by Htay Tint on Friday, 27 January 2012 at 00:34
လိမ်ခြင်းကန့် လန်ကာ
ဂျပန်အသံဖိုင်ကို ရဲဘော်တဦးထံမှာ နားထောင်ကြည့်မိခဲ့၍ ယခုလိုရေးသားလိုက်ရပါသည်။
မိုးသီးက နဂိုအတိုင်းပဲလို့ ထင်မြင်ပါသည်။
အသက်တာကြီးသွား၊အချိန်များသာ လျှင်မြန်စွာကုန်ဆုံးသွားသောလည်း
အကျင့်စရိုက်မရင့်ကျက်သေးတာကို တွေ့ မြင်ရပါသည်။
အဓိကကတော့ဝမ်းတွင်းစိတ်က အရေးကြီးပါသည်။
၈၈ခုနှစ်၊ဇွန်လမှာ မိန်းပြန်ဖွင့်သဖြင့် တရားပွဲများလုပ်ရာမှာ
မိုးသီး၏အပြောအဟောများအား ကျောင်းသားတွေမပြောနှင့်
၊ကျောင်းသူတွေကတောင် မကြိုက်နှစ်ကြတာကို ပြန်မြင်ယောင်မိပါသည်။
သြဂုတ်လ(၂၈)ရက်နေ့ မှာ ယူနီယံမြက်ခင်းပေါ်မှာ သမဂ္ဂဖွဲ့  စည်းသည့်
တရားဟောပြောပွဲမှာလည်း အကိုကြီး၊အကိုလတ်၊အကိုငယ်တွေနှင့်
သံလိုက်အိမ်မြောင်တလုံးဖြင့်တောခိုဖို့ ကြိုးစားပြီးမော်လမြိုင်က လှည့်ပြန်ခဲ့တာကို
ဗြောင်လိမ်ပြောသွားသော မိုးသီးဇွန်ဖြစ်ပါသည်။
အချိန်ဆွဲကာ ပေရှည်ဟောပြောနေသဖြင့် ရပ်ပါတော့အသိပေးနေသောလည်း
ပြောဟောနေ၍စိတ်မရှည်သောကျောင်းသားအချို့ 
စင်ပေါ်တက်ရိုက်မည်လုပ်တာကို တားဆီးခဲ့ရပါသည်။
ရန်ကုန်ဆေးရုံကြီး ၃၆နာရီအစာငတ်ခံဆန္ဒပြပွဲမှာလည်း လုံခြုံရေးတာဝန်ယူထားသော
ရွှေဂျိုးဖြူက သူတို့  အားဝိုင်းထားပါသည်ဆို၍ မြို့ ထဲမှ
သပိတ်အဖွဲ့ တွေဆီမမှန်မကန်အကြောင်းကြားပြန်လို့ 
အချင်းချင်းဖြစ်သော ပြဿနာများကို ရှင်းလင်းခဲ့ရပါသည်။
ရှင်းကြချိန်မှာ မိုးသီးအား ရွှေဂျိုးဖြူအဖွဲ့ မှရဲဘော်များအား
နားလည်မှုလွဲသွားသည့်အပေါ်ပြန်တောင်းပန်ပေးဖို့  ပြောသူကပြောသောလည်း
မိုးသီးဇွန်ဆိုသူက ကလေကချေများအား မတောင်းပန်နိုင်ဘူးဆိုပြီး
လူအများရှေ့ မှာဖော်ထုတ်ပြောပြန်လို့ သက်ဦးဦးဆောင်သော
ရွှေဂျိုးဖြူအဖွဲ့ နားမှ ကျော်ဝင်းလေး ငှက်ကြီးတောင်မြောက်ပြီးခုတ်ဖို့ လုပ်ခဲ့တာ
အလျှင်အမြန်ဝင်ဆွဲရသည့် ဖြစ်ရပ်ကိုမြင်ယောင်မိပါသေးသည်။
(Wynn Aung Please be advised that could you please kind enough to change regarding
"36 hours Hunger Stike" Kyaw win lay is not a menber of Shwe cho Phy. thanks )
၈၉ခု၊မတ်လ တံတားနီနှစ်ပတ်လည်မှာ မိန်းထဲကိုရောက်လာပြီး
ဒီမိုကရေစီနှင့်လူ့ အခွင့်အရေးရဖို့ သူ့  ကိုယ်သူ အမြောက်ဆန်ကြီးပမာ
တုန်ဟီးသွားအောင်ပစ်ဖောက်ချင်ကြောင်းဟောပြော၊ လူတွေကို ကျောင်းထဲကထွက်ပြီး
အပြင်မှာ ချီတက်ဖို့ ကြွတက်ပြကာ၊
ပစ်ဖို့  ပြင်ဆင်ထားသော စစ်တပ်ဆီကို လှူံဆော်ခဲ့တာလည်း မိုးသီးဖြစ်ပါသည်။
မကသပပွဲကိုဖျက်ဆီးချင်တာပဲသိပြီး လူများသေမည်ကို မစဉ်းစားမတွေးခေါ်သူဖြစ်ပါသည်။
မနည်းတားဆီးခဲ့ရသလို၊
မိုးသီးတို့  ကိုလည်း အတူတူနှစ်ယောက်ချင်း လက်ချင်းချိတ်ကျောင်းပြင်ထွက်ချီတက်ကြမည်လို့ 
ချဲ့  လင့်လုပ်ယူမှ ငြိမ်သွားကြသည်။
အုတ်အော်သောင်းနင်းနှင့် အချင်းချင်းစစ်တပ်ရှေ့  မှာဖြစ်ခဲ့ရတာသည် ရှက်စရာဖြစ်ပါသည်
။သမဂ္ဂမှခွဲကာပါတီထောင်ခဲ့သောလည်း လမ်းကြောင်းကြီး၃သွယ်တို့  ဘာတို့ ဖြင့် ညာဖြီးပြောဆိုကြသည်။
ကိုယ်သန်ရာကိုယ်လုပ်ခြင်းတာဖြစ်သည်။
ဗကသမှာ လမ်းကြောင်း၃သွယ်မူမချမှတ်ခဲ့တာအမှန်ဖြစ်ပါသည်။
ပေါ်ဦးနှင့်ကေကြူ့ ကိုမေးနိုင်ပါသည်။
ကြိုးမဲ့လေတံခွန်စာတမ်းကို မိုးသီးအနေဖြင့်
ဘယ်နှစ်စောင်လိုချင်ပါသလဲ ဆိုတာသိချင်ပါသည်။
ပို့ ပေးဖို့ အသင့်ရှိပါသည်။
တောဆင်းချိန်နှင့်တပြိုင်တည်း ငါတနေ့  ပြန်လာခဲ့မယ်
ကဗျာစာအုပ်ထုတ်သွားခဲ့သော မိုးသီးက ဗီဇာတာထုတ်ပေးလိုက် ထောင်ကျမှာ၊ပစ်သတ်မှာမကြောက်ဘူး ပြန်မယ်ပြောဆိုတာကို အသံဖိုင်မှာကြားလိုက်ရသဖြင့် ကိုယ့်နားတောင်မှကိုယ်မယုံနိုင်ဖြစ်သွားရပါသည်။
လူ့ ဘောင်သစ် အကွဲအပြဲဇာတ်လမ်း၊ ဘုရားသုံးဆူအကွဲအပြဲဇာတ်လမ်း
၊အေဘီအကွဲအပြဲဇာတ်လမ်းအားလုံးများနှင့်ချိတ်ဆက်ထားတာမိုးသီးဖြစ်ပါသည်။
အေဘီကွဲတော့ ကျောင်းသားစိတ်နှင့် ဆလိုင်းကိုကိုဦး၊ကိုသန်းဝင်း၊ကိုဥာဏ်လင်းရွှေအစရှိသော
ကျောင်းသားများရပ်ပေးသောလည်း မိုးသီးဥာဉ်ကြောင့်ကိုယ့်တပ်ကိုယ်ပြန်နင်း၊ဖျက်ရပါသည်။
ကိုဝင်းမင်း၊ကိုအောင်သူငြိမ်း၊ကိုအောင်နိုင်ဦး(ဗဟု)များဖြင့် အားယူသောလည်း
လူပေါ်လူဇော်နည်းများဖြင့် မိုးသီးတပ်လန်ထွက်သွားတာလည်း အမှန်ဖြစ်ပါသည်။
တရားရုံးရင်ဆိုင်ရဲသော မိုးသီးက ပါတ်စပို့ အတုအမှုနှင့်
ထိုင်း၊လရောင်ထောင်ကလွတ်အောင် အာမခံပေးခဲ့သော
ဖိုရမ်အေရှမှ မစ္စချာလီဒါကို ဘာမှမပြောဆိုပဲ အမေရိကားထွက်ပြေးသွားခြင်းသည် ရှက်တက်မည်ဆို ရှက်စရာဖြစ်နေပါသည်။
ကွဲစရာမရှိရင် မိုးသီးသည် သူဆရာကိုမြင့်လှိုင်နှင့်လည်းကွဲတာကို
အမေရိကားမှရဲဘော်များအသိဆုံးဖြစ်မည်ဖြစ်ပါသည်။
နိုင်ငံတကာမြန်မာကျောင်းသားများပထမအကြိမ်ညီလာခံ(၂၀၀၁)မှာလည်း
ဘာအစ်ရှုးမှတိတိကျကျတာဝန်မယူပဲ စင်အောက်ကနေ လိုက်နှောင့်ယှက်ခဲ့တာလည်း မိုးသီးဖြစ်ပါသည်။
အင်ဒီယားနား၊ဖို့ ဝန်းကရဲဘော်များအသိဆုံးဖြစ်ပါသည်။
ငါမိုးသီဇွန်ဆိုသော သွေးနထင်ရောက်နေသော ၀မ်းတွင်းရူးရောဂါသည် ကုရာဆေးမရှိဖြစ်နေပါသည်။
၈၈ဆိုပြီး ပုဂ္ဂိုလ်ရေးတိုက်ခိုက်သော အဖြစ်မျိုးကို
အထူးရှောင်ကျဉ်နေသောလည်း မိုးသီးက အချိုးမပြောင်းကာ တောပြောင်းသားကောင်ရှာမည့်စကားမျိုးများအား
ဂျပန်အသံဖိုင်မှာ ကြားရသဖြင့် ယခုလိုရေးသားလိုက်ခြင်းဖြစ်ပါသည်။
မိုးတိမ်တွေတောင်မှမတည်ငြိမ်တာ မိုးသီးလည်းတနေ့ ကြွေရမှာပါ။
စစ်အောင်
To: 8888peoplepower@yahoogroups.com
From: greengrass_burma@hotmail.com
Date: Thu, 26 Jan 2012 20:14:28 +1100
Subject: [8888peoplepower] Re: Shameful Moe Tee Zune voice

- 9 people like this.
- 26 shares
Boon Myo Myo
ကျနော်လည်း အစက မိုးသီးကို ဟုတ်လှပြီ ထင်နေတာ...နောက်မှ သူတင်တဲ့ ရေးသားတဲ့ဟာတွေ...သူလုပ်နေတာတွေ အလကား လုပ်စား နိုင်ငံရေးသမားကြီးမှန်း သိလာခဲ့တယ်....အရင်ကဆို သူ့ကို စစ်ခွေးတွေ ပုတ်ခတ်ပြောတာ ကျနော်က သူ့ဖက်ကနာပြီး ခဏခဏ စစ်ခွေးတွေကို သွားဆဲတာ...နောက်ပိုင်းသူပြောတဲ့စကားတွေ ....>> စစ်အစိုးရနဲ့ ဆန့်ကျင်ဘက်ဆိုပေမယ့် စစ်အစိုးရက ဖမ်းလို့မရတာ (၂)ဦးပဲ့ရှိသည် တဦးက သာမညဆရာတော်...တဦးကသူ...ဆိုတာလည်း သာမညဆရာတော်ကို စော်ကားသလိုမျိုး ဖြစ်နေသည်...မနှိုင်းအပ် နှိုင်းအပ်နားမလည်တာ...နောက် တခါ ရိုဟင်ဂျာအရေးမှာ သူက ရိုဟင်ဂျာကို လက်ခံသလိုအနေထားရှိတယ်...နောက်ပြီးတော့ ဗုဒ္ဓဘာသာကို နှိမ့်ချပြီး အစ္စလမ်ဘာသာကို အရမ်းအမွှန်းတင်တာတွေ...(ဘာသာခွဲခြားတာတော့ မဟုတ်ဘူး...ဒါပေမယ့် မိုးသီးက မွတ်စ်တယောက်ဆီမှာ ထောက်ပံ့ကြေးရပြီး ပြောတဲ့လေသံ ဖြစ်နေလို့ မကြိုက်တာ...ထိုင်းနဲ့မြန်မာမှာ သစ်ပင်တွေခြောက်နေတယ်...မလေးရှာမှာ သစ်ပင်တွေစိမ်းနေတယ်...အဲဒါ အစ္စလမ်ဘာသာက ဗုဒ္ဓဘာသာထက် သာလို့တဲ့ တကယ့်ဂေါက်...လီးငုံပြီး ပြောတာလား ကုလားမစပ်ပက်ကို လျက်ပြီးပြောတာလားမသိ..တော် တော်ဆဲချင်တာ...အရင်ကောင်းတာလေးတွေ ထောက်နေလို့...နောက်တခါ ဒေါ်အောင်ဆန်းစုကြည်ကိုပါ ဆဲလာပြန်တယ်...အဲဒီမှာတော့ မိုးသီးကို ကျနော်လုံးဝ မထောက်ခံတော့ဘူး....မြောက်ပိုင်းကိစ္စတွေမှာလည်း အမှန်ဆိုသူဟာ ကျောင်းသားခေါင်းဆောင်ဟောင်း တယောက်ဆိုရင် ရော်နယ်အောင်နိုင်နဲ့ စာရင်းရှင်းရမယ်...ဒီဖြစ်ရပ်တွေဟာ မှန်လား ဘယ်လိုလဲ....ဒါပေမယ့် သူက လက်ရှောင်နေပြန်ရော...ပြီးေ တာ့ ဟိုနိုင်ငံသွားလိုက် ဒီနိုင်ငံသွားလိုက်နဲ့ ပိုက်ဆံတွေ ဘယ်ကရလဲ မသိဘူး...
9 hours ago
Htay Tint
မိုးသီး ၇န်ကုန်တက္ကသိုလ်ထဲမှာ မျက်နှာဖုံးချွတ်ပြရာက မိုးသီးလို့ စပြီးလူသိများတာ ။ တခြားကျောင်းသားခေါင်းဆောင်တွေလို တော်လို့ တတ်လို့ မဟုတ်ဖူး ဆိုတာ အတွင်းသိကရေးလိုက်စာပါ ။ တက္ကသိုလ်ထဲမှာလည်း ကျောင်းသားတွေကို မြောက်ပေးလို့ အကုန်လုံးမသာပေါ်တော့မလို့ ။၁၉၈၈ တောခိုတော့ မလိုက်ရဲဘဲကျန်ခဲ့တယ် ။ ကွန်မြူနစ်တွေရေးပေးတဲ့ စာတွေနဲ့  နာမည်ယူပြီး လူ့ ဘောင်သစ်ကို ဗိုလ်တက်လုပ်တယ် ။ လူ့ ဘောင်သစ်မှတ်ပုံတင်ဖို့  ငွေမရှိလို့  သက်ထွန်းတို့ နဲ့  တိုင်ပင်ပြီး ခင်ညွန့် တပည့်ထောက်လှမ်းရေးဆီက ငွေယူတယ်တဲ့ ။ ပြည်ပရောက်တော့ မိုးသီးက သက်ထွန်းကို မင်းတို့ ထောက်လှမ်းရေးဆီက ငွေယူတာ မဖွစေချင်ရင် ထောက်ပံ့ရမယ်ဆိုလို့  အဲဒီအုပ်စု တက္ကစီမောင်းပြီး မိုးသီးကို လုပ်ကြွေးနေရတယ်လို့ ပြောကြတယ် ။ တောထဲရောက်တော့လဲ အာဏာပြိုင်ရင်း AB ၂ခြမ်းကွဲ ။ကျောင်းသားတွေက မိုးသီးဖက်က ရပ်တည်ပေးကြတယ် ။ ရပ်တည်ပေးတဲ့ သန်းဝင်းကို ဖမ်းမိန့် ထုတ် ကိုဦးကို ပြသနာရှာ ဌေးနိုင်ကိုပါ လှည့်သတ်လိုက်တယ် ။ တောထဲမှာ ကျန်ခဲ့တဲ့ AB ဗဟိုကော်မီတီမှာ လူသတ်ကြံရာပါတွေဖြစ်ကုန်လို့  ဖုန်းကြဖိကြနဲ့  အားလုံး ဒုက္ခရောက်ကုန်တယ် ။ တော်လှန်ရေးတပ် ပျက်မတတ်ဖြစ်ရတယ် ။ ခပ်တည်တည်နဲ့ မြောက်ပိုင်းကို ကျောင်းသား တပ်တွေလွတ် ။ အဖမ်းခံရတော့ သူနဲ့ မဆိုင်သလိုနေတော့ အသတ်ခံရတာပေါ့ ။ ၂၀၁၁ မှာ ပြည်တွင်းကလူငယ်တွေကို မြောက်ပေး ။ အဖမ်းခံရအောင် လမ်းကြောင်းတွေချ ။ မိုးသီး လူတွေကွလို့  အပြင်မှာကြွား ရအောင် အစီအစဉ်တွေဆွဲ ။ မိုးသီးသာ မိန်းမဖြစ်ရင် ထွက်လာမဲ့ ကလေးတွေ ရထားတွဲတွေနဲ့ လိုက်ကောက်ရမယ်ထင်တယ် ။ ယောကျားင်္ဖြစ်နေလို့  သတ်ခဲ့တဲ့လူတွေလည်း စာရင်းရှင်းလို့ မပြီးနိုင်သေးဖူး ။
7 hours ago
Wynn Aung Please be advised that could you please kind enough to change regarding "36 hours Hunger Stike" Kyaw win lay is not a menber of Shwe cho Phy. thanks
6 hours ago
Kyaw Thurain Pyone ပြောရရင်ဒီလူရုပ်ကကြာကူလီရုပ်နဲ.ဗျ ဆရာကြီးလုပ်နေတာဆရာကြီးဖြစ် ချင်ရင်တော......ခံဘူးရမယ်တဲ.ဗျို.
6 hours ago
Boon Myo Myo
(၁) ခြောက်လုံး (၁၁-၁၁-၁၁) အရေးခင်းလုပ်ရအောင် ဆိုပြီးလည်း ဖွလိုက်သေးတယ်...တကယ့်ငပေါဗျ...လူတွေကိုများ စောက်ရူးထင်နေလားမသိဘူး...လူထုအုံကြွမှုကို သူကဖန်တီးချင်လို ဖန်တီးလို့ရမယ် များထင်နေလားမသိဘူး...(၈-၈- ၈၈) ၈-လေးလုံးအရေးတော်ပုံကြီးကိုလည်း သူပဲ့ဖန်တီးလို့ ဖြစ်လာသလိုလိုမျိုး ပြောတတ်သေးတယ်....သူဖန်တီးထားတဲ့ (၈)လေးလုံးနောက်မှာမှ ဒေါ်စုတို့က လိုက်လာလို့ ဒေါ်စုကိုတောင် သူ့နောက်လိုက်လိုလို ဘာလိုလို အပုတ်ချတာလည်းရှိတယ်...လူထု အုံကြွမှုဆိုတာ အုပ်ချုပ်သူအစိုးရ စောက်သုံးမကျလို့ အခြေနေအရဖြစ်လာတာ..ဘယ်သူမှ ဖန်တီးလို့ရတဲ့ဟာ မဟုတ်ဘူး...အာရပ်မှာ အုံကြွမှုတွေ ပေါ်လာတော့ သူက မြန်မာပြည်မှာလည်း အဲလိုအုံကြွစေချင်သေးတယ်... သူက အဲဒီအချိန်ကျရင် နေရာပြန်ယူမယ်လေ...အဲဒီအချိ န်မှာ ဒေါ်စုတို့က ဦးသိန်းစိန်နဲ့ ဆွေးနွေးညှိနှိုင်းတာတွေ လုပ်တော့ ဒေါ်စုကို မကျေနပ်ဖြစ်ပြီး ဆဲပါလေရော...ဒီဘက်မှာ လူထုအုံကြွမှုကြီး ဖန်တီးနေတာ..တွေ့ဆုံဆွေးနွေးသူက ရှိနေရင် ဘယ်အလုပ်ဖြစ်မလဲဆိုပြီး...အ မလေး..သူတို့နေရာရလာဖို့ လူတွေပဲ့ အလကားသေပေးရမလို...တိုင်းပြ ည်ကြီး အေးအေးချမ်းချမ်းနဲ့ ဒီမိုကရေစီစံနစ်ကို ကူးပြောင်းသွားတာ ဝမ်းသာကြိုဆိုရမယ့်အစား...တ ကယ့်အတ္တသမားကြီး..အဲဒီအချိန်မှာ သူနဲ့နီးစပ်တဲ့ .ဒေါက်တိုငမူးလည်း ပါလိုက်သေး...ဘာတဲ့!လူထုအုံ ကြွစေရေးကော်မတီ ဆိုလား ဖွဲ့လိုက်သေးတယ်..ဟား ဟား ဟား....တော်တော်ပေါရဲတဲ့ နိုင်ငံရေးသမားတွေ...DKBA ဗိုလ်ကျော်သက်တို့ အုပ်စုက ခိုးကားသွင်းတာ မကျေနပ်တဲ့ ကိစ္စနဲ့ မြဝတီမှာ တိုက်ပွဲဖြစ်တော့ တိုင်းရင်းသားတပ်ပေါင်းစုကြီး ဝင်တိုက်ပါတော့လား...ဆော်ပါ တော့လား...နေပြည်တော်အထိဝင် သိမ်း..ဘာညာနဲ့ အွန်လိုင်းက ဖင်ကွဲအောင်အော်တယ်....(ကို ယ်တိုင်တော့ ဘယ်မှာကွေးနေလဲမသိ) .....အဲနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်တွေ အစိုးရနဲ့ ငြိမ်းချမ်းရေးလုပ်တော့ ငြိမ်းချမ်းရေးလုပ်တဲ့ အဖွဲ့ကိုပါဆဲလာပြန်ရော...အခုတော့ အကြံကုန်ဂဠုန်ဆားချက် ဆိုသလို တိုင်းပြည်ထဲ ပြန်ဝင်မယ်ဆိုလား....အဖမ်းခံချင် ခံရပစေတဲ့...အရင်က ကိုမင်းကိုနိုင်တို့ တိုင်းပြည်ထဲမှာနေပြီး အဖမ်းခံနိုင်ငံရေးလုပ်တာ အသုံးမကျသလိုလို သူ့လို လွတ်အောင်မရုန်းတတ်၊မရှောင် တတ်လို့ အဖမ်းခံရတာလိုလို ပြောနေသူက အခု ကိုမင်းကိုနိုင်နဲ့ (၈၈)ကျောင်းသားခေါင်းဆောင်ေ တွ လူထုကြား မီဒီယာတွေမှာထင်ပေါ် စင်ပေါ်ရောက်လာတော့ သူလည်း ဒီလိုဖြစ်ချင်လာတာနဲ့ တူတယ်....
19 minutes ago
No comments:
Post a Comment