါသည်။

မကဒတ၏ ဖွဲ.စည်းပုံအခြေခံဥပဒေအရ ညီလာခံတွင်အသစ်ရွေးချယ်တင်မြောက်ခံရသည်. ဗဟိုကော်မ တီ သစ်မှ ကျမ်းသစ္စာကျိန်ဆိုပြီး တရားဝင် အာဏာလွဲပြောင်းရယူသည်.အချိန်အထိ ယခင်ဗဟိုကော် မ တီ   ဟောင်း တွင် တာဝန်နှင့်လုပ်ပိုင်ခွင့်အပြည်.အ၀ ရှိပါသည်။

သို.ဖြစ်၍ မြောက်ပိုင်းဗဟို၏ ထိုကြေးနန်းအပေါ်ကိုမိုးသီးဇွန် ခေါင်းဆောင်သော ဗဟိုကော်မတီဟောင်း
အနေဖြင့်မည်ကဲ့သို. ပြန်လည်ညွန်ကြားခဲ့ကြောင်းကိုထိုအချိန်ကသာမန်ညီလာခံကိုယ်စားလှယ်တဦးသာ   ဖြစ်သည်.မိမိအနေဖြင့် အတိအကျ မသိရှိခဲ့ပါ။
ထိုကိစ္စနှင့်ပတ်သက်ပြီးကိုမိုးသီးဇွန်က မြောက်ပိုင်းဗဟိုကို ကြေးနန်းတစောင် ပြန်ကြားခဲ့သည်ဟုသာ
မိမိအနေဖြင့် နောက်ပိုင်းတွင် ပြန်လည်ကြားသိခဲ့ရပါသည်။

စက်တင်ဘာလ ၁၀ ရက်နေ့တွင် ဖွဲ.စည်းပုံရေးဆွဲရေးအဖွဲ.၊ရှေ.လုပ်ငန်းစဉ်ရေးဆွဲရေးအဖွဲ.နှင့် စစ်ရေး လမ်းစဉ်ရေးဆွဲရေးအဖွဲ.ဆိုသည်.အလုပ်အဖွဲ.(၃)ဖွဲ.ကို ဖွဲ.စည်းပေးပြီးညီလာခံကိုခေတ္တရပ်နားခဲ့ပါသည်။

လုံခြုံရေးအခြေအနေအရ (၁၃)ရက်နေ.တွင် မဟာမိတ် ကေအင်န်ယူနှင့် ညီလာခံကောင်မရှင်တို.၏ညှိနှိုင်း  မှုဖြင့် မာနာပလောကို စတင်ပြောင်းရွေ့ခဲ့ပြီး (၁၆)ရက်.တွင်မာနာပလော၌ ညီလာခံကို ဆက်လက် ကျင်းပ ခဲ့ပါသည်။

မာနာပလောတွင်လည်း ညီလာခံအတွင်း၌တင်းမာမှုများ ဆက်လက်ပေါ်ပေါက်ခဲ့သဖြင့် ညီလာခံကို မကြာ ခဏ ရပ်နားလိုက် ပြန်စလိုက်ဖြင့် စခန်းသွားခဲ့ရပါသည်။

ရွေးချယ်တင်မြှောက်ပွဲပြုလုပ်မည်.် စက်တင်္ဘာ(၂၈)ရက်နေ.တွင်ကိုမိုးသီးဇွန်တို.ဘက်က အများစု၏ လျို.၀ှက် ဆန္ဒမဲဖြင့်ရွေးချယ်မည်.အစီအစဉ်ကို လက်မခံနိုင်ကြောင်း ငြင်းဆိုခဲ့ရာမှအခြေအနေ  အတင်းမာဆုံး ကိုရောက်  ရှိခဲ့ရပြီး ညီလာခံကို တဖန် ရပ်နားခဲ့ရပြန်ပါသည်။

ကေအင်န်ယူ အပါအ၀င် ဒီအေဘီတပ်ပေါင်းစု ခေါင်းဆောင်များ၏ ကြားဝင်ပေးမှုဖြင့် စခန်း အသီးသီးမှ ကိုယ်စားလှယ်တဦးစီပါဝင်သောအဖွဲ.က ညှိနှိုင်းမှုများ ဆက်လက်ပြုလုပ်ခဲ့ကြပါသည်။
ညီလာခံကို အောက်တိုဘာလ ၈ ရက်နေ့တွင်ပြန်လည်ကျင်းပပြီး ၃ ရက်အကြာအောက်တိုဘာ လ ၁၁ ရက်နေ့တွင်မြောက်ပိုင်းမှ စပိုင်ဟုစွပ်စွဲဖမ်းဆီးခံရပြီး ထွက်ပြေးလွတ်မြောက်လာသူ ၃ ဦးနှင့်ပြုလုပ်သော နဝတ၏ သတင်းစာရှင်းလင်းပွဲကိုကြားသိရပါသည်။
မကဒတ(မြောက်ပိုင်း)တွင် စပိုင်ဟု စွပ်စွဲပြီး ဖမ်းဆီးထားသူ(၄၀)ကျော်ရှိကြောင်း၊
ဥက္ကဌ ထွန်းအောင်ကျော်အပါအ၀င် ဗဟိုကော်မတီဝင်(၅)ဦး ပါဝင်ကြောင်း၊ရက်ရက်စက် စက် နှိပ်စက်စစ်ဆေးခံရတဲ့အတွက်ယခုအခါ(၅)ဦးခန်.သေဆုံးသွားပြီဖြစ်ကြောင်း၊အဆိုပါထွက်ပြေးလာ
သူ(၃)ဦးက ပြောဆိုခဲ့သည်ကို စစ်အစိုးရေဒီယို မှတဆင့်ညီလာခံကိုယ်စားလှယ်တချို. ကြားသိခဲ့ရပါသည်။

မဟာမိတ်များမှလည်း မိမိတို့၏အခြေအနေကို ညှိနှိုင်းပေးရင်းလက်ပမ်းကြလာပြီးသံလွင်စခန်းတွင်ပြန် လည်ပြုလုပ်ကြရန်ပြောသဖြင့် အောက်တိုဘာလ ၁၉ ရက်နေ့တွင်မိမိတို့ ကျောင်းသားစခန်း၌ ဆက်လက် ကျင်းပခဲ့ကြပါသည်။
`မကဒတ´တတိယအကြိမ်ညီလာခံကြီးအနေဖြင့် ပြဿနာများဖြေရှင်းရင်းနှင့်အကွဲအပြဲဖြစ်သည်အထိ ရောက် ရှိသွား သောကြောင့် မြောက်ပိုင်းကိစ္စကိုအလေးအနက် မဆွေးနွေးနိုင်ခဲ့ပါ။
ဆွေးနွေးရန်လည်း ထိုအချိန်က တာဝန်ရှိသူများအနေဖြင့် ညီလာခံသို. တင်ပြခဲ့ခြင်း မရှိပါ။


မိမိတို့အနေဖြင့်ညီလာခံဆက်လက်ကျင်းပပြီးဗဟိုကော်မတီသစ်ကိုဒီမိုကရေစီနည်းကျ ရွေးချယ်
တင်မြှောက်မည်ဟုဆုံးဖြတ်နေချိန်တွင်ကိုမိုးသီးဇွန်တို့ ဦးဆောင်သောအဖွှဲ့က ညီလာခံကို လုံးဝ မတက်ရောက်တော့ ပါ။
ဘုရားသုံးဆူစခန်းမှခွဲထွက်သွားသောအဖွဲ့များ၊ယာယီတော်လှန်ကော်မတီအဖွဲ့များနှင့်ပထမအကြိမ်ညီလာခံ  သက်တမ်းမှဗဟိုကော်မတီဝင်ဟောင်းတချို. ကိုမိုးသီးဇွန်ဘက်သို. လိုက်ပါသွားကြပြီး၎င်းတို့ဖာသာသီးသန့်  ညီလာခံ တခုကို စင်ပြိုင်ကျင်းပပြု လုပ်ခဲ့ပါသည်။

မိမိတို့ကလည်းကျန်ရှိနေသောညီလာခံကိုယ်စားလှယ်အများစုနှင့်ညီလာခံကိုဆက်လက်ကျင်းပပြီးတတိယ  အကြိမ်ညီလာခံသက်တမ်း ဗဟိုကော်မတီကို ဖွဲ့စည်းခဲ့ကြပါသည်။အောက်တိုဘာ ၂၅ ရက်နေ့ တွင် ညီလာ ခံ   ပြီးဆုံးခဲ့ပါ သည်။

ဤဗဟိုကော်မတီကို`မကဒတ´မြောက်ပိုင်းမှ ထောက်ခံခဲ့ပြီး ဖွဲ့စည်းမှုထဲတွင် ပါဝင်လာခဲ့ပါသည်။
ညီလာခံပြီးလျှင်ပြီးချင်း `န၀တ´ထိုးစစ်များကြောင့် မာနယ်ပလောတစ်ဝိုက်ရှိစခန်းများထိုင်းဖက်ကမ်း သို့ ရွှေ့ပြောင်းနေရပြီး၊ယနေ့ DKBA ဟု ဖြစ်လာမည့် ပြဿနာအစကို မဟာမိတ်များနှင့် ၀ိုင်းဝန်း ကူညီဖြေ ရှင်းနေချိန်မှာပင်မိမိတို့ ဗဟိုကော်မတီမှမြောက်ပိုင်းကိုယ်စားလှယ်တစ်ဦးဖြစ်သော ကျော်ကျော်  (ကချင်) ကို ၁၉၉၂ ခုနှစ် ဇန္နဝါရီလတွင် `မကဒတ´မြောက်ပိုင်းသို့ပြန်လည်စေလွှတ်လိုက်ပါသည်။

၎င်းနှင့်အတူ မိမိတို့ထံသို့ စစ်ဆေးတွေ့ရှိချက်များ အမြန်ဆုံးပေးပို့ပါရန်နှင့်မိမိတို. ဗဟိုကော် မတီ၏ ဗဟို ဆုံးဖြတ်ချက်မပါဘဲ မည်သည့်အရေးယူမှုကိုမျှ မလုပ်ရန်၊ဗဟိုနှင့်ဆက်သွယ်ရေးစနစ်ကိုတိုက်ရိုက်ထူထောင် ရန် ညွှန်ကြားချက်များ ပေးလိုက်ပါသည်။

၁၉၉၂ ခုနှစ် ဖေဖေါ်ဝါရီလ ၂၉ ရက်နေ့ထုတ် The Nation သတင်းစာတွင်မကဒတမြောက်ပိုင်း၌စပိုင်များကို   သတ်ဖြတ်အရေးယူလိုက်သည်ဆိုသောကိစ္စပါလာကြောင်းမိမိတို.ဘန်ကောက်ရုံးမှ ပေးပို.သည့်
.ကြေးနန်းမိမိတို့တောတွင်းဌာနချုပ်သို့ ရောက်ရှိလာချိန်မှ ဤကိစ္စကို မိမိတို. သိရှိရခြင်းဖြစ်သည်။

ထိုကိစ္စနှင့်ပတ်သက်၍ ၁၉၉၂ခုနှစ် မတ်လ ၁ရက်နေ့ ရက်စွဲဖြင့်ဘန်ကောက်နိုင်ငံခြားရေးရုံး မှ ကြေငြာချက် တစ်စောင် ထုတ်ပြန်ခဲ့ပါသည်။

မိမိတို့လည်း မြောက်ပိုင်းသို့မဟာမိတ် KIO ထံမှတဆင့် ကြေးနန်းဖြင့် ထပ်မံမေးမြန်းပြီး မတ်လ(၁၇)ရက်နေ့ တွင်ကြေငြာချက်တစ်စောင် ထပ်မံထုတ်ပြန်ခဲ့ပါသည်။
မိမိတို့ တောင်ပိုင်းဗဟိုအနေနှင့် ဤသို့ အရေးယူဆောင်ရွက်လိုက်ခြင်းကို လုံးဝ မသိရှိရကြောင်း၊
ဆက်သွယ်မှုမှာလည်းအလှမ်းဝေးကြောင်းနှင့်ဤကိစ္စကို ဖြေရှင်းရာ၌လည်း နိုင်ငံတကာမှ ဝိုင်းဝန်းကူ ညီ   ဖြေရှင်းပေးကြပါရန်တောင်းခံ ရှင်းလင်းခဲ့ပါသည်။

၎င်းနောက်တွင် မြောက်ပိုင်းမှ ၎င်းတို့ဖေါ်ထုတ်တွေ.ရှိချက်များအရတောင်ပိုင်းတွင် လည်း ရန်သူ့လူများ စိမ့်ဝင်နေကြောင်း၊`မကဒတ´ကို ဖြိုခွဲရန်အတွက် စီမံချက်ဖြင့် လှုပ်ရှားနေကြောင်း၊ ဗဟိုကော် မတီ တခုလုံး အား ယုံကြည်ရန်ခက်ခဲနေခြင်းကြောင့်၎င်းတို့၏ထုတ်ဖော်ရရှိမှုများကို မပေးပို့နိုင်ကြောင်း၊

၎င်းတို့ မြောက်ပိုင်း၌ စစ်ဆေးတွေ့ရှိချက်များအရမကဒတမြောက်ပိုင်းကိုယ်စားလှယ် ကိုစိုးလင်းကို ထိန်းသိမ်းထားရန်တပြိုင်နက်တည်း အကြောင်းကြားခဲ့သဖြင့် ထိန်းသိမ်းပေးခဲ့သည်။

မြောက်ပိုင်း၏ ဤအရေးယူမှုများကြောင့်`မကဒတ´ အပေါ် ပြည်တွင်းပြည်ပမှ ရိုက်ခတ် သက်ရောက် မှုများရှိနေကြောင်း၊မြောက်ပိုင်းမှလက်ခံနိုင်သည့် ကိုယ်စားလှယ်တစ်ဦးကို မိမိတို့ဗဟို မှ စေလွှတ်ပေး မည်ဖြစ်ကြောင်း၊ထိုကာလအတွင်း မည်သည့်အရေးယူဆောင်ရွက်မှုကိုမှ လုံးဝ (လုံးဝ) ထပ်မံမလုပ်ရန် အကြောင်းပြန်ခဲ့ပါသည်။

မိမိတို့ ဗဟိုကော်မတီအနေဖြင့် မြောက်ပိုင်း၌ ဖမ်းထားသူများမှာရန်သူ့စပိုင် ဟုတ်၊ မဟုတ် အသေအချာ မသိရသေးသော် လည်းမကဒတ အကွဲအပြဲ နှင့် ရန်သူ့သူလျိုလုပ်ရပ်ဟုဆက်စပ်ထားသောကြောင့်အလွန်  သတိကြီးစွာဖြင့်ကိုင်တွယ်ခဲ့ရပါသည်။

မိမိအနေဖြင့်လည်း စေ့စပ်ကြေအေးရေးသမားဟု တချိန်လုံး စွပ်စွဲတိုက်ခိုက်ခံနေရသဖြင့်
ပိုမိုသတိထားရပါသည်။
ဗဟိုဦးဆောင်ကော်မတီ၏ ဆုံးဖြတ်ချက်အရအဖမ်းခံနေရသူများသည် မည်သူ ပင်ဖြစ်စေ သေဒဏ်ပေးခြင်း မျိုးမလုပ်သင့်ကြောင်း၊ရန်သူ့ သူလျှိုဖြစ်သည် ဖြစ်စေ၊ မဖြစ်သည် ဖြစ်စေ၊`မကဒတ´အတွင်း တွင် နေထိုင်ရန် ခက်ခဲသွားပြီဖြစ်သဖြင့်လုံခြုံစွာ အိမ်ပြန်နိုင်ရေးအတွက် စီစဉ်ရန်နှင့်မြောက်ပိုင်းသို့သွားရောက် ရန် မိမိအား တာဝန်ပေးခဲ့ပါသည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် မိမိတို့`မကဒတ´အား စိတ်ဓါတ်ထက်သန်စွာ ကူညီနေသည့်USB မှ ဦးစိုင်းထွန်း က မြောက်ပိုင်းတွင်သူ့တူမဖြစ်သူတစ်ဦး(ယခု သြစတြေးလျတွင်ရောက်ရှိနေသော
နန်းအောင်ထွေးကြည်)  ပါအဖမ်းခံနေရကြောင်း၊သူ့အနေဖြင့် အာမခံဖြင့် ခေါ်ထုတ်လိုကြောင်း၊ကုန်ကျမှုများ အတွက် တာဝန် ယူပေး  မည်ဟု ပြောကြားကမ်းလှမ်းလာသောကြောင့်မိမိအနေဖြင့် သူနှင့်အတူ မြောက်ပိုင်း သို.သွားရောက် ရန် စီစဉ်ခဲ့ပါသည်။

ဤကာလမတိုင်မီ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ၊အပြင် သံရုံးတချို့နှင့်ပါ တွေ့ဆုံဆွေးနွေးခဲ့ ပြီး စစ်သုံ့ပမ်း(သို့မဟုတ်)အခြားသင့်တော်ရာပုံစံတခုဖြင့်လက်ခံပြီးမြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ပေးနိုင်ရေး အတွက်မေးမြန်း အကူအညီတောင်းခံခဲ့သော်လည်း အိမ်ရှင်တရုတ်နိုင်ငံ၏သဘော ဆန္ဒမပါဘဲ မဆောင်ရွက်နိုင် ကြောင်း၊စစ်သုံ့ပန်းများ မဟုတ်၍ကိုင်တွယ်ဆောင်ရွက် ရန် ခက်ခဲကြောင်း တုံ့ပြန်ခဲ့ကြပါသည်။
နိုင်ငံတကာအနေဖြင့် တရုတ်ပြည်ကိုဖြတ်ြ၍ ကြားဝင် ဆောင်ရွက်ရန်မဖြစ်နိုင်ကြောင်း သိရှိခဲ့ရပြီးနောက်
မကဒတအနေဖြင့်သာ တာဝန်ခံ ဖြေရှင်းရတော့မည်ဟူသောအသိဖြင့်မိမိသည် ဦးစိုင်းထွန်း၊ ဗိုလ်မှူကြီး စိုင်းလိတ်(SSPP ဥက္ကဌဟောင်း-ကျဆုံး) တို့နှင့်အတူတရုတ်ပြည်သို့ သွားရောက်ခဲ့ရာ ၁၉၉၂ ခုနှစ် ဧပြီလ ၁၉ရက်နေ့တွင် ပါဂျောင်သို့ ရောက်ရှိခဲ့ပါသည်

ကချင်၊ ပါဂျောင်ဒေသ၌ မြောက်ပိုင်းကိစ္စကို ဖြေရှင်းခြင်း
KIO နှင့် `မကဒတ´(မပ)ရှိရာဒေသသို့ ဦးစိုင်းထွန်းနှင့်အတူ၁၉၉၂ ခုနှစ်၊ ဧပြီလ ၁၉ ရက်နေ့က ရောက် ရှိခဲ့ပါသည်။
မိမိအနေဖြင့် `မကဒတ´(မြောက်ပိုင်း) ဗဟိုကော်မတီဝင်များ၊တပ်မှူးများ (ရှေ့တန်းရောက်နေသော ကိုမျိုးဝင်းနှင့် တပ်မှူး အချို့မပါ)နှင့် တောက်လျှောက်ဆွေးနွေးရင်း ယုံကြည်မှု တည်ဆောက်ခဲ့ရပါသည်။


မကဒတမြောက်ပိုင်း၌သေဒဏ်ပေးအရေးယူမှုကြောင့်`မကဒတ´(ဗဟို)အပေါ်သို့သက်ရောက်လာသည့်အဖွဲ့ တွင်း၊နှင့်ပြည်တွင်းပြည်ပမှရိုက်ခတ်သက်ရောက်မှုများ၊တောင်ပိုင်းဗဟိုကော်မတီ၏အခြေအနေနှင့်တည်ဆောက် မှုများ၊အခက်အခဲများ ကို နားလည်လက်ခံလာအောင် ခက်ခက်ခဲခဲ ရှင်းလင်းဆွေးနွေးပြ ခဲ့ရပါ သည်။

မြောက်ပိုင်းမှလည်းမိမိတို့၏အခက်အခဲများအပေါ်နားလည်မှုရှိလာသည်နှင့်အတူစစ်ဆေးချက်များ၊ သက်သေခံပစ္စည်းများ ထုတ်ပြခဲ့ပါသည်။

မိမိအနေဖြင့် မြောက်ပိုင်းတွင် ဖမ်းဆီးခံနေရသူများအနက်နန်းအောင်ထွေးကြည်အပါအ၀င်မြောက်ပိုင်းမှ ရဲဘော်တချို.နှင့်မြောက်ပိုင်းစစ်ဒေသတွင် တပ်ရင်းသစ်များဖွဲ.စည်းထူထောင်ရန် မကဒတ   တောင်ပိုင်း (ဗဟို)မှ တာဝန်ပေးစေလွတ်ခဲ့သောရဲဘော်များအနက် ဖမ်းဆီးခံရသူတချို.တိုကိုမြောက်ပိုင်း တာဝန်ခံ ရဲဘော် တချို.ရှေ.မှောက်တွင်မေးမြန်းခွင့်ရရှိခဲ့ပါသည်။

ထို့နောက်မိမိမှမြောက်ပိုင်းဗဟိုကော်မတီနှင့်အခြေအနေတစ်ခုလုံးအပေါ်သုံးသပ် ဆွေးနွေးခဲ့ပါသည်။
- မကဒတ(မြောက်ပိုင်း)၏ ဖေါ်ထုတ်တွေ့ရှိချက်များအရရန်သူ့လူများ ထိုးဖေါက်ဝင်ရောက်ပြီး ဖြိုခွဲရန် ကြိုးစားသည်ဆိုသည်မှာ ဖြစ်နိုင်ကြောင်း၊

-သို့သော်လည်း ဤမျှများပြားသည့်အရေအတွက်ဖြင့်ထိုးဖေါက်ဝင်ရောက်သည်ဆိုသည်.အချက်မှာလည်း
လောဂျစ်အရ မဖြစ်နိုင်ကြောင်း၊

- ရန်သူ၏စီမံချက်များကို သိသင့်သလောက်လည်း သိပြီးဖြစ်၍`မကဒတ´အတွက် အကောင်းဆုံး နည်းလမ်း မှာဖမ်းဆီးခံထားရသူများအားဘေးကင်းရာနေရာတခုသို. ပို.ဆောင်ပေးရေးပင်ဖြစ်ကြောင်းဆွေးနွေး တင်ပြ ခဲ့ပါသည်။

မြောက်ပိုင်းမှ လုံခြုံရေးအနေအထားအရချက်ခြင်းလွှတ်ပေးရန် မဖြစ်နိုင်ကြောင်းနှင့် တနှစ်ပြည့်လျှင် မိဘများထံပြန်လည် အပ်နှံပေးမည်ဖြစ်ကြောင်း သဘောတူညီမှုရရှိခဲ့ပါသည်။

သို့ဖြစ်၍ မဟာမိတ် KIO ခေါင်းဆောင်များနှင့်လည်းမကဒတအပေါ် နားလည်မှုမလွဲစေရန် ဆက်လက်ဆွေးနွေးခဲ့ပါသည်။

ဖမ်းဆီးခံရဲဘော်များအား သံခြေကျင်းများ မခတ်ရန့်၊စားသောက်မှု နှင့်ကျန်းမာရေးစောင့်ရှောက်မှုများကို
အခြားရဲဘော်များနည်းတူ ခံစားခွင့်ရှိစေရန် ညှိနှိုင်းခဲ့ပါသည်။

ဦးစိုင်းထွန်း၏ မေတ္တာရပ်ခံချက်အရ ၄င်း၏တူမဖြစ်သူနန်းအောင် ထွေးကြည်ကို ပြန်လွတ်ပေးပြီး ၄င်းနှင့်အတူတပါတည်း ထည်.ပေးလိုက်ရန် မြောက်ပိုင်းဗဟိုကော်မတီနှင့် ညှိနှိုင်းပေးခဲ့ပါသည်။

မိမိလည်း `မကဒတ´(ဗဟို)နှင့် မြောက်ပိုင်းအကြား ပုံစံတကျ ဆက်ဆံမှုရှိရေး၊မြောက်ပိုင်း တွင် နိုင်ငံရေး သင်တန်းများပို့ချပေးရေး၊တိုက်ရိုက် ဆက်သွယ်ရေးလမ်းကြောင်း ထူထောင်ရန်ကိစ္စများ ကို ဆွေးနွေး ခဲ့ပါသည်။

၎င်းနောက် မိမိလည်း ဗဟိုမှတာဝန်ရှိသူများအား ဗဟိုကော်မတီကို အချိန်မှီတင်ပြရန်နှင့်လိုအပ်သည် များ ဆက်လက် ဆောင်ရွက်နိုင်ရန်အတွက် ၁၉၉၂ ခုနှစ်မေလ ၁၈ ရက်ခန့်တွင် ပြန်လည်ထွက်ခွာလာခဲ့ရာ မေလ ၃၁ ရက်နေ့တွင် ထိုင်း နိုင်ငံသို့် ရောက်ရှိခဲ့ပါသည်။

မိမိပြန်လည်ထွက်ခွာပြီး(၃/၄)ရက်အကြာမေလ၂၁ရက်နေ့တွင်ဖမ်းဆီးခံနေရသူ အားလုံး ထွက်ပြေး လွတ်မြောက်သွားပြီဖြစ်ကြောင်းကြားသိရပါသည်။

သို့ဖြစ်၍ ထိုင်းနိုင်ငံသို့ ရောက်လျှင်ရောက်ချင်း ၁၉၉၂ ခုနှစ် မေလ ၃၁ ရက် နေ့စွဲဖြင့်မိမိကြုံတွေ့ခဲ့ ရသော အခြေအနေကို သဘောထားထုတ်ပြန်ခဲ့ပါသည်။

ထို့နောက် ဗဟိုအလုပ်အမှုဆောင်ကော်မတီသို့ အခြေအနေများကို ဆက်လက်တင်ပြအစီရင် ခံခဲ့ပါသည်။
မြောက်ပိုင်းကော်မတီမှ ရန်သူ၏ ထိုးဖေါက်ဖြိုခွဲရေးစီမံချက်ဖြစ်သည့်ရေလှိုင်းစီမံချက် ကိုစစ်ဆေးဖော် ထုတ် ခဲ့ကြောင်း၊၎င်းတို့၏တွေ့ရှိချက်များကို အခြေခံ၍ ၎င်းတို.ထုတ်ပြန်ထားသည်.တည်ဆဲဥပဒေ အရ မိမိတို့ ဗဟိုကော်မတီ၏သဘောထားမပါဘဲ အရေးယူဆောင်ရွက်ခဲ့ခြင်းဖြစ်သော်လည်းမိမိ တို.ဗဟိုကော် မတီ အနေဖြင့် နိုင်ငံရေးအရတာဝန်ခံပြီး ဦးဆောင်ကိုင်တွယ်ဖြေရှင်းသွားရန်၊

တောင်ပိုင်းတွင်လည်း ဆက်လက်စုံစမ်းစစ်ဆေး ဖေါ်ထုတ်ရန်၊ မြောက်ပိုင်းကိစ္စကိုအတွေ့အကြုံ ယူ၍ `မကဒတ´အတွင်း လူ့အခွင့်အရေးများအပေါ် ပြည့်စုံစွာ နားလည်နိုင်ရေးအတွက်ရဲဘော်များ အား အသိ ပညာပေးမူများဆောင်ရွက်ရန်၊ပြစ်မှုပြစ်ဒဏ်၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်း နှင့်သီးသန့်ကင်း လွတ်သော တရားစီရင်ရေးစံနစ်တစ်ရပ်ဖော်ထုတ်ကျင့်သုံးရန်တို.ကို ဆုံးဖြတ်ခဲ့ကြပါသည်။

မိမိမှတ်မိသလောက်ဆိုလျှင် ကိုခင်မောင်ဝင်း၊ ကိုဝင်းမင်း တို့နှင့်တကြိမ်၊ကိုခင်မောင်ဝင်း၊ ကိုအောင်သူငြိမ်း တို့နှင့်တကြိမ်။မြောက်ပိုင်းသို့ နိုင်ငံရေးနှင့်လူ.အခွင့်အရေး၊ နိုင်ငံရေးအံတုမှုသင်တန်းများ သွားရောက် ပို့ ချပေးနိုင်ခဲ့ပါသည်။
မြောက်ပိုင်းမှ ရဲဘော်များ ကိုလည်း တောင်ပိုင်းတွင်ဖွင့်လှစ်သောကေဒါ သင်တန်း များနှင့် အခြား သင်တန်း များတွင်ပါဝင်တက်ရောက်စေခဲ့ပါသည်။
 
မြောက်ပိုင်းကိစ္စနှင့်ဆက်နွယ်၍ ကိုစိုးလင်းမှတစ်ဆင့် ကိုနေ၀င်းအောင်ကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
၎င်းတို့၂ ဦးမှတပ်ဖွဲ.၀င်အများအပြား __________ထပ်မံအဖမ်းခံရစေရန်လုပ်ကြံထွက်ဆိုချက် များ ကို အသေအချာ သတိထားစီစစ်ခဲ့ပြီး၎င်းတို့ ၂ဦးအပေါ် မှန်ကန်မျှတသော တရားစီရင်မှုနှင့် အကျဉ်းသား အခွင့် အရေးများကို ပေးခဲ့ပါသည်။

နိုင်ငံတကာအဖွဲ.အစည်းများနှင့်လွတ်လပ်စွာတွေ့ ဆုံခွင့်ပေးခဲ့ပါသည်။


ကျန်ရှိနေသော မေးခွန်းများ

၁။ မြောက်ပိုင်းတွင် ရန်သူသူလျှိုများ ၀င်ရောက်ထိုးဖေါက်မှုရှိမရှိ၊မြောက်ပိုင်းကော်မတီ ၏ တွေ့ရှိချက်များကို မှန်ကန်မှု ရှိမရှိ၊စစ်ဆေးနိုင်ရန် အခြေအနေ၊ အချိန်အခါနှင့် ယန္တရား မိမိတို့ဗဟိုကော်မတီတွင် မရှိပါ။

သို့သော်လည်း ၎င်းတို့ ပြသထားသော အထောက်အထားများ(ဥပမာ - ရန်သူ့ စစ်တပ်တွင် သာအ သုံး   ပြုသောလက်နက်၊ဆက်သွယ်ရေးကိရိယာများနှင့်ဆက်သွယ်ရေးဝှက်စာများ)မှာ တစ်ယောက်ချင်းခွဲခြား
စစ်ဆေးထားခြင်းဖြစ်သော်လည်း အတော်များများ တူညီနေသည်ကိုအံ့သြဘွယ် တွေ.ရှိခဲ့ရပါသည်။

ဤကိစ္စ စတင်ပေါ်ပေါက်ရခြင်းမှာလည်းမကဒတမြောက်ပိုင်းတပ်မှထွက်ပြေးသောတပ်ပြေးတစ်ယောက်ကို
မြောက်ပိုင်းကော်မတီကပြန်လည်ဖမ်းမိရာမှ အစပြုပေါ်လာခြင်း ဖြစ်ပါသည်။

တချို.ရေးသား ပြောဆို နေကြသကဲ့သို. မြောက်ပိုင်းကော်မတီအတွင်းအာဏာလုရင်း ဖြုတ်၊ထုတ်၊သတ် လုပ်ခြင်းတော့မဟုတ်ပါ။

ရန်သူ.ထောက်လှမ်းရေးအဖွဲ.အသီးသီးမှစေလွတ်ထားသော ထောက်လှမ်းရေးသမားများကိုအချင်းချင်း  ချိတ်ဆက်ပေးရမည်. မိမိတာဝန် အောင်မြင်ပြီးဆုံးပြီဖြစ်သဖြင့်ပြည်တွင်းသို.ပြန်ဝင်ရန် ထွက်ပြေးရာမှ
အဖမ်းခံရခြင်းဖြစ်ကြောင်း တပ်ပြေးရဲဘော်က၀န်ခံထွက်ဆိုရာမှဆက်လက်ဖေါ် ထုတ်အရေးယူမူ များ   ပေါ်ပေါက်ခဲ့ရခြင်းဖြစ်ကြောင်းတွေ.ရှိခဲ့ရပါသည်။

ဤသို့ အမြောက်အများ ထိုးဖေါက်ဝင်ရောက်ခြင်းမှာလည်းမဖြစ်နိုင်ဟု ယူဆနိုင်သကဲ့သို့ရန်သူက အသုံး ချထိုးဖေါက်ဝင် ရောက် ခြင်း မရှိနိုင်ဘူးလားဟုမေးလျှင်ဖြစ်နိုင်မှန်း လူတိုင်းနားလည်နိုင်ပါသည်။

ဤသို့ အမြောက်အများထိုးဖေါက်ဝင်ရောက်ခြင်းမှာ မဖြစ်နိုင်ဟု ယူဆနိုင်သကဲ့သို.တော်လှန်ရေး အင်အားစု များ၊ အတိုက်အခံအင်အားစုများကို ဖြိုခွဲရန်၊ရန်သူက လေ့ကျင့်သင်တန်း ပေးထားသူများကို တာဝန်ပေးစေ လွတ်ခြင်းများလည်းမရှိနိုင်ဘူးလားဟု မေးမြန်းလာလျှင် ရှိနိုင်မှန်းစစ်အာဏာရှင် စနစ်အောက် တွင် ရှင်သန် ရပ်တည်ခဲ့ကြရသောမြန်မာနိုင်ငံသားတိုင်း နားလည်သဘောပေါက်ကြပါလိမ့်မည်။

ရှစ်လေးလုံး လူထုအရေးတော်ပုံ ကာလအတွင်းထောက်လှမ်းရေးများနှင့် သတင်းပေးများသည်လူထုလူ တန်း စားအလွာအသီးသီးအတွင်းသို.အသွင်သဏ္ဍန်မျိုးစုံ ဖြင့် ထိုးဖေါက်ဝင်ရောက်ခဲ့ကြပြီးအဖျက်အမှောင့် လုပ် ငန်းများကို အောင်မြင်စွာပြုလုပ်ခဲ့ကြသည်.သာဓကများလည်း အများအပြား ရှိခဲ့ကြပါသည်။

မဆလ စစ်အစိုးရခေတ်ကတည်းက ကျောင်းသားထုအတွင်းထောက်လှမ်းရေးများနှင့် သတင်းပေးများကို စနစ်တကျမွေးမြူမြှပ်နှံထားခဲ့သဖြင့်၎င်းတို.ကိုခွဲခြားသိရှိနိုင်ရန်အလွန်ခက်ခဲမည်ကိုတွေးတောဆင်ခြင် ကြည့်နိုင်ပါသည်၊

(မှတ်ချက် ။ ။ မြောက်ပိုင်းကော်မတီမှ ပေးပို့သော စစ်ချက်များ၊ကိုနေ၀င်းအောင်နှင့် ကိုစိုးလင်းတို့၏ ထွက်ဆိုချက်များကို သင့်တော်သော အခြေအနေတွင်အများပြည်သူ သိရှိအောင်ထုတ်ပြနိုင်ရန်အတွက် လုံခြုံစွာ သိမ်းဆည်းထားပါသည်။)
------------------------------------------------------------------------------------------------------
ကိုနေ၀င်းအောင်။ကိုစိုးလင်းရေးသောစာများကိုအောက်တွင့်လင့်ပေးထားပါသည်။.
----------------------------------------------------------------------------------------------------------
၎င်းတို့ ထုတ်ဖေါ်ပြောဆိုခဲ့သော နာမည်များသည်ယနေ့တိုင် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု များတွင်တက်ကြွစွာပါဝင်နေဆဲဖြစ်သောကြောင့် မသင့်တော်ဟုယူဆသဖြင့်မထုတ်ပြန်ပေးခြင်း ဖြစ်ပါသည်။)

၂။ မြောက်ပိုင်း ကော်မတီမှ စစ်ဆေးသောအခါ ညှင်းပမ်းနှိပ်စက်သည်များကိုတောင်ပိုင်းဗဟို မှ မသိဘူး လား၊ ခေါင်းဖြတ် သတ်လိုက်သည်များကို အရေးမယူဘူးလား၊မြောက်ပိုင်းကိုယ်စားလှယ်များ၊ ဗဟိုသို့ရောက် လာခြင်းများရှိခဲ့ကြသော်လည်းမိမိတို့တောင်ပိုင်းဗဟိုမှ ၎င်းတို့ထံရောက်ရှိခဲ့ခြင်း မရှိပါ။

ပလောင်ဒေသ တွင် `မကဒတ´တပ်ရင်း (၄၀၁) ဖွဲ့စည်းရန် စေလွတ်လိုက်သောကိုသိုက်ထွန်းဦးတို့ အဖွဲ့ သာလမ်းချော်၍ ရောက်သွားခဲ့ခြင်း ရှိခဲ့ဘူးပါသည်။

တတိယအကြိမ်ညီလာခံအထိ မြောက်ပိုင်းသည်`မကဒတ´နာမည်ကို ခံယူထားသော်လည်း သီးခြားဖွဲ့စည်း ပုံဥပဒေနှင့်လွတ်လပ်သောအုပ်ချုပ်ပုံဖြစ်ပြီးတောင်ပိုင်းဗဟို၏ အမိန့်ပေး မှု၊နှင့် စီမံခန့်ခွဲမှုအောက်တွင် မရှိပါ။၎င်းတို့၏ စည်းမျဉ်းဥပဒေနှင့်အုပ်ချုပ်နေခြင်းဖြစ်ပါသည်။

မြောက်ပိုင်းကိုယ်စားလှယ်များ တောင်ပိုင်းဗဟိုသို့ရောက်ရှိလာခြင်းများရှိသော်လည်းတောင်ပိုင်းဗဟိုကော် မတီဝင်တွင်ပါဝင်ခြင်းမရှိပါ။`မကဒတ´မြောက်ပိုင်းသည် မဟာမိတ် KIO ထံတွင် စစ်ပညာများကို သင်ကြား ခဲ့ကြပြီးမဟာမိတ်တပ်ကဲ့သို့ စစ်တပ်ပုံစံဖြင့် စည်းကမ်းတင်းကြပ်စွာ အုပ်ချုပ် ခဲ့ပါသည်။
အထက်အမိန့်များကိုလည်းဦးလည်းမသုံ ခံယူရမည်ဟု လက်ခံထားသော စခန်းဖြစ်ပါသည်။ရန်သူကို လည်း ထူးထူး ချွန်ချွန် ရဲရဲဝံ့ဝံ့ တိုက်ခိုက်ခဲ့သူများဖြစ်ပါသည်။

မိမိ ဧပြီလပထမဆုံးအကြိမ် ရောက်ရှိစဉ်ကဖမ်းဆီးခံထားရသူများရော၊ ကျန်ရဲဘော်များပါ မည်သည့်   နှိပ်စက်မှုကိုမှထုတ်ဖေါ်မပြောခဲ့ကြပါ။

မိမိအနေဖြင့် နဝတ သတင်းစာရှင်းလင်းပွဲမှ ကြားသိရမှုများကိုယုံတချက်၊ မယုံတချက်ဖြစ်ရပါသည်။
နောက်ပိုင်းတွင်မှ တစစဖြင့် စိတ်မကောင်း ဖွယ်ရာများ သိလာကြရခြင်းဖြစ်ပါသည်။

မိမိအနေဖြင့် ရှင်းပြလိုသည်မှာ အခင်းဖြစ်ပွားချိန်ကဤမျှအထိ ဖြစ်ခြင်းကို မသိခဲ့ကြပါ။
၎င်းအပြင် မိမိတို့ ဗဟိုအနေဖြင့်မြောက်ပိုင်းကော်မတီမှ ထုတ်ဖေါ်တွေ့ရှိမှုများမှန် မမှန်၊  ၎င်းတို့လုပ်နည်း မှန် မမှန် ဆိုသည်ကို စစ်ဆေးနိုင်သည့် အနေအထားမရှိခဲ့ဘဲ၊ဖြစ်ပြီးခဲ့သည်များ ကိုသာ နိုင်ငံရေးအရ ၀င်ရောက် တာဝန်ယူထိန်းသိမ်း ခဲ့ရခြင်းဖြစ်သည်။

မိမိတို့အကောင်းဆုံး လုပ်နိုင်ရန်ကြိုးစားသည်မှာ ဖမ်းဆီးခံများ ထပ်မံ အသတ်မခံရရေး၊ဖမ်းဆီး မှု  များ ရပ်တန့်ရေး၊ ဖမ်းဆီးခံထားရသူများ လွှတ်ပေးရေးနှင့်`မကဒတ´မြောက်ပိုင်း ကို တောင်ပိုင်း ဗဟိုအောက် တွင်ပါဝင်၍ဗဟို၏ လမ်းညွှန်မှုကို ခံယူနိုင်ရေးကိုသာ အဓိက ကြိုးစားခဲ့ပါသည်။

ဤကဲ့သို့ ဝင်ရောက်ဆောင်ရွက်ခဲ့သည့်အတွက်ထင်သာမြင်သာဆောင်ရွက်နိုင်သော အခြေအနေ အချိန် အခါတွင်ဤကိစ္စများ ပြန်လည်ဖြေရှင်းကြရမည်ဟု မိမိတို့ ဗဟိုကော်မတီနှင့်မြောက်ပိုင်းကော် မတီ တို. အနေဖြင့် သိရှိခံယူထားပြီး ဖြစ်ပါသည်။

၃။ မတရားနစ်နာခဲ့သူတွေအတွက် မည်သို့ လုပ်ဆောင်ပေးမည်နည်း။မကဒတ မြောက်ပိုင်း ကိစ္စတွင် ၀င်ရောက်သွေးခွဲသည့် လုပ်ရပ်များကိုလုပ်ဆောင်ခဲ့သူများရှိသကဲ့သို့ မဟုတ်မမှန် စွပ်စွဲခံရ၍ နစ်နာ ခဲ့ရသူများလည်း ရှိနိုင်ပါသည်။

ရန်သူစပိုင်ဖြစ်စေကာမူ အတွေးအခေါ် မတူသူသာဖြစ်၍ခန္ဓာကိုယ် နာကျင်စေသည့်နည်းဖြင့် ဖြေရှင်းအဆုံး သတ်ရမည်ဟု မိမိတစ်ယောက်တည်းအနေဖြင့် မယုံကြည်ပါ။
သို့သော်လည်း အမှားများကိုပုံဖေါ်ရင်း အမှန်ကိုမေ့သွား ဖုန်းကွယ်သွားသည်များလည်း မဖြစ်သင့်ပါ။

ယုံကြည်မှုဖြင့် အသက်စွန့်လွှတ်၍ တိုက်ပွဲဝင်ခဲ့ကြသော မကဒတ နှင့်ကျောင်းသား တပ်မတော်ဟူသော အဖွဲ့အစည်းများ၏ ဂုဏ်သိက္ခာနှင့် စွမ်းဆောင်မှုကိုမှေးမှိန်ပပျောက်ရန်အထိ မတိုက်ခိုက်သင့်ပါ။

မိမိတို့အားလုံးသည် ပေးဆပ်ရပုံခြင်းမတူသော်လည်းစစ်အာဏာရှင် စံနစ်၏ သားကောင်များဖြစ်နေ ပါ သည်။
မိမိတို့အဖိနှိပ်ခံပြည်သူများအချင်းချင်း ဆန့်ကျင်ဖက်ပုံစံဖြင့် ပြုမူဆက်ဆံနေကြသမျှ၊
စစ်အာဏာရှင်စံနစ်၏ အကျိုးစီးပွားအတွက်အမြဲဖြစ်နေပါ လိမ့်မည်။

ထို့ကြောင့်
(၁) `မကဒတ´ထဲတွင် စစ်အစိုးရမှ စပိုင်များထည့်၍ ဖြိုခွဲရန် ကြံစည်ခြင်း ရှိ မရှိ စုံစမ်းစစ်ဆေးသင့်ပါသည်။

(၂) `မကဒတ´ထဲတွင် ဖမ်းဆီးစစ်ဆေးခံရမှုများ၌ လူသားဆန်မှု ကင်းမဲ့စေသည့် လူ့အခွင့်အရေး ချိုးဖေါက်မှု များ ရှိမရှိ၊သီးခြားလွတ်လပ်သူများဖြင့် ဖွဲ့စည်းစစ်ဆေးသင့်ပါသည်။

(၃) ဆုံးရှုံးနစ်နာမှုများတွေ့ရှိပါက တာဝန်ရှိသူများကို နစ်နာသူများ၏ဆန္ဒအရသော်၎င်း၊ဥပဒေအရသော် ၎င်း အရေးယူဆောင်ရွက်မှုများ ပြုလုပ်သင့်ပါသည်။

မြောက်ပိုင်းသူလျိုများအား ဖမ်းဆီးအရေးယူသည့်ကိစ္စရပ်တွင်မှားယွင်းစွာ ဖမ်းဆီးနှိပ် စက်ခံခဲ့ရသော ရဲဘော်၊ရဲမေများအားလုံးကိုမကဒတ ဥက္ကဋ္ဌ ဟောင်းတစ်ယောက်အနေဖြင့်အနူးအ ညွတ် တောင်း ပန် အပ်ပါသည်။

အဖြစ်မှန်ဖေါ်ထုတ်ရေးကိစ္စ ဆောင်ရွက်ကြလျှင်မိမိသိသမျှ၊ ပါဝင်ခဲ့ရသမျှကို ထိန်ချန်မထားဘဲ ပူးပေါင်းဆောင်ရွက်ပေးပါမည်။

မှန်သည်ဖြစ်စေ၊မှားသည်ဖြစ်စေအမှန်တကယ် သူလျိုဖြစ်သည် ဖြစ်စေ၊မဖြစ်သည် ဖြစ်စေ၊ အသက် ဆုံးရှုံးသွားသူများ၏ မိဘဆွေမျိုးအားလုံးကိုလည်းမဖြစ်သင့်မဖြစ်ထိုက် သည့် ဆုံးရှုံးမှုဖြစ်သည့်အတွက်
ကိုယ်ချင်းစာမှုအခြေခံဖြင့်လေးနက်စွာ တောင်းပန်အပ်ပါသည်။
မိမိဆောင်ရွက်ပေးနိုင်သည်များကိုလည်း ဆောင်ရွက်ပေးသွားပါမည်။

လေးစားစွာဖြင့်
နိုင်အောင်
မတ်လ ၂၅ ရက်နေ့၊ ၂၀၁၂ ခုနှစ်



DNA's Testimony on ABSDF's Northern Case

No comments: