ရုပ်ပုံတပုံဟာ စကားလုံးတထောင်ထက်အဖြစ်အပျက်တွေကိုပိုဖော်ပြနိုင်ပါတယ်။Narces Benoit တော့ အဲဒီလိုဖော်ပြနိုင်ဖို့  ဗွီဒီ ယိုရိုက်ခဲ့ တဲ့ အတွက် အချုပ်ထဲရောက်သွားရပါတယ်။ ဖြစ်ပုံကအမေရိကန်ရဲအရာရှိတွေက သေနတ်ကျဉ်ဆံတွေဒါဇင်နဲ့ ချီပြီး ကား ထဲကိုပစ်ထည့်နေတဲ့ မြင်ကွင်းကိုသူ့ လက်ကိုင်ဖုန်းကင်မရာနဲ့ အမိအရရိုက်ယူခဲ့လို့ ပါ။ သူတို့ ကို ဗွီဒီယိုရိုက်ကူးနေတာသိသွားတဲ့ ပုလိပ်ကBenoit ဆီကကင်မရာကို ယူပြီးခြေထောက်နဲ့ နင်းခြေခဲ့ပါတယ်တဲ့ ။ ဒါပေမယ့် ကင်မရာထဲက မင်မိုရီကဒ်ကို ပုလိပ်လက်ထဲ မရောက်ခင်သူ့ ပါးစပ်ထဲဖွက်ထားနိုင်ခဲ့ပါတယ်။အမေရိကန်မှာပုလိပ်တာဝန်ထမ်းဆောင်နေတဲ့ အချိန်ဗွီဒီယိုမှတ်တမ်းတင်ခွင့်မရှိပါဘူး။
ကယ်လီဖိုးနီးယားတက္ကသိုလ်ကဥပဒေပါမောက္ခယူဂျင်းပြောပြတာကတော့`အမေရိကန်မှာ ပြည်နယ်အလိုက်ဥပဒေကမတူကြပါဘူး။ဥပမာမက် ဆာချူးဆက်မှာပုလိပ်ခွင့်ပြုချက်ရမှမှတ်တမ်းယူလို့ ရပါတယ်။အီလီနွိုင်းမှာတော့ပုလိပ်ကိုဗွီဒီယိုရိုက်မှတ်တမ်းတင်တာကိုခွင့်မပြုပါဘူး။ကျနော် ယုံကြည်တာကတော့ နိုင်ငံသားတွေဟာရဲတွေတာဝန်ထမ်းဆောင်နေတဲ့ အချိန်မှာမှတ်တမ်းယူခွင့်ရှိသင့်ပါတယ်။ရဲတွေကမတရားလုပ်လာရင် သာမန်ပြည်သူတွေမှာပြန်ပြီးတိုက်ခိုက်နိုင်တဲ့အင်အားမရှိပါဘူး။ဒီလိုမှတ်တမ်းတင်ထားတာကပြည်သူတွေရဲ့ တခုတည်းသောလက်နက်ပါပဲတဲ့ ။
အောက်ကဗွီဒီယိုမှာလည်းအလားတူအဖြစ်အပျက်ကိုတွေ့ ရမှာပါ။
ဆိုင်ကယ် မြန်နှုန်းပိုမောင်းလို့ သူ့ နောက်ကိုလိုက်လာတဲ့ ပုလိပ်က သေနတ်ထုတ်ချိန်တာကို ဗွီဒီ ယို ရိုက်ထားပြီး YOUTUBE မှာတင်မိတဲ့ အတွက်ထောင်ဒဏ် ၁၆ နှစ်ရင်ဆိုင်နေရတဲ့ Anthony Graber အဖြစ်ပါ။
အောက်ကဗွီဒီယိုမှာလည်းအလားတူအဖြစ်အပျက်ကိုတွေ့ ရမှာပါ။
ဆိုင်ကယ် မြန်နှုန်းပိုမောင်းလို့ သူ့ နောက်ကိုလိုက်လာတဲ့ ပုလိပ်က သေနတ်ထုတ်ချိန်တာကို ဗွီဒီ ယို ရိုက်ထားပြီး YOUTUBE မှာတင်မိတဲ့ အတွက်ထောင်ဒဏ် ၁၆ နှစ်ရင်ဆိုင်နေရတဲ့ Anthony Graber အဖြစ်ပါ။
4 comments:
It's 26 hours. Not 16 years.
ကျနော့်ကို အဲဒီ၁၆ မိနစ်ဆိုတဲ့လင့်လေးတချက်ပေးပါလား။ ပြင်လိုက်ချင်လို့ 
အယ်လ်ဂျာဇီးရာကသတင်းထဲဒီလိုရေးထားတာဖတ်လိုက်ရလို့ ၁၆ နှစ်လို့ ရေးလိုက်တာဗျို့ ။
But Graber, a sergeant with the Maryland Air National Guard, is now facing 16 years in prison, not for dangerous driving, but for a Youtube video he posted after receiving a speeding ticket.
Post a Comment