Saturday, May 26, 2012
လူဆိုတာအခွင့်သာရင် ရက်စက်တတ်တဲ့သတ္တ၀ါ(ဆီးရီးယား)
အနိဌာရုံမြင်ကွင်းတွေပါ။ သွေးလန့် တတ်သူတွေမကြည့်သင့်ပါဘူး။ တချို့  လူတွေဟာ တိရိစ္ဆာန် ထက်အဆပေါင်းများစွာဆိုးဝါးပါလား ဆိုတာ ဒီဗွီဒီယိုကသက်သေပြနေပါတယ်။
ဆီးရီးယားမှာအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရ
ဆီးရီးယားနိုင်ငံဟိုလာမြို့ မှာ အစိုးရလုံခြုံရေးတပ်ဖွဲ့ တွေက လူပေါင်း ၉၀လောက်ကို အစုလိုက်အပြုံလိုက် 
သတ်ဖြတ်ခဲ့တယ်လို့  အဲဒီမြို့ ကအတိုက်အခံတက်ကြွလှုပ်ရှားသူတွေက ပြောကြောင်းဟိုလာမြို့ ကိုသွား 
ရောက်ခဲ့တဲ့ ကုလသမဂ္ဂစောင့်ကြည့်လေ့လာသူတွေကပြောပါတယ်။
သေဆုံးသူတွေထဲမှာ ကလေးသူငယ်တွေလည်းအများအပြားပါဝင်တယ်လို့ တက်ကြွလှုပ်ရှားသူတွေကပြော  ပါတယ်။
သောကြာနေ့ မှာအခုလိုသတ်ဖြတ်မှုတွေဖြစ်ပွားခဲ့ပြီးနောက် အတိုက်အခံတက်ကြွလှုပ်ရှားသူတွေက ကုလ  သမဂ္ဂနဲ့ စောင့်ကြည့်သူတွေအနေနဲ့  အရပ်သားတွေကိုအကာအကွယ်ပေးရေး ပိုမိုလုပ်ဆောင်ပေးကြဖို့  တိုက်တွန်းလိုက်ပါတယ်။
အင်တာနက်အွန်လိုင်းမှာတင်ထားတဲ့ ဗီဒီယိုမှတ်တမ်းတခုထဲမှာတော့ အိပ်ခန်းတခုထဲမှာ ကလေးငယ်လေး  ငါးဆယ်လောက်ဟာ အစုလိုက်အပြုံလိုက်သွေးအိုင်ထဲမှာ လဲနေပြီးသေနေတာကိုတွေ့ ရပါတယ်။
နောက်ပြီးဘေးကကြည့်နေတဲ့လူတွေဟာ ဒေါသဖြစ်ပြီးအော်ဟစ်နေကြတာကိုလည်းတွေ့ ရပါတယ်။
အရှေ့ အလယ်ပိုင်းဘီဘီစီသတင်းထောက်က ဒီဗီဒီယိုနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးရာမှာ ဒီဖြစ်ရပ်မှန်မမှန်  မှတ်ချက်မပေးနိုင်ပေမယ့် ဟန်ဆောင်ပြီးရိုက်ကူးဖို့ ဆိုတာလည်းသိပ်မလွယ်ဘူးလို့ ဆိုပါတယ်။
BBC
No comments: