Friday, June 24, 2011

ထောင်သွင်း အ ကျဉ်းကျခံနေရသော ရဟန်းသံဃာတော်များ (ပထမပိုင်း)

(၂၃-၆-၀၅ တွင်ပျံလွန်တော်မူသောမဂ္ဂင်ဆရာတော်ကြီးနှင့် ထောင်တွင်းရှိသံဃာအာဇာနည်များကိုဂုဏ်ပြု အပ်ပါသည်)

ဝင်းနိုင်ဦး

ထောင်ထဲမှာ စိတ်ထိခိုက်စရာ အ ကောင်းဆုံး တခုက ရဟန်းသံဃာတော်တွေကို ထောင်ဝတ်စုံ အ ဖြူနဲ့
တွေ့ရတာပါ။ပိုပြီးစိတ်ထိခိုက်စရာ ကောင်းတာကအဲဒီလို ထောင်ဝတ်စုံအ ဖြူနဲ့တွေ့ရတဲ့သံဃာတော်တွေ ထဲမှာငယ်ရွယ်တဲ့ ရဟန်းပျိုတွေအပြင် တိုက်အုပ်စာချနာယက ဆရာတော်ကြီးတွေ၊ ပိဋကတ်တ ပုံအောင်နှစ်ပုံအောင် ဆရာတော်ကြီးတွေပါ ပါဝင်တာပါ။
 

မေဒိနီ ဆရာတော်၊ မဟာဗောဓိဆရာတော်၊ သာကတေ ဆရာတော် ဦးအင်္ဂဿ၊ ရွာမ ပရိယတ္တိ စာသင်တိုက်ဆရာတော် ဦးတိလောကဘိဝံသ အ စရှိတဲ့ ဆရာတော်ကြီးတွေပါ။  ကျနော်တို့ မြန်မာနိုင်ငံမှာ ရှားရှားပါးပါးပိဋကတ် သုံးပုံအောင် ဆရာတော်ကြီး တပါးဖြစ်သူ ကမ္ဘာအေး မဟာဂန္ဓရုံကျောင်းတိုက် ဆရာတော်ဦးသုမင်္ဂလကိုလည်း အ ပေါ်အောက် အ ဖြူ ထောင်ဝတ်စုံနဲ့ ထောင်ထဲမှာ တွေ့ရပါတယ်။
SAIN ခေါ် အ ရှေ့တောင်အာရှ သတင်းဖြန့်ချိရေးဌာနက န၀တလက်ချက်နဲ့ ပျံလွန်တော် မူသွားတဲ့ ရဟန်း
သံဃာတော်တွေကို စာရင်း ပြုစုထားတာ ရှိပါတယ်။ အဲဒီ စာရင်းထဲမှာ မန္တလေး သံဃာ့ သမဂ္ဂီ ဒုဥက္ကဋ္ဌ ဦးဥတ္တမ၊အ တွင်းရေးမှူး ဦးစန္ဒာဝရနဲ့ မန္တလေး မြောက်ပိုင်း မစိုးရိမ် ကျောင်းတိုက်က ဦးဝိမလတို့ဟာ စွမ်ပရာဘုမ်အလုပ်ကြမ်းစခန်းမှာပျံလွန်တော်မူသွားကြတယ်လို့ ဖော်ပြထားပါတယ်။မန္တလေးဘုရားကြီး

ကျောင်းတိုက်ကနာမည်ကြီးဆရာတော်ဦးကာဝိယနဲ့ဦးကလျာဏတို့ကိုတော့နအဖက သေဒဏ် ပေးထားပါတယ်။အဲဒီ အ ကြောင်းတွေကြောင့်ပဲ `ပြည်သူတွေနဲ့ သံဃာတော်တွေကို ညှင်းပန်း နှိပ်စက် သတ်ဖြတ်တဲ့ အစိုးရဆိုး နဲ့အဆက်အ ဆံ မလုပ်ဘူး။ မပတ်သက်ဘူး။သူတို့ဖိတ်လည်းမကြွဘူး´ဆိုပြီး၁၉၉၀ခုနှစ်မှာသံဃာတော်တွေ က ကံဆောင်သပိတ် (ပတ္တနိက္ကုဇနကမ္မ) ဆောင်ပါတယ်။ ရည်ရွယ်ချက်က မကောင်းမှု၊အကုသိုလ်ကျူးလွန် သူများ အ မြင်မှန်ရပြီး မကောင်းမှု အကုသိုလ်တွေကို ရှောင်ကြဉ်အောင် ဖြစ်ပါတယ်။ အဲဒီလိုကံဆောင် တာဟာ ဗုဒ္ဓဘာသာသမိုင်းမှာ ဘုရားရှင် လက်ထက်တော်ကတည်းက အစဉ်အ လာ ရှိခဲ့တာပါ။အနီးစပ်ဆုံး ဥပမာတခု ပြောရရင်အင်္ဂလိပ်ကိုလိုနီလက်အောက်၊ ကျွန်ဘ၀၊၁၉၂၁ခုနှစ်တုန်းကလည်းသံဃာတော် တွေ သပိတ်မှောက်ခဲ့ဖူးပါတယ်။ ဆရာတော် ဦးဥတ္တမကို အ င်္ဂလိပ်အ စိုးရက ဖမ်းဆီးထောင်ချလိုက်တော့ `အင်္ဂလိပ် အစိုးရဘက်က လိုက်လံဆောင်ရွက်သူတွေ မှန်သမျှနဲ့ မပတ်သက်ဘူး´ ဆိုပြီးသံဃာတော်တွေ သပိတ်မှောက်ကြတာပါ။ ဒါကြောင့် ဦးဥတ္တမကို ထောင်ဒဏ် အ မိန့်ချလိုက် တဲ့ရာဇ၀တ် တရားသူကြီးရဲ့ ညီမကွယ်လွန်တော့ဘယ်ဘုန်းကြီးမှပင့်မရ ဖြစ်သွားလို့ နောက်ဆုံးမှာသံဃာတော်တွေကိုဝန်ချ တောင်းပန် ခဲ့ရပါတယ်။
 

မကောင်းမှု အ ကုသိုလ် ကျူးလွန်သူများ အ မြင်မှန်ရပြီး မကောင်းမှု အကုသိုလ်တွေကို ရှောင်ကြဉ်အောင် ဆိုတဲ့မွန်မြတ်တဲ့ ရည်ရွယ်ချက်နဲ့  ၁၉၉၀ ခုနှစ်မှာ သံဃာတော်တွေ (ပတ္တနိက္ကုဇနကမ္မ) ကံဆောင်သပိတ်
ဖော်ဆောင်ကြတော့ ရဟန်းသံဃာတော်တွေရဲ့ ရည်ရွယ်ချက်အတိုင်း န၀တအ စိုးရဟာ မကောင်းမှု အကုသိုလ်ကို ရှောင်ကြU်တာမျိုးလုပ်မလာပါဘူး။ ဘုန်းကြီးကျောင်းသုံးရာ့ငါးဆယ်ကို စစ်တပ်နဲ့ ၀င်ရောက်
စီးနင်းပြီး သံဃာတော်တွေကို အ ဓမ္မဖမ်းဆီးပါတော့တယ်။ သံဃာတော်တွေကို န၀တက အဓမ္မ ဖမ်းဆီး၊ အဓမ္မလူဝတ်လဲ၊ အ ဓမ္မ ထောင်ချခဲ့တာ စုစုပေါင်း အ ပါး သုံးထောင် ကျော်တယ်လို့ ဆိုပါတယ်။ အင်္ဂလိပ် ကျွန်ခေတ်လူမျိုးခြား၊ ဘာသာခြားတွေ အုပ်ချုပ်တုန်းက သံဃာတော်တွေ ကံဆောင် သပိတ်လုပ်ခဲ့တာ အဖမ်းလည်း မခံခဲ့ရ၊ထောင်လည်း အ ချ မခံခဲ့ရပါဘူး။အဲဒီလို သံဃာတော်တွေကို အ စိုးရက ညှင်းပန်း နှိပ်စက်နေတာကို ပိဋကတ် သုံးပုံအောင် ကမ္ဘာအေးမဟာဂန္ဓာရုံကျောင်းတိုက် ဆရာတော်ကြီး ဦးသုမင်္ဂလ အပါအ၀င် သြ၀ါဒစရိယနဲ့ နာယကဆရာတော်ကြီးကိုးပါးက စိတ်မချမ်းမြေ့တော်မူကြတာနဲ့ `သံဃာတော်တွေရဲ့ လုပ်ရပ် (ပတ္တနိက္ကုဇနကမ္မ)ကံဆောင်သပိတ် မှန်ကန်တယ်´ လို့ ထောက်ခံကြောင်း စာ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ လုပ်ရပ်ကြောင့်ဆရာတော်ကြီး ကိုးပါးလုံးကို န၀တ အစိုးရက ဖမ်းဆီးပြီး ထောင်(၈)နှစ်စီ ချလိုက်လို့ ဆရာတော်ကြီးတွေကိုအ ခုလို ထောင်ထဲမှာ ထောင်ဝတ်စုံ အ ဖြူနဲ့ စိတ်မချမ်းမြေ့ဖွယ်ရာ တွေ့မြင်ရတာပါ။
 

ထောင်ကျလာတဲ့ သံဃာတော်တွေ၊ ဆရာတော်ကြီးတွေက ထောင်ထဲမှာ သင်္ဃန်းဝတ် ခွင့် တောင်းပေ မယ့်အ စိုးရက ခွင့်မ ပြုပါဘူး။ ဇွတ်အတင်း သဃင်္န်းချွတ်ပစ်ပြီး ထောင်ဝတ်စုံ အ ပေါ်အောက် ဆင်သူသာ ၀တ်ရမယ်လို့တချက်လွှတ် အ မိန့်ထုတ်ပါတယ်။ တချို့ ဆရာတော်ကြီးတွေဆိုရင် သင်္ဃန်း အဓမ္မဆွဲချွတ်ခံရချိန်မှာစိတ်ထိခိုက်လွန်းလို့ မျက်ရည်ကျကြပါတယ်။ ဒါပေမယ့် ဆရာတော်ကြီးတွေက သည်းခံတော်မူပြီးထောင်အာဏာပိုင်တွေ အမိန့်အ တိုင်း  ထောင်ဝတ်စုံ အ ဖြူကိုသာ ၀တ်ဆင်တော်မူ ခဲ့ကြ ပါတယ်။
 

ထောင်ထဲမှာနေနေရပေမယ့်လည်းဆရာတော်ကြီးတွေဟာရဟန်းကျင့်ဝတ်၊ ၀ိနည်းသိက္ခာပုဒ်တွေ ကိုအကျိုး အ ပေါက်မခံဘဲ ထိန်းသိမ်း ကျင့်ကြံကြပါတယ်။ မနက် ဘုရားဝတ်တက်၊ တရားထိုင် မပျက်ကြပါဘူး။
ထောင်ထဲမှာ ဆရာတော်ကြီးတွေ အိပ်ရတာလဲတသီးတသန့် မရှိပါဘူး။ ရိုး ရိုး အကျဉ်းသားတွေ၊ရာဇ၀တ် သားတွေနဲ့ ကြမ်းတပြေးတည်း တန်းတိုးပြီး ရောနှော တိုးဝှေ့ အိပ်ကြရတာပါ။ ဆရာတော်ကြီးတွေကိုရာဇ ၀တ်သားတွေကြားထဲ ထောင်ဝတ်စုံဝတ်ပြီး အဲဒီလို ရောနှောအိပ်နေတာကို ဘယ်သူမှစိတ်ကောင်းနိုင်ကြ မယ် မထင်ပါဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် ဆရာတော်ကြီးတွေက အိပ်ရဆင်းရဲ၊ နေရ ဆင်းရဲတာကိုမညည်းမညူ    ကြိတ်မှိတ် သည်းခံတော်မူကြပါတယ်။
 

ထောင်အာဏာပိုင်တွေက ဆရာတော်ကြီးတွေကို ရဟန်းသံဃာတော်တွေအ ဖြစ် သဘောမထားဘဲ ခိုးဆိုး
လုယက် ရာဇ၀တ်သားတွေ အ ဖြစ်သာ သဘောထားတာပါ။ ဒါကြောင့် ထောင်ထဲမှာ ဆရာတော်ကြီးများရဲ့
ဘွဲ့တော်အမည်ကိုမခေါ်ဘဲလူနာမည်ကိုသာ ခေါ်ပါတယ်။ဥပမာအသက်ခုနှစ်ဆယ်ကျော်မဂ္ဂင်ဆရာတော်ကြီး ကို ဆရာတော်ရဲ့ လူနာမည်ဖြစ်တဲ့ ဦးရွှေသာအေး´ လို့ သာ ခေါ်ပါတယ်။ ခေါ်ရာမှာတောင်`ဦး  ထည့်မခေါ်ဘဲ `ဟေ့ ရွှေသာအေး´ လို့ အသက်လေးဆယ်သာသာ စစ်ဗိုလ်ထောင်ပိုင်က မာရေကျောရေနဲ့
ခေါ်တာပါ။

No comments: