Friday, June 24, 2011
မဂ္ဂင်ဆရာတော် (သို့ မဟုတ်)အဓမ္မကိုအံတုသူ
(၂၃-၆-၀၅ တွင်ပျံလွန်တော်မူသောမဂ္ဂင်ဆရာတော်ကြီးနှင့် ထောင်တွင်းရှိသံဃာအာဇာနည်များကိုဂုဏ်ပြု အပ်ပါသည်)
မောင်ကြီးသျှင်
၂၂-၆-၂၀၀၅ ခုနှစ်၊ကြာသာပတေးနေ့ ည(၁၀း၂၀) နာရီမှာ သက်တော်(၈၃)နှစ် ၀ါတော်(၆၃)၀ါတွင်ဘ၀နတ် ထံပျံလွန်တော်မူခဲ့သောဆရာတော်ဦးဘဒ္ဒ န္တ၀ါသ၀ပဏ္ဍိ(မဂ္ဂင်ဆရာတော်)ကိုစာရေးသူဟာမပျံလွန်မီရက်များ
မကြာမီကမှ ထောင်မှာအတူတူနေထိုင်ခဲ့ဘူးသောဦးပဉ္စင်းတပါးအကူအညီဖြင့်ကျန်းမာရေးအရ အရေးပေါ် တက်ပြီးဆေးကုသ ခံယူနေသော မဂ္ဂင်ဆရာတော်ကြီးအားစ၍ဖူးတွေ့ ခဲ့ ပါတယ်။စာရေးသူစဖူးတွေ့ ချိန်တွင် သတိလစ်ပြီးမေ့မျောနေသောဆရာတော်၏အခြေအနေမှာဆုတ်ယုတ်ကျဆင်းပြီး ပြန်၍နလန်မထူနိုင်လောက်
အောင်ကျန်းမာရေးဆိုးရွားနေသည်ကိုစိတ်မသက်သာစွာဖြင့် တွေ့ တွေ့ ချင်းမှာပဲဖူးတွေ့ ခံစားမိပါသည်။   
ဆရာတော်အားဝေယျာဝစ္စအ၀၀ကို ကူညီလုပ်ကိုင်ပေးနေကြသောသူများနှင့် ဆေးရုံဝန်ထမ်းတချို့ ကလည်း
တည်းလည်းအရောက်သွားချင်တဲ့စိတ်က နေ့ တိုင်းလိုရောက်ရှိခဲ့ပါတယ်။ ရောက်သွားခဲ့ရင်လည်းဝိုင်းဝန်းကူညီ    
ကုသိုလ်ယူရင်းအချိန်ဖြုန်းနေတတ်ပါတယ်။ ဆရာတော်ကိုလာဖူးကြသူတော်တော်များများကလည်း စာရေး
  သူနဲ့ ပတ်သက်တဲ့သူတွေရော၊ ဆရာတော်နှင့်ပတ်သက်သူတွေပါမကျန် အကုန်လုံးကထောင်ထွက်အ၀န်း   အ၀ိုင်းတွေဖြစ်နေတော့ ရဲဘော်ရဲဘက်တွေပါပဲ။ ဒီအ၀န်းအ၀ိုင်းလေးမှာချစ်စရာကောင်းတာက စိတ်ရင်းအ   ခြေခံတွေနဲ့  ကူညီရိုင်းလိုတဲ့စိတ်ဓာတ်တွေ က  ပိုပြီးနှစ်သက်စရာတွေ အားရကျေနပ်စရာတွေပါ။
                       ဒါကိုတဖက်မှာရှိနေတဲ့   အာဏာပိုင်တွေက ဆေးရုံပေါ်တက်ဖူးကြသူတွေကို နေ့ ရော ညပါစောင့်ကြည့်နေခဲ့ပါတယ်။ ဒါပေမယ့် ဆရာတော်ကြီးဆီ လာဖူးသူ ကူညီသူတော်တော်များများဟာ ၈၈ မျိုးဆက်တွေ ဖြစ်နေတာကတကြောင်း၊ နိုင်ငံရေးအရ အခြေအနေတွေကို စောင့်ကြည့်ခံနေတာကတဖုံ အမျိုးမျိုးအမြင်တွေနဲ့  ဘေးပတ်ဝန်းကျင်တွေမှာပေါ်ပေါ်ထင်ထင်ရှိနေတတ်ပါတယ်။ ကိုမင်းကိုနိုင်တို့ ၊ကိုကို ကြီးတို့ ပါမကြာခဏသွားလာနေတော့ အာဏာပိုင်တွေရဲ့ အမြင်က လှုပ်ရှားမှုညတိုင်းလိုလိုစောင့်ကြည့်ခံနေ
ရတာပါပဲ။ လာတဲ့သူတွေတိုင်းက ထောင်ထွက်အုပ်စုတွေဖြစ်နေတာကို အမြင်မကြည်လင်မှုတွေနဲ့ ပဲ ရွှေဗ  ဟိုဆေးခန်းမှာ တလလောက်ဆေးကုသမှုခံရင်း ဆရာတော်ဟာ ၂၃-၆-၀၅ နေ့ ကြာသာပတေးနေ့ ညမှာပဲ  
ပျံလွန်တော်မူသွားခဲ့ရတာပါ။ အဲဒီညကိုးနာရီမထိုးခင်လေးမှာ ပုဇွန်တောင်ဦးပန်ကျောင်းထဲကိုဖုန်းလာတယ် 
ဆိုပြီး စာရေးသူနှင့်အတူ ကိုမိုးကျော်၊ဦးပဉ္စင်းနတ်ဇောစကားတွေကောင်းနေတုန်းမှာပဲ စကားဝိုင်းထဲက ဦးနတ်ကထပြီးထွက်ကိုင်လိုက်တယ်။ ဦးနတ်ပြန်လာတဲ့အချိန်မှာ ဆရာတော်ကြီးအခြေအနေမကောင်းဘူး ဆိုပြီးသင်္ဃန်းတွေလဲထွက်သွားပါတော့တယ်။ စာရေးသူနဲ့ ကိုမိုးကျော်လည်း နောက်တနေ့ ဆေးခန်းကို လိုက်မယ်ပြုရင်းဖုန်းလာတာနဲ့ အခြေအနေအကြောင်းစုံကိုနားလည်လိုက်ပြီး မဂ္ဂင်ကျောင်းရှိရာ ကျိုက္ကဆံ အနောက်ကိုထွက်သွားခဲ့ကြပါတယ်။ ဟိုရောက်လို့ မေးကြည့်လိုက်တော့  ည၁၀း၂၀ လောက်မှာပျံလွန်   တော်မူသွားရှာတယ်တဲ့ ။  အင်းပေါ့လေ။ဆရာတော်လည်း ဒီအချိန်ဒီနေ့ ကျမှ ကံကုန်နေ့ စေ့ပြီး ပျံလွန် တော်မူသွားခဲ့ရပြီပေါ့။ ဆို ပြီး စိတ်ထဲကနှမြောတသခြင်းကိုက  အတောမသတ် ချင်လောက်ေ အာင်   ဖြစ်ပြီးဆရာတော်သည်လည်း ပုထုဇဉ်လူသားတဦးပေါ့။ ကြီးရင့်ပြီးမှည့်လာခဲ့တဲ့အခါ  ကြွေသွားရှာလေရဲ့  လို့ သံဝေဂရမိလေရဲ့ ။ အာဏာရှင်တွေသည်လည်း ပုထုဇဉ်လူသားတွေထဲက လူသားအစစ်အမှန်ကြီးတွေ ပါ။ တရားသည်မတရားသည်ကိုတော့ ခွဲခြားသိတတ်နိုင်ဖို့  လိုအပ်လာတဲ့တနေ့  အတ္တတွေကိုလည်းစွန့် ၊ မာနတွေကိုလည်း ခွာချခဲ့ပြီး နောက်ဆုံးဟာနောက်ဆုံးသတ်သတ်တခုထဲမှာ  ခွဲခွာခြင်းရဲ့ နိဂုံးစခန်းသာတခု 
တည်းမှာ ငါဟာငါမဟုတ်နိုင်တော့ပါ။ အာဏာတွေသည်လည်း နတ္ထိမရှိခြင်းအရာတွေပါ။ ခုတော့ငါနဲ့  ငါသာ   နှိုင်းစရာဟုအတုမရှိနိုင်လောက်အောင် မောက်မာ ခြင်းတွေနဲ့ အာဏာဆိုတာကိုဂုဏ်ဒြပ်တခုလို  ပြည်သူ့   တာဝန်ထမ်းရွက်နေမှုတွေဟာ၊တာဝန်ကိုအာဏာဆန်ဆန်ဖြေရှင်းနေသရွေ့ ပုထုဇဉ်တိုင်းနိဂုံးဆိုတာ  မေတ္တာ တရားမြဲမြံပါမှ  သင်္ခါရတရားသည်လည်း  အေးငြိမ်းခြင်းပေတည်း။ မပျံလွန်မှီကမျက်နှာတော်သည်လည်း ရုန်းကန်ခြင်း၊ရှုံ့ တွခြင်းမသက်မသာဟန် အနေအထားကိုစာရေးသူမတွေ့ ဖူးခဲ့ပါ။ ရောင့်ရဲတင့်တယ်ခြင်းတွေ နဲ့ ဆရာတော်ဟာ  အရာရာသည်နတ္တိပေတည်းဟူသောတရားကို ကိုင်စွဲထားလေသည်လား။  ဝေဒနာဆို တာကြီးကိုမချိမဆန့် ခံစားရင်း ပျံလွန်တော်မူခြင်းမဟုတ်ပါ။  စာရေးသူနဲ့ ရွှေဗဟိုဆေးခန်းမှာစတွေ့ ချိန်က စပြီး ဆရာတော်ရဲ့ ကျောပြင်ရောတင်ပါးပါ  စုတ်ပြတ်သတ်နေအောင် အရေပြားတွေလန်ပြီး အသားတွေ  နီရဲနေတာကို စိတ်မသက်သာစရာ ဖူးမြင်တွေ့ ခဲ့ရပါသေးတယ်။  တရားမရှိသူတွေသာသေမှာကို ကြောက် ကြတာပါ။ ဆရာတော်ဟာ မဆုတ်မနစ်တဲ့ ဇွဲလုံ့ လတွေနဲ့  သေခြင်းတရားကိုလည်းမကြောက်၊  နာခြင်းတ ရား ကိုလည်း မရွံ့ တဲ့ တကယ့်တရားတွေ နဲ့  ကျင့်ကြံပြီး ပြည်သူတွေရဲ့ အရေး ရှေ့ ဆောင်ခေါင်းရွက်ထား တာပါ။ ငယ်စဉ်ကတည်းက ဟင်္သာတ၊အင်းကိုင်ရွာမှာ ကိုရင်ဝတ်တယ်။ နောက်ပြီးညောင်တုန်းရွှေဟင်္သာ     တောရမှာ ကိုရင်ဝတ်နဲ့ ပဲ အကြီးတန်းအောင်ခဲ့တယ်။ ပြီးမှမြောင်းမြ ပဇ္ဇောတာရုံတို့ ပခုက္ကူမဟာဝိသုတာ  ရာမတို့ နဲ့  မန္တလေးနဲ့ ရန်ကုန်မြို့  ချရှူးချန်ဒရာ ကောလိပ်က ဆန်းခရစ်နေရူးဘွဲ့ တံဆိပ်ဖြစ်တဲ့ ရှင်ဝါသ၀ါဘိ ဆန်း စ် ခရစ်ပဏ္ဍိတ ဘွဲ့ နဲ့ အင်္ဂလန် ကင်းဘရစ်တက္ကသိုလ်ကလည်း ဖီလော်ဆော်ဖီဘာသာရပ်အပြင် ဘွဲ့   အမြောက်အများရရှိခဲ့ပါသေးတယ်။ 
                          ဒါတွေကိုကြည့်ခြင်းအားဖြင့်  ဆရာတော်ရဲ့ ဂုဏ်နဲ့ သမာဓိဘယ်လောက်အားကောင်း   နေတယ်ဆိုတာ သိသာထင်ရှားလှပါပေတယ်။  လမ်းကြောင်းတခုအပေါ်မှာသတ်သတ်မှတ်မှတ်နဲ့ ဆရာ   တော်ရဲ့ ဦးတည်ဆောင်ရွက်နေမှုတွေဟာ  အများပြည်သူအပေါ်စာနာသနားတဲ့ စိတ်တွေနဲ့  အတောမ သတ် နိုင်တဲ့ ဝီရိယစိုက်ထုတ်မှုတွေဟာဆရာတော်ရဲ့ မှတ်တိုင်တခုပ။  ပုသိမ်ညွန့် အေဘီစီ(၆)လမ်းထဲ မှာ  ကိုယ်ပိုင်ပုဂ္ဂလိကကျောင်းတွေဖွင့်လှစ်ပြီး ချို့ တဲ့သူတွေအတွက်ဘာသာစုံအခမဲ့  ပညာသင်ပေးခဲ့ပြီးဘာသာ    စကားသင်ကျောင်းတွေလည်း ရန်ကုန်တိုင်းမြို့ နယ်များအနှ့ံ ကိုယ်တိုင်သင်ကြားအုပ်ချုပ်ရင်း ထိုင်းနိုင်ငံ ချူလာလောင်ကွန်းတက္ကသိုလ်မှာလည်းပဲအချိန်ပိုင်းကထိကအဖြစ်သင်ကြားပေးခဲ့ပါသေးတယ်။လာအို  နိုင်ငံ မှာလည်းပဲ ဗုဒ္ဓဘာသာတက္ကသိုလ်မှာ ကထိကအဖြစ် (၂)နှစ်ကျော်လောက်ဆောင်ရွက်ခဲ့ပါသေးတယ်။ ဆရာ တော်ရဲ့ ကြိုးပမ်းမှု  ပေးလှူစွန့် ကြဲ ခဲ့တဲ့ ပညာဒါနတွေကိုကြည့်ခြင်းအားဖြင့် ဆရာတော်ဟာကိုယ် ကျိုး ကိုမငဲ့တဲ့ စိုက်ထုတ်မှုသက်သက်တွေဆိုတာ လက်ခံယုံကြည်လို့ ရပါတယ်။ ဆရာတော်ရဲ့ ဈာပနမှာ ဆရာတော်ကိုယုံကြည်ကိုးစားသူတပည့်တပန်းတွေ တော်တော်များများ ၀မ်းနည်းခြင်းကြီးစွာနဲ့ (၂၇-၆-၀၅) 
တနင်္လာနေ့ နေ့ ခင်း ၃နာရီအတွက် ကြိုရောက်နေကြတဲ့ ပရိသတ်ထုကြီးဟာ မဂ္ဂကျောင်းရှိရာ သင်္ဃန်း ကျွန်း ကျိုက္ကဆံဘုရားနောက်ဖက်မှာ ၀င်ထွက်သွားလာသူတွေနဲ့  မနက် ၉ နာရီလောက်ကတည်းကနေ  တချို့ တ၀က်လောက်ရှိပြီး ဆရာတော်ရဲ့ ဈာပနကို စည်ကားစွာပဲ ရောက်ရှိနေကြပါတယ်။ ဈာပနအခမ်းအ နားပြင်ဆင်ရေးအတွက်အလုပ်ရှုပ်သူ တွေက ကားကိစ္စနဲ့ ကျောင်းမှာ ဧည့်ခံကျွေးမွေးသူတွေကလည်း  ဟိုပြေးဒီပြေးနဲ့ (၂၇-၆-၀၅) နေ့ ဟာ နိုင်ငံရေးအ၀န်းအ၀ိုင်းတွေ စုံစုံလင်လင်နဲ့ တွေ့ ကြ နုတ်ဆက်ကြ  စကားတွေထိုင် ပြောကြ ရပ်နေသူတွေနဲ့ ဝိုင်းဖွဲ့ စကားလက်ဆုံကျနေသူတွေမကျန်  ၈၈ ရဲ့ မျိုးဆက်တွေ  နားလည်မှုတွေ ၊ခံယူချက်တွေ၊စုစည်းလိုမှုတွေနဲ့ အမြစ်တွယ်နေတဲ့ မြင်ကွင်းတခုဆိုတာ ပြသနေသယောင် ခံစားမိပါတယ်။ ကျောင်းသားခေါင်းဆောင်တွေဟာ ဒီလိုစုစည်းနိုင်လိမ့်မယ်လို့ လည်း မမျှော်လင့်ခဲ့ကြပါ ဘူး။  ဒါပေမယ့်ဆရာတော်ကြီးဈာပနမှာ ကိုယ်နိုင်ရာတာဝန်တွေနဲ့   အသီးသီးလုပ်ဆောင်ခြင်းတွေအပေါ်  စာရေးသူမုဒိတာပွားရင်း  ဆရာတော်ကြီးပျံလွန်တော်မူခြင်း အထိမ်းအမှတ်အဖြစ် ဤဆောင်းပါးနှင့်ဂုဏ်ပြု  လိုက်ရပါသည်။
No comments: