Saturday, January 28, 2012
ABSDF သွေးသမိုင်း(ဟင်္သာကိုးသောင်းပုံပြင်)
စာရေးသူကိုမောင်မောင် ( ကလောင်အမည်မောင်မောင်ရွှေကရဝိတ် ) ရေး သားသော """ ABSDF သွေးသမိုင်းစာအုပ် """ ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး အဖွဲ့အတွင်းသတ်ဖြတ်မှုတွေအတွက်မြန်မာပြည်အတွင်း ၂၀၁၂၊ဖေဖော်ဝါရီလ အတွင်းစာအုပ်ထုတ်ဝေနိုင်အောင်ကြိုးစားသွားမည် ဖြစ်ကြောင်း၊ စာရေးသူမှသတ်ဖြတ်ခံရသူတွေထဲမှာ "" သူလျှိုတယောက်မှမပါကြောင်း """ ပြောကြားသွားသည်ကို BBC Radio ၌နားဆင်နိုင်ကြောင်း။
ဘီဘီစီ။ လွန်ခဲ့တဲ့နှစ်၂၀ ကျော်တုန်းက ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တပ်ဦး မှာဖြစ်ခဲ့တဲ့သံသယတွေ ၊သတ်ဖြတ်မှုတွေနဲ့ ပတ်သက်တဲ့ မြန်မာပြည်တွင်းမှာစာအုပ်ထုတ်တော့မှာဖြစ်ပါ တယ်။ အဲဒီအဖြစ်အပျက်တွေအကြောင်းတဒေါင့်တနေရာက တွေ့ ကြုံ သိခဲ့ရတဲ့ကိုမောင်မောင်က အဲဒီ စာအုပ်ကိုရေးသားထားတာပါ။ မောင်မောင်(ရွှေကရ၀ိတ်) အမည်နဲ့ ရေးသားထားတဲ့စာအုပ်အကြောင်း  စာရေးသူကို မရီရီအောင်က ဆက်သွယ်မေးကြည့်တော့ အခုလို  ပြောပါတယ်။
ကိုမောင်မောင်။   ပထမကျနော်မူရင်းပေးတဲ့နာမည်က ABSDF သွေးသမိုင်းလို့ နာမည်ပေးခဲ့ပါတယ်။ စာပေစိစစ်ရေးက နာမည်ပြောင်းခိုင်းတဲ့အတွက်လည်း ဟင်္သာကိုးသောင်းပုံပြင်လို့ ပြောင်းခဲ့ပါတယ် ခင်ဗျာ။ ဖေဖော်ဝါရီလထဲမှာ အဲဒီစာအုပ်ထွက်နိုင်အောင် ကြိုးစားနေပါတယ်။ 
ဘီဘီစီ။    အခု ကိုမောင်မောင်ကို စာအုပ်ရဲ့ ခေါင်းစဉ်နာမည်ပြောင်းခိုင်းတယ်ဆိုတော့ အထဲထဲမှာ ရေးသား ထားတဲ့အကြောင်းအရာအချက်အလက်တွေကိုရော ပြောင်းခိုင်းပါသေးလားရှင့်။
ကိုမောင်မောင်။  မရှိပါဘူးခင်ဗျာ။
ဘီဘီစီ။  ဒီစာမူကို စပြီးတော့တင်တာက ပြီးခဲ့တဲ့ နှစ် ဧပြီလကထဲကဆိုတော့ ဘာဖြစ်လို့  ခုချိန်မှာမှခွင့်ပြု လိုက်တယ်လို့ ထင်ပါလဲ။
ကိုမောင်မောင်။    အဲဒါတော့ ကျနော်မယူဆတတ်ဘူးခင်ဗျ။ စာပေစိစစ်ရေးရဲ့ မူတွေအရပေါ့လေ။ ပထ မတော့ဒီလို မျိုးသူပုန်အဖွဲ့ အစည်းတွေ၊ ထောက်လှမ်းရေးအကြောင်းတွေပါလာ ရင် သက်ဆိုင်ရာဌာနတွေ အလိုက်တင် ရဦးမှာအချိန်ယူရဦးမှာလို့ ပဲသိထားခဲ့တာပါ။ ကျနော်က ဒီအထဲထဲမှာ ဖော်လံ ဖားတဲ့စကားလုံးတွေလည်း ထည့်မရေးထားပါဘူး။ အရှိကိုအရှိအတိုင်း၊ အမှန်ကိုအမှန်အတိုင်းရေး ထားပါ တယ်။ တချိန်တုန်းက ဆိုရင် နိုင်ငံရေးအရအသုံးချနိုင်တဲ့အနေအထားရှိလို့ လည်း လွန်ခဲ့တဲ့သုံးနှစ်ထဲက ကျနော်ဒီစာအုပ်ကို ရေး ထားပြီးတော့  ကျနော်ဘာမှမလုပ်ပဲထားထားခဲ့တာပါ။ ခုတော့ပွင့်ပွင့်လင်းလင်း လည်းဖြစ်လာပြီ၊ အများသူငှာ လည်းဒီကိစ္စကိုသိသင့်ပြီ။ သမိုင်းတခုဟာပျောက်ပျက်သွားရင်မကောင်းဘူး လို့ ကျနော်သိတဲ့ အသိ လေးတ ခုကို အများကို အသိပေးချင်တာနဲ့ ဒီစာအုပ်ကိုရေးတာပါ။
ဘီဘီစီ။  ဟုတ်ကဲ့။ အဲဒီစာအုပ်ထဲမှာအဓိကအားဖြင့် ဘာအကြောင်းအရာတွေကို ရေးသားထားပါလဲ။
ကိုမောင်မောင်။   စာအုပ်ထဲမှာအကြောင်းအရာအကျဉ်းချုပ်က ၁၉၉၂ ဖေဖော်ဝါရီလ ထဲမှာ ညီညီကျော် လာပြောလို့  ကျနော့်ညီအဖမ်းခံနေရတယ်။ ထွန်းအောင်ကျော်တို့ ချိုကြီးတို့ အဖမ်းခံနေရတယ်ဆိုတဲ့သ တင်းကြားလို့ ကျနော်လိုက်သွားပါတယ်။ ကျနော့်ညီ  ညီညီဟာ ABSDF မှာနိုင်ငံခြားဆက်ဆံရေးမှူးအဖြစ် သူတာဝန်ယူပါတယ်ခင်ဗျာ။ ဟိုမှာကျနော်ရှိနေတဲ့အတောအတွင်းမှာပြည်ထောင်စုနေ့  လူသတ်ပွဲ ကြီးဖြစ်ပါ တယ်။ ကျနော့်ညီအသက်ကိုကယ်ဖို့ ကြိုးစားရာကနေ ကျန်တဲ့ကလေးတွေအတွက်ပါကျနော် ကြိုးစားခဲ့တဲ့ အကြောင်း လေးတွေကိုကျနော်ရေးထားတာပါ။ ကျောင်းသားအဖွဲ့ အဓိကလူသတ်ခဲ့တဲ့လူတွေနဲ့ တွေ့ ဆုံ ပြီး    
တော့သူတို့ ကို နောက်ထပ်တကြိမ်ထပ်မသတ်ရန်အတွက်ကျနော့်ဖက်က ကြိုးပမ်းအားထုတ်ခဲ့ ပုံတွေ၊   နောက် သူတို့ ရဲ့ တောင်းဆိုချက်အရကျနော်တို့ မိဘတွေ ၆ယောက်ကို ကျနော်တို့ ဗမာပြည်ထဲ ကို ပြန် လာပြီးတော့ ခေါ်သွားရတဲ့အကြောင်း၊ခေါ်သွားရတဲ့အချိန်အတောအတွင်းမှာ ပြည်တွင်းမှာထောက်  လှမ်းရေးတွေနဲ့ တွေ့ ပြီးစစ်ဆေးမေးမြန်းခံရတဲ့အကြောင်း၊အဲဒါတွေကို ကျနော်အဓိကထားပြီးတော့ရေးထား  ပါတယ်။ ၁၉၉၄ ခုနှစ်လောက်မှာ ညီညီပြန်ပြီးတော့အလင်းဝင်လာပါတယ်ခင်ဗျာ။ 
ဘီဘီစီ။  ဟုတ်ကဲ့။ အေဘီအက်စ်ဒီအက်ဖ် ကျောင်းသားတပ်မတော်အတွင်းမှာဖြစ်ပျက်ခဲ့တဲ့ဖြစ်ရပ်တွေ ပတ်သက်ပြီးတော့  စွပ်စွဲပြောဆိုတာတွေကလည်းအမျိုးမျိုးဖြစ်နေတယ်ဆိုတော့လေ ဒီဖြစ်ပျက်ခဲ့တဲ့ဖြစ် ရပ်   တွေ နဲ့ ပတ်သက်ပြီးတော့ အမှန်ကန်ဆုံးဖြစ်အောင်လို့ စာရေးသူတယောက်အနေနဲ့  ဘယ်လိုများ  ကြိုးစားပြီးတော့ရေးသားခဲ့ပါသလဲ။
မောင်မောင်။   ကျနော်ကိုယ်တိုင်လက်တွေ့ ကြုံခဲ့တွေ့ ခဲ့ရတာတွေကို အဖြစ်မှန်အတိုင်း ပဲရေးထားပါတယ်။  အေဘီအက်စ်ဒီအက်ဖ် ဟောင်းတွေပေါ့လေ။တော်တော်များများနဲ့  တွေ့ ဆုံပြီးတော့ သူတို့ ဆီကအဲဒီအချိန်တုန်းက ကျနော် မေးမြန်းလို့ ရတာလေးတွေအကုန်လုံးကို အခြေခံပြီးတော့ ကျနော့် အတွေ့ အကြုံတွေကို ကျနော်ရေးသားတင်ပြထားတာပါ။ 
ကိုမောင်မောင်။   ကျနော်ယုံကြည်ချက်အရပဲ ကျနော်ပြောလို့ ရပါမယ်။ ကျနော်ယုံကြည်ချက်အရ ဒီကလေး တွေနဲ့ မေးမြန်းချက်တွေအရ တယောက်မှ သူလျှိုမပါပါဘူး။ နောက်တခုက ခံစားခဲ့ရတဲ့ ကလေး တွေကလည်း အခုတော့လူကြီးတွေဖြစ်ကုန်ကြပြီပေါ့ဗျာ။ အဲဒီလူငယ်တွေကလည်း ခုနပြောသလို သူတို့ ရဲ့ ခံစားချက် အစစ်မှန်တွေကိုတင်ပြလာမယ်ဆိုရင် ကျနော့်စာအုပ်ကို အစစ်အမှန်ကြီးလို့ ၊ဓမ္မစစ်ကြီး လို့ ယုံကြည်ယူဆဖို့ ကျနော်မပြောပါဘူး။  ကျနော့်စာအုပ်ထဲမှာလည်း အတိအလင်းရေးထားပါတယ်။ အဖြစ် အပျက်က လုံးဝမလွဲပါဘူး။ဒါပေမယ့်  အချက်တချို့ လွဲချင်လွဲနိုင်ပါတယ်။ အဲဒီလွဲနိုင်တဲ့အရာတွေအတွက် အမှန်တရားကိုဆက်လက်ပြီးတော့ ဖော်ထုတ်သွားဖို့ အတွက် ကျနော်အစီအစဉ်ရှိပါတယ်။
 http://www.bbc.co.uk/burmese/includes/1024/screen/audio_console.shtml?programme=dawn
4 comments:
လင်္ကာ said...
Ko Htike
ကိုရော်နယ်အောင်နိုင် RFA မှာ ဖြေသွားတဲ့ အဖြေဟာ သူနဲ့အတူ ABSDF တဖွဲ့လုံးကို မြောင်းထဲဆွဲခေါ်သွားတဲ့ အဖြေမျိုး ဖြစ်နေပါတယ်။ "အဖွဲ့အစည်းအရ၊ တာဝန်အရလုပ်ကြ ကိုင်ကြတာ ဖြစ်ပါတယ်။ ကျွန်တော်က ခေါင်းဆောင်တွေထဲက တစ်ယောက် အပါအဝင်ဖြစ်ပါတယ်။ အဖွဲ့အစည်းအရ အဲဒီအချိန်က အပြစ်ပေးတယ်လို့ သတ်မှတ်ပါတယ်။" ... တဲ့။ သူပြောဆိုပုံအရဆိုရင် .. ABSDF ဟာ အဖွဲ့ရဲ့ စည်းမျဉ်းထဲမှာကို လူမဆန်စွာ ညှဉ်းပမ်း နှိပ်စက်ခွင့်၊ လူသတ်ခွင့် တရားဝင်ပေးထားတဲ့ လူသားမဆန်တဲ့ အဖွဲ့အစည်း တယ်လို့ ပြောလိုက်တာ ဖြစ်ပါတယ်။ ဒါကို လက်ရှိ ABSDF တာဝန်ရှိသူတွေ အနေနဲ့ အမြန်ဆုံး ဖြေရှင်းဖို့ လိုအပ်နေပါပြီ။ မရှင်းဘဲ ဒီအတိုင်းထားလိုက်ရင် ABSDF ဟာ ရော်နယ်အောင်နိုင်ပြောသလို မတရားတဲ့ အဖွဲ့အစည်း ဖြစ်နေတယ်လို့ မြန်မာပြည်သူလူထု တရပ်လုံးက ကောက်ချက်ချရမယ့် အခြေအနေ ဖြစ်နေပါတယ်။
လင်္ကာ said...
Ko Ko Gyi My 5 th. brother's BBC Interview regarding his rescue mission on our 5 th. brother Nyi Nyi
7 hours ago · 2
Helen Ayekyaw ကိုမောင်မောင်. အဲဒီစာအုပ်ထွက်ပြီလား???ဘယ်မှာဝယ်လို့ရမလဲ ????
7 hours ago · 1
Khin Maung Htway မကြာခင် စိတ်ကူးချိုချို စာအုပ်တိုက်မှ ၂ လပိုင်းအတွင်း ထွက်နိုင်အောင် ကြိုးစားနေပါတယ် ရွှေကရ၀ိတ်မှာ စာရေးသူကိုယ်တိုင် လက်မှတ်ရေးထိုးပွဲ လုပ်ဖို့ ကျွန်တော်တို့ စီစဉ်ပါမည်။ စာရေးသူကိုတော့ မပြောရသေးပါဘူး ခင်ဗျာ .... ။
7 hours ago · 5
Helen Ayekyaw Ok,,,,,,လာဖြစ်အောင်ကြိုးစားပါမည်,,,inshala,,,,
7 hours ago · 1
Aung Khin Myint ကို Maungmaung Skwဆီက PDF နဲ့ ပို့ရင်လည်း ဖတ်ရတာပေါ့ဗျာ၊ စာအုပ် ပို့ပေးနိုင်တော့ ပိုကောင်းပါတယ်၊ စာအုပ်ဖိုးနဲ့ ပို့ခအတွက် ကျနော်အနေ ပို့ပေးပါ့မယ်၊ ကိုမောင်မောင် လက်မှတ်ပါတာကို လိုချင်လို့ပါ ...၊ ဖြစ်နိုင်မယ်ဆိုရင် အကို့စာအုပ်ကို အင်တာနက်ပေါ်ကနေ ၀ိုင်းပြီး ကူညီ ကြော်ငြာပေးချင်ပါတယ် ...
2 hours ago · 1
Maungmaung Skw ဟုတ်ကဲ့ အားလုံးအဆင်ပြေအောင်ကျိုး
စားပေးပါ့မယ်။ကျွန်တော်တို့ အ ထ က
၉ တုန်းက ဆရာကြီးရဲ့မြေး ရော်နယ်
အောင်နိုင်ကို ကျွန်တော့လက်မှတ်ထိုး
နဲ့ စာအုပ်ထွက်ထွက်ချင်း ပေချင်တယ်
ဗျာ။သူ့ကိုယ်သူသတ်သေမသွားအောင်
တော့ ဝိုင်းထိမ်းပေးကြပါဦး။ပြောလို့သာ
ပြောတာပါ ဒီကောင် ဒီလောက် ဇ ရှိတဲ့
ကောင်မဟုတ်ပါဘူး။သံခြေကျင်းတွေ
လက်ထိပ်တွေခတ်ထားတဲ့သူကိုသာ
သူများကိုအသတ်ခိုင်းရဲတာပါ။
2 hours ago · 3
Ko Ko Gyi I still got Mg Mg's some of the written records given to me about this incidence...But I will refrain from publishing it before selling his book.
လင်္ကာ said...
Nang Aung Htwe Kyi
ကိုမောင်မောင်ရေ ကံကောင်းလို့မသေ သံချောင်းရဲ့ ရဲမေ လို့ဘဲ ဆိုရတော့မယ်နော်။ ကိုမောင်မောင့် စာအုပ်ထဲမုာ မဟုတ်တာတွေ ABSDF-NB ကိုနာကျည်းစိတ်နဲ့ ပုတ်ခတ်မိသွားတာတွေ မပါတန်ဘူး ထင်ပါရဲ့နော်။ ပြန်ဆုံဖြစ်ဘို့ ကျိုးစားကြည့်နေပါတယ်။ကျေးကျုးကဘာဆိုင်
4 hours ago ·
Maungmaung Skw
ရေးတော့ အစုံရေးထားတာဘဲ ဒါပေမဲ့ ပုဂ္ဂိုလ်ရေး နာကျည်းမှုနဲ့ များမယ်လို့ ထင်ပါတယ်။အဖွဲ့ အစည်းနဲ့ပတ်သက်တဲ့ ကိုယ့်ရဲ့သဘောထားကိုတော့ ရှင်းရှင်းလင်းလင်း ကြော်ငြာထားပြီးဖြစ်ပါတယ်။ဖြစ်ခဲ့တဲ့ အထဲမှာ ပါဝင်ပတ်သက်ခဲ့သူတွေ အားလုံး လုပ်တဲ့သူ ခံရတယ့်သူ အားလုံး ဘယ်သူမှ ထောက်လှမ်းရေးမဟုတ်ဘူးလို့ တိတိကျကျ ယုံကြည်ပါတယ်။ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ဟာ တာဝန်ရှိသူတွေရဲ့ အာဏာရူးမှု ကြောင့်သာဖြစ်တယ် အဖွဲ့ အစည်း ရဲ့စည်းမျဉ်းစည်းကမ်းများကို မျက်ကွယ်ပြုပြီး လုပ်ဆောင်ချက် သက်သက်ပါ။ ABSDF ဟာ မပစ်မှားထိုက်တဲ့ အဖွဲ့ အစည်းဆိုတာ ရေးထားပါတယ်။ ကျန်းမာပါစေ။
3 hours ago · 1
Nang Aung Htwe Kyi ဟုတ်ကဲ့။
3 hours ago
Anonymous said...
very interesting, 8888 I am in Mandalay. Can you send that book from mail , I want to buy for the 88 mindfully. I read ABSDF(NB) killed is very feel and very very hated to Dr Naing Aung ,Ronald Aung Naing,Than Gyaung ,Hla Sine all wicked group. All that group must to capital punishment because they are same Nazi cruel.