Sunday, May 20, 2012

မနောမြေမှကျောင်းသားတပ်မတော် ၃

by Nang Aung Htwe Kyi on Sunday, 20 May 2012 at 14:46 ·
၁၂.၀၂.၁၉၉၂ မှာ ကိုထွန်းအောင်ကျော်နဲ့အတူကျောင်းသား ၁၅ ဦးကို လူမဆန်စွာခေါင်း
ဖြတ်သတ်ခဲ့တယ်။
၁၃.ဝ၂.၁၉၉၂ မှာ ယိုးဒယားသတင်းထောက် ယင်ဒီး နဲ့တွေ့ဆုံခိုင်းတဲ့အတွက် The Nation သတင်းစာမှာယင်ဒီးမှရေးသားတင်ပြခဲ့ပါတယ်။အောင်နိုင် ခေါ် ရော်နယ်အောင်နိုင်(ယခုထိုင်းနိုင်ငံချိန်းမိုင်) နဲ့ကျော်ကျော်(ယခုABSDF  -NB ကချင်ပြည်နယ်) တို့က၁၅ ဦးအား သေဒဏ်ချမှတ်ခြင်းတွေ ကို အဲ့ဒီနေ့ရက်အချိန်မှာ တည်ရှိနေတဲ့ ABSDF-NB ဗဟိုကော်မတီဝင်များနဲ့ သဘောတူညီ စွာ ဆောင် ရွက်ခဲ့ကြခြင်းဖြစ်ပါတယ် လို့အတိအလင်းပြောကြားခဲ့ပါတယ်။
The Nation သတင်းစာထဲမှာ ယင်ဒီး မှ -
* Aung Naing and Kyaw Kyaw, how ever admitted that torture, particularly
“Beatings and telephone-wire electric shocks”,, were applied to force confessions. *
To justify the alleged spying “ crimes,” they said they were willing to show and
release hard evidence including written documents and video films of the interrogation process.  
 လို့ တိတိကျကျရေးသားဖော်ပြခဲ့ပါတယ်။

ဒါကြောင့်လဲအသက်မသေဘဲ ယနေ့ထိသက်ရှိထင်ရှားရှိနေတဲ့၊ မတရားသဖြင့်ဖမ်းဆီးစွပ် စွဲ ပြီး လူမ ဆန်သောနည်းမျိုးစုံနဲ့ညှင်းပန်းနှိပ်စက်မှု့တွေကို ခါးသီးစွာခံစားခဲ့ရတဲ့ကျမတို့တတွေ က ဖမ်းဆီး သတ်ဖြတ်ခြင်းခံခဲ့ရတဲ့ ကျောင်းသား စုစုပေါင်း စာရင်း အယောက် (၁ဝဝ)ရဲ့လက်ရေး မူထွက် ချက်တွေ အားလုံး ( အားလုံးဆိုတာ ပထမဦးဆုံးစအဖမ်းခံရသူ စိုးမင်းအောင်ရဲ့ ထွက်ချက်မှစ၍ ၊ အတင်းအဓ္ဓမ မတရားနှိပ်စက်သောဒဏ်မခံစားနိုင်၍ ကျောင်းသား ၁၃၅ ဦး အမည် ထွက်ဆိုခဲ့တဲ့ထွက်ချက်မှ စ၍ ) ကို မြန်မာပြည်သူလူထု ရှေ့မှောက်ကို ချပြပေးဖို့ မန္တလေးမြို့မှာ ကျင်းပခဲ့တဲ့ ၁၂.ဝ၂.၂ဝ၁၂ ခုနှစ် ကျဆုံးခဲ့သူများရဲ့ နှစ် ၂ဝပြည့်ယူကြုံးမရတဲ့ ဝမ်းနည်း ကြေကွဲ ခြင်း အထိမ်းအမှတ်ပွဲ မှာ တရားဝင်တောင်းဆို ခဲ့ပြီးဖြစ်ပါတယ်။ အဲ့ဒီ ကျမတို့တွေရဲ့ ထွက်ချက်တွေမှာ တယောက်ကိုတယောက် နာမည်တွေ ထွက်ခဲ့ကြရတာ လက်တွေ့ခံစားခဲ့ကြရသူတွေ အားလုံးပွင့်လင်းသိရှိနေကြပြီးဖြစ်ပါတယ်။ ဘာတွေကဘယ်လိုဖြစ်ကြတယ၊်တတိတိနဲ့ညှင်းပန်းနှိပ်စက်မှု့ဒဏ်ခံစားနေရတဲ့နာကြင်မှု့ဒဏ်တွေ ဟာ စာဖွဲ့လို့ရှင်းပြလို့ မရနိုင်တဲ့ခံစားချက်တွေပါ။ကိုယ်တွေ့ခံစားကြရတဲ့ ကျမတို့ကလွဲ လို့ ABSDF-NB ရဲ့ ငရဲစခန်းကို တော်တန်ယုံခံစားနားလည်နိုင်ကြမှာမဟုတ်ဘူး။ ဒါ့အတွက်ကြောင့်လဲ တယောက်မကျန် အယောက် ၁ဝဝ ရဲ့ စစ်ချက်အားလုံးကိုချပြပေးဖို့ လိပ်ပြာသန့်သန့်တောင်း ဆိုနေကြတာဖြစ်ပါတယ်။

တစ်ယောက်စ နှစ်ယောက်စ ဟိုတစ်ယောက်ဒီတစ်ယောက် စစ်ချက်ကိုလုံးဝလက်မခံဘူး။
(၁) ကနေ    (၁ဝဝ) ယောက်အထိ စစ်ချက်တွေကို စာရွက်တရွက်မကျန် အကုန်ချပြဖို့ပြောတာပါ။ ဒါမှ အားလုံးအဖြေမှန် တိတိကျကျ ရမှာဖြစ်တယ်။ အနှစ် ၂၀ ကြာပြီမို့လို့ ၊ တပ်ပြောင်းတုန်း ကဘယ်လို ဘယ်ညာ တချို့စစ်ချက်တွေမယူနိုင်တော့လို့ စသော .. စသဖြင့်ခြွင်းချက် ဆင်ခြေတွေ လုံးဝ လက် မခံနိုင်ပါ။ဘာလို့ဆိုတော့ ဖမ်းတုန်းက ၊ ညှင်းပန်းနှိပ်စက်တုန်းက၊သတ်ဖြတ်တုန်းက ခြွင်းချက် မရှိ ပြု မူ ဆောင်ရွက် လုပ်ခဲ့ကြလို့ပါဘဲ။
အောင်နိုင်၊သံချောင်း၊မျိုးဝင်းတို့ရဲ့ဦးဆောင်ဖမ်းဆီးခြင်းနဲ့သူတို့နဲ့တကြိတ်တဥဏ်ထဲ ပူးပေါင်းပါဝင်ညှင်းပန်းနှိပ်စက်မှုတွေဦးစီးဦးဆောင်လုပ်ခဲ့တဲ့သန်းဇော်(မန္တလေး)၊                           ၊ဇော်ဇော်မင်း(မိုးညှင်း)၊အောင်စိုးမြင့် တို့သာ ဘာကြောင့်ဆိုတာတိတိကျကျဖြေရှင်းပေး
နိုင်မှာဖြစ်ပါတယ်။သေဆုံးသွားပြီဖြစ်တဲ့ မျိုးဝင်းတယောက်ထဲရဲ့ အပေါ်မှာ အားလုံးအပြစ်
တွေပုံချ ဖို့အောင်နိုင်တို့ သန်းဇော် ၊ဇော်ဇော်မင်း တို့အားလုံးခေါင်းထဲမှာ စာစီထားကြပြီး
ဖြစ်မှာတပ်အပ်သေချာပါတယ်။

ကျမ သိသလောက် ဆိုရင် ၁၅ ဦးကိုသေဒဏ်ချမှတ်ခဲ့တဲ့ ABSDF-NB ဗဟိုကော်မတီဝင်
များမှာ -
(၁)  အောင်နိုင် ခေါ် ရော်နယ်အောင်နိုင် ( ယခု ချိန်းမိုင် )
(၂)  သံချောင်း (ယခု သာယာဝတီထောင်တွင်း )
(၃)  မျိုးဝင်း (သေဆုံး )
(၄)  လှဆိုင်း ( ယခု ABSDF –NB)
(၅)  ကျော်ကျော် (ယခု ABSDF-NB )
(၆)  စိန်အေး (မိုးညင်း )
(ရ)  အောင်ကြီး

တို့ဖြစ်ပါတယ်။လိုအပ်မှု့ရှိလျှင် မှားရင်ပြင်ဆင်ဖြည့်စွက်ပေးစေလိုပါတယ်။
လူမဆန်တဲ့ပြင်းထန်တဲ့စစ်ကြောရေးများကြောင့် ကျောင်းသား (၁၂) ဦး နဲ့ တရုပ်ပြည် ယင်ကျန်းမှာကိုယ်ပိုင်  ဆိုင်ဖွင့်ဝမ်းကြောင်းနေတဲ့ အရပ်သား ကိုရာကွတ်ဘိုင် စုစုပေါင်း ၁၃
ဦး သေဆုံးခဲ့ရတယ်။ထိုသေဆုံးမှု့များမှာ အဓိကအကျဆုံးဖြစ်တဲ့ ညှင်းပန်းနှိပ်စက်မှု့များ
ကိုဦးဆောင်သူများမှာ ABSDF-NB ( IO ) ကျောင်းသားထောင်လှမ်းရေး မှ သန်းဇော်(မန္တလေး)၊ဇော်ဇော်မင်း (မိုးညှင်း)၊အောင်စိုးမြင့်(မိုးညင်း)၊ကျော်ထင်ဦး (သေဆုံး)
တို့နဲ့ သံချောင်း၊မျိုးဝင်း၊လှဆိုင်း၊တို့ဖြစ်ပါတယ်။

၁၉.ဝ၂.၁၉၉၂ မှာမိဘတွေဆီစာရေးခေါ်တော့ မိဘတွေ ၁၉.ဝ၃.၁၉၉၂ မှာ ABSDF-NB ကိုရောက်လာကြတယ်။၂ဝ ရက်နေ့မှာအမေနဲ့တွေ့ရပြီး မိဘများရဲ့ တောင်းပန်မှု့တွေကြောင့်၂၄. ဝ၃.၁၉၉၂ ABSDF-NB ထောင်တွင်းမှ လွတ်မြောက်ခဲ့ပြီး ကျောင်းသားရဲ
ဘော်များအဖြစ် အလံကိုင်သစ္စာပြန်ဆိုခဲ့ကြတယ်။ရဲမေဆောင်မှာပြန်လည်ရွှေ့ပြောင်းနေခဲ့
တယ်။ရဲမေအားလုံးကတော့ပုံမှန်ဘဲ၊အရင်လိုဘဲထူးခြားမှု့မရှိပါဘူး။ ရင်းရင်းနှီးနှီး ပျော်ပျော် ရွှင်ရွှင် ပြောင်နောက်နေတာပါဘဲ။ ကျမကဘဲ အရင်ကတည်းက အစအနောက်သန်လို့ဘဲ
လား တော့မသိဘူး။အပြောင်အနောက်ကနေ စကြပြောကြတော့တာဘဲလေ။
ကျမတို့ရေးသားခဲ့တဲ့စာတွေကြောင့် ကျမတို့ကိုလာခေါ်တဲ့မိဘ
များဟာ ကျမတို့ကို ABSDF-NB မှာဘဲထားခဲ့ရပြီး  ဝ၅.ဝ၄.၁၉၉၂  မှာအိမ်ပြန်သွားကြရပါတယ်။
ကျမတို့တတွေအားလုံး မိဘတွေကိုထိုင်ကန်တော့ချိန်မှာ မိခင်တွေရဲ့မျက်ရည်စတွေကိုကြည့်ပြီး
ကြေကွဲရပါတယ်။ထွက်ခွာသွားတဲ့မိခင်တွေရဲ့ကားကိုတဆုံးကြည့်ပြီး ကျမတို့ (၇) ဦးတယောက်
မျက်နှာတယောက်ကြည့်ပြီး နှုတ်ဆိတ်နေမိကြပါတယ်။

အမေတို့ပြန်သွားပြီးများမကြာခင်မှာဘဲ ကျမအသက်ဘေးရန်ကိုစိုးရိမ်တဲ့ အတွက် အကို
တော်စပ်သူပီထွန်း မှ ABSDF ဗဟို တောင်ပိုင်းဥက္ကဌ ဒေါက်တာနိုင်အောင်နှင့်အတူABSDF-NB ကို လာရောက်ခဲ့ပါတယ်။           

ကျမမေမေလာတုန်းကလဲ KIO အထွေထွေအရေးမှုးဦးဇောင်းဂရား(ယခုKIO ဥက္ကဌ) နဲ့တွေ့ဆုံပြီးကျမတို့အားလုံးရဲ့လွတ်မြောက်ရေးအတွက် အကူအညီတောင်းခံခဲ့ပါတယ်။ ထိုစဉ်က ဦးဇောင်းဂရားမှ ကျနော်တို့တော်လှန်ရေးသက်တမ်းတလျှောက်မှာဒီလောက်များတဲ့ထောက်လှမ်းရေး တခါမှ မရရှိခဲ့ပါဘူးလို့
မေမေ့ကိုပြောကြားခဲ့ပါတယ်။ခုဒီအချိန်မှာ ကျနော်တို့ရဲ့ ဗိုလ်ချုပ်ဇော်မိုင် လဲ အိန္ဒယဘက်
ခရီးထွက်ခွာနေပါတယ်။ကျောင်းသားတပ်မတော်ဟာ ကျနော်တို့နဲ့မဟာမိတ်ဖြစ်နေတာ
ကြောင့် ဝင်ရောင်စွက်ဘက်လို့မရနိုင်ကြောင်း၊ အကူအညီသာပေးနိုင်ကြောင်း၊
လူမသတ်ရန် သတိပေးပြောကြားခဲ့သော်လည်း သူတို့ဆုံးဖြတ်ချက်နှင့်သူတို့သတ်ဖြတ်ပြစ်လိုက်
တာကို သတ်ပြီးတော့မှသာသိရကြောင်း ၊ ဗိုလ်ချုပ်ဇော်မိုင်ပြန်လာရင် အသိပေးလိုက်ပါ့မဲ့
အကြောင်းနှင့် အခြားရှေးနှောင်းဖြစ်ရပ်တွေပြောခဲ့ပါတယ်။
အခုလဲ ပီထွန်းမှ ညီမလွတ်မြောက်ရေးအတွက် KIO/ KIA တို့နှင့် ထပ်မံပြောကြားပေးမယ်
လို့ မှာခဲ့ပါတယ်။ပီထွန်း ရက်အနည်းငယ်ဘဲ နေပြီးပြန်သွားပါတယ်။

ဒီအချိန်အခါတွေမှာ ထောင်ထဲမှာ ကျောင်းသား ၅၅ ဦး ကျန်ရှိနေပါသေးတယ်။ကျမတို့ပထမအသုတ်ကမိဘတွေနဲ့အတူ  မလိုက်သွားကြရဘဲနဲ့ AB-NB မှာဘဲ သောင်တင်နေကြရတော့ ထောင်အတွင်းကျန်ရှိနေတဲ့ ၅၅ ဦးအနေနဲ့က ဘယ်မှာလာပြီး ခိုင်လုံတဲ့အသက်အာမခံ ချက်ရှိမှာလဲ ဆိုတာ သူတို့တွေအားလုံးတွေးမိကြမှာပေါ့။ ကျမတို့အနေနဲ့
လဲဘယ်သူ့ကိုမှ အာမခံချက်မပေးနိုင်တာအမှန်ပါလေ။ထောင်အတွင်းကျန်ရှိနေတဲ့
ကျောင်းသား ၅၅ ဦးကတော့ ထုံးစံအတိုင်း တတပ်လုံးရဲ့ အလုပ်တွေလုပ်ပေးနေရတာပေါ့
မေလ ပိုင်းအတွင်းကရက်တစ်ရက်မှာ ကျမတို့ရဲမေဆောင်ကို ကိုမြင့်သိန်းနဲ့ ကိုစိုးလေး
တို့အဖွဲ့ အလုပ်လာလုပ်ပေးကြပါတယ်။ ထောင်တွင်းမှ ကျောင်းသားများ ရဲမေဆောင်မှာ
အလုပ်လာလုပ်တိုင်း ကျမအဝေးကိုရှောင်ထွက်သွားနေကြပါ။ ဒါပေမဲ့ အဲ့ဒီနေ့က တပ်စု
မှုးမာမာထွန်း( ဂျူဂျူး ) က မငယ်သူတို့ကိုထမင်းသွားကျွေးလိုက်ပါလို့ပြောပါတယ်။ကျမ
ကလဲ ဖြစ်ပါ့မလား ဂျူဂျူးရေ … တော်ကြာမကောင်းဘူးလေ … ငါလဲအခုမှထောင်က
ထွက်တာလို့ပြောတော့ သူက ရတယ် သွားကျွေးလိုက်ပါ လို့ဆိုတာနဲ့ကျမလဲ သွားလိုက်ပါတယ်။

ကျမကိုလဲ သူတို့ ( စိုးလေးနဲ့မြင့်သိန်း) ကတွေ့ရော ဘေးဘီကြည့်ပြီး သွက်သွက်
လေးပြောလိုက်တာကတော့ .. “ မငယ် .. ကျနော်တို့နှုတ်ဆက်တယ်နော် “ တဲ့ ။
ကျမလဲ မင်းတို့လုပ်စရာရှိတာသာ လုပ်သွားပါတော့ .. ငါတို့ကိုမငဲ့နဲ့တော့ ..လို့ပြန်ပြော
ပြီး မြန်မြန် အဆောင်ထဲဝင်လိုက်တယ်။ရင်တအားခုန်လာတယ်။တစုံတရာချို့ယွင်း မှား
ယွင်းခဲ့ရင် သူတို့တတွေအားလုံး အသေဆိုးနဲ့သေကြရမှာကိုသိနေတယ်လေ။သူတို့လဲ
နေမထူး ရှင်မထူးအခြေအနေ မဟုတ်လား။ ထောင်ကုန်းဘေးနားမှာ ထောင်သားတွေကို
တူးခိုင်းထားတဲ့ မြေကျင်းအကြီးကြီးက ဘာအတွက်လဲ။စဉ်းစားနေကြတာပေါ့။ ဒီတော့ဘာ
လုပ်မလဲ။သေရင်မြေကြီး  ရှင်ရင်ရွှေထီးပေါ့။ဟုတ်တယ်မှုတ်လား။တဘက်ကပြန်စဉ်းစား
ကြည့်မိတယ်။သူတို့ထွက်ပြေး လွတ်မြောက်သွားရင် ကျန်ခဲ့တဲ့ကျမတို့ (ရ) ယောက်ဘယ်
လိုစခန်း ဘယ်လိုအခြေအနေ ရောက်မလဲ ..လို့။ဘုရားတမိတယ်။ရင်တွေခုန်လာတယ်။

ဘာတတ်နိုင်မလဲ။ အနည်းနဲ့ အများ ၊တွေးကြည့်ပေါ့။အများစုစံစား ဖို့အနည်းစုခံစားလိုက်
ယုံပေါ့။ဟန်မပျက်အောင်နေတယ်။သန်းဇော်တို့နားမှာဘဲ အမြဲအချိန်လိုက်ဖြုန်းနေလိုက်
တယ်။သူတို့ရဲ့အစီအစဉ်တွေအစဉ်ပြေချောမွေ့ပါစေ ညတိုင်းဆုတောင်းမိတယ်။ဘုရား
မရှိခိုးတဲ့ကျမ ထောင်ကျမှ မှန်မှန်ဘုရားရှိခိုးတတ်လာတယ်။ဖေဖေသင်ပေးတဲ့ ဥဒေါင်းမင်း
ဂါထာလဲ မနက် ၃ ကြိမ် ။ည ၃ ကြိမ် ဆိုတတ်လာတယ်။ထောင်တွင်းမှာတုန်းကလဲ
ထိန်လင်းကဦးစီးပြီး ဘုရားစာနဲ့ ဥဒေါင်းမင်းဂါထာတော် ကိုအသံအကျယ်ကြီးနဲ့ အားလုံးကြား
အောင်ရွတ်ပေးတာ ထောင်သားအားလုံးတပြိုင်တည်းလိုက်ဆိုကြတယ်လေ။

ကျမ စစ်ကြောရေးအပြင်းအထန်ခံစားနေရတဲ့အချိန်တုန်းကလဲ သမ္ဗုဒ္ဒေ ဂါထာတော်ကိုအ
ကြိမ် ၁ဝဝဝ တနေ့လုံးရွတ်ခဲ့ဘူးတယ်။ဖေဖေက ၁၉၇၂ ခုနှစ်လောက်က ရေကြည်အိုင်မှာ
၅နှစ်တာမိသာစုကတောင်သေလားရှင်လားမသိတဲ့အခြေအနေနဲ့အချုပ်ခံထားရတဲ့ပြီး ၁၉၇၇ခုနှစ်မှာအချုပ်အနှောင်ကလွတ်ပြီးခလရ၃၅သာယာဝတီတပ်ရင်းကိုရွှေ့ပြောင်းခြင်းခံရတယ်။  

ဖေဖေကသူ့ရဲ့ကိုယ်တွေ့အတွေ့အကြုံအရ ဆိုပြီး ကျမတို့တမိသားစုလုံးကို
အလွတ်ရအောင်သင်တော့တာဘဲ။ကျမကိုအနီးကပ်ပိုသင်တယ်။ဖေဖေပြောတာကတော့
သူ့လက္ခဏာနဲ့ဆင်တယ်။လက်နှစ်ဘက်လုံးပြတ်တာရော။အချုပ်အနှောင်တွေရောပေါ့။
ကျမကတော့ ဖေဖေ့နားကထွက်ပြေးပေါက်ခြောင်းနေတာပေါ့။ကျောင်းစာတောင်မကျက်
နိုင်တာ၊ဘုရားစာဆိုသာတောင်ဆိုးသေးတာပေါ့။အဆုံးမတော့ဖေဖေ့ဆီဘုရားစာ အလွတ်
ပြန်ဆိုတော့ အချိန်အယူရဆုံး ပေါ့။နောက်အကျဆုံးသူတဦးအနေနဲ့အလွတ်ပြန်ဆိုပေး
လိုက်ပါတယ်။မိသားစုထဲမှာ အတော်ဆုံးတခါမှမဖြစ်ဖူးဘူး။အလျှော် ဆုံးဘဲဖြစ်နေကြပါ။
ဘယ်လိုဘဲဖြစ်ဖြစ်ပါလေ၊တကယ့်အကြပ်အတည်း အချိန်ကြတော့ ဖေဖေ့ ကျေးဇူးပါ။

ဂါထာတော်တွေရဲ့အစွမ်းအစတွေကြောင့်ဘဲလား၊ကိုယ်ကဘဲ ကံစပ်နေကံကောင်းနေလို့ဘဲလား၊ အပြင်းအထန်စစ်ကြောရေးတိုင်းမှာကျမလွတ်မြောက်လာတတ်တယ်။                                                         

မှတ်မှတ်ရရဆိုရင် ညဦးပိုင်းကာလကတည်းကစစ်ကြောရေးဝင်တာ သန်းဇော်၊ဇော်ဇော်မင်း၊
လှဆိုင်း၊ကျော်ထင်ဦး ။အောင်စိုးမြင့်တို့လူကုန်တက်စုံ ဆွမ်းကြီးလောင်းတဲ့နေ့၊ကျမအတွက်
တော့ငရဲနေ့ပေါင်းများစွာထဲကတနေ့။ electric shocks မရပ်မနား ပေးပြီး တချိန်တည်း
မှာဘဲထုရိုက် ကံကြောက်တာ သေမတတ်ပါဘဲ။ electric shocks ဟာ အသက်ရှုရပ်မ
တပ်အကြိမ်ပေါင်းများစွာဖြစ်လာတယ်။ခြေထောက်မှာရယ် လည်စပ်နားမှာရယ်၊ ဘယ်သူ
ခံနိုင်ရည်ရှိသလဲ ။ ကျမတော့မရှိဘူး။လူကမျော့လာတယ်။ထ တောင်မထိုင်နိုင်တော့
အောင်ဘဲဖြစ်နေတယ်။အသက်ဝအောင် တောင်မနည်းကျိုးစားလို့ရှုနေရပါတယ်။နောက်
ထပ် ၁၅ မိနစ်သာဒီပုံစံအတိုင်းသာဆို ကျမသေတာ သေချာတယ်။နားတွေထဲကပါလေ
အူထွက်သလိုခံစားနေရပြီလေ။ဆက်တိုက်ဘဲ။မရပ်မနားဖြစ်နေပြီ။ရပ်တော့ဆိုတဲ့အသံတ
ချက်ကြားတယ်။ လာဆွဲထူတယ်။မယုံမရှိနဲ့ ဘယ်သူလဲဆိုတာ၊ မျိုးဝင်း။သူတို့လိုခြင်တာ
ကိုလက်မှတ်ထိုးပေးလိုက်ရတယ်။ ထောင်ထဲပြန်တော့မိုးလင်းခါနီးပြီ။

နောက်တခေါက်က လက်ဝါးကပ်တိုင် တင်တယ်။လက်ဝါးကပ်တိုင်မှာသွေးတွေ ခြောက်
နေတယ်။မြေကြီးပေါ်မှာ ၄-၅ လက်မလောက် ရှည်မဲ့ သံချောင်း မဲမဲရှည်ရှည်တွေချထား
တယ်။ကားစင်ပေါ်မှာ ၃ နာရီလောက်ကြာတယ်။ကားစင်ပေါ်မှာ လက်ကိုကြိုးနဲ့တုတ်
ထားတာ၊တောင်ကုန်းပေါ်မှာ။လေအေးဒဏ်ကမခံမရပ်နိုင်..တကိုယ်လုံးအအေးဓါတ်နဲ့ထုံ
ကြင်နေပြီ။ လက်နှစ်ဘက်စလုံးလဲကြိုးတုတ်ထားတဲ့ဒဏ်ကြောင့်သွေးမလျှောက်တော့ဘဲ
ခရမ်းပုတ်ရောင်ဖြစ်လို့နေပြီ။ဇော်ဇော်မင်း နဲ့သန်းဇော် တက်လာတယ်။ကျမကို ပြောလို့
ဆိုတော့ ဘာကိုပြောရမလဲ. ကျမ မသိတော့ဘူး။ဘာမှပြောစရာမရှိဘူး .. ဆိုတော့ သန်းဇော်က
သံချောင်းကောက်ယူပြီး ကျမ ရဲ့လက်ကောက်ဝတ်ထဲ ရိုက်သွင်းဖို့ပြင်တယ်။ပါးစပ်ကလဲ
ပြောတယ်။ထွန်းအောင်ကျော်လက်ကို ဒါနဲ့ရိုက်သွင်းထားတာ.. တဲ့။ကြည့်စမ်း..လက်က
လေးကသေးသေးလေး.. အရိုးပါကြေထွက်သွားမယ်တဲ့။Csသံချောင်းတက်လာတယ်။ကျမ
ကိုဒီလိုမလုပ်ဖို့တောင်းပန်တယ်။နောက်တော့သူမေးပြော ပြောလာတဲ့အပေါ်အခြေခံပြိး
နောင်ထပ်ဇတ်ခင်းထွက်ချက်ရေးလိုက်ပြန်ပါတယ်။

နောက်တခုက မိုင်းချည်ပြီး ခြေဖြတ်။လက်ဖြတ်လက်တဲ့နေ့ KIA ကဗိုလ်မှုးပန်းအောင်
ရောက်လာပြီး ခြေ လက်မဖြတ်တော့ဘူး။

နောက်တခါက သတ်ဖို့ ဆွဲထူပြီးမှသေဒဏ် မှကင်းလွတ်ခွင့်ရခဲ့တယ်။မယုံရင်လဲ ပုံပြင်လို့
သာမှတ်လိုက်ပါဦး။အားလုံးရဲ့သေဒဏ်ချမှတ်တာကို ကျော်ကျော် တယောက်တည်းကအ
ပြင်းအထန်ကန့်ကွက်တယ် လို့ကြားသိရတယ် ။ဘာလို့ဆိုတော့ ပီထွန်းညီမ မို့လို့ပါ တဲ့။
ဟုတ်မဟုတ်တော့ကျမလဲတပ်အပ်မသိဘူးနော်။ဘယ်လိုဘဲဖြစ်ဖြစ်ပါ.. သူတို့တတွေရဲ့
သဘောတူညီဆုံးဖြတ်ချက်တွေဟာ ကျောင်းသား ၁၅ ဦးကိုရက်ရက်စက်စက် သေတွင်းထဲ
ပို့ခဲ့တာ အဓိကအချက်ဖြစ်ပါတယ်။

ဘာဘဲဖြစ်ဖြစ်ပါလေ..ဘုရားဂုဏ်တော် ။ ဂါထာတော် တွေကြောင့်ရယ်၊ဖြစ်ဖို့ သေဖို့ကံမ
ပါသေးတာရယ်၊မိဘဆွေမျိုးအသိုင်းအဝိုင်း ဝိုင်းဝန်းမှု့တွေကြောင့်ရယ် သေကံမရောက်ခဲ့
ပါဘူး။ဒီတော့သူတို့တတွေအတွက်လဲ ဘုရားမှာဘဲသစ္စာဆို၊သစ္စာပြုတာကလွဲလို့ဘာ
နိုင်မလဲ။ရင်တထိတ်ထိတ်နဲ့ သူတို့အတွက် ၊ ကိုယ်တို့အတွက် ဆုတောင်းတယ်။

သိပ်မကြာပါဘူး။၂၁.ဝ၅.၁၉၉၂ ခုနှစ် ညအိပ်မောကျတဲ့အချိန် တပ်တခုလုံးမီးတွေလင်း
လာတယ်။ပြေးလွှားနေတဲ့စစ်ဘိနပ်သံတွေရယ်၊အော်သံတွေသဲ့သဲ့ကြားနေရတယ်။ထူး
ပြီပေါ့။ပြေးလာတဲ့စစ်ဘိနပ်သံနဲ့ ဂျူဂျူးဆိုတဲ့အော်ခေါ်သံတပြိုင်တည်းကြားလိုက်ရတယ်။
သိလိုက်ပြီ၊သေချာပြီ။ သွားပြီ။ ငါတော့ခံစားရပါပြီ။အိပ်ယာထဲမှာလဲလျှောင်းနေရင်းကဘဲ
မငယ်ဒီမှာရှိနေတယ်နော် ..လို့ အသံပေးလိုက်တယ်။ဂျူဂျူး ကျမနားရောက်လာပြီး မငယ်
ကျော်ထင်ဦးလာခေါ်နေတယ်တဲ့။ဘုရား တရားမှတ်ပြီး ကျော်ထင်ဦးခေါ်ရာလိုက်သွား
တယ်။ပြီးဘိုဘို ၊ ဝဏ္ဏတို့ကိုဝင်ခေါ်တယ်။ဘုရားစာတွေ တချိန်လုံးရွတ်တော့တာဘဲ။

ကျောင်းသား IO ရုံးထဲခေါ်သွားတယ်။ကိုခင်မောင်ဇော်(ခို) နဲ့ ကိုမိုးဇော်ထွန်း(မိုးကြီး)မျက်
နှာငယ်လေးတွေနဲ့ထိုင်နေတာတွေ့ရတယ်။ခဏနေတော့ ကိုရဲတို့ ကိုညီနဲ့ ကိုကျော်နိုင်
ဦး၊ ညီညီနိုင် အားလုံးစိုးရိမ်သောမျက်နှာအထင်းသားတွေနဲ့ ရောက်ရှိလာကြတယ်။
အဲ့ဒီအချိန်မျိုးဝင်းမရှိဘူး။ရှေ့တန်းမှာ။နောက်တန်းမှာကနောက်တန်းမှုးအနေနဲ့သိုက်ထွန်းဦး ထင်တာဘဲ ။နောက်အောင်နိုင် ၊သံချောင်း ရှိနေတယ်။

အားလုံးအလုပ်ရှုပ်နေကြတယ်။ကျမတို့အားလုံးကတော့ မျက်နှာငယ်လေးတွေနဲ့အတွေးကိုယ်စီ
ငြိမ်သက်စွာထိုင်နေကြတယ်။တူညီသောအတွေးတွေပေါ့။ကျမတို့ရဲ့ရှေ့ရေးပေါ့။
ပြီးထွက်ပြေးနေတဲ့သူတွေရဲ့ ရှေ့ရေးပေါ့။သူတို့တတွေလွတ်မြောက်သွားကြပါစေလို့အားလုံး
တိတ်တိတ်လေးဆုတောင်းနေမိကြတယ်။ပြန်မိလို့ကတော့မစဉ်းစားဝံ့ဘူး။
သံချောင်းကစကားတွေလာပြောနေတယ်။မကြားတချက် ကြားတချက်ပါဘဲ။
မှတ်မိတာကတော့ ပြန်ဖမ်းမိရင် ကျမတို့ကတာဝန်ယူရမယ်၊ကျမက နန်းစော နဲ့တူးတူးကို
တာဝန်ယူရမယ်..တဲ့။ တာဝန်ယူဆိုတာ သတ်ခိုင်းတာကိုပြောနေတာ..။
ဘုရား..ဘုရား.. ဘုရား ။တကယ့်ကို ဘုရားတလိုက်တယ်။
လွတ်ကြပါစေ..။ ဒါနဲ့ဘဲမိုးစင်စင်လင်းလာတယ်။
နေ့လည် .. မွန်းလွဲပိုင်းလောက်ဖြစ်မယ်ထင်တယ်.. သွားဖမ်းတဲ့အဖွဲ့ပြန်ရောက်လာကြတယ်။
တရားဝင်ကြေညာလိုက်ပါတယ်.. ၅၅ ဦး အောင်မြင်စွာထွက်ပြေးလွတ်မြောက်သွားကြပါပြီ..တဲ့။

သူတို့အတွက်ရင်ထဲကပူပန်မှု့တွေ ကင်းဝေးသွားတယ်။ကျမတို့အားလုံးတယောက်ကိုတယောက်
မသိမသာကြည့်မိကြတယ်။အားလုံးရဲ့မျက်လုံးတွေမှာအပျော်ရိပ်တွေ တွေ့နေရတယ်။
တပြိုင်နက်ထဲမှာဘဲစဉ်းစားမိတယ်။တွေးမိတယ်.. ၅၅ ဦးတော့လွတ်မြောက်သွားကြပါပြီ။
ကိုယ့်အနာဂတ်အတွက်ကိုယ်စဉ်းစားမိတယ်။တယောက်နဲ့တယောက်စကားမပြော
ဖြစ်ဘူး။အနားမှာ လူတွေရှိနေတယ်။သံချောင်းကပြောလာတယ်။
ကျမတို့အားလုံးကိုတအိမ်ထဲစုထားမယ်ပေါ့။
သူတို့စီစဉ်ပေးတဲ့နေရာမှာအားလုံးတစုတဝေးထဲစနေကြရတာပေါ့။နေရာကတော့
ကျောင်းသားတပ်မတော်ထောက်လှမ်းရေး IO ရုံး ပေါ့။
မကြာသေးတဲ့တချိန်ကအဲ့ဒီနေရာမှာ မတရားအနှိပ်စက်ခံခဲ့ကြရတယ်။
ခုတော့ကျမတို့ (၉)ယောက်အတူတူ နေနေကြရတယ်။အကျယ်ချုပ်ပေါ့။
ညဆိုကင်းပတ်ပတ်လည်ချထားတယ်။ကျမတို့တဲကိုခွင့်မပါဘဲ ဘယ်သူမှဝင်ထွက်
သွားလာခွင့်မရှိဘူး။ ၅၅ ဦးထွက်ပြေးသွားလို့တာဝန်ရှိသူတွေကိုအပြစ်ဒဏ်ချတယ်။
သန်းဇော် ။ ထွန်းဦး ။ ယောစောက် တို့ကိုတယောက်ကို ကြိမ်ဒဏ်အချက် (၃ဝ) စီပေးတယ်။
ကြိမ်ဒဏ် ၃၀ အရိုက်ခံရပြီးတဲ့တော့လမ်းတောင်မလျှောက်နိုင်ကြတော့ဘူး။
တွဲပြီးခေါ်ယူရတယ်။ထွန်းဦး နဲ့ယောစောက်တော့သနားမိကြပါတယ်။
သန်းဇော်ကိုတော့ ....။
အဲ့ဒီအချိန်မှာတာဝန်ရှိတဲ့ ထောင်မှုးလှမျိုးအောင်နဲ့ညကင်းစောင့် နာဂအောင်နိုင် ခေါ် အောင်နိုင်
တို့ကိုရော်နယ်အောင်နိုင်ခေါ်အောင်နိုင်နှင့်သံချောင်းတို့မှသေဒဏ်ချမှတ်
သတ်ဖြတ်ခဲ့ပါတယ်။ဒါတွေနဲ့ မရှေးမနှောင်းမှာဘဲ မျိုးဝင်းတိုက်ပွဲမှာသေဆုံးသွားကြောင်းကြား
သိရပါတယ်။ကျမတို့ ၉ ဦးကတော့အကျယ်ချုပ်အနေနဲ့ ဒီတဲကျင်းကျင်းလေးကိုဘဲ
၉ ဦးကမ္ဘာလေးအဖြစ် ပျော်သလိုသာနေကိုယ့်လူရေ ဇာတ်ခင်းကြရတော့တာပါဘဲ။
ကျမတို့ ၉ ဦးဆိုတာ ဘိုဘို၊ ဝဏ္ဏဇော် ၊ ကိုညီညီ ၊ ကိုရဲလင်း ၊ ကိုညီညီနိုင်(ဒိုဇာ)၊
ကိုကျော်နိုင်ဦး(ကြောင်) ၊ ကိုခင်မောင်ဇော်(ခို) ၊ ကိုမိုးဇော်ထွန်း(မိုးကြီး) နဲ့ ကျမ တို့
ဖြစ်ပါတယ်။

စက်တင်ဘာလ ၄ ရက်နေ့ ၁၉၉၂ ခုနှစ် မှာ ကျမ KIA ကချင်ပြည်နယ်လွတ်မြောက်ရေး
တပ်မတော်သို့ ဗိုလ်ချုပ်ဇော်မိုင်၏ ခေါ်ဆောင်ချက်အရ တရားဝင်လွှဲပြောင်းခဲ့တဲ့အကြောင်း။
ထိုမှတဆင့်ကိုညီညီ(စမား) ဆက်နွယ်ရောက်ရှိလာပုံတို့ကို မနောမြေမှကျောင်းသားတပ်မ
တော် ၄ မှာတင်ပြပေးပါမယ်။ ကျေးဇူးတင်ပါတယ် ။

 နန်းအောင်ထွေးကြည် ။
  ၂၁ . ဝ၅ . ၂၀၁၂

The Nation သတင်းထောက် Yindee Lertcharoenchok နဲ့ တွေ့ဆုံခိုင်းတဲ့နေ့မှာ
ရိုက်ယူထား တဲ့ဓါတ်ပုံကိုပါ တင်ပြပေးပါတယ်။၁၅ ဦးခေါင်းဖြတ်သတ်ပြီးနောက်တနေ့ပါ။
အဲ့ဒီနေ့ ( ၁၃.ဝ၂.၁၉၉၂ )  ကသံချောင်း ခရီးထွက်ခွာသွားတယ် လို့သိရပါတယ်။                                               
နောက်တန်း ဝဲ မှ ယာ -- စိန်အေး ။ အောင်ကြီး ။ လှဆိုင်း ။
    ရှေ့တန်း ဝဲ မှ ယာ --      မျိုးဝင်း ။ အောင်နိုင် ခေါ် ရော်နယ်အောင်နိုင် ။ ကျော်ကျော် ။


ABSDF တောင်ပိုင်းဥက္ကဌ Dr နိုင်အောင် ABSDF-NB (မပ) သို့ရောက်ရှိခဲ့စဉ် ။


KIA ဝ၄. ဝ၉ . ၁၉၉၂ တပ်မတော်သို့ တရားဝင်လွှဲပြောင်းပြီးသည့်နောက် ။
                                                 



No comments: