(၂၃-၆-၀၅ တွင်ပျံလွန်တော်မူသောမဂ္ဂင်ဆရာတော်ကြီးနှင့် ထောင်တွင်းရှိသံဃာအာဇာနည်များကိုဂုဏ်ပြု အပ်ပါသည်)
ဝင်းနိုင်ဦး
ထောင်ထဲမှာ ဆရာတော်ကြီးတွေအတွက် စိတ်မကောင်းဖြစ်ပြီး ဆရာတော်ကြီးတွေကို လိုလေသေး မရှိအောင်ခြေဆုပ်လက်နယ်ပြု၊ အောက်ခြေသိမ်း ဂရုစိုက်သူတွေကတော့ တခြားသူတွေ မဟုတ်ကြ ပါဘူး။ နိုင်ငံရေးမှုနဲ့ထောင်ကျလာသူ ကျောင်းသားတွေ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဆရာတော်ကြီးတွေက `မင်းတို့ကောလိပ်ကျောင်းသားတွေလည်း ဘုန်းကြီးကျောင်းသားတွေ ဖြစ်ကုန်ပြီ´ လို့ ကျောင်းသားတွေကို ချစ်စနိုးနဲ့ရယ်သွမ်းသွေး မိန့်ကြားတတ်ပါတယ်။
၁၉၉၁ ခုနှစ်တုန်းက အင်းစိန်ထောင်၊ အ ဆောင် တဆောင် တဆောင်မှာ သံဃာအ ပါး ငါးဆယ်လောက်စီ
ရှိတတ်လို့ ပေါင်းလိုက်ရင် သံဃာ အ ပါး နှစ်ရာလောက် အင်းစိန်ထောင်မှာ ရှိပါတယ်။ ထောင်ထဲမှာ
ဆရာတော်ကြီးတွေ အ တွက် အခက်အ ခဲရှိတာက အ ရုဏ်ဆွမ်း ကိစ္စပါပဲ။ ဆရာတော်ကြီးတွေက ညစာ
မစားကြပါဘူး။ အ ရုဏ်ဆွမ်း စားဖို့ကျတော့ မနက် (၆)နာရီ၊ (၇)နာရီလောက်မှ ထောင်က ဖွင့်တာဆိုတော့
ထောင်ဖွင့်ချိန်မတိုင်ခင် ဘယ်သူမှ အိပ်ယာကနေ ထထိုင်ခွင့်၊ လမ်းလျှောက်ခွင့် မရှိတဲ့အ တွက် အ ရုဏ်ဆွမ်းကိုမနက်စောစောမှာ မကပ်နိုင်ပါဘူး။အရုဏ်ဆွမ်းကိစ္စ စီစဉ်ပုံကတော့ ဆရာတော် ကြီးတွေအ တွက်ရတဲ့ညစာခွဲတမ်းကို ကျောင်းသားတွေကညဖက်မှာသိမ်းထား၊ချန်ထားတတ်ပါတယ်။မနက် ထောင် ဖွင့်တော့မှ ဆရာတော်ကြီးတွေဆီ ကမန်းကတန်း ပြေးပြီး အရုဏ်ဆွမ်း ကပ်ကြရပါတော့ တယ်။ ထောင် ထမင်းက ကောင်းတာမဟုတ်တော့ အရုဏ်ဆွမ်းကပ်ချိန်မှာညဖက် သိမ်းထားတဲ့ ထမင်းက သိုးချင် သိုးနေတတ်တာပါ။အဲဒီလို ဆရာတော်ကြီးတွေ ရရမယ့် ညစာခွဲတမ်းကို ဆရာတော်ကြီးတွေရဲ့ မနက် အရုဏ်ဆွမ်းအတွက် ဆိုပြီးဘေးဖယ် သိမ်းထားတာကိုပဲ တခါတခါ ထောင်အာဏာပိုင်တွေက မရှုစိမ့် ဖြစ်တတ်ပါတယ်။ `ညဘက် ထမင်းမသိမ်းရ၊ ပြင်းထန်စွာ အ ရေးယူမည်´ လို့တောင် တခါတခါ အ မိန့် ထုတ်တတ်ပါသေးတယ်။ အဲဒီ အ ခါမျိုးတွေမှာဆရာတော်ကြီးတွေ အရုဏ်ဆွမ်း မစားရတော့လို့ ကျောင်းသားတွေကရသလောက်မုန့်တွေဘာတွေရှာဖွေစုဆောင်းပြီးအရုဏ်ဆွမ်းအဖြစ်ကပ် ကြရပါတယ်။
တကယ်တော့ ဆရာတော်ကြီးတွေကို ထောင်ထဲမှာ လက်အုပ်ချီ ရှိခိုးကြတာကိုတောင် ဗုဒ္ဓဘာသာတွေပဲ
ဖြစ်ကြတဲ့ ထောင်အာဏာပိုင်တွေက ကြိုက်ကြတာ မဟုတ်ပါဘူး။ `ဘုန်းကြီးတွေ ကတုံးမတုံးရ´ လို့တောင်ထောင်ထဲမှာ အ မိန့် ထုတ်သေးတာပါ။ အဲဒီလို န၀တနဲ့ ထောင်အာဏာပိုင်တွေက ဆရာတော်ကြီးတွေကိုရဟန်းအ ဖြစ် အသိအ မှတ် မပြုကြဘဲ ခိုးဆိုးလုယက် ရာဇ၀တ်သားတွေလို ဆက်ဆံတာကို ထောင်သားတွေကမခံချင်ကြပါဘူး။ ဒါကြောင့် ထောင်အာဏာပိုင်တွေ အ ရေးယူရင်လည်းယူ၊ ဆရာတော်ကြီးတွေကို ထောင်ထဲမှာတွေ့ရင် တွေ့လိုက်တာနဲ့ တပြိုင်နက် တွေ့တဲ့နေရာမှာ ကျောင်းသားတွေက ရိုရိုသေသေ ထိုင်ပြီးရှိခိုးကန်တော့ကြပါတယ်။ဒါ့အပြင် ဆရာတော်ကြီးတွေဆီက တရားနာခွင့်၊ ဥပုသ်သီလ ဆောက်တည်ခွင့်တွေ ရအောင်၊ဆရာတော် ကြီးတွေကို ခမ်းခမ်းနားနား ကန်တော့ခွင့် ရအောင် ကျောင်းသားတွေ ကြံဖန် စီစဉ်ကြပါတယ်။ ဥပမာ
ထောင်နံရံမှာ ဘုရားပုံ ရေးဆွဲပြီး ဘုရားအ နေကဇာတင်ပွဲ လုပ်တာမျိုး၊ ၀ါဆို လပြည့်နေ့တို့၊ ကထိန်ပွဲတို့
လုပ်တာမျိုးတွေပါ။အဲဒီနေ့တွေဆိုရင်အခန်းတခန်းရဲ့ ခေါင်းရင်းခန်းမှာ ကော်ဇောတွေ၊ စောင်အ ကောင်း
စားတွေ ခင်း၊ ရဟန်းပျိုတွေ၊ဆရာတော်ကြီးတွေကို ပင့်ဖိတ်၊ ဆွမ်းကပ်၊ တရားနာ၊ ရှိခိုး၊ ရေစက်ချ၊ အ မျှအတမ်း ပေးဝေကြပါတယ်။
ဆရာတော်ကြီးတွေလည်း ရွှင်လန်းဝမ်းမြောက်တော်မူကြပြီး တရားဒေသနာ ဟောကြားတော်မူကြတာမို့
ထောင်ငရဲခန်းမှာ တရားနတ်စည် ရွှမ်းနေတာ ကြည်နူးစရာ၊ မျက်ရည်လည်စရာကြီးပါ။အဲဒီလို ထောင်ထဲမှာ သံဃာတော်တွေကို ပူဇော်တဲ့ပွဲ၊ တရားသံတွေနဲ့ ရှားရှားပါးပါး ကြည်နူးစရာ ဖြစ်နေတဲ့ဘာသာရေးပွဲကို ဗုဒ္ဓဘာသာဝင်တွေပဲ ဖြစ်ကြတဲ့ ထောင်အာဏာပိုင်တွေက မနာလို မရှုစိမ့် ဖြစ်ကြတာအံ့အားသင့်စရာပါပဲ။
တခါတုန်းက ဆရာတော်ကြီးတွေကို ခေါင်းရင်းခန်း တင်ပြီး ရှိခိုးကြမယ်၊ တရားနာကြမယ် ဆိုတော့ မိန်းမမှု၊
ဘိန်းမှု၊ လိမ်လည်မှု၊ စသဖြင့် ရာဇ၀တ်မှု တခုခု ကျူးလွန်ပြီး ထောင်ကျလာတဲ့၊ ၀ိနည်းသိက္ခာ ကျိုးပေါက်လို့
ရဟန်း မဟုတ်တော့တဲ့ ရဟန်းမဟုတ်တော့တဲ့ ဘုန်းကြီးတွေကိုပါ ဆရာတော်ကြီးတွေနဲ့ အ တူ
ခေါင်းရင်းခန်းတင်ပြီး တရားဟောခိုင်းရမယ်လို့ ထောင်အာဏာပိုင်တွေက တမင် အ ကျပ်ကိုင်လာပါတယ်။
ကျောင်းသားတွေကလည်း အဲဒီလို ၀ိနည်း ချိုးဖောက်ပြီး ရာဇ၀တ်မှုနဲ့ ထောင်ကျလာတဲ့ ဘုန်းကြီးတွေကို
ဆရာတော်ကြီးတွေနဲ့ဖျာတချပ်ထဲယှဉ်တွဲထိုင်တာမျိုးမကြည့်ရက်နိုင်ဘူးပေါ့။ ထောင်အာဏာပိုင်တွေက လည်းသူတို့ ပြောတဲ့အတိုင်း လက်မခံရင် အခမ်းအနား လုပ်ခွင့်မပေးဘူးလို့ ပြောတယ်။အဲဒီလို နှစ်ဖက် တင်းမာနေချိန်မှာ ဆရာတော်ကြီးတွေက ကျောင်းသားတွေကို ဆုံးမရှာပါတယ်။ `ထိုင်ခွင့်ပေးလိုက်ပါ ငါ့သားတို့။ သူတို့ ယှဉ်ပြီး ထိုင်ဝံ့ရင် ထိုင်ပါစေ´ တဲ့။
ရာဇ၀တ်မှုနဲ့ ထောင်ကျလာတဲ့ အဲဒီ ဘုန်ကြီးတွေကလည်း ကြောက်ကြပါတယ်။ ထောင်အာဏာပိုင်နဲ့ အာဏာပိုင်လူဆိုးတွေ မသိအောင် ဆရာတော်ကြီးတွေဆီ တိတ်တဆိတ်လာပြီး ဆရာတော်ကြီးတွေနဲ့ ကြမ်းတပြေးတည်းယှဉ်ပြီး သူတို့ မထိုင်ဝံ့တဲ့အ ကြောင်း၊ ဒါပေမယ့် ထောင်အာဏာပိုင်တွေက အတင်းထိုင်ခိုင်းနေတာမို့ကြောက်တဲ့အတွက်ထိုင်ရမှာမို့ခွင့်လွှတ်ပါမယ့်အ ကြောင်း လျှောက်တင်ကြပါတယ်။ သေ ဘာထားကြီးတော်မူကြတဲ့ဆရာတော်ကြီးတွေက ခွင့်လွှတ်ပါတယ်။အဲဒီလိုနဲ့ အခမ်းအနား လုပ်ချိန် လည်း ကျရော အဲဒီ ဘုန်းကြီးတွေ လည်း ကြောက်ကြောက်နဲ့ ဇောချွေးတွေပြန်၊ဆရာတော်ကြီးတွေကို ရိုရိုသေသေ ကန်တော့ပြီး တုန်တုန်ယင်ယင်နဲ့ ၀င်ထိုင်ကြပါတယ်။
ထောင်အာဏာပိုင်တွေကို ကြောက်ကြတာကိုး။
ဆရာတော်ကြီးတွေနဲ့ ပတ်သက်လို့ ထူးထူးခြားခြား ပြောစရာတခု ရှိပါသေးတယ်။ န၀တ စစ်အ စိုးရက
ဆရာတော်တွေကို အတင်းအဓမ္မ ဖမ်းဆီးပြီး ထောင်ထဲမှာ သင်္ဃန်းဝတ်ခွင့် မပြုတာရယ်၊ ရာဇ၀တ်သားတွေလိုဆက်ဆံတာရယ်ကို တပည့် ဒါယကာတွေက မခံမရပ်နိုင် ဖြစ်ကြပြီးဆရာတော်ကြီးတွေ
ထောင်က လွတ်လာတော့ ဗုဒ္ဓဘာသာ ထုံးစံအတိုင်း သိက္ခာပြန်ထပ်ပေးကြပါတယ်။ အဲဒီလို သိက္ခာထပ်ပေးတာတကြိမ်လည်း မဟုတ်၊ နှစ်ကြိမ်လည်း မဟုတ်၊ တပတ်တကြိမ် အပတ်တိုင်း ဒါယကာ တယောက်ပြီးတယောက်သိက္ခာ ထပ်ပေးကြတာပါ။အဲဒီလို အပတ်တိုင်း သိက္ခာထပ်ပေးတာ ကျနော်တို့ သိရသလောက် သာကေတ ဆရာတော်ဆိုရင်တနှစ်ကျော်တဲ့အထိ သိက္ခာထပ်ပေးတဲ့ ဒါယကာတွေ မကုန်သေးပါဘူး။ ဆရာတော်ကြီးတွေက `ဒကာတွေပင်ပန်းတယ်´ ဆိုပြီး တားမြစ်တော်မူပေမယ့်လည်း မရပါဘူး။ ဒါယကာတွေက `ဆရာတော်တွေကို န၀တကထောင်ထဲထည့်ပြီး တကြိမ်ပဲ သိက္ခာချတာ။ တို့က ဆရာတော်တွေကို အ ကြိမ်ကြိမ် သိက္ခာ ပြန်ထပ်ပေးနိုင်တယ်´ လို့ ပြောကြပါတယ်။
ထောင်ကလွတ်ပြီး နောက်ပိုင်း တချိန်မှာ မဟာဗောဓိ ဆရာတော်ဆီ ကျနော် သွားရောက် ဖူးတွေ့ပါတယ်။
ဆရာတော်ကို ထောင်ဝတ်စုံ အ ပေါ်အောက် အ ဖြူနဲ့ တွေ့နေကျ ဆိုတော့ အ ခုလို သင်္ဃန်းနဲ့ တွေ့ရတော့
ကျနော့်မှာ အ မြင်ဆန်းနေသလို တမျိုးကြီး ဖြစ်နေပါတယ်။ ဆရာတော်ကြီးကလည်း ကျနော့်ခံစားချက်ကို
ရိပ်မိတယ် ထင်ပါရဲ့။ ရယ်နေတယ်။ ဆရာတော်ကြီးက သူ ထောင်က ထွက်ပြီးနောက်ပိုင်း ရေးနေတဲ့
ကျမ်းတကျမ်းရဲ့ စာမူကို ကျနော့်ကို ပြတယ်။ ဆရာတော်ကြီးဟာ စာပေပရိယတ္တိ ပြန့်ပွားရေးကို အ င်မတန်အားထုတ်တော်မူတာကလား။ ဆရာတော်ကြီး ပြုစုရေးသား စီရင်ခဲ့တဲ့ ကျမ်းတွေ မနည်းပါဘူး။
ကျနော် ပြန်ခါနီး ဦးချ နှုတ်ဆက်တော့ ဆရာတော်ကြီးက `ထောင်ထဲက ကျောင်းသားတွေ ဘယ်လိုအ ခြေအ နေရှိသလဲ၊ လွတ်လာသူတွေ နေထိုင်ကောင်းရော ရှိကြရဲ့လား၊ နေရ ထိုင်ရ အဆင်ပြေကြရဲ့လား´စသဖြင့် ပူပူပင်ပင် မေးတော်မူရှာပါတယ်။ ထောင်ထဲမှာ ဂရုစိုက်ခဲ့တဲ့ အ တွက် ကျောင်းသားတွေကိုကျေးဇူးတင်ကြောင်းလည်း ပြောပါတယ်။
No comments:
Post a Comment