Saturday, June 25, 2011

လွတ်လပ်စွာရေးသားဖော်ထုတ်ခွင့်ရှိသည်ဆိုသော်ငြား (အမေရိကား)


ရုပ်ပုံတပုံဟာ စကားလုံးတထောင်ထက်အဖြစ်အပျက်တွေကိုပိုဖော်ပြနိုင်ပါတယ်။Narces Benoit တော့ အဲဒီလိုဖော်ပြနိုင်ဖို့  ဗွီဒီ ယိုရိုက်ခဲ့ တဲ့ အတွက် အချုပ်ထဲရောက်သွားရပါတယ်။  ဖြစ်ပုံကအမေရိကန်ရဲအရာရှိတွေက သေနတ်ကျဉ်ဆံတွေဒါဇင်နဲ့ ချီပြီး ကား ထဲကိုပစ်ထည့်နေတဲ့ မြင်ကွင်းကိုသူ့ လက်ကိုင်ဖုန်းကင်မရာနဲ့ အမိအရရိုက်ယူခဲ့လို့ ပါ။ သူတို့ ကို ဗွီဒီယိုရိုက်ကူးနေတာသိသွားတဲ့ ပုလိပ်ကBenoit ဆီကကင်မရာကို ယူပြီးခြေထောက်နဲ့ နင်းခြေခဲ့ပါတယ်တဲ့ ။ ဒါပေမယ့် ကင်မရာထဲက မင်မိုရီကဒ်ကို ပုလိပ်လက်ထဲ မရောက်ခင်သူ့ ပါးစပ်ထဲဖွက်ထားနိုင်ခဲ့ပါတယ်။အမေရိကန်မှာပုလိပ်တာဝန်ထမ်းဆောင်နေတဲ့ အချိန်ဗွီဒီယိုမှတ်တမ်းတင်ခွင့်မရှိပါဘူး။

ကယ်လီဖိုးနီးယားတက္ကသိုလ်ကဥပဒေပါမောက္ခယူဂျင်းပြောပြတာကတော့`အမေရိကန်မှာ ပြည်နယ်အလိုက်ဥပဒေကမတူကြပါဘူး။ဥပမာမက် ဆာချူးဆက်မှာပုလိပ်ခွင့်ပြုချက်ရမှမှတ်တမ်းယူလို့ ရပါတယ်။အီလီနွိုင်းမှာတော့ပုလိပ်ကိုဗွီဒီယိုရိုက်မှတ်တမ်းတင်တာကိုခွင့်မပြုပါဘူး။ကျနော် ယုံကြည်တာကတော့ နိုင်ငံသားတွေဟာရဲတွေတာဝန်ထမ်းဆောင်နေတဲ့ အချိန်မှာမှတ်တမ်းယူခွင့်ရှိသင့်ပါတယ်။ရဲတွေကမတရားလုပ်လာရင် သာမန်ပြည်သူတွေမှာပြန်ပြီးတိုက်ခိုက်နိုင်တဲ့အင်အားမရှိပါဘူး။ဒီလိုမှတ်တမ်းတင်ထားတာကပြည်သူတွေရဲ့ တခုတည်းသောလက်နက်ပါပဲတဲ့ ။
အောက်ကဗွီဒီယိုမှာလည်းအလားတူအဖြစ်အပျက်ကိုတွေ့ ရမှာပါ။
ဆိုင်ကယ် မြန်နှုန်းပိုမောင်းလို့ သူ့ နောက်ကိုလိုက်လာတဲ့ ပုလိပ်က  သေနတ်ထုတ်ချိန်တာကို ဗွီဒီ ယို ရိုက်ထားပြီး YOUTUBE မှာတင်မိတဲ့ အတွက်ထောင်ဒဏ် ၁၆ နှစ်ရင်ဆိုင်နေရတဲ့ Anthony Graber အဖြစ်ပါ။

 

4 comments:

g|-|0$7 said...

It's 26 hours. Not 16 years.

လင်္ကာ said...
This comment has been removed by the author.
လင်္ကာ said...

ကျနော့်ကို အဲဒီ၁၆ မိနစ်ဆိုတဲ့လင့်လေးတချက်ပေးပါလား။ ပြင်လိုက်ချင်လို့ 

လင်္ကာ said...

အယ်လ်ဂျာဇီးရာကသတင်းထဲဒီလိုရေးထားတာဖတ်လိုက်ရလို့ ၁၆ နှစ်လို့ ရေးလိုက်တာဗျို့ ။

But Graber, a sergeant with the Maryland Air National Guard, is now facing 16 years in prison, not for dangerous driving, but for a Youtube video he posted after receiving a speeding ticket.