Burma VJ Media Network
ကျနော်တို့ လွတ်မြောက်လာတဲ့ အပေါ် ကြိုဆိုရေးစခန်းဖွင့်ပြီး ကြိုဆိုတဲ့အတွက် မျက်ရည်ကျတဲ့အထိ အလွန် ဝမ်းသာမိပါတယ်လို့ အင်းစိန်ထောင်ကနေ ဒီကနေ့ ဇန်နဝါရီလ ၁၃ ရက်နေ့က ပြန်လည်လွတ်မြောက်လာတဲ့ လှိုင်သာယာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် ကိုစိုးမင်းမင်းက ပြောဆိုလိုက်ပါတယ်။
ကိုစိုးမင်းမင်းဟာ လှိုင်သာယာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဝင် ကိုစန်းနိုင် အပါ ၁၁ ဦး အမှုတွဲဖြစ်ပြီး ၂၀၀၇ မေလ ၁၅ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး အတွက် ရွှေတိဂုံဘုရားကို လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့စဉ်အတွင်း လမ်းတဝက်မှာတင် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပြီး ၂ လအကြာ ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။ အဲ့ဒီနောက် ၂၀၀၈ သြဂုတ်လ ၂၇ ရက်နေ့မှာ လှိုင်သာယာမြို့နယ် ရဲစခန်းမှူးမှ လမ်းလျှောက် ချီတက်မှုအတွက် ထပ်မံ တိုင်ချက်ဖွင့် ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီး ကိုစန်းနိုင် (ခေါ်) မောင်စန်းအပါ ၁၁ ဦးကို မတရားဖမ်းဆီး တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်
No comments:
Post a Comment