Saturday, April 21, 2012

ပါမောက္ခ ဂျိုးဆက်ဖ်ဆေးလ်ဗာစတိုင်း လူ့အခွင့်အရေး ဆိုင်ရာ ရှေ့နေ ဦးအောင်ထူး

မြန်မာ့အရေးကျွမ်းကျင်သူ အမေရိကန်ပညာရှင် ပါမောက္ခ ဂျိုးဆက်ဖ်ဆေးလ်ဗာစတိုင်း

"အခုလို ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ကျမ်းသစ္စာကျိန်ဆိုဖို့ အသုံးအနှုန်းအရ အငြင်းပွားစရာ ဖြစ်နေတဲ့ ကိစ္စဟာ တကယ့်ကို အရေးကြီးပါတယ်။ စစ်တပ်ရဲ့အာဏာကို ခိုင်မြဲအောင် လုပ်ထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြည်သူကို ကိုယ်စားပြုတဲ့ NLD ပါတီ အနေနဲ့ ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ပါမယ်လို့ ကျမ်းသစ္စာကျိန်ဆိုဖို့ မဖြစ်နိုင်ဘူးလို့ ကျနော်မြင်ပါတယ်။" 

လူ့အခွင့်အရေး ဆိုင်ရာ ရှေ့နေ ဦးအောင်ထူး
"NLD အနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲ ၀င်တဲ့အချိန်ကာလမှာလည်း လူထုကို ပြောခဲ့တဲ့ အချက်တွေထဲမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုပြင်ဆင်ပါမယ်ဆိုတဲ့ အချက်က အဓိက ပါဝင်ခဲ့တာကြောင့် အခု လို ကျမ်းသစ္စာ ကျိန်ဆိုမယ့် ကိစ္စမှာ စတင်ပြင်ဆင်ဖို့ ကြိုးစားတာဖြစ်တယ်။"

"ထိမ်းသိမ်းကာကွယ်စောင့်ရှောက်တာနဲ့ လေးစားလိုက်နာတာနဲ့ ဒီစကားလုံး ၂ ခုရဲ့ အနှစ်သာရအရ လုံးဝခြားနားတယ်။ လေးစားလိုက်နာတာက ဖွဲ့စည်းပုံ အခြေခံ ဥပဒေပဲလို့ အခြေခံ အားဖြင့် လေး စားလိုက်နာဖို့ တာဝန်ရှိတယ် ဆိုတာ ဖြစ်တယ်။ ကာကွယ်စောင့်ရှောက်တယ်လို့ စဉ်းစားတဲ့ အခါကျတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ အနှစ်သာရနဲ့ ဆိုင်သွားတယ်။ ဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ပြည်သူအများရဲ့ အခြေခံအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ထားတဲ့အတွက် ဒါဟာ ငါတို့ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပဲ။ ဒါကို ကာကွယ်ခြင်းအားဖြင့် ငါတို့ရဲ့ အခွင့်အရေးကို ကာကွယ်တာပဲလို့ လူထုကိုယ်တိုင်က ယူဆထားတဲ့ အချိန်မှာ ဒီ အခြေခံဥပဒေကို ကာကွယ်မှာပဲ။ ဒါ အနှစ်သာရ ပြဿနာ ဖြစ်သွားတယ်။"

အခုလို ကျမ်းသစ္စာ ကျိန်ဆိုဖို့ စကားအသုံးအနှုန်း ပြောင်းလဲဖို့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးက သူတို့မသက်ဆိုင်ဘူးလို့ အန်အယ်လ်ဒီကိုငြင်းလိုက်တာဟာ တရားဥပဒေ စိုးမိုးရေး အားနည်းနေသေးတယ် ဆိုတာ ပြလိုက်တာပဲလို့ ဦးအောင်ထူးက ပြောပါတယ်။

"လက်တွေ့အားဖြင့် အဲဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကနေပြီးတော့ လွတ်လပ်တဲ့ တရားစီရင် ဆွေးနွေးတဲ့ အခြေခံကို ဖော်ဆောင်ပေးရတာဖြစ်တယ်။ ဒီ ၂၀၀၈ ခုနှစ် အခြေခံဥပဒေ မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တရားရုံးကို အသွင်သဏ္ဌာန်အားဖြင့် တည်ရှိသော်ငြားလည်းဘဲ လုံးဝ လွတ်လပ်မှု မရှိတဲ့ တရား ရုံး ဖြစ်နေတယ်။ နိုင်ငံရေး လက်အောက် ခံ ဖြစ်နေတယ်။
တရားသူကြီးတွေ ရွေးချယ်တင်မြောက်တဲ့ အနေအထားကို ကြည့်လိုက်တာနဲ့ ဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေ တရားရုံးဟာ မလွတ်လပ်ဘူးဆိုတာမြင်နိုင်တယ်။
 
နောင်ကို အဲဒီ ဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်ပြီးတော့ ပြင်ဖို့ ကြိုးစားတဲ့ လုပ်ဆောင်ချက်တွေ မှန်သမျှကို အခုပယ်ချလိုက်သလိုနောင်လည်း ဆက်ပြီး ပယ်ချနိုင်တဲ့ အလား အလာတွေ တော်တော့်ကို များသွားပြီ။"


၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်မယ်ဆိုတဲ့ ကျမ်းသစ္စာကျိန်ဆိုတဲ့ အသုံးအနှုန်း အပေါ် ဥပဒေပညာရှင် နဲ့မြန်မာ့ အရေးကျွမ်းကျင်သူ အမေရိကန် ပညာရှင်တို့ရဲ့အမြင်များ

မြန်မာ့အရေးကျွမ်းကျင်သူ အမေရိကန်ပညာရှင် ပါမောက္ခ ဂျိုးဆက်ဖ်ဆေးလ်ဗာစတိုင်းက-

"ဒီဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ဒီမိုကရေစီ နည်းလမ်း မကျတဲ့အတွက် NLD က ဆန့်ကျင်ထားပြီးသားပါ။ ကြားဖြတ် ရွေးကောက်ပွဲ မတိုင်ခင်ကလည်း ဖွဲ့စည်းပုံကို ပြင်ဆင်မယ် ဆိုတဲ့အချက်ကို NLD က ပြောခဲ့ပါတယ်။ ဒါပေမယ့် အစိုးရဘက်ကနေ ရွေးကောက်ခံရတဲ့ NLD လွှတ်တော် ကိုယ်စားလှယ်တွေ ဖွဲ့စည်းပုံ အခြေခံဥဒေနဲ့ပတ်သက်လို့ ကျမ်းသစ္စာ ကျိန်ဆိုဖို့ပြောနေပြီး ဒေါ်အောင်ဆန်းစုကြည်ဘက် ကလည်း ငြင်းဆိုထားပါတယ်။ ဒါကိုကြည့်ရင် NLD ဟာ
တဖက်မှာလည်း လွှတ်တော်ထဲ ၀င်ဖို့ဆုံးဖြတ်ထား တဲ့ NLD အနေနဲ့ အခုလို စကားလုံး အသုံးအနှုန်းမှာ အငြင်းပွားနေတာကို ဝေဖန်သူတွေလည်း ရှိပါတယ်။ 
ဒါပေမယ့် ပါမောက္ခ ဂျိုးဆက်ဖ် ဆေးလ်ဗာစတိုင်း ကတော့ NLD အနေနဲ့ လုပ်ကိုလုပ်ရမယ့် ကိစ္စဖြစ်တယ်လို့ မြင်တဲ့အကြောင်း အခုလို ပြောပါတယ်။

"အခုလို ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ကျမ်းသစ္စာကျိန်ဆိုဖို့ အသုံးအနှုန်းအရ အငြင်းပွားစရာ ဖြစ်နေတဲ့ ကိစ္စဟာ တကယ့်ကို အရေးကြီးပါတယ်။ စစ်တပ်ရဲ့အာဏာကို ခိုင်မြဲအောင် လုပ်ထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြည်သူကို ကိုယ်စားပြုတဲ့ NLD ပါတီ အနေနဲ့ ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ပါမယ်လို့ ကျမ်းသစ္စာကျိန်ဆိုဖို့ မဖြစ်နိုင်ဘူးလို့ ကျနော်မြင်ပါတယ်။"

လူ့အခွင့်အရေး ဆိုင်ရာ ရှေ့နေ ဦးအောင်ထူးက -

"NLD အနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲ ၀င်တဲ့အချိန်ကာလမှာလည်း လူထုကို ပြောခဲ့တဲ့ အချက်တွေထဲမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို
ပြင်ဆင်ပါမယ်ဆိုတဲ့ အချက်က အဓိက ပါဝင်ခဲ့တာကြောင့် အခုလို ကျမ်းသစ္စာ ကျိန်ဆိုမယ့် ကိစ္စမှာ စတင်ပြင်ဆင်ဖို့ ကြိုးစားတာဖြစ်တယ်။"

"ထိမ်းသိမ်းကာကွယ်စောင့်ရှောက်တာနဲ့ လေးစားလိုက်နာတာနဲ့ ဒီစကားလုံး ၂ ခုရဲ့ အနှစ်သာရအရ လုံးဝခြားနားတယ်။ လေးစားလိုက်နာတာက ဖွဲ့စည်းပုံ အခြေခံ ဥပဒေပဲလို့ အခြေခံအားဖြင့် လေးစားလိုက်နာဖို့ တာဝန်ရှိတယ် ဆိုတာ ဖြစ်တယ်။ ကာကွယ်စောင့်ရှောက်တယ်လို့ စဉ်းစားတဲ့ အခါကျတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ အနှစ်သာရနဲ့ ဆိုင်သွားတယ်။ ဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ပြည်သူအများရဲ့ အခြေခံအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ထားတဲ့အတွက် ဒါဟာ ငါတို့ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပဲ။ ဒါကို ကာကွယ်ခြင်းအားဖြင့် ငါတို့ရဲ့ အခွင့်အရေးကို ကာကွယ်တာပဲလို့ လူထုကိုယ်တိုင်က ယူဆထားတဲ့ အချိန်မှာ ဒီ အခြေခံဥပဒေကို ကာကွယ်မှာပဲ။ ဒါ အနှစ်သာရ ပြဿနာ ဖြစ်သွားတယ်။"

အခုလို ကျမ်းသစ္စာ ကျိန်ဆိုဖို့ စကားအသုံးအနှုန်း ပြောင်းလဲဖို့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးက သူတို့မသက်ဆိုင်ဘူးလို့ အန်အယ်လ်ဒီကို
ငြင်းလိုက်တာဟာ တရားဥပဒေ စိုးမိုးရေး အားနည်းနေသေးတယ် ဆိုတာ ပြလိုက်တာပဲလို့ ဦးအောင်ထူးက ပြောပါတယ်။

"လက်တွေ့အားဖြင့် အဲဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကနေပြီးတော့ လွတ်လပ်တဲ့ တရားစီရင် ဆွေးနွေးတဲ့ အခြေခံကို ဖော်ဆောင်ပေးရတာ
ဖြစ်တယ်။ ဒီ ၂၀၀၈ ခုနှစ် အခြေခံဥပဒေမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ တရားရုံးကို အသွင်သဏ္ဌာန်အားဖြင့် တည်ရှိသော်ငြားလည်းဘဲ လုံးဝ လွတ်လပ်မှု မရှိတဲ့ တရားရုံး ဖြစ်နေတယ်။ နိုင်ငံရေး လက်အောက် ခံ ဖြစ်နေတယ်။
တရားသူကြီးတွေ ရွေးချယ်တင်မြောက်တဲ့ အနေအထားကို ကြည့်လိုက်တာနဲ့ ဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေ တရားရုံးဟာ မလွတ်လပ်ဘူးဆိုတာမြင်နိုင်တယ်။
 
နောင်ကို အဲဒီ ဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်ပြီးတော့ ပြင်ဖို့ ကြိုးစားတဲ့ လုပ်ဆောင်ချက်တွေ မှန်သမျှကို အခုပယ်ချလိုက်သလိုနောင်လည်း ဆက်ပြီး ပယ်ချနိုင်တဲ့ အလား အလာတွေ တော်တော့်ကို များသွားပြီ။"

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ တရားဥပဒေ စိုးမိုးရေးအတွက် ကြားဖြတ် ရွေးကောက်ပွဲဝင်ခဲ့ပြီး အပြတ်အသတ် အနိုင်ရခဲ့တဲ့ အန်အယ်လ်ဒီပါတီ အတွက် သူတို့ပြောဆိုထားတဲ့အချက်တွေကို အကောင်အထည်ဖေါ် ဆောင်ရွက်နိုင်ဖို့ စတင်လိုက်တဲ့ခြေလှမ်း လို့ မြန်မာ့အရေး ကျွမ်းကျင်သူတွေက RFA ကို ပြောသွားပါတယ်။
အရင်ကတည်းက ရပ်တည်ချက်အတိုင်း ဆက်လက် ရှိနေတာကို တွေ့ရပါတယ်။"

No comments: