Saturday, January 28, 2012

ပန်းချီထိန်လင်း၊ ရော်နယ်အောင်နိုင်(RFA)

မြောက်ပိုင်း ABSDF က လူသတ်မှုများ

2012-01-28
၁၉၉၂ ခုနှစ် ဖေဖေါ်ဝါရီလတုန်းက မြန်မာနိုင်ငံ ကချင်ပြည်နယ် ဒေသမှာ အခြေစိုက်တဲ့ ABSDF မြန် မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသား တပ်မတော်-မြောက်ပိုင်း) မှာ ကျောင်းသား ရဲဘော် (၁၅) ဦးကျော်ကို သူလျှို လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ညှဉ်းပန်း သတ်ဖြတ်ခဲ့တဲ့ ဖြစ်ရပ်ဟာ အခုတလော တကျော့ပြန်ကာ အင်တာနက် ဖေ့စ်ဘွတ်ခ် စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေပါတယ်။
ထိုင်း- မြန်မာနယ်စပ်ရှိ ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသား တပ်မတော်) ၏ ဝေးကြီး ဗဟိုဌာနချုပ်တွင် နေ့လည်စာ စားနေကြသော ABSDF တပ်ဖွဲ့ဝင်များကို ၂၀၀၉ ခုနှစ် စက်တင်ဘာလအတွင်း တွေ့ရစဉ်။
အဲဒီဖြစ်ရပ်မှာ သူလျှိုအဖြစ် အစွပ်စွဲခံရပြီး ကျောင်းသား တပ်မတော်အချုပ်ထဲ အကျဉ်းချခံခဲ့ရသူ ပန်းချီထိန်လင်း (လက်ရှိ လန်ဒန်)က မြောက်ပိုင်း ခေါင်းဆောင်တွေ သူ့ကို ဖမ်းဆီးနှိပ်စက်ခဲ့ကြောင်း ဒီဖြစ်ရပ်ဟာ အုပ်စုနှစ်စုကြား အာဏာလုရာက ပေါ်ပေါက်လာခဲ့တာ ဖြစ်ကြောင်း ၊ နောက်ဆုံးမှာ အခြားသူတွေနဲ့အတူ သူကိုယ်တိုင် အချုပ်ကနေ တရုတ်နယ်စပ်ဖက်ကို ထွက်ပြေး လွတ်မြောက်ခဲ့ကြောင်း RFA ကို ထုတ်ဖေါ်ပြောဆိုပါတယ်။
ကျောင်းသား တပ်မတော်မြောက်ပိုင်းမှာ အဲဒီအချိန်က ခေါင်းဆောင်ဖြစ်တဲ့ ABSDF ဗဟို ကော် မတီဝင်ဟောင်း ကိုအောင်နိုင်ကတော့ အဲ့ဒီအချိန်က အဖွဲ့အစည်းရဲ့ဆုံးဖြတ်ချက်အတိုင်း တာဝန်အရ လုပ်ကိုင်ခဲ့ရတာ ဖြစ်ပြီး ၊ ဖြစ်ရပ်မှန် ပေါ်ပေါက်ရေးအတွက် ABSDFအဖွဲ့က စုံစမ်းစစ်ဆေးရာမှာ သူ့အနေနဲ့ ပူးပေါင်း ဆောင်ရွက်မှာ ဖြစ်တယ်လို့ RFA ကို ပြောပါတယ်။
ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး ကိုဉာဏ်ဝင်းအောင်က တင်ပြထားတာကို နားဆင်ပါ။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
RFA မှကူးယူဖော်ပြသည်။

No comments: