Saturday, April 21, 2012

၁၂-၂-၉၂

by Kyawzwar Winmg on Saturday, 21 April 2012 at 11:35 ·
၁၂-၂-၉၂

အကြောင်းအမျိုးမျိုးကြောင့် အခြေအနေ အထွေထွေကြောင့် ခင်ရွှေလှိုင် နဲ့ ပတ်သက်လို့
 ကျွန်တော့် ကို အမျိုးမျိုး ချောင်ပိတ်မေးနေကြသူတွေကို ကျွန်တော်ပြောပြမယ်။

“ ၄၀၁ က ကျွန်မရဲ့ ရဲဘော်တွေ ဆိုတာ ”
 သူက မင်းတို့ ရဲ့ ဗိုလ်ကြီး မမ လား  ဆိုတဲ့ မေးခွန်းမှာ  မဟုတ်ပါ ။

ဲပြည့်စိုးနိုင်(ခ)မျီုးနိုင် A/5881
ကျော်စွာဝင်းမောင် A/5882
ခင်ရွှေလှိုင် A/5883
အေဘီ(ဗဟို)မှ တရားဝင်ထုတ်ပေးသော ကိုယ်ပိုင် နံပါတ် တွေပါ။

ဘယ်လိုပဲ ဖြစ်ဖြစ်  မရွှေ ဟာ ကျွန်တော့်ရဲ့ အချစ်ဆုံး ရဲဘော်ရဲဘက် တစ်ဦးပါ။

I never count male or female

ဒါပေမယ့်
 ၁၂-၂-၉၂ ဆိုတဲ့ ခေါင်းစဉ် နဲ့ Punk သီချင်း တစ်ပုဒ်ကိုတော့
 အောင်နိုင် ၊ နိုင်အောင် နဲ့ ကျူးလွန်ခဲ့တဲ့သူတွေ ရော
 ခံခဲ့ရတဲ့သူတွေ  အတွက်ရော
 ရည်ညွှန်းလိုက်ပါတယ် ။

၁၂-၂-၉၂ (သီချင်း)
Punk Beat

တိမ်တွေ ပြိုနေပြီ.... ငါ့ရဲ့ အခန်းထဲမှာ
ဆေးသားပန်းချီ ပြယ်လွင့်သွား... အိပ်မက်များ ..
စာတန်တွေရယ်... မြူးတူးကခုန် သလား ...
ပျောက်ဆုံးသွားတဲ့ မျှော်လင့် တံခါးများ...။

နေရောင်မကယ်နီုင်ပြီ.... အတ္တ အမှောင်ထုကြီးကို...
ပင့်ကုမျှင်နဲ့ အကျဉ်းချထား... ပိုးဟတ်များ..
နောင်တတွေနဲ့... အရှုံးပေးရမှာလား....
ကြေမွသွားတဲ့ ပန်းငယ်ရိုင်းများ..။

ကျိန်စာ ဝင်နေတဲ့ ... ည ဦးဏှောက်ကို ဖောက်စား
ဆယ့်နှစ်ကြိုးတပ် ကဝေမရဲ့ ရေရွတ်သံများ ...
အာဆံမြေရဲ့ တေးသွားများက နားထဲ မချိုလည်း
လေလွင့်သွားတဲ့ မီးခိုးငွေ့များထဲ....။

Cho; အချိုမြိန်ဆုံး နမိတ် တစ်ခု
        ငါကြားခဲ့ရပြီ ဟေ့
        အမှောင်ယံထဲမှာ
        လွတ်မြောက် သွားမဲ့
        ငါ့ရဲ့ အတ္တ နှလုံးသား ....     ...              ရည်ညွှန်း  (၁၂-၂-၂၀၁၂)  
 
==========================
ငါ့ အမ မငယ်လဲ ကျွန်တော် ဆီ စာရေးပါဦး.....။
ကျော်စွာဝင်းမောင်
၂၁-၄-၁၂
Kyawzwar Wingmg facebook မှကူးယူဖော်ပြသည်။

No comments: