Monday, March 5, 2012

တပ်သားကျော်ဇင်ဝင်းနှင့် သတင်းမှန် ဖုံးဖိလှည့်စားမှု

by Sai Thein Win on Sunday, 4 March 2012 at 18:35 ·
ဇာတ်လမ်း အစမှာ ကို Soe Thein က တပ်သား ကျော်ဇင်ဝင်း ဓါတ်ပုံကို ကျနော့် timeline ပေါ်မှာ share ပါတယ်..။
Soe Thein : ဒေါ်စုရဲ့ အောင်ပန်း-ကလော-ဟဲဟိုးခရီးစဉ်မှာ နှုတ်ဆက်ကြိုဆို တဲ့ တပ်မတော်သားလေး ကျော်ဇင်ဝင်းတစ်ယောက် ထိုးကြိတ်ခံ ရပြီး တပ်ချုပ်ချထားခံရပါတယ်။ ဒီ တပ်မတော်သားလေး နာမည် ကျော်ဇင်ဝင်းလို့ ခေါ်ပါတယ်။ အောင်ပန်း GE တပ်မှဖြစ်ပါတယ်။ သူ အခုအထိုးအကျိတ်ခံရပီး လူရုပ် မပေါ်တော့ ပါဘူး။ ဒီ သတင်းလေးကို share ပေးကြပါ။ တိတိကျကျသိလိုပါက ဖုန်း0949353386 ကိုဖိုးချိုထံ မေးနိင်ပါ တယ်။


တပ်သားကျော်ဇင်ဝင်းက ဒေါ်အောင်ဆန်းစုကြည်အား လက်လှမ်းနှုတ်ဆက်ပုံ

ကျနော်ကလည်း group (၇) ခုမှာ ပြန် share လိုက်ပါတယ်..။
Sai Thein Win : တပ်မတော်သားတွေကို လက်တွဲခေါ်မယ်ဆိုရင် ဒီ ဖြစ်စဉ်ကို မသိလိုက် မသိဘာသာ မျက်နှာလွဲထားလို့ မဖြစ်ဘူး..
 ဒါက စတုတ္ထလှိုင်း group မှာ ကျနော် share ထားတာကို ကို Hlaing Min Nyo က မှတ်ချက်ပေးထားတာတွေ ဖြစ်ပါတယ်..။
Hlaing Min Nyo : (ဒီ comment ကတော့ Thway Thit Sar ရဲ့ note ရှိတဲ့ link ကို copy/past လုပ်ထားတာပါ..။ အဲဒီ note ကို ဖတ်ချင်ရင် ဒီနေရာကို click လုပ်လိုက်ပါ..။)

ဒီနေ့  Facebook မှာ တပ်မတော်သားကျော်ဇင်ဝင်းဟု အမည်ရသော ရဲဘော်တစ်ယောက်အား ဒေါ်စုကြည်ကို ကြိုဆို၍ အထိုးကြိတ်ခံခဲ့ရတယ် ဆိုတဲ့ သတင်း ဖတ်လိုက်ရပါတယ်။ အောက်မှာလည်း တိတိကျကျသိလိုလျှင် ဖုန်းနံပါတ်ပေးထားပြီး ကိုဖိုးချိုထံသို့ ဖုန်းဆက်မေးမြန်းနိုင်ပါတယ် ဆိုတဲ့ အချက်ပါပါနေလို့ ကျွန်တော်အဲဒီဖုန်းကို ချက်ချင်းပဲ ဆက်ပြီးခေါ်ခဲ့ပါတယ်။ ဒါပေမယ့် ဖုန်းခေါ်တဲ့အခါ ဆက်သွယ်မှု့ဧရိယာ ပြင်ပသို့ ဆိုပြီးပဲ ပြန်ပြောနေပါတယ်။

မကျေနပ်လို့ နောက်တစ်နာရီခြားပြီးမှ ထပ်ခေါ်လဲ ဆက်သွယ်မှု့ဧရိယာ ပြင်ပသို့ လို့ပဲ ထပ်ဖြစ်နေတာကြောင့် မသင်္ကာတော့ပဲ တိုက်ရိုက် မေးကြည့်ချင်သောကြောင့် အောင်ပန်းGEတပ်က ကျွန်တော့်သူငယ်ချင်းရဲဘော် ဆီဖုန်းဆက်မေးခဲ့ရပါတယ်။ ဒါပေမယ့် အဲဒီတပ်မှာ တပ်သားကျော်ဇင်ဝင်းဆိုတာ မရှိကြောင်းနှင့် ထိုကိစ္စအား တင်ဖြေရှင်းတင်ပြရန် တပ်မှုးမှ စီစဉ်နေကြောင်းလဲ သိရပါသည်။
ယခုဓါတ်ပုံထဲရှိ ရဲဘော်မှာ အောင်ပန်းတပ်မှ မဟုတ်ကြောင်းကိုပါ ပြောပြခဲ့ပါတယ်။

ထို သတင်းဓါတ်ပုံမှာ တမင်တကာ အမြင်မှားစေရန်... လုပ်ကြံထားခြင်းဖြစ်ပြီး တပ်မတော်အား ပြည်သူမှ အထင်အမြင်မှားစေရန် ရည်ရွယ်ကာ လုပ်ဆောင်ခြင်းသာ ဖြစ်သည်ဟု သိရှိရပါတယ်။ ထိုပြင် အောင်ပန်းမြို့ထဲသို့ တပ်မှရဲဘော်တစ်ဦး၏ဇနီး မြို့ထဲသို့ ဈေးသွားရာတွင် တပ်ယူနီဖောင်းအကျီဖြင့် အောက်မှ ဂျင်းဘောင်းဘီဝတ်ထားသော လူငယ်တစ်ယောက်အား တွေ့ခဲ့ပြီး တပ်သို့ပြောင်းရွေ့လာတာ မကြာသေးသော ရဲဘော်သစ် တစ်ယောက်ဖြစ်မည်ဟု ရိုးရိုးသာ တွေးမိခဲ့ကြောင်းကိုပါ သူငယ်ချင်းထံမှ သိခဲ့ရပါသည်။ သူရဲ့ဆံပင်က ရဲဘော်တစ်ယောက်၏ ဆံပင်မျိုးမ ဟုတ်ဘူး အရပ်ထဲမှ ခေတ်လူငယ်တစ်ယောက် ဆံပင်မျိုးဖြစ်နေတယ်။ "အခုဓါတ်ပုံတွင် မြင်တွေ့နေရသော လူငယ်မှာ အပေါ်ပိုင်းတွင် စစ်တပ်ယူနီဖောင်းဝတ်ထားပြီး အောက်ပိုင်းက အရပ်ဝတ် ၈ျင်းဘောင်းဘီ ၀တ်ထားသောသူသာ ဖြစ်သည်" ဟု ထပ်မံသိရခဲ့ပါသည်။

လုပ်ကြံဓါတ်ပုံနှင့် လုပ်ကြံသတင်းတစ်ခုသာဖြစ်ပြီး ပေးထားသော ဖုန်းနံပါတ်မှာလဲ ဖုန်းဘက်ထရီပါ ဖြုတ်ထားပုံရပါသည်။ တပ်မတော်အား ပြည်သူမှ အထင်သေးစေရန် ကြံရွယ်ကာ လုပ်ကြံထားသော သတင်းတစ်ခု ဖြစ်နေသောကြောင့် ယခုလို ရေးသားပေး ပို့လိုက်ရခြင်း ဖြစ်ပါတယ်။
(ဒီအထိက သဘာဝမြေ
ဆိုတဲ့ web site တစ်ခုကနေ ယူထားတာ ဖြစ်ပါတယ်။ အဲဒီ web site ကိုလည်း click လုပ်ပြီး သွားလို့ရပါတယ်..။ အောက်မှာ သူဆက် မှတ်ချက်ချ ထားတာကတော့..)

ကျနော်ကတော့ ပုံကို ကြည့်ပြော ရမှာပဲခင်ဗျ.. GE တပ်သည် သူတို့ အင်ဂျင်နီယာ တံဆိပ်ပဲ တပ်တယ်.. တပ်မ နံပါတ်ကို တပ်တာက ခြေလျှင် တစ်ခုပဲ.. နောက်ပြီး တပ်မ ၅၅ သည် တပ်မတပ်မလုံး ရှေ့တန်း မထွက်ရသေး သောကြောင့် ရဲဘော်တွေ အခုလောက် ဆံပင်မရှည်ဘူး.. နောက်တန်းနေတဲ့ တပ်တွေမှာ တပတ်တခါ ဆံပင်ညှပ်မညပ် စစ်ပါတယ်.. တပ်မ ၅၅ လက်မောင်း တံဆိပ်ကြီးနဲ့ GE တပ်ကလို့ ပြောကတည်းက စ မှားနေပါတယ်။

Hlaing Min Nyo : တပ်သားရဲ့လက်မောင်းကဘက်ဟာ GE မဟုတ်ပါဘူး ခြေလျင်တပ်မ ၅၅ ရဲ့ဘက်ပါ နဲနဲစဉ်းစားပြီးမှ ၀ါဒဖြန့်စေလိုပါတယ်....... စော်ကားလိုခြင်းအလျဉ်းမရှိ ပါဘူး...... မဟုတ်ပဲနဲ့ဆိုရင် ပိုစ့်တင်တဲ့သူသိက္ခာကျတတ်ပါတယ်...

နိုင်ငံရေး စိတ်ဝင်စားသူများအဖွဲ့မှာ ကျနော် share ထားတာကိုလည်း ကို James Mmt က မှတ်ချက်ပေးထားပါတယ်..။
James Mmt : ကိုစိုင်းသိန်းဝင်း သူ့လက်မောင်းက တံဆိပ်က တပ်မ ၅၅ လို့ရေးထားတယ်နော်... ဂျီအီးက သူ့တံဆိပ်နဲ့ သူမှလား.....

သူတို့ မှတ်ချက်တွေကို ကျနော် ဒီလို ပြန်ဖြေထားပါတယ်..။
Sai Thein Win : ဟုတ်ပါ့ဗျာ.. ကျနော်လည်း သတိထားမိပါတယ်.. ဟိုဖက်လက်မောင်းတံဆိပ်ကို အကြီးချဲ့ကြည့်လိုက်မှ ဘီအီးဖူး တွေ့ရတာ.. ၅၅ လက်အောက်ခံ ဂျီအီးဖြစ်မယ်လို့ထင်ရပါတယ်..

Sai Thein Win : ဘီအီး/ဂျီအီး/အီးမီး/ဆစ်ဂ်နယ် တပ်တွေက တိုင်း/တပ်မ လက်အောက်ခံဆိုရင် တိုင်း/တပ်မ ဘက်တံဆိပ် တစ်ဖက် ကိုယ့် ဒါရိုက်ထရိတ် တံဆိပ်က တစ်ဖက် တပ်ရပါတယ်.. စစ်ကျောင်းကြီးတွေ ကပစတွေကျတော့ တိုင်း/တပ်မ လက်အောက်ခံမဟုတ်တဲ့အတွက် လက်မောင်းတံဆိပ်နှစ်ဖက်လုံးက ကိုယ့် တပ်တံဆိပ် ဖြစ်ပါတယ်..။

ဒါကတော့ ကို Htet Aung က စတုတ္ထထလှိုင်းမှာ ပေးထားတဲ့ မှတ်ချက် ဖြစ်ပါတယ်..။
Htet Aung : (သတင်းအဆင့်အတန်းအတွက် ကန့်ကွက်ပါတယ်...)
အခုပဲ ဆက်လိုက်တယ်...။ ကိုဖိုးချိုဖုန်းမဟုတ်ဘူးတဲ့...။ ကလေးလေး တယောက်ကိုင်တယ်...။ ဒေါ်စိုးဝင်းဖုန်းပါတဲ့....။

Htet Aung : အင်တာနက်မီဒီယာလောကမှာ ဖွတာကတော့ လူတိုင်းဖွလို့ရတယ်..။ သတင်းစာကျင့်ဝတ်၊ စာနယ်ဇင်းကျင့်ဝတ်နဲ့ တိုင်းတာမယ်ဆိုရင်တော့ သတင်းအဆင့်အတန်းက အင်မတန်မှ နိမ့်ကျလွန်းပါတယ်..။ အတိုင်းအတာတစ်ခုအထိပေးထားတဲ့ မီဒီယာလွတ်လပ်ခွင့်ကို ကျင့်ဝတ်နဲ့ ပိုင်ပိုင်နိုင်နိုင်အသုံးမချနိုင်ဘူးဆိုရင် မိမိအခွင့်အရေးက အလိုလို ပျောက်ဆုံးမှာ ဖြစ်သည်နှင့်အညီ မိမိရဲ့ သတင်းထောက် အရည်အသွေးလည်း ဆက်လက်ကျဆင်းနေမှာဖြစ်တယ်...။ စတုတ္ထမဏ္ဍိုင်က ယိုင်နဲ့နေမှတော့ ဒီမိုကရေစီ နိုင်ငံလည်း သွားမနေပါနဲ့တော့ အာဏာရှင်စနစ်နဲ့ပဲ နေလိုက်တာကောင်းပါတော့တယ်..။

Sai Thein Win : အောင်ပန်း ဂျီအီးတပ်ကိုသာ ဆက်သင့်ပါတယ်.. ဘာမှန်းမသိတဲ့ ဖုန်းကို ဆက်ပြီး သတင်းကို confirm လုပ်လို့ မဖြစ်ပါဘူး.. post တင်တဲ့လူကလည်း professional မဟုတ်ပါဘူး..။

ဒါကတော့ YPI က တက်လာတဲ့ သတင်းပါ.. ရဲဘော်ရဲ့ တစ်ကိုယ်လုံးပုံပါပါတယ်.. ယူနီဖောင်းလည်း အပြည့်အစုံ ဝတ်ထားပါတယ်.. အပေါ်က စစ်ယူနီဖောင်းနဲ့ အောက်က ဂျင်းဘောင်းဘီဆိုတာ လုံးဝ မဟုတ်ပါဘူး..။


ရှမ်းပြည်နယ် ကလောမြို့ အောင်နိုင်ရေး ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် လူထုတွေ့ဆုံပွဲပြုလုပ်သည့်နေ့က စကားပြော စင်မြင့်၏ လက်ယာဖက်တွင် စစ်ယူနီဖေါင်းနှင့် ရဲဘော်လေး တစ်ယောက် လာရောက်နားထောင်နေသည်ကို တွေ့ခဲ့ရသည်။

ထိုရဲဘော်ကလေးက ဒေါ်အောင်ဆန်းစုကြည်အား လာရောက်နှုတ်ဆက်ခဲ့သည်ကို ရိုက်ကူးထားခဲ့သည့် ဓါတ်ပုံများသည် အင်တာနက် ဖေ့(စ)ဘွတ်စာမျက်နှာများတွင် ပြန့်နှံ့နေခဲ့ပြီး ထိုရဲဘော်လေး ဖမ်းဆီးခံထားရသည်ဟူသည့် သတင်းများပြန့်နှံ့နေခဲ့သည်။

ရှမ်းပြည်နယ်ရှိ ခိုင်လုံသောသတင်းရပ်ကွက်မှ သတင်းများအရ ဒေသခံတစ်ယောက်က YPI သို့ဆက်သွယ်ပြောကြားရာတွင် ထိုနေ့တွင်လာရောက် နားထောင်ခဲ့သော ရဲဘော်လေးသည် ကလောမြို့မှ တပ်မ၅၅ လက်အောက်ခံ တပ်သားကျော်ဇင်ဝင်းဖြစ်ပြီး အရက်သေစာသောက်စားမှု၊ တပ်စည်းကမ်းဖေါက် ဖျက်မှု စသည့်စွဲချက်တို့ဖြင့် တပ်ချုပ်ရုံးခန်းသို့ ဆင့်ခေါ်ထားခံရသည်ဟု သိရှိရပါသည်။
(ဒီသတင်းမှာ တပ်ချုပ်ရုံးခန်းဆိုတဲ့ အသုံးအနှူန်းကို မရှင်းပါ..။)


ယူနီဖောင်း အပြည့်နှင့် တပ်သား ကျော်ဇင်ဝင်း (Thway Thit Sar ကိုးကားတဲ့ သဘာဝမြေ
က ဘယ်သူဘယ်ဝါမှန်း မသိရတဲ့လူ ပြောသလို အပေါ်ပိုင်း စစ်ယူနီဖောင်းဝတ်ပြီး အောက်ပိုင်းက ဂျင်းဘောင်းဘီ ဝတ်ထားတာ မဟုတ်ပါ..။)

ကျေးဇူးတင်ပါတယ် YPI.. တပ်သားကျော်ဇင်ဝင်းဆိုတာ မရှိဘူးလို့ ပြောထားတဲ့ကိစ္စလည်း တစ်ခါတည်း ရှင်းသွားပါတယ်..။
Sai Thein Win facebook မှကူးယူဖော်ပြသည်။

5 comments:

လင်္ကာ said...

Tin Latt
ပထမပုံမှာ ၅၅ တံဆိပ်တွေ့ကထဲက သံသယ ဖြစ်ပါတယ် ... ဘယ်ဖက်က ပခုံးတံဆိပ်ကို ချဲ့ကြည့်ဖို့ ကြိုးစားတော့ မထင်ရှားပါ ... စိတ်ထဲကတော့ အမြှောက်တပ် ပခုံးတံဆိပ်နဲ့ တူတယ် ထင်မိပေမဲ့ မသေချာလို့ မှတ်ချက်မပြုခဲ့ပါ ... အောင်ပန်းမှာ အမြှောက်တပ် ရှိတာတော့ သတိထားမိပါတယ် ... အရင်က အမှတ် ၃ အခုတော့ ဘယ်လို နံပါတ် တပ်တယ် မသိပါ ... ကျနော် ချဲ့ကြည့်လို့မရခဲ့တဲ့ပုံက ပခုံးတံဆိပ်ကို ချဲ့ကြည့်လို့ ရနိုင်ခဲ့တယ်ဆိုရင် အခု YPI ပုံမှာ ပါတဲ့ လက်မောင်းတံဆိပ်ကို ချဲ့ကြည့်ပြီး ထင်မြင်ချက် ပြုပေးစေလိုမိပါတယ် ...
22 hours ago · 1
Sai Thein Win ညာဖက်လက်မောင်း တံဆိပ်ကို ကြည့်ရမှာပါ.. အမြောက်တပ် တံဆိပ် မဟုတ်ပါဘူး.. ဘီအီးဖူးတံဆိပ်ပါ..
22 hours ago · 2
Sai Thein Win အပြာအောက်ခံမှာ ကန့်လန့်ဖြတ် အနီလိုင်းရှိပါတယ်.. အဲဒီ အလယ်မှာ ဗုံးတစ်လုံးကနေ အစ ကိုးစ ဖြာထွက်နေတဲ့ တံဆိပ်ဖြစ်ပါတယ်.. အမြောက်တပ်က အမြောက်နှစ်လက်ကို ကြက်ခြေခတ်ထားတာပါ..
22 hours ago · 5
Tin Latt ‎Sai Thein Win အပေါ်က ပို့စ်မှာ ဘယ်ဖက်က ပခုံးတံဆိပ်ကို ချဲ့ကြည့်ဖို့ ဆိုမိတာ မှားရေးထားတာပါ ... ဘယ်ဖက်က ၅၅ batch ကို ထင်ထင်ရှားရှား မြင်ရပါတယ် ... ညာဖက်က batch ကို ကျနော် ချဲ့ကြည့်ဖို့ ကြိုးစားပေမဲ့ ထင်ထင်ရှားရှား မမြင်ခဲ့ရပါ ...
22 hours ago · 1
Sai Thein Win ‎@ Tin Latt : ဟုတ်ကဲ့.. ကျနော့်အတွက်ကျတော့ အဲဒီလောက် မြင်ရင်ကို လုံလောက်နေပါတယ်.. အလယ်က ငှက်ပျောဖူးနဲ့ အောက်က အဝိုင်း (ယမ်းထုပ်) ကို မြင်လိုက်တာနဲ့ အမြောက်နှစ်လက်ကြက်ခြေခတ်မဟုတ်မှန်း ချက်ချင်းသိပါတယ်..

လင်္ကာ said...

Tin Latt ‎Sai Thein Win YPI ပုံထဲမှာ ဘယ်ဘက်လက်မောင်းတံဆိပ်က ဘာလဲဆိုတာ ချဲ့ကြည့်လို့ ရနိုင်ပါသလား ညီ ...
22 hours ago · 1
Sai Thein Win ‎@ Tin Latt : ဟုတ်ကဲ့.. YPI ပုံမှာတော့ badge ကို ကြည့်လို့မရပါဘူး. ကျနော် YPI ပုံကို ညွှန်းထားတဲ့ အကြောင်းရင်းကတော့ တစ်ကိုယ်လုံး ပေါ်လို့ပါ.. သဘာဝ မြေ web page မှာ ပြောထားတာက အပေါ်ပိုင်း စစ်ယူနီဖောင်းနဲ့ အောက်ပိုင်း ဂျင်းဘောင်းဘီ ဝတ်ထားပါတယ်ဆိုလို့ပါ.. badge ကိုတော့ ပုံ ၁ ကနေပဲ ကြည့်လိုက်ပါတယ်..
22 hours ago · 1
Tin Latt Thanks, Bro.
22 hours ago
Kyi Kyi Soe ကို စိုင်းသိန်းဝင်း တယောက်ရှိနေတာ အလွန်ဘဲအား၇ှိလှပါတယ်..။ အမှန်တရားနဲ့ ပိုနီးစပ်သွားတာပေါ့နော်..။ ကျမသိချင်တာကတခုက.. ဒါကဘာကိုရည်ရွယ်ပြီး .. လုပ်သွားတာလဲ..။ သူ့ကြည့်ရတာလဲ ရုပ်ရှင်ထဲက မင်းသားတွေ uniform ၀တ်ထားသလိုဘဲနော်..။ ဘာပြောရမှန်းကိုမသိတော့ဘူး။ မြင်ကာစမှာ အရမ်းစိတ်ပူသွားမိတာက လွဲလို့ အတုအစစ် မစဉ်းစားမိခဲ့ဘူးလေ..။
22 hours ago · 2
Sai Thein Win
‎@ Kyi Kyi Soe : မှန်ပါတယ်.. ယူနီဖောင်းနဲ့ ဝတ်ပုံစားပုံကတော့ သာမာန်ရဲဘော်တစ်ယောက် ဝတ်လေ့စားလေ့ မရှိတဲ့ ပုံပါပဲ.. တော်တော် သန့်သန့်ပြန့်ပြန့် ရှိပါတယ်.. ဂျီအီးတပ်က မို့လို့ ယူနီဖောင်း ကောင်းကောင်း ဝတ်နိုင်တယ်နဲ့ တူပါတယ်.. YPI သတင်းထဲမှာတော့ အရက်သေစာသောက်စားမှုနဲ့ စွဲခံထားရတယ်လို့ ပြောပါတယ်.. တကယ်မှန်ရင် နည်းနည်းလည်း သွေးကြွနေတုန်းမို့ လုပ်မိတာ ဖြစ်နိုင်ပါတယ်.. ဒါကလည်း ကိုယ်မသိနိုင်တဲ့ ကိစ္စပါ.. သူ့လုပ်ရပ်ကို သေးသိမ်အောင် "အရက်"ဆိုတာနဲ့ ဖုံးလိုက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်..
22 hours ago · 4
Kyi Kyi Soe ဂျီအီးတပ်ကလဲနော်.. နာမည်ပျက်လိုက်တာ.. ဒါပေမဲ့ သူတို့က အပေါ်အောက်မျှမျှတတ ရှိပါသေးတယ်.. ခြေလျင်က တပ်သားလေးတွေကတော့ ကျမတခါမြင်ဘူးတယ်.. စုတ်ပြတ် နေတာဘဲ..။ အစားလည်း အတော်ဆင်းရဲပုံရပါတယ်..။
22 hours ago · 2

လင်္ကာ said...

Kyi Kyi Soe ဒီပုံကို စတွေ့တွေ့ချင်းမှာကိုဘဲ.. ရုတ်တရက် emotionally လှုပ်၇ှားလိုက်ပုံရတယ် လို့ မှတ်ချက်ပေးလိုက်မိတယ်..။ တချို့က လက်မခံဘူး.. ကျမကတော့ စိတ်ပူရုံသက်သက်ရယ်ပါလေ။
22 hours ago · 2
Sai Thein Win
‎@ Kyi Kyi Soe : ယူနီဖောင်းဝတ်ထားရင်တော့ ကိုယ့်ယူနီဖောင်းကို ကိုယ်တာဝန်ယူရမှာပေါ့.. သူသာ အရပ်ဝတ်နဲ့ သွားရင် သတင်းဖြစ်မှာ မဟုတ်ဖူးလေ.. ခုဟာက စစ်တပ်တစ်တပ်လုံးကို ဒါမှမဟုတ် အောက်ခြေရဲဘော်တစ်စုကို ကိုယ်စားပြုသွားသလို အဓိပ္ပါယ်သက်ရောက်သွားတာကိုး.. သွားတွေ့တာကလည်း ဒေါ်အောင်ဆန်းစုကြည်.. ပုံကလည်း အင်တာနက်ပေါ်ရောက်ဆိုတော့.. တပ်က ဒီကိစ္စကို အတတ်နိုင်ဆုံး သိုသိုသိပ်သိပ်ဖြစ်အောင် လုပ်ဖို့ပဲ ရှိတော့တာပေါ့.. အရေးမယူရင်လည်း ကျန်တဲ့လူတွေကို ဆက်ထိန်းရခက်မယ်.. အရေးယူလိုက်လို့ ဟိုးလေးတကျော်ကျော်ဆိုရင်လည်း ဒီမိုကရေစီအရေးကို စစ်တပ်က ကဖျက်ယဖျက်ဆိုတဲ့ နာမည်ဆိုးထွက်မယ်.. အခု အင်တာနက်ပေါ်က သတင်းကို ဘူးခံငြင်းဖို့ ကြိုးစားနေတဲ့လူတွေကတော့ သိပ်စဉ်းစားနိုင်လို့ မဟုတ်ပါဘူး.. ကိုယ့်ရဲဘော်က ဒေါ်စုကို သွားတွေ့တယ်ဆိုတာကိုပဲ မခံနိုင် မရပ်နိုင်ဖြစ်ပြီး emotionally တုံ့ပြန်နေကြတာပါ.. ရှင်းရှင်းပြောရရင် မစ္ဆရိယတွေပါ..
21 hours ago · 8
Khun Saing ဒီပို့စ်အတွက်ကျေးဇူးအထူးပါ။ ဒီသတင်းဟာ နောက်ဆက်တွဲအလွန်စိတ်ဝင်စားစရာကောင်းပါတယ်။ ခြေရာလက်ရာတွေက ရည်ရွယ်ချက်အဆိုးတွေ ပါနေတာမို့ပါ။
21 hours ago · 4
Sai Thein Win ‎@ Khun Saing : ကျော်ဇင်ဝင်းတစ်ယောက် မူးမူးရူးရူးနဲ့ ထင်ရာလုပ်သွားတာပါဆိုတဲ့ သတင်းတွေ တက်လာပါအုန်းမယ် ကို Khun Saing ရေ..
20 hours ago · 2
Nay Zar Aung တပ်သား ကျော်ဇင်ဝင်း..ဟုတ်တာ..မဟုတ်တာ ..ထားလိုက်ပါ...တစ်ခု သိချင်တာက ..တပ်ကလူတွေကို..အန်တီစု..ဆိုရင်..သွားမနှုတ်ဆက်ရဘူးလို့... အမိန့် ထုတ်ထားလို့လား...သိချင်တယ်...
20 hours ago · 2
Dekkhina Yone တပ်စည်းကမ်းအတိုင်း အရေးယူတာလည်းယူပေါ့ သတင်းတော့ မထိန်ဝှက်ကြပါနဲ့ ပွင့်လင်းမှုရှိရင် တပ်နဲ့ပြည်သူ ကြည်ဖြူသွားနိုင်ပါတယ်..
20 hours ago · 2

လင်္ကာ said...

Sai Thein Win
‎@ Nay Zar Aung : အဲဒီလိုတော့ တိုက်ရိုက်အမိန့်ထုတ်ထားတာမျိုး မရှိဘူးလေ.. ကျနော်တို့တုန်းကတော့ ဗိုလ်ရွေးဖြေဖို့အတွက် ပါတီနိုင်ငံရေး ကင်းရှင်းကြောင်း ရပ်ကွက်ထောက်ခံစာ သွားယူရတယ်.. understood ပေါ့.. ခုလက်ရှိ အခြေအနေတော့ မသိပါဘူး.. ဒေါ်စုနဲ့ သွားမတွေ့ရလို့လည်း အမိန့်တော့ ထုတ်မထားလောက်ပါဘူး.. တစ်ခုတော့ ရှိတယ်.. စစ်တပ်ရဲ့သဘောက ခိုင်းတာ လုပ်.. မခိုင်းတာ မလုပ်နဲ့ ဆိုတာပဲ.. မြို့ထဲကို အလုပ်ကိစ္စနဲ့ ခနလွှတ်လိုက်တုန်း ကွမ်းယာဝင်ဝယ်တာက အပြစ်မဖြစ်ပေမယ့်.. ဒေါ်အောင်ဆန်စုကြည်လို ပုဂ္ဂိုလ်မျိုးကို ယူနီဖောင်းကြီးနဲ့ သွားတွေ့တာကျတော့ အပြစ် ဖြစ်သွားပါတယ်.. သူ့ဖက်ကတော့ ဆန္ဒထုတ်ဖော်မှုတစ်ရပ်လို ဖြစ်ပေမယ့်.. အထက်အရာရှိတွေအတွက်ကျတော့ မခိုင်းပဲလုပ်တဲ့ ကိစ္စဖြစ်လို့ မထီလေးစား သလို ခံစားကြရမှာပေါ့..
20 hours ago · 6
Ye Min Tun ကို Sai Thein Win ပါတီနိုင်ငံရေးကင်းရှင်းကြောင်း အရင်ကထုက်ထားတဲ့ စည်းကမ်းလေ။ အခု စစ်ဝတ်စုံတွေနှင့် လွှတ်တော်မှာ ထိုင်နေတဲ့အချိန်ဆိုတော့ နိုင်ငံရေးကင်းရှင်းရမယ်ဆိုတဲ့ ဒီစည်းကမ်းက မကိုက်ညီတော့ဘူးနှင့်တူတယ်။
19 hours ago · 3
Sai Thein Win
‎@ Ye MIn Tun : စကတည်းက မကိုက်ညီတာပါ ဗျာ.. တုန်ချိတုန်ချိနဲ့ ယူနီဖောင်းကြီး ဝတ်ပြီး တိုင်းပြည်အုပ်ချုပ်နေကတည်းက လွဲနေခဲ့တာပါ.. အလွဲတကာ့ အလွဲဆုံးမှာ "အမျိုးသားနိုင်ငံရေးကို တပ်မတော်က ဦးဆောင်မည်"ဆိုတဲ့ ပေါ်လစီပါပဲ.. တပ်မတော်သား ကိုယ်စားလှယ်တွေကလည်း အဲဒီအတွက် ထည့်ထားတာပါ.. နိုင်ငံရေးကို ဘယ်သူမှ မခိုင်းပဲ စစ်သားတွေက ဦးဆောင်မယ်ချည်း လုပ်နေခဲ့တာပါ.. စစ်ထဲမဝင်ခင်တုန်းကတော့ နိုင်ငံရေးကင်းရှင်းရမည် လုပ်ပြီး စစ်သားဖြစ်မှ အမျိုးသားနိုင်ငံရေးကို ဦးဆောင်ရမည်ဆိုတာက ဆန့်ကျင်ဖက်ကြီးပါ..
19 hours ago · 10
Ye Min Tun ဟုတ်ပါတယ်။ အမျိုးသားနိုင်ငံရေးဆိုတာ အမျိုးသားတွေ( ယောကျာင်္းတွေ) လုပ်တဲ့ နိုင်ငံရေးလို့ တုန်ချိတုန်ချိ အဘတွေက ဘာသာပြန်ထားလို့ နေမှာပေါ့။ ကိုစိုင်းသိန်းဝင်း စာတွေအများကြီးရေးပေးပါလို့ တိုက်တွန်းပါတယ်။
19 hours ago · 2
Wysiwyg Burma ထောက်ခံပါတယ် ။ ကျွန်တော်လည်း အင်္ဂျင်နီယာ စစ်တပ်မှာ ပေါက်ဖွား ကြီးပြင်းခဲ့သူ ဖြစ်ပါတယ် ။ GE တပ်ဟာ ဟိုးအရင်ခေတ်ကတည်းက ယနေ့အထိ တပ်နံပါတ်တွေဟာ ၉၅ နဲ့ စပါတယ် ။ သုံးလုံး ဖြစ်ပါတယ် ဥပမာ - ၉၅၂ ။ နံပါတ် ၅၅ နဲ့ အင်္ဂျင်နီယာတပ်က ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး ။ ပို့စ်တင်သူဟာ တပ်မတော်နာမည်ပျက်စေချင်ရုံသက်သက် နဲ့ သတင်းမှား တမင်တင်တယ် ဆိုရင်ဖြင့် အင်မတန် မှားယွင်းတဲ့ လုပ်ရပ် ဖြစ်ပါတယ် ။
17 hours ago · 2
Sai Thein Win ‎@ Wysiwyg Burma : ကျနော့်ရဲ့ note ကို စဆုံး ဖတ်ကြည့်လိုက်ပါလားဗျာ :)
17 hours ago · 4
Htet Aung
ဖတ်ပြီးပါပြီ..ကိုစိုင်းသိန်းဝင်းရေ ကျွန်တော်က လက်ရှိ ပြည်တွင်းမှာနေပြီး တရားဝင် သတင်းထောက်မဟုတ်ပါသောကြောင့် တရားဝင်ဖုံးဆက်ဖို့ အခက်အခဲရှိပါတယ်..။ ကျုပ်တို့နိုင်ငံရဲ့ သတင်းအဆင့်အတန်း မီစေချင်တဲ့ ဆန္ဒအပြည့်ရှိပါတယ်...။ အင်တာနက်ဆိုတာမှာ ကိုယ့် Home Page ကိုရောက်လာတဲ့ Share သင့် Share ထိုက်တယ်လို ကိုယ်ခံယူတဲ့ ပို့စ်တွေကို ပြည်တွင်းက လိုင်းအခြေအနေပေါ်မှာ မူတည်ပြီး ရှယ်ပေးရပါတယ်..။ အင်တာနက်သတင်းတွေကို ကျွန်တော် အမြဲတမ်းအလေးထားပါတယ်..။ ဘာကြောင့်လည်းဆိုတော့ ဒီကနေ့ သက်ကြီးနိုင်ငံရေးသမားတွေကို ပြောပြချင်တာလည်းပါတယ်။ နိုင်ငံရေး စိတ်မ၀င်စားတဲ့၊ အင်တာနက်ကို စိတ်မ၀င်စားတဲ့ လူငယ်တွေကို စိတ်ဝင်စားလာအောင် သိမ်းသွင်းစည်းရုံးချင်တဲ့ စိတ်ပါ ပါတယ်..။ ဘယ်သူ့ ဘယ်သူကိုမှ ကောင်းပါစေ၊ ဆိုးပါစေဆိုတဲ့ စိတ်ထားမရှိပါဘူး..။ ထက်အောင်က ဘက်လိုက်မယ်ဆိုရင်တောင် လိုက်တဲ့ဘက်က ပြည်သူလူထုဘက်ပဲ ရှိပါတယ်..။ ပြည်တွင်းမှာ နိုင်ငံခြားက သိနေသလို၊ ထင်နေကြသလို အရမ်းကာရော လွတ်လပ်ပွင့်လင်းနေတဲ့ အနေအထားမျိုးကို ရောက်နေတယ်လို့ မဆိုနိုင်ပါဘူး..။ သတင်းစာဆရာကြီးတွေထဲကတောင်မှ မောင်ဝံသနဲ့ လူထု စိန်ဝင်းလောက်သာ ပယ်ပယ်နယ်နယ် ရေးနေတာကိုပဲ တွေ့ရပါတယ်..။ ပြောမယ်ဆိုရင်တော့ အများကြီးပေါ့ဗျာ...။ ကျုပ်တို့တစ်တွေ အားလုံးဝိုင်းစဉ်းစားပြီး လုပ်ဆောင်ရမှာ များများစားစားမရှိပါဘူး..။ လွတ်လပ်မှု၊ တရားမျှတမှု၊ နဲ့ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းတခုကိုပဲ ဦးတည်သွားရမှာပါ..။ အင်တာနက်ရဲ့ ဖွမှုက အတိုင်းအတာ ဘယ်လောက်အထိ တာသွားတယ်ဆိုတာ လက်တွေ့ပါပဲ..။ ကျွန်တော်ထင်တယ်လေ..။ ၅၉ သန်းသော လူထုကတော့ သိလိုက်မှာတောင်မဟုတ်ဘူး..။ တခုတော့ အန္တရာယ်ရှိတယ်လို့ တွေးမိတယ်..။ ဒီကနေ့ထုတ် ဒီလှိုင်းစာစောင်မှာတော့ အားလုံးကပြောပြောနေကြတဲ့ တပ်မတော်သားနဲ့ အန်တီစု လက်ဆွဲနှုတ်ဆက်တာကို ဂျာနယ်မျက်နှာဖုံးမှာ ပါလာပါတယ်....။
17 hours ago · 1

လင်္ကာ said...

Sai Thein Win
‎@ Htet Aung : ကို Htet Aung က တရားဝင်သတင်းထောက် အနေနဲ့ ဟိုတပ်ကို ဆက်ရင်လည်း အမှန်အတိုင်း သိချင်မှ သိရမှာပါ..။ ဒါကတော့ မြန်မာအစိုးရဌာနတွေရဲ့ စံ တစ်ခုမှန်း ကျနော်တို့တွေ သိနေကြတာပါပဲ..။ YPI ကလည်း source ကို ဒေသခံတွေလို့ပဲ သုံးနှူန်းခဲ့ပါတယ်..။ ဒါတောင် အယ်ဒီတာ ခေါင်း ရင်းလိုက်ပုံရပါတယ်..။

ကျနော့် note ထဲမှာ ကို Htet Aung ရဲ့ comment နဲ့ status ကို ထည့်ရေးထားတာက လူတွေ ဝေဝါးသွားတာကို ပေါ်လွင်စေချင်လို့ပါ..။ ဟစ်တလာပြောသလိုပေါ့..။ လိမ်စရာရှိရင် ဗြောင်လိမ် ဆိုတာလေ..။ ဗြောင်ငြင်းလိုက်တော့ လူတွေက ဟုတ်များဟုတ်မလား ဖြစ်သွားတာပေါ့..။ ကျနော်က အဲဒီ အချက်ကို ပေါ်လွင်စေချင်တာပါ..။

တစ်အချက်က တပ်သားကျော်ဇင်ဝင်း ဆိုတာ အမှန်တကယ် မရှိဘူးဆိုတာရယ်.. နောက်တစ်ချက်က ပုံမှာ ကိုယ်တစ်ပိုင်းပဲပါတာကို အခွင့်ကောင်းယူပြီး ဂျင်းဘောင်းဘီနဲ့ ယူနီဖောင်းတစ်ပိုင်း ဝတ်ထားတဲ့ စစ်သားအတုပါလို့ ပြောထားတာရယ်.. အဲဒီ နှစ်ခုပါပဲ..။ YPI က ဒေသခံတွေကို သက်သေခံတယ်..။ နောက်ပြီး တစ်ကိုယ်လုံးပေါ်တဲ့ ပုံတင်ပေးလိုက်တော့ အဲဒီ ကိစ္စ ၂ ခုလုံးက ရှင်းသွားပါတယ်..။

နောက်တစ်ခုက GE badge ကိစ္စ..။ အဲဒါကလည်း ကျနော်တို့ စစ်သားတွေမှသာလျှင် သိနိုင်တဲ့ ကိစ္စဆိုတော့ နင်းပြောတာပေါ့..။ စစ်သားထဲမှာတောင် လက်ရုံးတပ်မှာ မနေဖူးရင် သိချင်မှ သိမှာပါ..။

ဒီကြားထဲ ဖုန်းပိုင်ရှင်က မဖြေဆိုတော့ ကို Htet Aung ကိုယ်တိုင်လည်း ရုတ်တရက် ဝေ သွားမှာပေါ့..။ ဖုန်းပိုင်ရှင်က အမှုပတ်မှာ စိုးလို့ရှောင်တာ ဖြစ်နိုင်ပါတယ်..။ အဲဒီတစ်ချက်ကိုလည်း ကျနော်ထောက်ပြချင်လို့ပါ..။ စံအရဆိုရင်လည်း ဂျီအီးတပ်ကို confirm လုပ်ရုံ ရှိတာကိုး..။ YPI ကတော့ မျက်မြင်သက်သေဖြစ်တဲ့ ဒေသခံတွေ (အဲဒီ ရဲဘော်လေးကို လူချင်းသိသူတွေ)နဲ့ confirm လုပ်တယ်လို့ ယူဆရပါတယ်..။
16 hours ago · 6
Lau Lee စစ်ထဲမဝင်ခင်တုန်းကတော့ နိင်ငံရေးကင်းရှင်းရမယ်ပြောပြီး စစ်သားဖြစ်မှ အမျိုးသားနိင်ငံရေးကို ဦးဆောင်ရမယ်ဆိုတာက ဆန့် ကျင်ဖက်ကြီးပါ..ဟားးး ကြိုက်တယ် broရေ...
16 hours ago · 1
TeZa Hlaing ၅၅ မှာတွဲထားတဲ့ GE တပ်ကလို့ တော့ ပြောတယ် comment တခုထဲမှာဖတ်လိုက်ရတယ်
15 hours ago · 1