Monday, April 30, 2012

၈၈မျိုးဆက်ကျောင်းသားအဖွဲ့ ကကြိုဆိုလိုက်ပါတယ် (မင်းကိုနိုင်)

"ဒေါ်အောင်ဆန်းစုကြည်ဟာသဘောထား တင်းမာ သူ၊စေ့စပ်ညှိနှိုင်းလို့ မရအောင်ခေါင်းမာသူမဟုတ် ဘူး ဆိုတာကို သက်သေပြတာကတော့ နံပတ် တစ် အချက်ပါပဲ။သူဟာအမျိုးသားပြန်လည် သင့်မြတ်ရေး အတွက်လိုအပ်မယ်ဆိုရင် သူတို့ ကိုင်စွဲ ထား တဲ့ မူတွေက အစ ပြန်ပြီးတော့ သုံးသပ်တယ်။ သင့် တင့် လျှောက်ပတ်တဲ့ အဖြေကို ထုတ်တတ်တယ် ဆို တာ မျက်ဝါးထင်ထင် တွေ့မြင်နိုင်ပါတယ်။ နောက်တခုက လည်း စေ့စပ်ညှိနှိုင်းပြီးတော့ အဖြေရှာ တယ်ဆိုတဲ့ အပေါ်မှာအခုလို အလုပ်ဖြစ်မြောက်ရေးအတွက် လိုက်လျောသင့်တဲ့ ကိစ္စတွေကို လိုက်လျော တယ်ဆို တာ ကောင်းတဲ့ အစဉ်အလာပါ။
 နောက်တခုက မဲဆန္ဒရှင် ပြည်သူတွေက ယုံကြည်မှု အားပြန်ပြီးတော့ ကောင်းလာတယ်။ ပထမ စိုးရိမ်ကြောင့် ကျမှုတွေအားလုံးကိုလည်း ဖယ်ရှားလိုက်နိုင်တယ်။ အားလုံးဟာ ရွှင်မြူးတက်ကြွသွားတာကို တွေ့ရတယ်။ ဒီတခါ တယာက်တလှည့် အလျှော့ပေးကြတယ်ဆိုတာ အင်မတန် လှတဲ့ ပုံရိပ်ပါ ခင်ဗျ။" NLD ပါတီ က ရွေးကောက်ခံ ကိုယ်စားလှယ်တွေ မကြာခင်မှာ ကျမ်းသစ္စာ ကျိန်ပြီးလွှတ်တော်တက်ဖို့ ဆုံးဖြတ်လိုက်တဲ့ ကိစ္စကို ၈၈မျိုးဆက် ကျောင်းသားများအဖွဲ့က ကြိုဆိုလိုက်ပါတယ်။
source : RFA

No comments: