Sunday, January 29, 2012

အောက်လမ်း

မြို့ကိုသိမ်းလိုက်ပြီးတဲ့နောက်
မျိုသိပ်ထားတာတွေကို
မြွေအလမ္မာယ်ဆရာ ပလွေနဲ့ညှို့သလို
မြို့ကိုညှို့လို့ရပြီလား
ညီမလေး မင်းအတွေးက ကလေးလေးလို
ကလေးတွေအရေးပါတယ်လို့ ရေးတေးတေးပြောလို့ပြော
ပြောပြော ..
ဒီမြို့ကိုပြောရင်းဆိုရင်းသိမ်းပိုက်လိုက်ပြီးနောက်
မြို့ဟာ ပလွေသံတွေအောက်မှာ
ညှို့ကွင်းထဲ ပြားပြားမှောက်ခဲ့ပြီ။
ဒီလိုပါပဲ
တလက်ပြီးတလက် တလှည့်ပြီးတလှည့်
ချက်ကြီးလဲ စောကဲမင်းဖြစ်လိုဖြစ်
ငါလဲ မင်းဖြစ်သလိုဖြစ်
အဖြစ်ချင်းတူဆို ခေတ်ချင်းလဲ တူသကိုးကွာ
တူပုန်းနေသူတွေအတွက်တော့
အနေချောင်ချောင် တရှောင်ရှောင်
ချောင်ထဲမှာ မောင်မဲနဲ့ ဘာညာသရကာ
ပက်ပင်းကြီးမတွေ့ရင် ငြင်းလဲရ မငြင်းလဲရ
ညလုံးပေါက် သုံးကားပေါင်း မိုးအလင်း
မြို့ဟာ လင်းလင်းချင်းချင်းအောက်မှာ
မျက်လုံးတွေကျိန်းစပ်နီရဲ
တပွဲတိုးပဲပြောပါတော့ ….
ခင်လွန်း
၃း၃၀ နံနက်
၇၊ ၁၂၊ ၂၀၁၁ ဗုဒ္ဓဟူးနေ့

နေ့ သစ်  မှကူးယူဖော်ပြသည်

No comments: