Friday, January 13, 2012

ကိုအောင်သန်း

Burma VJ Media Network
ပဲခူးတိုင်း NLD လူငယ်ဖြစ်တဲ့ ကိုအောင်သန်းက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်လာလာခြင်း လက်ရှိ သမ္မတ ဦးသိန်းစိန်အစိုးရ အနေနဲ့ အပြောင်းအလဲကို လုပ်မယ်ဆိုရင်တော့ ပြတ်ပြတ်သားသား လုပ်ပါလို့ တိုက်တွန်းလိုက်ပါတယ်။
ကိုအောင်သန်း (ခ) အောင်မိုးဟာ ပဲခူးတိုင်း NLD လူငယ်ဖြစ်ပြီး ပုဒ်မ ၅ည၊ ၁၇/၁ ၊ ၁၃/၁ တို့နဲ့ ထောင်ဒဏ် ၂၆ နှစ်ကျပြီး နေသား ၆ နှစ် ရှိပြီဖြစ်ပါတယ်။ မနီလာသိန်းတို့နဲ့အတူ သာယာဝတီထောင်ကနေ ဒီကနေ့၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်လာတာ ဖြစ်ပါတယ်။

No comments: