Friday, January 13, 2012

မနီလာသိန်း

Burma VJ Media Network
ထောင်ထဲမှာ ကျမတို့ ရဲဘော်တွေ ကျန်ရစ်ခဲ့ပါတယ်။ အဲ့ဒီ ကျန်ရစ်ခဲ့တဲ့ ရဲဘော်တွေအားလုံးကို ကျမတို့လိုပဲ အမြန်ဆုံး ပြန်လည် လွတ်မြောက်စေချင်ပါတယ်လို့ သာယာဝတီထောင်ကနေ လွတ်မြောက်လာတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဖြစ်တဲ့ မနီလာသိန်းက ပြောဆိုလိုက်ပါတယ်။
သာယာဝတီထောင်ကနေ မနီလာသိန်းနဲ့အတူ နိုင်ငံရေးအကျဉ်းသား ၁၀ ဦး ပြန်လည် လွတ်မြောက်လာတာဖြစ်ပါတယ်။ ၁ - မနီလာသိန်း၊ ၂ - မကြည်ကြည်ဝါ၊ ၃ - ကိုဘိုဘို၊ ၄ - ဦးရဲမြင့်၊ ၅ - ကိုလွင်မိုးမြင့်၊ ၆ - ကိုအောင်သန်း၊ ၇ - ကိုခင်လှိုင် (ခ) ဖိုးဆောင်း၊ ၈ - ကိုကျော်အောင်၊ ၉ - ၀င်းထိုက် (ခ) ဦးရာဇဓမ္မ၊ ၁၀ - ဆရာရဲ တို့ဖြစ်ပါတယ်။
၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့ စတုတ္ထအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်အတွင်း သာယာဝတီထောင်မှာ ကျန်ရစ်ခဲ့သည့် နိုင်ငံရေးအကျဉ်းသားများစာရင်းမှာတော့ -
၁ - ကိုလက်ျာ၊ ၂ - ကိုသိန်း၊ ၃ - ကိုမြင့်ဟန်၊ ၄ - ကိုနိုင်အောင်၊ ၅ - ကိုသန့်ဇင်၊ ၆ - ကိုဝင်းနိုင်ကျော်၊ ၇ - ကိုအေးမင်းနိုင်၊ ၈ - ကိုသံချောင်း၊ ၉ - ကိုထက်ကိုလွင်၊ ၁၀ - ကိုကျော်စွာလင်း၊ ၁၁ - မောင်သန်းရွှေ၊ ၁၂ - ကိုထွန်းထွန်း၊ ၁၃ - ကိုမြသောင်း၊ ၁၄ - ကိုဝေယံမင်း၊ ၁၅ - ကိုစိုင်းတင့်နိုင်၊ ၁၆ - ကိုစိုင်းစိန်၊ ၁၇ - ကိုသန်းမောင်၊ ၁၈ - ကိုဇော်လွင်၊ ၁၉ - ကိုမျိုးသွေး၊ ၂၀ - ကိုတိုက်ယဉ်၊ ၂၁ - ကိုဥာဏ်ထွန်း၊ ၂၂ - ကိုဝိုင်းပန်၊ ၂၃ - ကိုဖြူထွန်း၊ ၂၄ - ကိုစိုင်းပန်၊ ၂၅- မစန်းစန်းမော်။

No comments: