Monday, May 7, 2012

ကျွန်တော်တော့  ဒီလောက်ပဲ ခင်ဗျားရော ဘယ်လောက်လဲ

by Ko Hmine on Sunday, 6 May 2012 at 19:39 ·
ကဲ---သိဒ္ဓိတင်တာလေးက စ လိုက်ရအောင်
ကိုယ့် အကျိုးစီးပွားအလို့ ငှာ -
သူတစ်ပါးအပေါ် မတော်မတရား မလုပ်ဘူး
ခုတုံးလုပ်ပြီးနင်းမတက်ဘူး
လင်းနို့  လင်းဆွဲတွေလို ခြေကုတ်မြဲစရာ တစ်ခုရှာပြီး မြေလွှာကို ဇောက်ထိုးမကြည့် ဘူး
လက်ဖဝါးတစ်ဖက်မှာ ဆီမီးခွက် နဲ့ အပေါ်လှန် ကပြီး ကျန်တစ်ဖက်နဲ့  အောက်ကိုဖိနှက် သိုင်းကွက် မကဘူး
ကိုယ့် အတ္တအရောင်တင်ဖို့ --
မှိန်နေတဲ့ မီးသီး ကို ရောင်ပြန်မဆင်ဘူး
သူတစ်ပါးရဲ့  အမှောင်ကို မီးထိုးမပြဘူး
အရည်အချင်းနဲ့ ရင်မဆိုင်ပဲ ဝေ့ ဝိုက်ပြီး ဒီဘူတာပဲဆိုက်အောင် ဆွဲမခေါ်ဘူး
မကင်းတရား နဲ့ တွန်းတင်တဲ့  စင်ပေါ်မှာ မရယ်ရတဲ့  လူရွှင်တော် မလုပ်ဘူး
သိပ်များနေပြီထင်တယ်---အဲဒါ ကိုယ်ရည်သွေးတယ် မခေါ်ဘူးလား--
ကဲ--လာပြီ--
ပေါင်ကို လှန်လိုက်ပြီ
တံတောင်ကို ပြင်လိုက်ပြီ
ဆောင့် ထည့် လိုက်မလား --ကြိတ်ဖိမလား ---နဲနဲတော့  တွန့် ဆုတ်မိ----
လူရာတော့ နည်းနည်း ဝင်ချင်ခဲ့ တယ်( ပွဲ လမ်း စင်မြင့်  တစ်ချို့ တစ်လေမှာ)
တစ်ခုခုတော့ ကျန်ခဲ့ ချင်တယ် (အကိုးအကားလေး တစ်ခုစာ)
အဆင်းရဲ အငတ်ပြတ်ခံပြီး ယုံကြည်ချက်တစ်ခုမှာ သက်ဝင်ချင်ပေမဲ့  စိတ်ချည်းသက်သက်
လူက တစ်ချက်တစ်ချက်တော့  မဖြစ်ညစ်ကျယ် စပ်စပ်စပ်စပ်
အနုပညာ မြတ်နိုးတယ်ဆိုတာကလည်း ထမင်းလေးဝမှ ထထ အော်တဲ့ အသံ
နှစ်မြုပ် မလုပ်နိုင်ပဲ ပရဟိတ ခေါင်းစွပ်ကို လှမ်းကိုင်ကြည့် မိသေးတာ
လစာ တစ်ခုတည်းကြောင့်  လုပ်နေတာမဟုတ်ဘူး ပြောရင်းနဲ့  ငွေစာရင်းဖွင့် ဖွင့်  ကြည့် နေတတ်တယ်
ဒါန ရဲ့ နောက်မြီးမှာ ကမ္ဗည်းလေး တပ်ချင်ရတာနဲ့ 
မစို့ မပို့ လေးကို ဓာတ်ပုံ အယ်လ်ဘမ် ဖန်တီးချင်ရတာနဲ့ 
အပေါ်ယံရှပ်ပြောစရာ ဘာသာရေး ဗဟုသုတ မဆိုစလောက်နဲ့ 
လုပ်စရာတွေ အများကြီးရှိတယ် လုပ်ရဦးမယ်ဆိုပြီး ငုတ်တုတ်ထိုင်လိုက် လဲလျောင်းလိုက်နဲ့ 
အကောင်းဆုံးဖြစ်အောင် အမြဲလုပ်တာ ကြွေးကြော်ပြီး ဖြစ်သလို တာဝန်ကျေနဲ့ -----
များနေပြီထင်တယ်--ပေါင်တွေကျိန်းလာပြီ--တံတောင်တွေညောင်းလာပြီ--
မရှက်သလို ရှက်သလို ဖြစ်လာ  မျက်နှာမှာ မဲ့ ပြုံးကြီးပေါ်လာပြီ
ပြောမယ်ဆိုရင် တစ်ပုံကြိးရှိသေးတယ်---
တော်ပြီ----------------။ ။

source : KoHmine faecbook

No comments: