Monday, May 7, 2012

အမှတ်တမဲ့မွေးရပ်မြေ (အောင်သာ (သို့) ဒလိမ့်တုံးရွာ)

ကျွန်တော့်ဘေးဘက် မှန်ပြတင်းတံခါးအပြင်ဘက်မှာ သစ်ပင်တွေ ခပ်ညို့ညို့တောတန်းလေးတွေ တစ်ရိပ်
ရိပ်ဖြတ်ကျန်ခဲ့သည်။ ကျွန်တော် သူငယ်ချင်းတွေလှမ်းခေါ်သဖြင့် ကျွန်တော်စာသင်ကြားခဲ့ဖူးသည့် York မြို့လေးသို့ ရထားဖြင့် တစ်ခေါက်ပြန်လည်ခြင်းဖြစ်သည်။ ပြတင်းတံခါး အပြင်ဘက်မှာ တစ်မျှော်တစ်ခေါ်
မိုးအုံ့နေသည်။ အခုတစ်လော ဘယ်လိုဖြစ်သည်မသိ။ ကျွန်တော့် မွေးရပ်ရွာလေးကို တော်တော်လေးကို
လွမ်း လွမ်းဆွတ်ဆွတ်ဖြစ်မိသည်။ အင်္ဂလန်ရာသီဥတုကလည်း ကျွန်တော့်အလွမ်းကိုဆွသည်ထင်သည်။
တစ္ခ်ိန္လုံး အုံပ်ပ်။ နေရောင်ကို သိပ်မမြင်ရ။ ဘယ်လိုမှ နေလို့မပျော်။ ကိုယ်က နေရာင်ပေါပေါလောလော
နဲ့ ကြီးပြင်းလာသူ။ နေပူပြင်းသည့်အချိန် သစ်ရိပ် ၀ါးရိပ်အောက်မှာထိုင် လယ်ကွင်းကိုဖြတ်တိုက်လာသည့်
လတ်ဆတ်လေကိုလွမ်းသည်။ ဘာကိုလွမ်းမှန်းမသိ အလွမ်းကိုတောင်လွမ်းသည်ဟု ရေးထားသည့် ကဗျာ
ကိုသတိရသည်။ တကယ်ပဲ အဲ့လိုမျိုးဖြစ်နေသည်။

ပဲခူးတိုင်း က၀မြို့နယ်အတွင်းမှာ ကျွန်တော့်ရွာလေးရှိသည်။ ပဲခူးမြို့နဲ့ မိုင် ၃၇နီးပါးပဲဝေးပေမယ့် နားအေး
ပါးအေးရွာကလေး။ လျှပ်စစ်မီးမရှိ၊ ကားမရှိ၊ ဖုန်းမရှိ၊ မြို့ပေါ်တွင်ရနိုင်သောအရာ တော်တော်များများမရှိ။
ဒါပေမယ့် လတ်ဆတ်သောလေ၊ အေးမြသောသစ်ရိပ်ဝါးရိပ်နှင့် ပူပြင်းသော နေရောင်ကို နေရာအနှံ့အပြား
မှာရသည့်ရွာကလေး။ ဒီမှာကျွန်တော့ကိုမွေးသည်။ ကျွန်တော့်ကိုမွေးတော့ ဆံပင်အရှည်ကြီးဟု အမေပြန်
ပြောပြသည်ကိုမှတ်မိသည်။ ဒါကြောင့်ထင်သည် ကျွန်တော့် ရော့ခ်ဂီတကို အရမ်းကြိုက်သည်။အမေနဲ့အဖေ
ကတော့ နားကလောသည်ဟုဆိုသည်။ ကြီးလာတော့ ဆံပင်အရှည်အလယ်ခွဲ၊ ပုဆိုးချက်ပြုတ်နှင့် နားကွင်း
တစ်ဖက် သူတို့ဘယ်လိုမှကြည့်မရ။ထားတော့။

ရွာလေးက လူလေးရာလောက်သာရှိသည့်ရွာ။ နွေဆို ဖုန်ဖြင့်လူးနေသည့်ရွာ။မိုးတွင်းဆို တစ်ရွာလုံးကို
ရေပတ်လည်ဝိုင်းနေသည်။ ဟိုဘက်အိမ် ဒီဘက်အိမ် ကူးမယ့်တံတားမထိုးထားလျှင် လှေဖြင့်ကူးရသည်။
ညဘက်ဆို လူပျိုလှည့်သည်လူငယ်အနည်းစုမှအပ ၉ နာရီလောက်ဆိုလျှင်အိပ်ယာဝင်ကြသည်။ မနက်
၎ နာရီခွဲလောက်ထ ပြီးဆွမ်းဟင်း ဆွမ်းထမင်းချက်သည်။ ဘုရားတရားနှင့် လောကပါလတရားထွန်းကား
သည့်ရွာ။ သည်ရွာကို ကျွန်တော်တစ်အားလွမ်းနေသည်။

အင်္ဂလန်သည် အစစအရာရာ ကျွန်တော့်ရွာလေးထက် အပုံကြီးသာသည်။ စားဝတ်နေရေးအဆင်ပြေသည်။ ပညာရေးကောင်းသည်။ လမ်းပမ်းဆက်သွယ်ရေး တိုးတက်ဖွံ့ဖြိုးမှု စီးပွားရေး အကုန်သာသည်။ဘာကြောင့်
ယခုလောက်ထိ ရွာကိုပဲ ဒီလောက်အထိလွမ်းလွမ်းဆွေးဆွေးဖြစ်နေရသလဲ ကျွန်တော်မသိ။ သို့သော်ပွင့်ပွင့်
လင်းလင်းပြောရလျှင် ကျွန်တော့်ရွာသည် အရမ်းချစ်ဖို့ကောင်းသည့်ရွာ။ မိသားစုဘ၀ကို တန်းဖိုးထားသည့်
ရွာ။ ရိုးသားမှုကိုတန်းဖိုးထားသည့်ရွာ။ မည်သူမျှ ထောင်တန်းကျသည်ဟု ကျွန်တော်မကြားဖူး။ကျွန်တော့ကို
လူတွေက ရှူးနေသည် ဟုမြင်နိုင်သည်။ ကျွန်တော့်အပြစ်မမြင်။ လူဆိုတာ အမျိုးမျိုး။ အကြိုက်အမျိုးမျိုး။

ဆက်ရန်
။(မင်းငြိမ်)။

No comments: