Sunday, May 27, 2012

သေသော်မှတည့်..အော်ကောင်း၏ (တစ်လ ၄၈၀၀၊တစ်နေ့ ၈ နာရီ၊ တစ်နာရီ ၂၀)

"ကျနော်တို့က ညှိနှိုင်းမယ်ဆိုတာကို စက်ရုံသူဌေးက အခုရှောင်နေပါတယ် သူက တိုင်ဝမ်ကပါ စက်ရုံက ဧက ၂၀၀ လောက်ရှိပါတယ်။ အခြေခံလစာက တစ်လမှ လေးထောင့်ရှစ်ရာပဲရတဲ့လူ (၄၈၀၀ ကျပ် တစ်နေ့ ၈နာရီ တစ်နာရီ ၂၀ ကျပ်ပါ) ကအယောက် ၅၀ ငါးဆယ်လောက်ရှိတယ် တချို့ အနည်းဆုက သိန်းကျော်ရပါတယ်။ အဒီလူတွေလည်း ပူးပေါင်းပါဝင် တောင်းဆိုပေးပါတယ်။ခု ဦးဆောင်နေတဲ့အကိုကြီးက ဖိုမန်ပါ သူတို့ လည်း အောက်ခြေအလုပ်သမားတွေအတွက် ပါဝင်ဦးဆောင်နေတာပါ။ အခုသူတို့တွေက ဆန္ဒပြတဲ့ လူတွေ ကို အလုပ်ထုတ်တယ်ဆိုတဲ့ အကြောင်း စက်ရုံထဲမှာစာရင်းကပ်ထားပါတယ်။ ကျနော်တို့က ဒီစက်ရုံတစ်ခု တည်းအတွက်လုပ်နေတာမဟုတ်ပါဘူး မြန်မာတနိုင်ငံလုံးက အလုပ်သမားထုအခွင့်အရေးအတွက် ကိုယ် စားပြုပါတယ်။ အစာငတ်ခံဆန္ဒပြနေတဲ့ လူတွေက ဒီနေ့ဆို သုံးရက်မြောက်နေ့ပါ အခုဆိုရင် ၂၅ ယောက် လောက်ရှိပါတယ်။ ဒီမနက်ပဲအစာအိမ် ရောဂါဝေဒနာရှင်တစ်ယောက်ဆေးရုံတင်ရပါတယ်။ ကျနော် တို့ က ဒီတိုင်းကြီးခွင့်မပြုပါဘူး ကျမ်းမာရေးတကယ်ကောင်းရဲ့လားဆိုတာကို ကြည့်ပါတယ်၊ တစ်ခု ခုဖြစ်သွားရင် ကျနော်တို့မှာ တာဝန်ရှိပါတယ်။ နောက်ဝမ်းကိုက်လို့ဆိုပြီး တစ်ယောက် ဆေးခန်း ကိုသွားနေ ရပါတယ်။ (ဦဆောင်ဆန္ဒပြ အလုပ်သမားတစ်ဦး)





"သူ့ အသက်က တစ်နှစ်ခွဲပါ ရှင့်၊ ကျမတို့က ဟင်္သတကပါ။ သူ့အဖေကဒီတောင်းဆိုနေတဲ့အထဲမှာပါပါတယ်။ ၊ သူ့အဖေက နှစ်ဆယ်ဝန်းကျင်ပါ၊ ဟုတ်ကဲ့ နယ်ကလူတွေလည်းပါပါတယ်၊ မကွေး ဘက်ကလာလုပ်တာပါ။ ယောဘက်ကလည်းပါတယ်၊ နာဂစ်ဒေသကလူတွေလည်း ဒီစက်ရုံမှာလုပ်ပါတယ်၊ နေတော့ဒီစက်ရုံနားမှာ တဲထိုးပြီးနေပါတယ်။" (ဆန္ဒပြအလုပ်သမားတစ်ယောက်ရဲ့ ဇနီးဖြစ်ပါတယ် ) အခြေခံလစာ တစ်လမှာ လေးထောင့်ရှစ်ရာသာရတဲ့အလုပ်သမားတွေ (၄၈၀၀ ကျပ် တစ်နေ့ ၈နာရီ တစ်နာရီ ၂၀ ကျပ်ပါ) အယောက် ၅၀ ငါးဆယ်လောက်ရှိပါတယ် အခုဆန္ဒပြနေတာ ကအလုပ်သမား ၅၀၀ ကျော်ပါ စက်ရုံက စုစုပေါင်း ၈၀၀ လောက်ရှိပါတယ်။ တချို့ အနည်းဆုက သိန်းကျော်ရပါတယ်။ အဒီလူတွေလည်း ပူးပေါင်းပါဝင် တောင်းဆိုနေပါတယ်။ အခုဆိုရင် အစာငတ်ခံဆန္ဒပြနေတာက သုံးရက်မြောက်နေ့ပါ။ အယောက်၂၅ လောက်ရှိပါတယ်။ ဒီမနက်ပဲအစာအိမ် ရောဂါဝေဒနာရှင်တစ်ယောက်ဆေးရုံတင်ရပါတယ်။ နောက်ဝမ်းကိုက်လို့ဆိုပြီး တစ်ယောက် ဆေးခန်းကိုသွားနေရပါတယ်။
.... မှော်ဘီ မြောင်းတကာစက်မှုဇုံ YANGON CROWN သံရည်ကျိုစက်ရုံ ဆန္ဒပြတောင်းဆိုမှု ရှစ်ရက်မြောက်နေ့ အခြေအနေ (၂၇၊၅၊၂၀၁၂ တနင်းဂနွေ နေ့လည် ၁ နာရီ) (မှတ်ချက်...ကိုယ်တိုင်သတင်းသွားရောက် ယူတာဖြစ်ပါတယ် အချက်လက်မှန်ကြောင်း အာမခံပါတယ် ကျနော် SMR ပါ)
soe moe root facebook 
အစာငတ်ခံဆန္ဒပြသူအလုပ်သမား တစ်ဦး ဆေးရုံပို့ရ
ရန်ကုန် သရဖူ သံမဏိစက်ရုံမှာ အခြေခံလစာတိုးမြှင့်ရေး အစာငတ်ခံ ဆန္ဒပြနေသူတွေထဲက တစ်ဦးကို မှော် ဘီပြည်သူ့ဆေးရုံကို မနေ့က ပို့ဆောင်လိုက်ရပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က အလုပ်သမား ခေါင်းဆောင် ၂၅ ဦး စတင် အစာငတ်ခံ ဆန္ဒပြခဲ့ရမှာနောက်ထပ် ၁၅ ဦး ပူးပေါင်းပါဝင်ပြီး အလုပ်သမား ၄၀ ဆက်လက် အစာငတ်ခံ ဆန္ဒပြနေတာ ဖြစ်ပါတယ်။

ဆန္ဒြုပသူတွေထဲက ၄ ဦးကျန်းမာရေးအခြေအနေ ဆိုးရွားနေပြီးသူတို့ထဲကတစ်ဦးကို မနေ့က ဆေး ရုံပို့လို က် ရတယ်လို့ အစာငတ်ခံဆန္ဒပြနေသူတစ်ဦးကRFA ကို ပြောပါတယ်။

"လက်ရှိကတော့ ကျနော်တို့ ဒီနေ့နဲ့ဆို ၃ ရက်ရှိပြီ။ ဒုတိယမြောက်နေ့မှာ တစ်ယောက် ကတော့ ဆေး ကုသ မှုခံယူထားရပါတယ်။ ၃ ရက်လောက် ထမင်းမစားတော့ နုံးချည့်နေတဲ့အနေအထားရှိပါတယ်။ ရေပဲသောက် ပါ တယ်။ ဒါပေမဲ့ မရမချင်း ဆန္ဒပြမယ်ဆိုတဲ့ စိတ်ရှိတဲ့အတွက် ဘယ်လိုပဲဖြစ်နေဖြစ်နေ ဆေး ကုသမှုတောင် မခံယူဘဲ ဆန္ဒပြဖို့ပါ။"

ရန်ကုန်တိုင်း မှော်ဘီမြို့နယ် မြောင်းတကာ စက်မှုဇုန်က Yangon Crownရန်ကုန်သရဖူ သံမဏိစက်ရုံ အလုပ်သမား ၃ ရာခန့်ဟာ အခြေခံလစာ တိုးမြင့်ပေးဖို့၊ အချိန်ပို လုပ်အားခ သတ်မှတ်ပေးဖို့၊ ခွင့်ရက်နဲ့
ပိတ် ရက်တွေ ညှိနှိုင်းပေးဖို့၊ စတာတွေ အပါအဝင် အချက် ၁၃ ချက်ကို ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့ က စတင်ဆန္ဒပြတောင်းဆိုနေကြတာဖြစ်ပါတယ်။

အလုပ်သမားတွေရဲ့ အဓိက တောင်းဆိုချက်ဖြစ်တဲ့ အခြေခံလစာ တိုးမြှင့်ပေးရေးကို အလုပ်ရှင်က မ လိုက်လျောတဲ့အပြင် ဆန္ဒပြ အလုပ်သမားတွေကို အလုပ်မှ ထုတ်ပယ်ကြောင်းကြေညာချက် ထုတ်ပြန် ထားတယ်လို့လည်း သိရပါတယ်။

(ဓာတ်ပုံ- YPI)

1 comment:

ICT said...

Thank you for nice information
https://uhamka.ac.id