Saturday, April 21, 2012

ဝင်သင့်မ၀င်သင့်၊ပြင်သင့်မပြင်သင့်။

ဥပဒေအကြံပေး ဦးအောင်သိန်း
"တကယ်တော့ ပါတီမှတ်ပုံတင်ပြီး ရွေးကောက်ပွဲ ၀င်ရေးအတွက်ကို ဒီက တောင်းဆိုလိုက်တဲ့အခါ သမ္မတကိုယ်တိုင် ပြင်ပေးလိုက်တယ်ပေါ့ဗျာ။ အဲဒီအချိန်မှာ ဖွဲ့စည်းပုံ ပြင်ပေးပါလို့ ကျနော်တို့ ဘာမှ ပြောခွင့် မရှိဘူးလေ။ ဘာလို့လဲဆိုတော့ ကိုယ်စားလှယ်မှ မဟုတ်သေးဘဲနဲ့ဟာကိုး။

ကိုယ်စားလှယ် ဖြစ်တဲ့အခါကျတော့ ကျနော်တို့က ဖွဲ့စည်းပုံနဲ့ တိုက်ရိုက် သက်ဆိုင်လာပြီ။ ယခင်ကလည်း ဒီ ဝေါဟာရ အပေါ်မှာ ပြင်ပေးထားတယ်။ အခုလည်း ထပ်ပြင်ပေးဖို့ တောင်းဆိုတာက မှားတယ်လို့ ကျနော် မထင်ဘူးဗျ။ ဖွဲ့စည်းပုံမှာ ပြဌာန်းထားတဲ့ ဥပဒေတရပ်ကို ပြင်မယ် ဆိုရင်တော့ ၇၅ ရာခိုင်နှုန်းမဲ အရေ အ တွက်၊ နောက်တခါ လူထု ထောက်ခံ ဆန္ဒမဲတွေနဲ့မှ ပြင်ရမယ်ဆိုတဲ့ ဟာ။

ကျနော့်အမြင် ပြောရမယ်ဆိုရင်တော့ဗျာ။ ပုဒ်မကြီး တခုလုံး ပြင်တာ မဟုတ်တဲ့အတွက် ဒါပြင်သင့်ပြင် ထိုက် တယ်။ သမ္မတနေနဲ့လည်းပြင်ပိုင်ခွင့်ရှိတယ်လို့ ကျနော် မြင်တယ်။"

ဦးခင်မောင်ဆွေ
ကျနော့်အမြင်ကတော့ NLD ဟာ ပြည်သူလူထုထောက်ခံမှု အများဆုံးနဲ့ နိုင်သွားတဲ့ ပါတီဖြစ် တယ်။ ပြည် သူလူထုကို လေးစားတဲ့ အနေနဲ့ လွှတ်တော်ထဲကို ရောက်အောင်သွားရမယ်။ ဘယ်ပါတီ မဆို ပြည်သူ့  ဆန္ဒ ကို ခံယူပြီးတဲ့အခါ ဟိုအကြောင်း ကြောင့်၊ ဒီအကြောင်းကြောင့် မသွားနိုင် ဘူး ပြောတာ ဟာ ပြည် သူ့ အပေါ်မှာ လေးစားရာ မရောက်ပါဘူး”


အိန္ဒိယနိုင်ငံရောက် ၁၉၉၀ လွှတ်တော်အမတ် ဒေါက်တာတင့်ဆွေ
"နိုင်ငံတကာမှာကတော့ မြန်မာပြည်လို ကျမ်းကျိန်ဖို့ ကိစ္စမှာ ပြဿနာရှိတယ်
လို့ တော့ ကျနော် မတွေ့ဖူးဘူး။ နောက်တခုက ဒီ အခြေခံဥပဒေ ဆိုတာက ရေးပြီးတော့ ပြင်ဖို့ အင်မတန်မှ လွယ်ရတဲ့ ကိစ္စကတော့ တကမ္ဘာလုံးမှာပါပဲ ခင်ဗျ။ ရေးပြီးသားဟာကို ပြင်မရအောင်လုပ်တယ်ဆိုတဲ့ အချက် ကိုက ဒီ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံမှာကိုက လွဲခဲ့တာပေါ့ဗျာ။

ကျမ်းကျိန်ဖို့ ကိစ္စမှာ စကားလုံးလွဲနေတာတွေကတော့ သေသေချာချာပဲ မတူအောင်လုပ်ခဲ့ကြသလား လို့တော့ကျနော်တို့ကသံသယရှိကြတယ်။ဘာကြောင့်လဲဆိုတော့ဗမာပြည်မှာက အုပ်ချုပ်ရေးပိုင်းမှာ လုပ်နေ ကြတဲ့အရာရှိအရာခံအကြီးအငယ်တွေအကုန်လုံးဟာဖွဲ့စည်းပုံကအသစ်၊အစိုးရကအသစ်ဖြစ်သော်ငြား လည်းဘဲ အတွေ့အကြုံများပြီးသား၊ မှားစရာတော့ မရှိဘူးဗျ။ အဲဒီလိုလွဲ တယ် ဆို  ရင်တော့ တမင်တကာ ကို လွဲအောင်လုပ်ဖို့ ပုဂ္ဂိုလ်တွေ အထဲမှာ မမြင်ရတဲ့ လက်တွေရှိသလားလို့ ကျနော်တို့ သံသယ ၀င်ရတော့  မှာပေါ့။ "
 
 
ကိုလင်း ( အင်ဂျင်နီယာ ကမာရွတ်မြို့နယ်)
လွှတ်တော်ထဲရောက်စေချင်လို့ ပြည်သူကမဲပေးခဲ့တာလေ။ လောလောဆယ် ပြည်သူက သူတို့ အခြေခံ ဥ ပဒေ ကို ပြင်တာထက်ပြည်သူလူထု အကျိုးကို သယ်ပိုးစေချင်တ ယ်လေ။ အခြေခံဥပဒေ ကိုပြင်မယ်   ဆို တာကြီးကိုအရင်စမယ်ဆိုရင်တော့မဖြစ်သင့်သေးဘူလို့မြင်တယ်၊ဒါကနောက်တဆင့်မှသွားပေါ့၊ လောလော ဆယ် အန်အယ်ဒီပါတီကိုယ်စားလှယ်တွေ လွှတ်တော်ထဲ အရင်ရောက်အောင် သွား သင့်တယ်လို့ မြင် တယ်။ လာမဲ့ ၂၀၁၅ မတိုင်ခင်အချိန်မှာပြည်သူလူထုရဲ့ အဓိက လိုအပ်ချက်တွေကို အရင် ဦးစားပေးပြီး လုပ်စေချင်တယ်။ ခုလို ကျန်းသစ္စာ ဆိုကိစ္စနဲ့တင် လွှတ်တော်မတက်ဖြစ်တော့ ဘူးဆိုတာကိုလည်းပြည် သူတွေ မလိုချင်ဘူး။ ကျနော်ကတော့ အေးအေးချမ်းချမ်းနဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်တာကိုပဲ လိုချင် ပါ တယ်။



 မဋ္ဌေးဋ္ဌေးငြိမ်း( အိမ်ရှင်မတစ်ဦး၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်)
ကျမတို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကို လူထုမဲပေးတယ်ဆိုတာလွှတ်တော်ထဲကိုရောက်စေချင်လို့ပါ။ သူတို့လွှတ်တော်မတက်ဘူးဆိုတော့လူထုကအားလျှော့သွားတာပေါ့။အခြေခံဥပဒေကိုပြင်မယ်ဆို တာလောလောဆယ်မလုပ်သင့်သေးဘူးလို့ထင်တယ်။ လူထုကအရမ်းမျှော်လင့်တဲ့လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်တဲ့အတွက် လွှတ်တော်ထဲကို သွားပြီးပြည်သူ အကျိုးကိုအရင်ဆုံး ပြုလုပ်သင့်တယ်ထင်တယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်
လွှတ်တော်တွင်းနိုင်ငံရေးနှင့်လွှတ်တော်ပြင်ပနိုင်ငံရေးဆိုပြီးခြေလှမ်းနှစ်လှမ်းပေါ့ဗျာ၊ သူတို့ဘယ်ခြေလှမ်းဆို ကျတော်တို့ကညာခြေလှမ်းပေါ့ဗျာ၊ အဲဒါဟန်ချက်ညီနေဖို့ပါပဲ ကိုယ့်တာဝန်ကိုကျေအောင်ကြိုးစားကြဖို့ပါပဲ
ပြည်သူတွေကိုတကယ်အကာအကွယ်ပေးနိုင်မယ့် ပြည်သူ့အခွင့်ရေးတွေကိုဖော်ထုတ်နိုင်မယ့် ဥပဒေတွေ ကို ရေးဆွဲနိုင်ပါစေ၊ ပြည်သူကိုအကျိုးမပြုတဲ့ ပြည်သူဖိနှိပ်တဲ့ဥပဒေတွေကိုပယ်ဖျက်နိုင်ဖို့ အဲဒါကလွှတ်တော် ဆိုတာ ဥပဒေပြုအာဏာကို အပြည့်အ၀သုံးစွဲကြပါလို့ ကျွန်တော်တို့တိုက်တွန်းချင်ပါတယ်။

နာရေးကူညီမှုအသင်း ဥက္ကဌဦးကျော်သူ
လွှတ်တော်ထဲကိုဝင်ရမယ်ဆိုရင် ၀င်ဝင်ချင်းသူတို့ သစ္စာဓိဌာန်လို့ဆိုမလား။ ဒီဟာကိုသူတို့  ဖတ်ရတာရှိ တယ်။ အဲမှာ၂၀၀၈ ဖွဲ့စည်းပုံကို ကာကွယ်ပါ့မယ်။ စောင့်ရှောက်ပါမယ်။ အဲဒီဟာ သိထားရမယ်။ ဒါက ကို လည်း လွှတ်တော်ထဲဝင်ရမယ့်ခေါင်းဆောင်ကြီးတွေ သိထားပြီးဖြစ်မှာပါ။ ဒါကိုသေချာလေး လုပ်ပြီးတော့ လွှတ်တော် တွင်းမှာလဲ ပြည်သူပြည်သားတွေထဲက NLD အနိုင်ရရှိအောင် ရပ်ကွက်အလိုက် ကျတော်တို့ပါ၊ အပါမဲဆန္ဒပေးခဲ့ရတယ်။ပေးခဲ့တဲ့အခါမှာပြည်သူလူထုကိုကိုယ်နဲ့အနီးကပ်ဆုံးရှိတဲ့ကိုယ့်မြို့နယ်ကပြည် သူလူ ထုတွေ အဆင်ပြေအောင် အရင်ဆုံးလုပ်စေချင်တယ်။ ကိုယ့်မြို့နယ် အဆင်ပြေတော့ မှ   နောက် ပိုင်း ကျမှ တစ်တိုင်းပြည်လုံးအဆင်ပြေအောင် တစ်ဆင့်ပြီးတစ်ဆင့် တက်စေ ချင်တယ်။

ဘလော့ဂ်ဂါကိုနေဘုန်းလတ်
NLD ကလွှတ်တော်ကိုယ်စားလှယ်တွေကို ပြည်သူတွေက အများကြီးမျှော်လင့်နေကြတယ်။ ဘယ်သူတွေ က မျှော်လင့်ချက်တွေဟာ အကုန်လုံးပြည့်အောင် ဖြည့်ဆည်းဖို့ဆိုတာမလွယ်ဘူးပေါ့။ ဒါပေမယ့်တတ်နိုင် သလောက်တော့ ကြိုးစားရမယ်။ အဓိကကတော့ ပြည်သူတွေရဲ့အသံကို လွှတ်တော်ကို အရောက်ပို့နိုင်ဖို့ အရေးကြီးဆုံးပဲ။ အဲလို ပြည်သူတွေရဲ့အသံကိုအရောက်ပို့နိုင်ဖို့ကလဲ ပြည်သူတွေအားလုံးရဲ့အသံကို ကိုယ် ကလဲ ကြားနိုင်တဲ့အစွမ်းရှိရမယ်။ ကြားအောင်ဆိုတာကလဲ အိမ်မှာထိုင်နေရင်တော့ ဘာမှကြားရမှာ မဟုတ် ဘူး။ ထိုင်ပြီးတော့ အိမ်မှာကြားသလာက်ပဲနားထောင်နေမယ်ဆိုရင်တော့ ပြည်သူလူထုတွေဘာတွေ လို အပ်နေလဲ၊ ဘာတွေပြောချင်နေလဲ ဆိုတာ ကြားရမှာမဟုတ်ဘူး။ အဲတော့ လွှတ်တော်ကိုယ်စား လှယ်တွေ အနေနဲ့က ပြည်သူနဲ့တစ်သားထဲရှိဖို့က ပြည်သူတွေကြားထဲလျှေက်သွားပြီး ပြည်သူနဲ့တစ်သားထဲ ဖြစ်အောင်နေပြီး ပြည်သူ့အသံကို တောက်လျှောက်နားစွင့်နေမှ ပြည်သူ့အသံကိုကိုယ်ကကြားမယ်။
အဲလိုကြားပြီးတဲ့အသံတွေကိုလဲ လွှတ်တော်ထဲ ဘယ်လိုပုံစံနဲ့တင်ပြမလဲ။ လွှတ်တော်မှာအစ်ကို သိ သလောက်တော့မေးခွန်းမေးလို့ရတယ်။ အဆိုတင်လို့ရတယ်။ ပြီးတော့ ဥပဒေကြမ်းတင်လို့ရတယ်။ တစ်ချို့ ဟာတွေဆို မေးခွန်းမေးရုံနဲ့ပြေလည်သွားမယ့် ကိစ္စတွေ ရှိကောင်းရှိနိုင်တယ်။ တစ်ချို့ဟာတွေလဲ အဆို အနေနဲ့တင်တာပေါ့။ တစ်ချို့ဟာတွေကျတော့လဲအဆိုအနေနဲ့တင်သွင်းတာ တွေရှိမယ်၊ မေးခွန်းမေးနိုင်တဲ့ဆင့်နဲ့ပြေလည်သွားမယ်ဆိုလို့ရှိရင် မေးခွန်လေးမေးနိုင်တာနဲ့တင် ပြည်သူလူထုအတွက် အများကြီးအကျိုးရှိသွားတာတွေဖြစ်နိုင်တယ်။အဲဒါကြောင့်အဲလိုဟာတွေကို ကျေကျေညက်ညက် လေ့လာထား သင့်တယ်၊ အဓိကကတော့ပြည်သူလူထုနဲ့ တစ်သားထဲဖြစ်ဖို့ အရေးကြီးပါတယ်။

ကိုစည်သူမောင်(၂၀၀၇ မျိုးဆက်ကျောင်းသား)
ကြားဖြတ်ရွေးကောက်ပွဲမှာ အဓိကနိုင်သွားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စား လှယ်ကြီး တွေကို ပြောချင်တာက အခုလွှတ်တော်ထဲကိုရောက်လို့ရှိရင် ကျတော်တို့ပြည်သူတွေအတွက် ၀န် ထုတ်ဝန်ပိုး ဖြစ်စေမယ့် ဥပဒေတွေအများအပြားကျန်ရှိနေပါသေးတယ်။ ဒီမိုကရေစီနိုင်ငံတခုကို သွား တဲ့နေ ရာမှာဒီမိုကရေစီစနစ်နဲ့မကိုက်ညီသေးတဲ့ ဥပဒေတွေ ဒီထိန်းချုပ်ထားတဲ့ ဥပဒေတွေ ဒါတွေ ဟာ အများကြီး ရှိနေသေးတယ်။ ဒီဥပဒေတွေကို ပယ်ဖျက်ပေးဖို့အတွက် လွှတ်တော်တွေမှာ အဆိုပြုကြမယ်။ ဥပဒေ ကြမ်းတွေ တင်ကြမယ်လို့ မျှော်လင့်ပါတယ်။

ရွှေမြစ်မခဒီမိုဝေယံ  မှကူးယူဖော်ပြသည်။

No comments: