Wednesday, April 11, 2012

လမ်းဆုံးရင်ရွာတွေ့ မှာပါ(မောင်မောင်-ရွှေကရ၀ိတ်)

ကိုထွန်းအောင်ကျော်နဲ့အတူ အဖမ်းခံခဲ့ရတဲ့ ကိုညီညီ (ယူဂျီ၊ ဆမား) ကို အဲဒီညမှာပဲ ကေအိုင်အေက လာခေါ် ထုတ်သွား ပြီး ဧည့်ခမ်းဆောင်မှာ ထားခဲ့တယ်လို့ ကိုညီညီရဲ့ ကျမအပေါ်တုံ့ပြန်ချက် မှာ ရေးထည့်ထား တာ ကို တွေ့ရတယ်။ မဟာ မိတ်ဆက်ဆံရေးနဲ့ ပတ်သက်ပြီး ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်ဟာ ဘာတွေဘာတွေ ကို ဘယ်လို ဘယ်လိုတွေ အောင်မြင် အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်လို့ ဂုဏ် ယူပြောကြားခဲ့တဲ့ ကိုညီညီရဲ့ အကိုကိုမောင်မောင် (ရွှေကရဝိတ်) ပြောခဲ့တဲ့စကားတွေအရဆို ကေအိုင်အေက ခေါ်ထုတ်သွားရမှာ ဥက္ကဋ္ဌ  ကိုထွန်းအောင်ကျော်ကို မဟုတ်လား၊ ဘာကြောင့် သူရဲ့ညီ ကိုညီ ညီ ဖြစ်နေရတာလဲ။
ကေအိုင်အေအတွက် ယူဂျီလုပ်ငန်းတွေ လုပ်ပေးခဲ့လို့ဆိုရင်လည်း ကိုမောင်မောင်၊ ကိုညီညီတို့ ညီအကိုထက် အဓိက တာဝန်ခံ လုပ်ပေးခဲ့သူတွေက ဥက္ကဋ္ဌကိုထွန်းအောင်ကျော်နဲ့ ကိုချိုကြီး တို့ ညီအကိုပါ။
- ဘာကြောင့် သူတို့ညီအကို နှစ် ယောက်ကိုတော့ ခေါ်ထုတ်မပေးခဲ့ကြတာလဲ။
- ကေအိုင်အေရဲ့ ဧည့်ခမ်းဆောင်မှာ နေခဲ့ရပါတယ်ဆိုတဲ့ ကိုညီညီကရော ဘာကြောင့် အဲဒီအချိန်တုန်းက ကျနော့်အသက်နဲ့လဲပြီး အာမခံရဲပါ တယ်လို့ ကေအိုင်အေ ခေါင်းဆောင်တွေကို ပြောပြ အကူအညီ မတောင်း ခဲ့တာလဲ။
- ဘာကြောင့် အခုမှ ကိုထွန်းအောင်ကျော်တို့ ကိုချိုကြီးတို့အတွက် မခံမရပ်နိုင် အသည်း အသန် ဖြစ်ပြနေ ရတာလဲ။ – - — ရဲဘော်ရဲဘက်ဆိုတာ သေချာရဲ့လား။                           
ခင်ရွှေလှိုင်(မြောက်ပိုင်းကျောင်းသားတပ်မတော်ကိုဖြိုခွဲသွားတဲ့တရားခံအစစ်တွေကဘယ်သူတွေလဲ-၈)    --------------------------------------------------------------------------------------
ကျွန်တော်ကဘာကိုရှင်းပေးရမှာလဲ ကိုအောင်စိုးလင်း၊ကချင်တွေဘာရည်ရွယ်ချက်နဲ့ ဘာအကြောင်းနဲ့ လုပ် ခဲ့ကြသလဲဆိုတာ ကျွန်တော်ဘယ်လိုသိနှိုင်မှာလည်း။သူ့ကိုခေါ်သွားတယ်ဆိုတာ ညီညီပြောလို့ ကျွန်တော် လဲ သိရတာလေ။မျိုးဝင်းက ညီညီကိုတခုခုအသုံးချချင်လို့ကချင်ဘက် အပ်လိုက်တာရော ဖြစ်နိုင် တာဘဲ။
မျိုးဝင်းညီညီ့ကို ဘယ်လိုအသုံးချဖို့အစီအစဉ်ရှိတယ်ဆိုတာ ကျွန်တော့ကိုပြောပြခဲ့လို့ လွန်ခဲ့တဲ့လေး
နှစ်လောက်ကထဲကကျွန်တော့်စာအုပ်ထဲမှာမျိုးဝင်းပြောခဲ့တဲ့အတိုင်းအသေးစိတ်ရေးထားပါတယ်။ ဖတ်လိုက်ရင်ရှင်းသွားမှာပါ။ချိုကြီးဆိုတာ တောထဲမသွားခင်က ကျွန်တော်တို့အိမ်မှာ အမြဲရှိနေတတ်တာ မှန်ပေမဲ့ကျွန်တော်နဲ့ကစကားလေးခွန်းပြည့်အောင်ပြောခဲ့ဘူးတာမဟုတ်။အိမ်အဝင်အထွက်ပြုံးပြတာ ၊ခေါင်းလေးဆတ်ပြီးအသိအမှတ်ပြုတာလောက်ဘဲရှိခဲ့တာ။ညီညီနဲ့တွဲပြီးကျောင်းသားလှုတ်ရှားမှုတွေ လုပ်နေတဲ့ သူဆိုတာလောက်ဘဲသိထားတာ။ယူဂျီတာဝန်ခံဆိုတာ နောက်ပိုင်းမှ သိလာတာ။ကျွန်တော်က မိသားစု စားဝတ်နေရေးအတွက် ဟန်လင်းသစ်ကုမ္ပဏီမှာ တလငါးထောင် နဲ့ အလုပ်လုပ်နေ တာ။အချိန် အများစုကဝန်းသိုမှာနေရပြီးတော့ ကောလင်းနယ် ဉဒုံးပင်ရွာအနီးက သော်ကြိုးဝိုင်း အကွက်၆၃ မှာ ပိတောက် သစ်လုံး တန်၅၀၀ ထုတ်ခွင့်ရထားလို့ တောထုတ်အလုပ် လုပ်နေ တာဆိုတော့ အလုပ် ကိစ္စပေါ် မှ အိမ်ပြန်ရောက်တတ်တာ။
ထွန်းအောင်ကျော်နဲ့ကတော့ဒီ့အရင်ကတဲကသိခဲ့တာ။မန္တလေးမြို့လုံးဆိုင်ရာသပိတ်တပ်ပေါင်းစုမှာကျွန်တော် ကတဉီးထဲသော မွတ်စလင်အဖွဲ့ဝင်။ထွန်းအောင်ကျော်က လည်းအဖွဲ့ဝင် သူနဲ့တိုက်ရိုက် မဆက် ဆံဘူးပေ မဲ့ ဉက္ကဌဆရာတော်ဉီးကဝိန္ဒ၊အတွင်းရေးမှုးဆရာတော်ဉီးရေဝဒ တို့နဲ့ပတ်သက်ပြီးတွေ့ဘူးကြုံ ဘူးနေတဲ့ သူ။ အတူတူစစ်သင်တန်းတက်အတူတူတောခိုဘူးမှရဲဘော်ရဲဘက်ဆိုရင်တော့သူတို့နှစ်ယောက် ဟာ ကျွန်တော့ ရဲဘော် ရဲဘက်မဟုတ်ပေါင်။ဒီကိစ္စစကားပြောနေတာမတရားအဖမ်းခံရတဲ့၊ အနှိပ် စက်ခံကြရတဲ့သေ သူရှင် သူ အားလုံးအတွက်ပြောနေတာ သူတို့နှစ်ယောက်ထဲ အတွက်ပြောနေ တာမှမဟုတ် တာ။ဒီမိန်းမသောင် စဉ်ရေမရ လျှောက်ရေးနေတာပါဗျာ။စောင့်ကြည့်ပါဗျာ။လမ်းဆုံးရင်ရွာတွေ့မှာပါ။ လမ်းက လဲဆုံးတော့မှာပါ။ မဆုံးသေးရင်လဲကတိပေးပါတယ်ကျွန်တော်တို့ ရအောင် အဆုံးသတ် မှာပါ။ အစကတော့  ကျွန်တော့ခရီး သွားဆောင်းပါးလေးစာအုပ်ဖြစ်ပြီးကျန်တာကိုယ်နဲ့မဆိုင်ဘူးလို့နေတာ။အခုတော့လမ်းဆုံးအောင်အားလုံးနဲ့  အတူ လျှောက်ရတော့မှာပေါ့ဗျာ။
မောင်မောင်(ရွှေကရ၀ိတ်)(Maungmaung skw facebook မှ)

1 comment:

လင်္ကာ said...

Maungmaung Skw ဒီကောင်တွေ ချင်းတွင်းမြစ်ရိုးအိပ်မက်
မက်နေကြတာ။ကချင်နားနီးနီးမှာ ဗဟို
မထားချင်ဘူး၊မထားရဲဘူး။သူတို့ရည်ရွယ်ချက် ကချင်က တဖြည်းဖြည်းသိသွားပြီလေ။ဒါကြောင့်
မျိုးဝင်းသေပြီးတဲ့နောက် ရှမ်းဘက်ပြောင်းပြီး စပ်ခွန်ကျော်အမည်
နဲ့ ကြိုးစားတာ၊ဟုတ်တယ် ချင်းတွင်းမြစ်
ရိုးသွားဖို့ ကြိုးစားတယ်ဆိုတာ။ဒါပေမဲ့
ကျောင်းသားအနေနဲ့ကြိုးစားခဲ့တာ မဟုတ်ဘူး။သူ့လူမျိုး ရှမ်းနီ အနေနဲ့လုပ်
ခဲ့တာ။တဘက်က ကချင်က ပိတ်ပေး
ထားတယ်။စစ်တပ်ကဖိတိုက်တယ်။လက်နက်ချဖို့ညှိတာ သွားညှိတဲ့အဖွဲ့ကို
လက်ခံလိုက်ပြီးမှ သံချောင်းတို့အဖွဲ့ကို
ဝိုင်းဖမ်းလိုက်တယ်။ဒီအထဲမှာ ကျွန်တော်တို့က ဘာပြောစရာရှိလဲ။ကိုယ့်လူမျိုး လွတ်မြောက်ရေးအတွက်
တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသားတွေ အများကြီး။ကျွန်တော်တို့ကတောင် ထောက်ခံနေတာ။ရှမ်းနီတော်လှန်ရေး
လုပ်တာ ဘာကန့်ကွက်စရာအကြောင်းမှ
မရှိဘူး။ဘာဖြစ်လို့ ကျောင်းသားတပ်ထဲ
ဝင်ပြီး ဖျက်လို့ဖျက်စီးလုပ်ကြတာလဲ။
ပြည်ထောင်စုနေ့ကြီးမှာ လူသတ်ပွဲလုပ်
တာကို သတိမထားမိကြဘူးလား။ပြောသံဆိုသံကိုမကြားရဘူး။နိုင်အောင်
တို့ အောင်နိုင်တို့ဆိုတာ အလကားကောင်တွေ၊ဉီးနှောက်မရှိတဲ့
ကောင်တွေပါ။အဓိကတရားခံနှစ်ဉီးထဲမှာ
မျိုးဝင်းသေပြီ။ဒီကောင်သံချောင်းပဲကျန်
တယ်။သူတို့နောက်မှာ ဘယ်သူတွေပါ
တယ်ဆိုတာ ဒီကောင့်ကိုစစ်ရမှာ။အဲန်
အယ်လ်ဒီ အယ်လ်အေ တချို့လဲပါတယ်။ ရှမ်းနီလူမျိုးအားလုံးပါ
တယ်လို့ပြောနေတာမဟုတ်ဘူး။ရှမ်းနီ
လူမျိုးထဲက အာဏာရူးတဲ့လူတစုလက်
ချက်ပါ။ကျွန်တော်ပြောခဲ့ဘူးတယ်မဟုတ်လား။
ဒီပြသနာဟာ ၁၉၄၇ ခုနှစ်ဖေဖော်ဝါရီလ
၁၂ ရက်နေ့ကစတာပါလို့။မကဒတ နဲ့
ဘာမှ မဆိုင်တဲ့ပြသနာ။မကဒတ ခေါင်း
ဆောင်တွေ အသုံးမကျလို့ အဖွဲ့အစည်း
ခေါင်းစွတ်သွားတာ။အဖွဲ့အစည်းတရားခံ
ဖြစ်သွားတာ။ရိုးရိုးသားသားရှင်းလိုက်။
ဘာပြသနာမှမရှိဘူး။ကျွန်တော်ပြောခဲ့ဘူးပါတယ်။ဒီဖြစ်ရပ်ထဲ
မှာပါဝင်ပတ်သက်ခဲ့တဲ့သူတွေထဲမှာ
ထောက်လှမ်းရေးတယောက်မှမပါဘူးလို့
ယုံကြည်တယ်လို့။နောက်ပိုင်းမှ အားနဲချက်ကိုင်ပြီး အသုံးချခံရတာတော့
ရှိမှာပေါ့။သံချောင်း၊မျိုးဝင်း၊သန်းဇော်၊လှဆိုင်း၊ယောရှု၊ဇော်ဇော်မင်း၊ကျော်ထင်
ဉီး၊သက်လင်း၊ဖိုးနှောင်း၊ကျော်ကျော်၊ အောင်နိုင်၊လှဌေး၊နိုင်အောင်၊မိုးသီး၊ခင် ရွှေလှိုင် ဘယ်တဉီးတယောက်မှထောက်လှန်း ရေးမဖြစ်နိုင်ဘူးလို့ကျွန်တော်ကယုံကြည်
တယ်။နောက်ပိုင်းမှ ကိုယ့်အားနဲချက်နဲ့
ကိုယ် ဘက်ပြောင်းသွားရင်တော့မပြော
တတ်ဘူးပေါ့ဗျာ။ကျွန်တော်သိပ်ပြောချင်
တဲ့စကားလေးရှိတယ်။တတ်စွမ်းသူများ
နိုင်အောင်နဲ့အဖွဲ့ကိုကျေးဇူးပြုပြီးပြော
ပေးပါ။ကျွန်တော်ရဲ့လုပ်ငန်းစဉ်မှာမကဒတ ကိုရော သူ့ကိုပါစိတ်မဝင်စားပါဘူး။
ကိုယ်လုပ်ရပ် ကိုယ့်အနေအထားနဲ့ ဘယ်နေရာသွားနေနေ၊ဘယ်နေရာသွား
သေသေ သေလိုက်ပါ။ကျွန်တော်ကတော့ သမိုင်းမှန်ထုတ်ဖော်
တဲ့ဘက်မှာရှိနေမှာပါ။ လို့။