Friday, January 13, 2012

Burma VJ Media Network
ကျောက်ဖြူထောင်ကနေ ဒီကနေ့ မနက်မှာ လွတ်လာတဲ့ ဂီတမှူးနဲ့ ဗီဒီယိုသတင်းထောက် ကိုဝင်းမော်က သူရဲ့ အဓိက ဂီတလုပ်ငန်းကို ပြန်လည်လုပ်ကိုင်သွားမည် ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ကိုမင်းကိုနိုင် စတဲ့ ကျောင်းသားခေါင်းဆောင်များ၏ လိုအပ်ချက်ကို ကျန်အနုပညာရှင်များနှင့် လက်တွဲပြီး ဖြည့်ဆည်းပေးနိုင်အောင် လုပ်သွားမယ်လို့ ပြောပါတယ်။ ကိုဝင်းမော်ဟာ ၂၀၀၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု အတွင်း ဗွီဒီယို ဓာတ်ပုံသတင်းတွေကို ပြည်ပသတင်းဌာနတွေကို ပေးပို့တဲ့ အတွက် ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ အော်စကာ မှတ်တမ်းတင် ဘားမားဗီဂျေ (BurmaVJ) မှတ်တမ်းရုပ်ရှင်ကားဟာ ကိုဝင်းမော်ရဲ့ ယုံကြည်မှုနဲ့ဘ၀ တစိတ်တဒေသကို ဖော်ကျူးထားတာဖြစ်ပါတယ်။
ကိုဝင်းမော်ဟာ ကျောက်ဖြူထောင်ကနေ ဒီကနေ့ ညနေပိုင်းမှာ ရန်ကုန် မင်္ဂလာဒုံလေဆိပ်ကို လေယာဉ်နဲ့ရောက်ရှိလာတာ ဖြစ်ပါတယ်။ ကိုဝင်းမော်ကို မိသားစု၊ လုပ်ဖော်ကိုင်ဖက် ဗီဒီယိုသတင်းထောက်တွေ၊ အနုပညာရှင်တွေက လာရောက် ကြိုဆိုခဲ့ကြပါတယ်။

No comments: