လင်္ကာ
There is nothing good, nothing bad; thinking makes it so.
Home
news
Poem
video
article
Political Prisoners
88 gens
Nothern
Sunday, April 15, 2012
မင်းသားရဲတိုက်ပြုတဲ့အလှူဒါန
ရဲတိုက်ဖောင်ဒေးရှင်းမှ ကချင်ဒုက္ခသည်များအား ကူညီ
ယခုလ ၈ရက်နေ့မှ ၁၃ရက်အထိ ရဲတိုက်ဖောင်ဒေးရှင်း မှကချင်ပြည်နယ် ရှိ စစ်ပြေးဒုက္ခသည်များကို အလှုငွေ သိန်းသုံးရာကျော် သွားရောက်လှူဒါန်း ခဲ့သည်။ ကချင်ပြည်နယ် စစ်ပြေးဒုက္ခသည် စခန်း များ မှ တရုတ်ပြည်နယ်စပ်ရှိ ဒုက္ခသည်စခန်း ၊ ၀ိုင်းမော် မြို့ရှိ ဒုက္ခ
သည် စခန်းနှင့်မြစ်ကြီးနား မြို့ရှိ ဒုက္ခသည် စခန်း ၁၁ခုတို့တွင် ခိုလှုံနေထိုင်လျှက်ရှိသူများကို လှူဒါန်းသွားသည်။ သို့သော် ကချင်ပြည်နယ် စစ်ပြေးဒုက္ခသည် စခန်းများကလိုအပ်ချက်များပြားနေသေးသောကြောင့်ထိထိရောက်ရောက်ကူညီမူ မပေးနိုင်ကြောင့် အားမလို အားမရဖြစ်သည်ဟု ရုပ်ရှင်သရုပ်ဆောင် ရဲတိုက်က ပြောသည်။
“အားမရဘူး ဒီထက်ပိုပြီး ကူညီချင်တယ် ဒီထက်ပိုပြီး ထိထိရောက်ရောက် လုပ်ပေးချင်တယ် ဒုက္ခသည် စခန်းတိုင်မှာ လိုအပ်ချက်တွေ ရှိနေတုန်းဘဲ ဒီထဲကမှာ ကိုယ်နိုင်တာလေးကိုရွေးပြီး ကူညီရတာဆိုတော့ တခြားလိုအပ်နေသေးတဲ့နေရာတွေအတွက်စိတ်မကောင်းဘူးဖြစ်မိပါတယ်”ဟုYPIသို့ပြော သည်။ မြန်မာစစ် တပ်နှင့် ကေအိုင်အို အကြား စစ်ဖြစ်ပွားမူကြောင့် စစ်ပြေးဒုက္ခသည်များ ၇သောင်းကျော် ထွက်ပြေး တိမ်းရှောင်နေကြရသည်ဟု ကူညီရေး အဖွဲ့အစည်းများမှ ကောက်ယူထားသည့် စရာင်းများအရ သိရှိရ သည်။ (သတင်းဓါတ်ပုံ- ဆိုင်းဆွတ်)
Yangon Press International
မှကူးယူဖော်ပြသည်။
No comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
No comments:
Post a Comment