Monday, April 30, 2012

ဒီကျမ်းကျိန်စာလေးတခု ပြင်ဖို့ကိုတောင် မလွယ်ဘူးဆိုရင်၂၀၀၈ ဖွဲ့စည်းပုံရဲ့အရေးကြီးတဲ့ အရေးပါတဲ့ အပုဒ်တွေကို ပြင်ဖို့က အတော့ကို မလွယ်ဘူး(ဦးအေးသာအောင်)


"အခုလို ဒီကျမ်းကျိန်စာလေးတခု ပြင်ဖို့ကိုတောင် မလွယ်ဘူးဆိုရင် ကျွန်တော်တို့က ၂၀၀၈ ဖွဲ့စည်းပုံရဲ့ အရေးကြီးတဲ့ အရေးပါတဲ့ အပုဒ်တွေကို ပြင်ဖို့က အတော့ကို မလွယ်ဘူးလို့ ကျွန်တော့်အနေနဲ့မြင်ပါ တယ်။" (ဦးအေးသာအောင်)
အခုဖြစ်ပေါ်ခဲ့တဲ့ ကျမ်းကျိန်စာသား မပြင်ဆင်ပေမဲ့ NLD က လွှတ်တော်တက်ဖို့ ဆုံးဖြတ်လိုက်တဲ့အပေါ် ကြိုဆိုသံတွေကို ကြားရသလို၊ တပြိုင်နက်ထဲမှာပဲ လွှတ်တော်အတွင်းကနေ နောက်နောင် ပြင်ဆင်လိုတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အချက်အလက်တွေကို ပြင်ဆင်ဖို့ မလွယ်ကူတဲ့အကြောင်း တွေ့ရတယ်လို့ အတိုက်အခံ အဖွဲ့အစည်းတွေက ဆိုပါတယ်။
ရခိုင်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဦးအေးသာအောင် က-
"အခုပုံစံအတိုင်း ဆိုရင်တော့ တော်တော်လေး မလွယ်မယ့် သဘောမှာ ရှိတယ်။

အရင်ကျွန်တော်တို့ ကြားနေရတာက လွှတ်တော်တွင်းက တာဝန်ရှိ ပုဂ္ဂိုလ်များ၊ အစိုးရပိုင်းက တာဝန်ရှိသူများက ၂၀၀၈ ဖွဲ့စည်းပုံကိုပြင်သင့်တယ်။ ပြင်ဖို့ လိုအပ် တယ်။ ပြင်ဖို့ လိုတဲ့အချိန်မှာ ပြင်ရမယ်လို့
ပြောတဲ့ အသံတွေ ကြားတဲ့အခါကျတော့ ကျွန်တော်တို့ကလည်း ဒါ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ကို ပြင်ရမယ်။ ဒီမိုကရေစီ အခြေခံနဲ့လည်း မကိုက်ညီဘူး။ အထူးသဖြင့် တိုင်းရင်းသားများရဲ့ အခွင့်အရေးတွေ ကို ဖော်ဆောင်ဖို့ အတွက်လည်း ဒီဖွဲ့စည်းပုံဟာ အဟန့်အတား ဖြစ်နေတယ်။ ဒီလိုသာဆိုရင် တကယ်တန်း ပြည်တွင်းစစ် ရပ်စဲဖို့ ပြည်တွင်း ငြိမ်းချမ်းရေးကိုဖော်ဆောင်ဖို့ လည်း မလွယ်ဘူး။

အခုလို ဒီကျမ်းကျိန်စာလေးတခု ပြင်ဖို့ကိုတောင် မလွယ်ဘူးဆိုရင် ကျွန်တော်တို့က ၂၀၀၈ ဖွဲ့စည်းပုံရဲ့ အရေးကြီးတဲ့ အရေးပါတဲ့ အပုဒ်တွေကို ပြင်ဖို့က အတော့ကို မလွယ်ဘူးလို့ ကျွန်တော့်အနေနဲ့
မြင်ပါတယ်။"

2 comments:

myanmarlay said...

ဟုတ်မှန်ပါတယ် အသေချာပါဘဲ

myanmarlay said...
This comment has been removed by the author.