Saturday, January 28, 2012

ညီအကိုချင်းပေးစာ ( သို့ ) သံဒုတ်မှ သံခဲသို့ (သို့) သံခဲရေ - မင်းခေါင်းဖြတ် ခံနေရအုံးမယ်၊ ( သံဒုတ် )

by Yeyint Kyaw on Saturday, 28 January 2012 at 10:30
 ( သံဒုတ် )
တောခိုတော့မယ်လို့ မိဘတွေကိုပြောတော့ အဆိုးအကောင်း ဘာမှ မပြောကြပါဘူး။ မိဘနှစ်ယောက်စလုံးကို ဦးချကတော့တယ်။ သူတို့ပေးတဲ့ လမ်းစရိတ်ကို ယူလိုက်တယ်။
အဖေက  " တော်လှန်ရေးဆိုတာ သေတတ်တယ်နော် ငါ့သား"  " လုပ်ရင်လဲ ပြီးအောင်ထိလုပ် " ဆိုပြီးပြော ရှာတယ်။ အမေကတော့ စိုးရိမ်စိတ်နဲ့ " ဖြစ်ပါ့မလား ငါ့သားရယ် " လို့ဆိုတာ မင်းမှတ်မိလား။
အဖေပြောတဲ့အတိုင်း တော်လှန်ရေးက သေတတ် တယ်ဆိုတာတကယ်ပဲ။ မြောက်ပိုင်းက ကျောင်း သား ရဲဘော်တွေ တော်တော်ဆိုးဆိုးဝါးဝါးကို ကြုံတွေ့ခဲ့ရတယ်ကွာ။ ရင်ထုမနာပဲဟေ့။ အခုထိကို သူလျှိုဆိုပြီးစွတ်ဆွဲနေတုန်းပဲဟေ့။ မလုပ်ကောင်းပါဘူးကွာ။

ငါကတော့  ကိုထွန်းအောင်ကျော်တို့ကို အလေးပြု တယ်။ နောက်ပြီး ခံခဲ့ရတဲ့သူတွေကို သတ္တိခဲတွေလို့ သတ်မှတ်တယ်။ ငါဆို သူတို့လောက်သတ္တိ မရှိလောက်ဘူးထင်တယ်။

သံခဲရေ ... မင်းလည်း သတိဝီရိယနဲ့တော့နေအုံးနော်။ မင်းလဲ အသတ်ခံနေရအုံးမယ်။ ညီအကိုဆိုတော့လည်း တာဝန်ရှိလို့ ငါကတော့ သတိပေးတာပါ။ ငါကတော့ ဗြောင်ပဲ။ ငါကိုလည်း သတ်ချင်တဲ့ကောင်တွေက ချောင်းရင်လဲ ချောင်းနေမှာပဲ။

မင်းနဲ့ မြောက်ပိုင်းသွားတဲ့ကောင်တွေကတော့ ငါကို အမေရိကားကနေ သတိတော့ပေးရှာတယ်။ အကိုတဲ့ အဲဒီကောင်တွေက လက်ယဉ် တယ်ဆိုပဲ။ မင်းသိတဲ့ အတိုင်းပဲ မဲဆောက်မှာ ငါကတော့ မင်းတို့ အဖွဲ့အစည်းလောက် အင်အားမရှိပါဘူး။ နေတာလဲ ကိုယ်ဖါသာကိုနေတာပဲ။

မင်းတို့ အဖွဲ့အစည်းကပါပဲ။ လ္ဘက်ရည်ဆိုင်မှာ ဗြောင်လာပြီး မင်းကောင်းကြောင်းပြောသလို မင်းကို ထောက်ခံသလိုပြောရင်း လာဆော်ကားလို့ ငါကပြောလိုက်တယ် သံခဲဆိုတဲကောင်က အချောင်းသမားလို့ ပြောပစ်လိုက်တယ်။ ဒါမျိုးတော့ လာမလုပ်နဲ့လေကွာ။

မင်းမိန်းမ ခင်ရွှေလှိုင်ကလည်း ငါဖေစ်ဘွတ်တွေထဲက ကိုယ်တွေ့ ဖြစ်ရပ်ထဲမှာ ဘာလဲ မြောက်ပိုင်းကျောင်းသားတွေကို သတ်တဲ့အချိန်က သွားကြည့်တယ်ဆိုလား ကြားရတယ်။ ဒါဆိုလဲ အဲဒီအမှုမှာတော့ မျက်မြင်သက်သေပေါ့။ သူကဘယ်ဘက်က သက်သေထွက်မလဲတော့ မသိဘူး။ သမိုင်းဝင် စိတ်ဝင်စားစရာတခုပဲ။

မြောက်ပိုင်းမှာ မင်းနဲ့ ငါရယ် စတောခိုတော့ အတူတူသွားကြတဲ့ မြတ်ကိုကြီးက ပထမဆုံး အသတ်ခံလိုက်ရတာလို့ သိရတယ်။

ကြားရတဲ့ သတင်းတွေကတော့ ကြောက်စရာပဲကွာ။ အုပ်စုတွေဖွဲ့ ဂိုဏ်းဖွဲ့ပြီးကို လုပ်ခဲ့ကြတာပဲ။ အဲဒီ ဂိုဏ်းတွေ အုပ်စုတွေက မင်းတို့ အေဘီထဲမှာ ရှိသေးလားတော့ မသိဘူး။ မင်းကတော့သိမှာပဲ။

ငါကတော့ အကိုကြီးသဘောမျိုး အသိပေးတာပဲ။ နောက်မှ ငါသတိမပေးဘူးမလုပ်နဲ့။ ငါကတော့ ဗြောင်ပဲ။ သူများကိုလည်း မတရား မလုပ်ခဲ့ဘူး၊ ကိုယ့်ကို လုပ်တာလဲ ခံချင်တဲ့ကောင် မဟုတ်ဘူး။ ဘယ်သူမဆို အများနဲ့ တယောက် လက်နက်ရှိသူနဲ့ လက်နဲ့မဲ့သူကတော့ ခံရတာပေါ့ကွာ။

သတိနဲ့ အလုပ်လုပ်ပေါ့ကွာ ခေါင်းဖြတ်အသတ်ခံနေရအုံးမယ်။ကိုယ်ရဲ့လုပ်ဖေါ်ကိုင်ဖက်ချင်းကို ဆောင့်ရှောင့် ကာကွယ်ပါကွာ။

အာဏာတော့ မရူးနဲ့ဟ။ အဲဒီအာဏာရူးတွေကြောင့်ပဲ ငါတို့တောခိုခဲ့ရ မိဘတွေဒုက္ခ ရော့က်ကြ။ လူတွေမှာ ဆင်းရဲမွဲတေနေတာ မင်းအမြင်ပဲ။

အမှန်တကယ်တော့ အမှန်တရားကပဲ ဆောင့်ရှောက်မှာပဲ။ လူများတိုင်းလဲ မှန်တာမဟုတ်ဘူး။ တချို့ကိစ္စတွေက ညီအကိုချင်းလဲ မရဘူး။ သူ့တရားနဲ့ သူစီရင်သွားမှာပဲ။

ဒါပါပဲကွာ။ မင်းကြိုက်ကြိုက် မကြိုက်ကြိုက်ကွာ။ ငါကတော့ ရေးသင့်တယ်ထင်ရင် ရေးရမှာပဲ။

မင်းရဲ့ အကိုကြီး သံဒုတ်
Than Doke facebook မှကူးယူဖော်ပြသည်။

No comments: