Tuesday, May 1, 2012

20120501[BanKiMoon_AungSanSuuKyi_Press_Yangon]

Published on May 1, 2012 by
UN Secretary BanKi-Moon meets Burma democracy leader Aung San Suu Kyi in Yangon today and they two have press conference after the meeting.
နိုင်ငံရေးဖြစ်စဉ်မှာပြောင်းလွယ်ပြင်လွယ်ရှိမှုဟာမိမိတို့အမြဲယုံကြည်ခဲ့တဲအရာဖြစ်ပြီးအခုလိုလွှတ်တော်ထဲဝင်ခါနီးမှမဟုတ်ကြောင်း   ဒေါ်အောင်ဆန်းစုကြည်က ကုလသမဂ္ဂအတွင်းရေးမှုးချုပ် မစ္စတာဘန်ကီမွန်းနှင့် အတူ ယနေ့ မနက်က ပြုလုပ်သောသတင်းစာ ရှင်း လင်းပွဲတွင် ပြောကြားလိုက်ပါတယ်။ ဒီမိုကရေစီအရေးအတွက် လှုပ်ရှား ရုန်း ကန်ခဲ့သောပြီးခဲ့ သည့် နှစ်များ အတွင်းပြောင်း လွယ်ပြင် လွယ်ရှိမှုကိုအမြဲယုံကြည်စွဲကိုင်ခဲ့ပြီး ထိုနည်း လမ်းဖြင့်သာ ပန်းတိုင်ကို ရောက်ရှိနိုင် မည် ဖြစ်ကြောင်း ဒေါ်အောင် ဆန်းစုကြည် ကပြော ပါတယ်။ မစ္စတာ ဘန်ကီမွန်းကလည်း ဒေါ်အောင်ဆန်းစုကြည်၏ မေလ၁ရက်ကလွှတ်တော်သို့ ဝင်ရန်ခက်ခဲစွာ ဆုံးဖြတ်ခဲ့မှု အပေါ်ချီးကျူးခဲ့ပြီးနိုင်ငံရေးသမားများအတွင်းသဘောထားမတိုက်ဆိုင်မှုများရှိတတ်သော်လည်း တကယ့်ခေါင်းဆောင် အစစ်၏ အရည်အချင်း မှာ ပြောင်းလွယ်ပြင်လွယ်ရှိမှု သာ ဖြစ်ကြောင်းပြောခဲ့ပါတယ်။ ပြည်ပရင်းနှီးမြုပ်နှံမှုများ၊အထောက်အပံ့များနှင့် ပက်သက်ပြီး ဖွံ့ ဖြိုးမှု အထောက် အပံ့များဖြစ်စေ၊ လူသား ချင်း စာနာထောက်ထားသောအကူအညီများ ဖြစ်စေ ထိုအကူအညီအားလုံးမှာ မြန်မာပြည်သားများ အတွက် တွန်းအားတခု ဖြစ်ပြီးအစိုးရထံတွင်မှီခိုနေရမှုများကိုလျှော့ချသွားနိုင်ကာ ဒီမိုကရေစီကြိုးပမ်းမှု လမ်းကြောင်း မှန် အပေါ်ရောက် ရှိသွားမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။



No comments: