Tuesday, January 24, 2012

အေဘီမြောက်ပိုင်းလူသတ်မှု ကျနော့်မှာတာဝန်မရှိဘူး (မိုးသီးဇွန်)

တချို့ လူတွေကသက်သက်မဲ့ပုဂ္ဂိုလ်ရေးတိုက်ခိုက်နေတာတွေရှိတယ်။ကျနော်တို့ ကအကြိမ်ကြိမ်ရှင်းပြခဲ့တယ်။ မြောက်ပိုင်းကိစ္စတွေဟာ ဘယ်သူတွေတာဝန်ရှိတာလည်းဆိုတာ။ လူတဖက်သားကို လက်ညိုးမ ထိုး ချင်လို့ ။သမိုင်းဖြစ်ရပ်မှန်တွေရှိတယ်။  ပြန်လေ့လာပါလို့ ပြော ချင် တယ်။ အဲတော့ချဲလင့်လုပ်တာတခုကတော့ အခုအင်တာနက် မှာရေးနေ တဲ့လူုတွေ ကျနော်က အခုအမေ ရိကားမှာနေတယ်။ အင်္ဂလန် ကိုလည်း သွားတယ်။ ဂျပန်လည်းလာတယ်။ တရားဥပဒေရှိတယ်။ ကျနော့် ကိုကျနော်သင်္ဃန်း ကျွန်းနေတုန်းက ကျနော့်ကို  ဖိုးတုတ်ကြီး ကနှိပ်စက် ထားတယ်။ခင်ဗျားကိုနှိပ်စက် ထားတယ်။ ဒါမှမဟုတ် တယောက်ယောက်ကိုနှိပ်စက်ထားတယ်။  ဒီရောက် လာရင် ရဲကိုအကြောင်းကြားလိုက်ပေါ့။ အဲဒါကိုလုပ်ပါ။ ချဲလင့်လုပ်ပါ။ သတ္တိရှိရှိနဲ့ ။ ဘာမှန်းမသိအမည် မခံပဲနဲ့ ရေးနေ။ ဒါတချက် ကျနော်ပြောချင်တယ်။ 

ကျနော်တို့ သည် ဒီမိုကရေစီတော်လှန်ရေးမှာလူ့ အသက်ကိုကယ်ခဲ့တာပဲရှိတယ်။ အဲဒီလိုကယ်ခဲ့ တာ ဟ နအဖတွေပါတယ်။စပိုင်တွေပါတယ်။ အများကြီးကိုကျနော်တို့ ကယ်ခဲ့တယ်။ အဲလို ဘာမှန်းညာမှန်း မသိ။အဲလိုဖြစ်နေတဲ့ လူတွေ။ သူတို့ အသက်တွေရအောင်ကယ်လာခဲ့တယ်။  ၂၃ နှစ်လုံး ကျနော့်အမေ သည် ကျနော် ဘာမှပြန်မလုပ်ပေးနိုင်ဘူး။ အရမ်းဒုက္ခရောက်တယ် ကျနော့်အမေ။ ဟုတ်လား။ သူ့ ရဲ့  property တွေဆုံးရှုံးသွားတယ်။ ဒုက္ခရောက်တယ်။ ကျနော်သားတယောက်အနေနဲ့ တာဝန်မကျေခဲ့ ဘူး။ ကျနော် သူ့ ကိုပြန်ကျေးဇူးဆပ်နိုင်တဲ့ဟာက ကျနော် ကြောင့် အရှက်တကွဲ အကျိုးနည်းမဖြစ်စေရဘူး။ ကျနော့်ကိုချစ်တဲ့မိတ်ဆွေတွေက တပြည်လုံးမှာရှိတယ်။ မင်းကိုနိုင်ရဲ့ မိတ်ဆက်တွေ ပြန်နားထောင်လို့ ရ တယ်။ သူတို့ ကျနော့်အပေါ်ယုံကြည်တယ်။ တချို့ ကတော့ကျနော့်ကို ပျက်စီးစေချင် တယ်။ သူတို့ ကတော့ ဘယ်လိုမှ  ရှင်းပြလို့ မရဘူး။ အဲဒီလိုလူတွေမျက်နှာပျက်အောင်ကျနော်မလုပ်ဘူး။ ဥပဒေရှိတဲ့နိုင်ငံ။ ကျနော်ဗမာပြည်လည်းပြန်ရဲတယ်။ ဗီဇာထုတ်ပေးလိုက်။ ကောက်ခနဲပြန်သွားမယ်။ ဟုတ်လား။ ဖမ်းရင် ကျနော်တို့ ဝင်လိုက်မယ်။ ပစ်သတ်ရင် ကျနော်တို့ ရင်ကော့ခံရဲတဲ့ကောင်တွေ။ ဆိုတော့အဲဒီလောက် ဆိုရှင်းပြီထင်ပါတယ်။ 

ကျနော်တို့ နှစ်ဖွဲ့ ကွဲသွားတော့ လူသတ်မှုကိစ္စတွေဖြစ်နေ တယ်။ မြောက်ပိုင်း မှာ။ ဖြစ်နေတဲ့အတွက် ကန့် ကွက်ခဲ့တယ်။ အေဘီအက်အဖွဲ့ ဝင်ရှစ်ထောင်ရှိတယ်။ ကျနော်တို့ ဖက်မှာ လူနည်း စုပဲပါ တယ်။ နှစ်ထောင်လောက်ပဲပါတယ်။ အများစုကြီး ပါသွားတယ်။ အခုအွန်လိုင်းမှာရေးနေတယ်။ ကျနော်က မပြောချင်ဘူး။ ကျနော်တို့ evidence တွေလည်းရှိတယ်။ ဂျပန်မှာကျနော်တို့ ကိုထောက်ခံတာအဲဒီကာလက အနည်းစုလေးပဲရှိတယ်။ အများစုကြီးကျနော်တို့ ကို အမယ် ဟေ့တော်လှန်ရေးပဲ။သတ်တာဘာဖြစ်လဲ။ ဒီလိုပြန်လာတာခံရတယ်။ ဒီကောင်တွေဒီမိုကရေစီ မလိုက်နာတဲ့ကောင်တွေ။ ဒီမိုကရေစီဟာ principle ရှိတယ် ။ လူသတ်တာမှမဟုတ်တာ။အဲဒီတုန်းက ကိုစိုးဝင်းရှိန်တို့ လည်းကျနော်တို့ ကိုထောက် ခံတဲ့အထဲမှာမပါဘူး။ ကျနောတို့ ရက်ကော့တွေ ရဲဘော်တွေပို့ လာတယ်။ ဒီလူသတ် မှုတွေ ကြောင့်ကျနော် တို့ ဒီလိုကွဲသွား တယ်ပြောတော့ ခင်ဗျား တို့ မပါဘူး။ကျနော်တို့ ရက်ကော့ထဲမှာ။ ကျနော်တို့ ရဲဘော်တွေ မနေ့ က ရီပို့ ပြန်လုပ်တယ်။ ဟေ့ဂျပန်က ငါ့ကိုထောက်ခံတဲ့သူတွေဘယ်သူလဲ။ လူသတ်မှုတွေကြောင့် ကျနော် တို့ နှစ်ဖွဲ့ ကွဲသွားတဲ့ အခါကျတော့။ နာမည်တွေကြည့်တယ်။ ၀မ်းနည်းစွာပဲခင်ဗျားနာမည် မတွေ့ ရဘူး။ 
အင်တာနက်မှာတော့ ခင်ဗျားက သူရဲကောင်းကြီးလိုဖြစ်နေတယ်လေ။ ဟုတ်တယ်မဟုတ်လား။ အဲတော့ ဒီလောက်ဆို ရှင်းပြီလို့ မြင် တယ်။

မေး။ ကိုမိုးသီးဇွန်အနေနဲ့ တာဝန်ရှိတယ်လို့ ၊ကိုယ်ကိုယ်တိုင်ပါဝင်ပတ်သက်ခဲ့တယ်လို့ ကော ခံစားရလား။
ဖြေ။ မခံစားရဘူး။ ကျနော့်မှာတာဝန်မရှိဘူး။

မေး။ မြောက်ပိုင်းလူသတ်မှုဖြစ်တဲ့အထဲမှာကိုမိုးသီးဇွန်အနေနဲ့ ဘာတာဝန်မှမရှိဘူး။
ဖြေ။ အေဘီအက်စ်ဒီအက်ဖ် တိတိကျကျပြောရရင် အေဘီအက်စ်ဒီအက်ဖက်ကွဲသွားပြီ။ ကွဲ သွားပြီးတော့ လေးငါးလကြာတော့ မှ ဖြစ်တယ်။ အဲဒီကိစ္စတွေ။ သုံးလေးလလောက်လား။ ကျနော်အသေ အချာမမှတ်မိဘူး။ဒါပေမယ့် ကွဲသွားပြီ။ အဲဒီလိုမျိုးမလုပ် ဖို့ ကျနော်တို့ ကချက်ခြင်းအင်န်ဂျီအိုတွေ သံတမာန်တွေကို ကျနော်တို့ ချက်ခြင်းသတင်းပို့ လိုက်တယ်။ သူ့ တို့ အဖွဲ့ ကို လည်းပို့ တယ်။ 

မေး။ အဲဒီတုန်းက ကိုမိုးသီးဇွန်က အေဘီရဲ့ ဥက္ကဌအနေနဲ့ ..
ဖြေ။ ကွဲသွားပြီ။

မေး။ကိုမိုးသီးဇွန် အေဘီဥက္ကဌအနေနဲ့ ဒီလိုပြဿနာတွေမဖြစ်ခဲ့ဘူးပေါ့။ 
ဖြေ။ မဖြစ်ခဲ့ဘူး။

မေး။ဒါဆိုကိုမိုးသီးဇွန် ပြီးသွားပြီးမှဒီပြဿနာတွေဖြစ်တာပေါ့။
ဖြေ။ ဟုတ်တယ်။ဟုတ်တယ်။ကျနော်တို့ ရက်ကော့ တွေရှိတယ်။

မေး။ ကျောင်းသားတပ်မတော်ရဲ့ ဥက္ကဌဟောင်းတယောက်အနေနဲ့  အခုဖြစ်ပျက်နေတဲ့အပေါ်မှာဘယ် လိုတာဝန်ယူဆောင်ရွက်ပေး မလဲ။
ဖြေ။ အဲဒါကတော့ကျနော်မပြောနိုင်ဘူးလေ။ ခုလောလောဆယ်မှာက ကျနော်တို့  မှာဘာပါဝါမှမရှိတော့ တာဝန်ယူ ဖို့ ဆိုတာပါဝါတခုရှိဖို့ လိုတယ်။ အထူးသဖြင့် ဒီကိစ္စတွေအမှုမှန်ဖော်ထုတ်ဖို့ ဆိုတာက အခြေအနေနဲ့  အချိန်အခါတွေ လိုအပ်လာတယ်။ 

မေး။ အဲဒီတုန်းကဖြစ်ပျက်တဲ့ဟာတွေက သမိုင်းရဲ့ အဖြစ်အပျက်တွေက ကိုမိုးသီးဇွန်နဲ့ ဒေါက်တာနိုင်အောင် တို့ ရဲ့ အုပ်စု ။ဂိုဏ်းဂဏ ကွဲမှုကြောင့်ဖြစ်ကြတယ်လို့ သိရတယ်။ အဲဒီဟာကော ဟုတ်သလား မဟုတ်ဘူးလား။
ဖြေ။ အဲဒါတော့ကျနော်တို့ မပြောတတ်ဘူးလေ။ ဘယ်သူ့ ပဲဖြစ်ဖြစ် နအဖလူ လို့ ပဲစွပ်စွဲစွဲနိုင်အောင် လူလို့ ပဲစွပ်စွဲစွဲ။ ဒီလိုမျိုး human right violation မလုပ်ဖို့ ။အ ဓိက က။ သူ့ ဟာသူ နိုင်ငံရေး အရလည်းကွဲချင်ကွဲမယ်။ မကွဲချင်မကွဲဘူး။ နိုင်ငံရေးကွဲနေတာကို သွားပြီးတော့ ဒီလိုလုပ်တာတော့ လက်မခံဘူး။ ဘေးကနေ ပြီးတော့လျှောက်သုံးသပ်နေတာ ကျနော်တို့ ဘယ်လိုပြော လို့ ရမတုန်း။ 

မေး။ ဒီကိစ္စတွေကိုပြန်လည်ဖော်ပြနေတဲ့အပေါ်မှာကော ကိုမိုးသီးဇွန် ဖော်ပြသင့်တယ်လို့ မထင်ဘူးလား။ 
ဖြေ။ ကျနော့်သဘောထားကိုပြောထားပြီးပြီလေ။ ကျနော့်သဘောထားစောစောကပြောထားပြီးပြီ။ ခင်ဗျားအသေးစိတ် တရားခံလိုမေး နေတယ်ဆိုရင်တော့ ဒါတရားခွင်လည်းမဟုတ်ဘူး။ သတင်းစာရှင်းလင်း ပွဲ။ ဟုတ်တယ်မဟုတ် လား။ ကျနော်ဖြေနိုင်တဲ့ဟာကိုဖြေထားပြီးပြီ။ တကယ်မှထပ်ပြီးမေးချင်ရင်  ကျနော်ပြောထားပြီးပြီ။  ဂျပန်ရဲကိုတိုင်လိုက်။ ကျနော် လာဖြေရှင်းပေးမယ်။ တရားရုံးတရားစွဲလိုက်။ အဲ ဒီတော့မှ ခင်ဗျားလိုချင်တဲ့အဖြေဆီရောက်မယ်။ ဟုတ်တယ်မဟုတ်လား။ 

စိုးဝင်းရှိန် --၂၄-၁ -၂၀၁၂
ဒီနေ့(ဇန်န၀ါရီလ ၂၂ ရက်) နေ့လယ် ၁ နာရီ ၃၀ မိနစ်မှ ၄ နာရီ ၃၀ မိနစ်အထိ Ikebukuro Life and Industry Plaza B 1 (Kumin Center အနောက်ဘက်အဆောက်အဦ) Higashi Ikebukuro, Toshima-ku 1-20-15, Tokyo မှာကျင်းပပြုလုပ်ခဲ့တဲ့ ကိုမိုးသီးဇွန်နှင့် ဂျပန်ရောက်မြန်မာနိုင်ငံသားများ လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေ သုံးသပ်ဆွေးနွေးပွဲ ကို တက်ရောက် နားထောင်ပြီး ဂျပန်ရောက် မြန်မာနိုင်ငံသား တစ်ဦးအနေနဲ့ရော မိုးသောက်ကြယ် ဂျာနယ်သတင်း မီဒီယာသမား အနေနဲ့ပါ မေးမြန်းခဲ့ ပါတယ်။

မေးခဲ့တဲ့မေးခွန်းတွေက-
၁) မြန်မာပြည်ပြန်ပြီး နိုင်ငံရေး(သို့)တော်လှန်ရေး(သို့)ကျောင်းသားအရေး(သို့) အခုတလောရေပန်းစားပြီး အသုံးများနေတဲ့ civil society လုပ်-မလုပ် ဆိုတဲ့မေးခွန်းနဲ့
(၂) ABSDF မြောက်ပိုင်း ကျောင်းသားတွေ ရက်ရက်စက်စက်သတ်ဖြတ်ခံခဲ့ရခြင်းကိစ္စမှာ ကိုမိုးသီးဇွန်အနေနဲ့ တစ်စိပ်တစ်ပိုင်း အားဖြင့် သော်လည်းကောင်း၊ သို့တည်းမဟုတ် တစ်ခုလုံးအားဖြင့် သော်လည်းကောင်း၊ ပါဝင်ပတ်သတ်ခဲ့မှု ရှိ-မရှိ အခုအချိန်မှာ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ဘယ်လိုတာဝန်ယူဆောင်ရွက်ပေးမလဲ...
ဆိုတဲ့မေးခွန်းအပေါ်မှာ ကိုမိုးသီးဇွန်ရဲ့ပြန်လည်ဖြေကြားချက်အပါအ၀င် တချိန်က ABSDF မှာ ၁၉၈၈ ခုနှစ်မှ ၁၉၉၁ ခုနှစ်အထိ တပ်ရင်း ၃၀၃ တွင် တာဝန်ထမ်းဆောင်ခဲ့ဘူးတဲ့ ကိုခင်မောင်ထွေးနဲ့ ဗျူးထားတဲ့အသံဖိုင်ကိုပါ ပူးတွဲတင်ပြလိုက်ပါတယ်။

ခံဝန်ချက်ပေးချင်တာက-
(က)ကျနော်ဟာ ကိုမိုးသီးဇွန်ကို ချစ်ခြင်း-မုန်းခြင်းနဲ့ မေးမြန်းခဲ့ခြင်း မဟုတ်သလို နာမည်ကြီးစေချင်လို့ ထင်ပေါ် ကျော်ကြားချင်လို့ မေးတာမျိုးမဟုတ်ပဲ သမိုင်းအမှန်ကို သိချင်လို့မေးခြင်းသာဖြစ်ပါတယ်။
(အဲဒီ့အတိုင်းလည်း တတိယအသံဖိုင်ထဲမှာ ပါပါတယ်)

(ခ)ကျနော်ဟာ တောလည်းမခိုခဲ့ဘူးသလို၊ ABSDF အဖွဲ့ဝင်လည်းမဟုတ်ခဲ့ပါ(သို့ပေမယ့် ABSDFအဖွဲ့မှာ စွန့်လွှတ်စွန့်စား အနစ်ခံပြီး ပေးဆပ်တိုက်ပွဲဝင်နေတဲ့ ကျောင်းသားကြီး တွေကို လေးစားသဖြင့် ၁၉၉၈ ခုနှစ်မှ ၂၀၀၆ ခုနှစ် အောက်တိုက်ဘာ လအထိ ငွေကြေးထောက်ပံ့ ပေးခဲ့ပါတယ်။
အသေးစိပ်စာရင်းလည်းရှိသလို လစဉ်လတိုင်းစာရင်းရှင်းတမ်း ထုတ်ပြန်ခဲ့ပါတယ်။
လက်ရှိဥက္ကဋ္ဌ ကိုသံခဲ ကောင်းကောင်းသိပါတယ်။

ကျနော်ကိုယ်တိုင် ၂၀၀၃ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်နေ့က ဗိုလ်ခင်ညွန့်ကား(ယခု ပြန်လွှတ်လာသူ)ကို ကျောင်းသားအလံ၊ ခွပ်ဒေါင်းအလံတော်နဲ့ အသေခံပြီး လွှမ်းခြုံဖို့ ဦးဆောင်ခဲ့သူတစ်ဦးပါ။
အဲဒီ့အကြောင်းကို တစ်နေ့တစ်ချိန်ကျရင် ရေးဖို့လည်း စဉ်းစားထားပါတယ်။ ကိုယ်ရည်သွေးခြင်းမဟုတ်ပါ)

(ဂ)အေဘီမြောက်ပိုင်းလူသတ်ပွဲမှာ အသတ်ခံရတဲ့ကျောင်းသားရဲဘော်ကြီးတွေထဲမှာ ကျနော့်အမျိုး။ အဆွေ တစ်ဦးတစ်ယောက်မှ မပါခဲ့ပါ။

သို့ပေမယ့် ဖြစ်ပျက်ခဲ့တဲ့ သမိုင်းဖြစ်စဉ်ကို အမှန်အတိုင်းသိချင်လို့ တစ်ချိန်က ABSDF ရဲ့ ဥက္ကဋ္ဌတာဝန် ထမ်းဆောင်ခဲ့ဘူးတဲ့ ကိုမိုးသီးဇွန်ကို ဂျပန်ရောက် မြန်မာနိုင်ငံသား တစ်ဦးအနေနဲ့ရော မိုးသောက်ကြယ် ဂျာနယ်ရဲ့ မီဒီယာသမား အနေနဲ့ မေးမြန်းခဲ့ခြင်း ဖြစ်ပါတယ်။

(ခြွင်းချက်-ကျနော်စကားထစ်တဲ့ အတွက် သည်းခံပြီး နားထောင် ပေးကြပါရန်)
ကိုမိုးသီးဇွန်ကပြောပါတယ်။
ကျနော်ဟာ သူ့ကိုမထောက်ခံပါဘူးတဲ့။ ကိုမိုးသီးဇွန်မှားနေတဲ့အချက်က ကျနော်ဟာ အေဘီ အကြောင်းကို သိနားလည်တာက ၁၉၉၇ လောက်ကမှ သိတာပါ။ ကျနော်ဂျပန်ရောက်တာ ၁၉၉၅ ခုနှစ် နိုဝင်ဘာ ၂၇ ရက်နေ့ပါ။ လိုအပ်ရင် ကျနော့်ကိုယ်ရေးအကျဉ်းကို ရေးပေးပါမယ်။ ကျနော်မေးတဲ့မေးခွန်းတွေကို ဖြေကြားပေးတဲ့ ကိုမိုးသီးဇွန်ကိုလည်း ကျေးဇူးတင်ပါတယ် သမိုင်းအမှန်ပေါ်ထွက်လာကြပါစေ... ရိုးသားမှုအားလုံးကို လေးစားလျက်- စိုးဝင်းရှိန် (မိုးသောက်ကြယ်ဂျာနယ်တာဝန်ခံအယ်ဒီတာတစ်ဦး)

ဟစ်တိုင် မှကူးယူဖော်ပြသည်။
  ကိုမိုးသီးဇွန်ကို မေးမြန်းပေးပါရန်
- စိုးဝင်းရှိန်--၂၂-၁ -၂၀၁၂

ကိုကိုအောင်ခင်ဗျား...
ကိုမိုးသီးဇွန်နှင့်ဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသားများ လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေ သုံးသပ်ဆွေးနွေးပွဲ မှာ ခင်ဗျားတို့ရဲ့ ဥက္ကဋ္ဌကြီး မိုးသီးဇွန်ကို မေးခွန်းနှစ်ခု မေးချင်ပါတယ်။

(၁) မြန်မာပြည်ပြန်ပြီး နိုင်ငံရေး(သို့)တော်လှန်ရေး(သို့)ကျောင်းသားအရေး(သို့) အခုတလော ရေပန်းစားပြီး အသုံးများနေတဲ့ civil society လုပ်- မလုပ် ဆိုတဲ့မေးခွန်းနဲ့
(၂) ABSDF မြောက်ပိုင်း ကျောင်းသားတွေ ရက်ရက်စက်စက်သတ်ဖြတ်ခံခဲ့ရခြင်းကိစ္စမှာ ကိုမိုးသီးဇွန် အနေနဲ့ တစ်စိပ်တစ်ပိုင်း အားဖြင့်သော် လည်းကောင်း၊ သို့တည်းမဟုတ် တစ်ခုလုံးအားဖြင့်သော်လည်းကောင်း၊ ပါဝင်ပတ်သတ်ခဲ့မှု ရှိ-မရှိ

ဒီမေးခွန်းနှစ်ခုကို ဘာကြောင့်မေးရသလဲလို့ ကျနော့်ကိုပြန်မေးမယ်ဆိုရင်တော့။-
(၁)မေးခွန်းကို မေးရခြင်းအကြောင်းက။
မကြာမီကာလအတွင်းက (အတိအကျပြောရရင် ဇန်န၀ါရီ ၁၄ ရက်နေ့က) ကြပ်ပြေး နေပြည်တော်မှာ ပြုလုပ်တဲ့ ကြံဖွတ် အစိုးရရဲ့ ပြည်ထဲရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကိုကိုက သတင်းစာရှင်းလင်းပွဲမှာ ရန်ကုန်တိုင်း(မ်)သတင်းထောက်တစ်ဦးက “ဒေါက်တာစိန်ဝင်းနှင့် မိုးသီးဇွန် တို့ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လာမယ်ဆိုရင် ဘယ်လိုသဘောထား ရှိပါသလဲ...”ဆိုတဲ့မေးခွန်းအပေါ် ပြည်တွင်းမှာရော ပြည်ပမှာပါ ပြစ်မှုကျူးလွန်ထားခြင်း မရှိဘူးဆိုရင် ပြန်လာလို့ရ ပါတယ်လို့ ဖြေဆိုထားပါတယ်။

နောက်ပြီး ပြည်တွင်းမှာ ကိုမိုးသီးဇွန်နဲ့တစ်ချိန်တုန်းက အတူလက်တွဲလုပ်ခဲ့ဘူးတဲ့ တစ်တိုင်း တစ်ပြည်လုံးက လေးစားအားကိုးတဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့ရဲ့ ၈၈-မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေဟာ မိမိတို့ယုံကြည်ချက် အတိုင်း ဆက်လက် လုပ်ဆောင်မယ် ဆိုတဲ့ သဘောထား ထုတ်ပြန်ချက်ကို ဒီနေ့(ဇန်န၀ါရီလ ၂၁ ရက်နေ့)ထုတ်ထား ပါတယ်။

(၈၈-မျိုးဆက်ကျောင်းသားများ၏ သဘောထား ထုတ်ပြန်ချက် ကို လေ့လာဖတ်ရှုလိုပါက-
http://www.yangonmedia.com/news/2012/01/88-generation-students-order-release

(၂)မေးခွန်းကိုမေးရခြင်းအကြောင်းက-။
ABSDF မြောက်ပိုင်းမှာဖြစ်ပွားခဲ့တဲ့ ကျောင်းသားအချင်းချင်း လူမဆန်စွာ ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရတဲ့ အဓိကပြသနာ အရင်းအမြစ်မှာ မိုးသီးဇွန်နဲ့ ဒေါက်တာနိုင်အောင်တို့ရဲ့ အုပ်စုဂိုဏ်းကွဲမှု၊ ဥက္ကဋ္ဌနေရာလုမှုနဲ့ အာဏာ ယစ်မှုးမှုကြောင့် လို့ ကြားသိ ထားလို့ပါ။

မနက်ဖြန်(ဇန်န၀ါရီလ ၂၂ ရက်) တနင်္ဂနွေနေ့ နေ့လယ် ၁ နာရီ ၃၀ မိနစ်မှ ညနေ ၄ နာရီ ၃၀ မိနစ်အထိ ကိုမိုးသီးဇွန်နှင့် ဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသားများ လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေ သုံးသပ် ဆွေးနွေးပွဲ ကိုလည်း ကိုယ်တိုင်ကိုယ်ကျ တက်ရောက် နားထောင် ဆွေးနွေးပြီး ဖော်ပြပါ မေးခွန်း နှစ်ခုစလုံးကို မေးမြန်းမှာ ဖြစ်ပါတယ်။

သို့ပေမယ့် ဥက္ကဋ္ဌကြီးမိုးသီးဇွန်က-
(က)ဟောရ ပြောရတာများသွားလို့ မေးမြန်းဖို့အချိန်မရတော့ဘူး
(ခ)ခင်ဗျားမေးခွန်းထက် ကျနော်တို့ ဥက္ကဋ္ဌကြီးမိုးသီးဇွန်ကို ပိုပြီးအရေးကြီးတဲ့မေးခွန်းတွေရှိလို့ မေးခွင့်မပြုဘူး
(ဂ)ငှားထားတဲ့အခန်းရဲ့အချိန်က မလောက်မငှဖြစ်နေပြီး တက်ရောက်လာတဲ့သူတွေနဲ့ ကျနော်တို့ ဥက္ကဋ္ဌကြီး မိုးသီးဇွန်နဲ့ အမှတ်တရ ဓါတ်ပုံ ရိုက်မှာမို့လို့ ခင်ဗျား မေးခွန်းကိုဖြေဖို့ အချိန်မရဘူးဆိုရလည်း အခုကျနော် မေးခဲ့သလိုမျိုး အီးမေးလ်နဲ့ပြန်လည် ဖြေကြားပေးမယ် ဆိုရင်လည်း ကျေနပ်ပါတယ်။


သို့ပေမယ့် ကျနော်ထင်ပါတယ်။
ကိုမိုးသီးဇွန်ဆိုတာ ဟောပြီး ပြောပြီး ပြေးပြေးပြန်ပြန်လုပ်မယ့်လူမဟုတ်ပဲ မေးလာတဲ့မေးခွန်းတွေကို တရေးတယူဖြေမယ့် လူစား ထဲမှာ ပါမယ့် လူပါ။
အရေးကြီးတာက မေးတဲ့မေးခွန်းနဲ့ ဖြေတဲ့အဖြေက တစ်ခြားဆီမဖြစ်ပါစေနဲ့လို့ပဲ မျှော်လင့်နေလျက်ပါ...

လေးစားလျက်-

စိုးဝင်းရှိန်
(မိုးသောက်ကြယ်ဂျာနယ်တာဝန်ခံအယ်ဒီတာတစ်ဦး)

No comments: