Sunday, January 29, 2012

ထွန်းမြင့်အောင်




၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးအတွင်း ဦးဆောင်ပါဝင်ခဲ့ပြီး အဲ့ဒီနောက် ပုန်းရှောင်ကာ အခုအချိန်အထိ လှုပ်ရှားမှုတွေအတွင်း ဆက်တိုက် လုပ်ဆောင်လာခဲ့သူ တစ်ဦးဖြစ်သည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်တဲ့ ကိုထွန်းမြင့်အောင်ဟာ အခုအခါ ပုန်းရှောင်နေရာမှ နေအိမ်သို့ ဇန်နဝါရီလ ၂၈ ရက်နေ့မှာ ပြန်လည်ရောက်ရှိလာပြီ ဖြစ်ပါတယ်။ ကိုမင်းကိုနိုင်၊ ကိုကိုကြီး စတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ၊ မျိုးဆက်သစ် ဗကသခေါင်းဆောင် ကိုကျော်ကိုကိုနဲ့ အဖွဲ့ဝင်တွေ၊ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်တွေက ကိုထွန်းမြင့်အောင် နေအိမ်ကို ရောက်ရှိလာကြပြီး ကိုထွန်းမြင့်အောင်နဲ့ တွေ့ဆုံခဲ့ကြပါတယ်။ 
အဲ့ဒီနောက်၈၈ မျိုးဆက်တွေနဲ့ မျိုးဆက်သစ် ဗကသအဖွဲ့ဝင်တွေဟာ ကိုထွန်းမြင့်အောင်ကို ကြိုဆိုပွဲအပြီးမှာ အကျဉ်းထောင် အတွင်း ကနေ ပြန်လည် မလွတ်မြောက်သေးတဲ့ HRDP က ကိုမြင့်အေးရဲ့ နေအိမ်ကို သွားရောက်ခဲ့ကြပြီး ကိုမြင့်အေးရဲ့ ဇနီးသည် ကို တွေ့ ဆုံ အားပေးခဲ့ကြပါတယ်။

No comments: