Sunday, May 27, 2012

ခဏခဏကြားနေရတဲ့ ခရိုနီဆိုတာ....

ခရိုနီနဲ့ ခရိုနီအရင်းရှင်စနစ်အကြောင်း (၁)မိနစ်တာ သိကောင်းစရာ (ရေးသူ -- သရဖီသန်း)
၁။ ခရိုနီဆိုတာဘာလဲ။
အာဏာရှိတဲ့လူက ပစားပေးလို့ ချမ်းသာလာတဲ့လူ။ ခရိုနီတွေချမ်းသာဖို့ သာမန်လူတွေရဲ့ စီးပွားရေးနဲ့  အခြားအခွင့်အရေးတွေ၊ လုပ်ပိုင်ခွင့်တွေ အဆုံးရှုံးခံရတယ်။
၂။ ခရိုနီတွေရဲ့ ကြွယ်ဝမှု ဘယ်ကလာလဲ။
ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှုတွေကြောင့်မဟုတ်ဘဲ အာဏာရှိတဲ့လူက အထူးပေးထားတဲ့ အခွင့်အရေးတွေကြောင့်ပဲ။ မြန်မာပြည်နဲ့ပတ်သက်ပြီး အရှင်းဆုံးဥပမာပေးရရင် သစ်လိုင်စင်၊ ကားလိုင်စင် (အရင်က)တွေကို ဘယ်သူ့ ကိုမှ မပေးဘဲ ခရိုနီတွေကို ပေးလို့  အဲဒါတွေကို ပြန်ရောင်းစားပြီး ချမ်းသာတာပဲ။
၃။ ခရိုနီအရင်းရှင်စနစ်ဆိုတာဘာလဲ။
ဥပဒေစိုးမိုးရေးနဲ့ အခွင့်အရေးတန်းတူညီမျှရှိမှု၊ ရွေးချယ်ပိုင်ခွင့်၊ လွတ်လပ်စွာကုန်သွယ်ခွင့်၊ ကိုယ့်လုပ်အားကို ကိုယ်ခံစားခွင့်၊ အာဏာရှိသူတွေနဲ့ ပေါင်းပြီး မြေနဲ့ တခြား ပိုင်ဆိုင်မှုတွေအသိမ်းခံရမှု မှ ကင်းခြင်း၊ ဒါတွေ အားလုံးမရှိတဲ့ စီးပွားရေးစနစ်ကို ခရိုနီစီးပွားရေးစနစ်လို့ ခေါ်တယ်။
၎။ ခရိုနီအစ်ဇင် (ခေါ်) လက်သင့်ရာစားတော်ခေါ်တဲ့ စနစ်ကို ဘာ့ကြောင့်ဆန့် ကျင်ကြတာလဲ။
အာဏာရှိသူနဲ့ စီးပွားရေးသမားတစု အာဏာနဲ့ စည်းစိမ်တည်မြဲဖို့ ကျန်တဲ့နိုင်ငံသားအားလုံးက စတေးပေး ရ တဲ့ စနစ်ဖြစ်လို့ ဟောင်ကောင်မှာ၊ အိန္ဒိယမှာ၊ တောင်အမေရိကားမှာ၊ အမေရိကန်ပြည်ထောင်စုမှာ၊ အင်္ဂလန် မှာနဲ့  ကမ္ဘာအနှံ့ အပြားမှာ နေ့စဉ်နဲ့ အမျှ ဒီစနစ်ကိုဆန့် ကျင်နေကြ တယ်။ အခု ၉၉ရာခိုင်နှုန်းလှုပ် ရှားမှုတွေ အားကောင်းလာတော့ ဒီစနစ်ကိုဆန့် ကျင်မှုတွေ ပိုကျယ်ပြန့် လာတယ်။ ပိုပြီး စနစ်ကျလာကြတယ်။
၅။ (၁) မိနစ်တာဖတ်ရတာ အားမရလို့  ပိုသိချင်ရင် ဘယ်မှာသွားဖတ်ရမလဲ။
http://cronychronicles.org/

http://www.amazon.com/Throw-Them-All-Out-ebook/dp/B0062N35X8

http://www.scribd.com/doc/60883227/Crony-Capitalism-and-Economic-Growth-in-Latin-America-Theory-and-Evidence-edited-by-Stephen-Haber

http://www.chinablitz.com/tag/cronyism-in-china/

http://www3.ntu.edu.sg/nbs/sabre/working_papers/10-99.pdf

https://www.facebook.com/againstcronycapitalism?sk=wall&filter=2

(ခေတ်မောင်း လစဉ်ထုတ်စာစောင်မှ ကူးယူဖော်ပြပါတယ်)
ခေတ်မောင်း

1 comment:

ICT said...

Thank you for nice information
https://uhamka.ac.id