Friday, April 20, 2012

ဝီရသူ သဘောထား(၁/၇၄)

by Ashin Vicittabhivamsa on Thursday, 19 April 2012 at 07:31 ·
အရှင်ဝိစိတ္တာဘိဝံသ
                                      ဓမ္မသဟာယကျောင်းနာယက၊ မစိုးရိမ်တိုက်သစ်၊ မန္တလေး
ဝီရသူ သဘောထား(၁/၇၄)
သံဃာတော်အရှင်သူမြတ်တို့ဘုရား ဘုရားတပည့်တော်ဟာ ၂၀၀၃-ကူမဲ(လမ်းခွ)နဲ့ ကျောက်ဆည် အဓိက ရုဏ်း  အပြီးမှာ အဖမ်းခံခဲ့ရတဲ့ ဝံသာနုရဟန်းပျို တစ်ပါးဖြစ်ပါတယ်။ ထောင်ထဲမှာ အဖိနှိပ်ခံ အချိုးနှိမ်ခံ အပယ်ခံ အထီးကျန်ဘဝနဲ့ ၉၉-လတောင် ဆင်းရဲဒုက္ခအဝဝကိုခံစားရင်း အမျိုးဘာသာ သာသနာ အ တွက် ပေးဆပ်ခဲ့ရသူ ဖြစ်ပါတယ်ဘုရား။

တပည့်တော်ရဲ့ဆောင်ရွက်ချက်ဟာ ပုဂ္ဂလာဓိဋ္ဌာန်မဖက် ဓမ္မာဓိဋ္ဌာန်သက်သက်သာ ဖြစ်ပါတယ်ဘုရား။ အင် အားသုံးခြင်းကို နောက်ဆုံးအဆင့်မှာထားကာ အကြမ်းမဖက် ငြိမ်းချမ်းရေးသက်သက်နဲ့ အမျိုးဘာသာ သာ သနာ ကို ကာကွယ်လိုတဲ့ ရည်ရွယ်ချက်နဲ့ အမျိုးစောင့်တရားများ၊ အမျိုးသားရေးတရားများ လှည့်လည်ဟော ကြားခဲ့ခြင်း ဖြစ်တယ်ဆိုတာကို “အမြဲရှုံးနေသော ဘောလုံးပွဲ (၂၀၀၂)”ကို သက်သေထူလို့ ရပါတယ်ဘုရား။
မူဆလင်တွေကို မုန်းတီးသူမဟုတ်ဘဲ မူဆလင်တွေရဲ့ လူမဆန်တဲ့ သာသနာပြု နည်းဗျူဟာကို မကျေနပ်လို့ အဓမ္မကို ဓမ္မနဲ့ခုခံကာကွယ် တွန်းလှန်တုန့်ပြန်ခဲ့ခြင်း ဖြစ်တယ်ဆိုတာကိုလည်း လစ်ဘရယ်လ်ဆန်တဲ့ မူဆ လင်အား လုံးက နားလည်လက်ခံနေပါတယ်ဘုရား။

အခုတလော ကျောက်ပန်းတောင်းကိစ္စ၊ ဖားကန့်(ဆိုင်းတောင်)ကိစ္စ၊ မကွေးတိုင်း ကမ္မကိစ္စတွေ ဆက် တိုက် ဆို သလို ပေါ်ပေါက်လာတာကို တွေ့ရပါတယ်ဘုရား။ တစ်ခြားသော မြို့နယ်များကို ပစ်မှတ်ထားတိုက်ခိုက် ဦးမယ်ဆိုတဲ့ ကောလာဟလတွေလည်း ထွက်ပေါ်လျက်ရှိနေပါတယ်ဘုရား။ နိုင်ငံရေးပယောဂ ပါနိုင်သလို ဝီရသူကို လုပ်ကြံဖို့ ဖန်တီးတာလည်း ဖြစ်နိုင်ပါတယ်ဘုရား။ ဘာကြောင့်လည်းဆိုရင် ကူမဲ ကျောက်ဆည် အဓိကရုဏ်းကို အကြောင်းပြပြီး ဘုရားတပည့်တော်ကို ဖမ်းဆီးထောင်ချခဲ့ကြလို့ပဲ ဖြစ်ပါတယ်ဘုရား။

ဒါ့အပြင် အကြမ်းဖက်ခြင်းကို ဘုရားလည်း ခွင့်မပြု၊ ဥပဒေကလည်း ခွင့်မပြုပါဘုရား။ မိမိတို့ရဲ့တပည့်ဒကာ ဒကာမများကိုလည်း အကြမ်းမဖက်ဖို့၊ အမျိုးဘာသာ သာသနာအတွက် ရေရှည်ဆောင်ရွက်လို့ရစေမယ့် တရားသော နည်း ငြိမ်းချမ်းသောနည်းများဖြင့် ဆောင်ရွက်စေလိုပါတယ်ဘုရား။

၂၀၀၀-ခုနှစ် တောင်ငူကိစ္စနဲ့ အဖမ်းခံရတဲ့ ရှင်ပညာဝံသ(ကိုရင်ကြီးမျိုးမြင့်)ဟာ အခုချိန်ထိ တောင်ငူထောင် ထဲမှာ ဒုက္ခခံနေရဆဲ ဖြစ်ပါတယ်ဘုရား။

၂၀၀၃-ခုနှစ် ကျောက်ဆည်ကိစ္စနဲ့ အဖမ်းခံရတဲ့ သံဃာ(၂၃)ပါးနဲ့ မျိုးချစ်ပုဂ္ဂိုလ်(၄၃)ယောက်ဟာလည်း မန္တလေးထောင်ထဲမှာ အသက်သွေးတွေ ပေးဆပ်နေရဆဲ ဖြစ်ပါတယ်ဘုရား။

သူတို့ကို မလွှတ်ချင်လို့ ဆူပူအောင်ဖန်တီးတာလည်းဖြစ်နိုင်လို့ အထဲကလူတွေ လွတ်မြောက်ရေးကို အဟန့် အတားဖြစ်စေမယ့်ဘယ်လိုကိစ္စမျိုးကိုမဆိုသတိကြီးကြီးထားပြီးကာကွယ်စောင့်ရှောက်စေလိုပါတယ်ဘုရား။

(က) ဝိသမဝါဒီ၊ မညီညွတ်ချင်း၊ မျိုးဆွေသင်းတို့၊ ချင်းချင်းမမျှ၊ ကွဲပြားကြလည်း၊ ရှေးကငုံးပေါင်း၊        ပျက်စီးကြောင်းတည်း။ (မဃဒေဝ။ ၂၁၉)

(ခ) မဆွရှေးတွင်၊ ၀ံကြို့ပင်တို့၊ ဖွဲ့ကျင်ရန်ငြိုး၊ သေပျက်ကျိုးအောင်၊ အဲခိုးကြံငြား၊ လက်သမား အား၊ ချော စားမြှောက်တင်၊ ပြောကြားလျှင်သော်၊ ကြို့ပင်လည်းတုံး၊ ၀ံလည်းဆုံး၍၊ နှစ်ဦးလုံးသာ၊ ပျက်ဆီးစွာ၏။ သတ္တ ၀ါချင်းချင်း၊ မေတ္တာကင်းလျှက်၊ ပျက်လျဉ်းစိမ်းငှာ၊ မချမ်းသာအောင်၊ ဘယ်ခါသော်မှ၊ မပြုရတည့်။
ကိုယ်ကသူ့ကို၊ မလိုဣဿာ၊ ကြုံတုံပါက၊ မှန်စွာသူလည်း၊ တစ်နည်းနည်းဖြင့်၊ လက်ချည်းမခံ၊ မကောင်းကြံ ၍၊  ကြို့ဝံ့သမျှ၊ ပျက်ကုန်ကြလိမ့်။ (မဃဒေ၀။၂၄၆)

သမ္မောဒနမာနဇာတ်၊ ဖန္ဒနဇာတ်တော်လာ- မန်လည်ဆရာတော်ကြီး၏ အဆုံးအမကိုလိုက်နာပြီး၊ မုဆိုးလက် ချက် မမိရလေအောင်၊ လက်သမားစာ မဖြစ်ရလေအောင်၊ စိတ်ရှည်ဇွဲသန် သီခံစွာနဲ့ အမျိုးဘာသာ သာသနာ ကို ကာကွယ်စောင့်ရှောက်နိုင်ပါစေဘုရား။
ပြဿနာအားလုံးကို ညှိနှိုင်းအဖြေရှာပြီးမှ ပူးပေါင်းဖြေရှင်နိုင်ပါစေဘုရား။
          အစ္စလမ်ဘာသာဝင် အပေါင်းတို့- ဦးပဉ္စင်းဟာ မူဆလင် ဆန့်ကျင်ရေးတ ရားတွေဟော လို့ ထောင်ချ ခံခဲ့ရတဲ့ ရဟန်းတော်တစ်ပါး ဖြစ်ပါတယ်။
          ထောင်ထဲမှာ မြန်မာတွေထက် မူဆလင်တွေက အခွင့်အရေးပိုရတာကို တွေ့ရပါတယ်။ ဦးပဉ္စင်းတို့ ပုဆိုးကို သင်္ကန်းလိုလိပ်ပြီး ဝတ်ခွင့်မရပေမယ့်၊ မူဆလင်တွေ ဦးထုပ်ဆောင်းခွင့်ရပါတယ်။ ဦးပဉ္စင်းတို့ အလှူ အတန်း လုပ်ခွင့်မရပေမယ့် မူဆလင်တွေ ဥပုသ်လတွေမှာ ဖိုကြီးထဲထိဝင်ပြီး စိတ်တိုင်းကျ ချက်ပြုတ် လှူဒါန်း ခွင့်ရပါတယ်။ ဦးပဉ္စင်းတို့ ရဟန်းအချင်းချင်း အာပတ်ဖြေ ဒေသနာကြားခွင့်မရပေမယ့် မူဆလင်တွေ စုပေါင်း ဝတ်ပြုခွင့်ရကြပါတယ်။ ဒါပေမဲ့- ဦးပဉ္စင်းမနာလို မဖြစ်ပါ။ ဦးပဉ္စင်းတို့ အခွင့်အရေး ဦးပဉ္စင်း ဘာသာ ပဲ   နှစ်ပေါင်း များစွာ တောင်းယူ တိုက်ယူခဲ့ ရပါတယ်။
         
မူဆလင်ဆန့်ကျင်ရေးတရားတွေ ဟောခဲ့လို့ ထောင်ကျခဲ့ရပေမယ့်၊ ထောင်ထဲမှာ မူဆလင်တွေနဲ့ ချစ်ကြည် ရင်းနှီးစွာ နေနိုင်ခဲ့တာ။ ကုလားဖြစ်စေ ဗမာဖြစ်စေ အကျဉ်းသားအားလုံးအပေါ် ကျောသားရင်သား ခွဲခြားမှု မရှိဘဲ ဖြစ်လာတဲ့ ပြဿနာမှန်သမျှမှာ အကျဉ်းသားတွေဘက်မှရပ်တည် အကာအကွယ်ပေးခဲ့တာ၊ အထူး သဖြင့် မူဆလင်အချင်းချင်းတောင် သင့်မြတ်အောင် မပေါင်းနိုင်ခဲ့တဲ့ မူဆလင်လူဆိုးနဲ့တောင် သင့်မြတ်အောင် ပေါင်းနိုင်ခဲ့တာ၊ ထောင်တွင်းမှာ မပြောနဲ့၊ ထောင်အပြင်ရောက်နေတာတောင် အခုချိန်ထိ မူဆလင်တွေကို ကူညီနေတာကိုထောက်ရင် ဦးပဉ္စင်း ဘာကြောင့် မူဆလင်ဆန့်ကျင်ရေး တရား ဟော ခဲ့ရ တယ် ဆိုတာကို ခန့်မှန်းလို့ သိနိုင်လောက်ပါပြီ။
          မြန်မာပြည်ကြီး ငြိမ်းချမ်းဖို့ အထူးသဖြင့် အဓိကရုဏ်းမီးတွေ မတောက်လောင်ဖို့ အတွက် ဘာသာပေါင်စုံ ညီညွတ်ရေးကို တည်ဆောက်နေဆဲ ဖြစ်ပါတယ်။

(က) မူဆလင်တွေဟာ ဇာတိမာန် အားကြီးလွန်းတာကို တွေ့ရတယ်။ သူအမျိုးကလွဲလို့ တစ်ခြားသူတွေကို လူလို့ တောင် သက်မှတ်ပုံမရကြပါဘူး။
(ခ) မူဆလင်တွေဟာ စည်းလုံးမူ အားကြီးလွန်းပါတယ်။ သူတို့ဘက်က မှန်၏-မှား၏။ တရား၏-မတရား၏ မစဉ်းစားဘဲ ကိုယ့်ဘက်ကိုယ် မျက်စိစုံမှိတ် ရပ်တည်ပြီး အင်းအားပြ ဖိအားပေးတတ်ကြပါတယ်။
(ဂ) မူဆလင်တွေဟာ ဒေသခံတွေနဲ့ သဟဇာတဖြစ်အောင် မပေါင်းနိုင်လောက်အောင် ငွေကြေးဂုဏ်-ရာထူး အာဏာဂုဏ်တွေနဲ့ ဂုဏ်မောက်နေတတ်ကြပါတယ်။ (ခါးပိုက်ထဲက အာဏာပိုင်အားကိုးနဲ့ ဘာမဆိုလုပ်လို့ ရတယ် ဆိုတဲ့ အာဏာဂုဏ် မောက်တာမျိုးကို ဆိုလိုတာပါ။)
(ဃ) မူဆလင်တွေ ဘာသာရေး အစွန်းရောက်လွန်းပါတယ်။ ဘယ်ဘာသာဝင်ပဲ ဖြစ်ဖြစ်၊ သူတို့နဲ့ လက်ထပ် ရင် သူတို့ဘာသာထဲ ဝင်ရတာချည်းပါပဲ။ ဒီလိုပုံစံမျိုးနဲ့ ဆက်သွားနေမယ် ဆိုရင် မြန်မာပြည်မှာတင် မဟုတ် ပါ ဘူး။ ကမ္ဘာကြီးတစ်ခုလုံးမှာပါ အဓိကရုဏ်းမီးလျှံတွေ တောက်လောင်နေဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် တကယ် ငြိမ်းချမ်း ချင်တယ်ဆိုရင် ဒါတွေကို ပြုပြင်မှဖြစ်မှာပါ။
          (က) ဘယ်သူတွေမဆို ကိုယ့်အမျိုးကိုယ် ချစ်ကြတာချည်းပါပဲ။ ဒါပေမဲ့ သူတစ်ပါးကိုတော့ အထင်သေး အမြင်သေး မဖြစ်ဖို့လိုပါတယ်။ ဒါကြောင့် ကိုယ်အမျိုးကိုယ် ချစ်ပါ။ သူ့အမျိုးကိုတော့ မမုန်းတီးလိုက် ပါနဲ့။ (ကုရ်အန်၊ ၇:၈၈၃။)
          (ခ)     ဘယ်သူမဆိုစည်းလုံးချင်ကြတာချည်းပါပဲ။      ဒါပေမဲ့   သူတစ်ပါးကြည့်မရလောက်အောင်
   စည်းလုံးတာမျိုးတော့ မဖြစ်ဖို့လိုပါတယ်။ ဒါကြောင့် စည်းလုံးပါ။ အင်အားသုံး အနိုင်မကျင့်လိုက်ပါနဲ့။ (ကုရ်အန်၊၃:၃၃၆၊၄:၄၇၄၊၉:၁၀၉၅၊၄၂:၂၄၇၀။)
          (ဂ) ဘယ်သူမဆို ဂုဏ်မောက်တတ်ကြတာချည်းပါပဲ။ ဒါပေမဲ့ သူတစ်ပါး နာကျည်းလောက်အောင် ဂုဏ်မောက်တာမျိုး မဖြစ်သင့်ပါ။ ဒါကြောင့် ဂုဏ်မောက်ပါ။ စော်ကားမော်ကား မပြုလိုက်ပါနဲ့။
(ကုရ်အန်၊ ၄:၅၀၈။)
          (ဃ) ဘယ်သူမဆို ကိုယ့်ဘာသာကိုယ် ချစ်ကြတာချည်းပါဘဲ။ ဒါပေမဲ့ တစ်ခြားဘာသာကို မဖျက်ဆီးလိုပါ။ ဒါကြောင့် ကိုယ့်ဘာသာကိုယ် ချစ်ပါ။ သူတစ်ပါး ယုကြည်မှုကို အကြပ်ကိုင် ဖျက်ဆီးတဲ့ အနေနဲ့ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်မှုကို ချိုးဖောက်တာမျိုးကို မလုပ်လိုက်ပါနဲ့။ တရားသောနည်းနဲ့ စည်း လုံးဆောင်ရွက်ပါလို့ပဲ ပြောချင်ပါတယ်။(ကုရ်အန်၊ ၂:၂၃၄၊ ၄:၄၃၈။)
          ဒါက- အမှန်တကယ် ငြိမ်းချမ်းစေလိုတဲ့ ဆန္ဒနဲ့ ပြောပြနေခြင်းဖြစ်ပါတယ်။ မြန်မာပြည်ကို အိန္ဒိယ(ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်)လို သုံးခြမ်းမကွဲစေလိုပါ။ မြန်မာပြည်တွင်း မှီတင်းနေထိုင်သူ အားလုံး (မည်သူမဆို) အိန္ဒိယသန်းခေါင် ယံ လွတ်လပ်ရေးလို သွေးမြေမကျစေလိုပါ။ ဦးပဉ္စင်းနဲ့ ထပ်တူရှိတဲ့ မူဆ လင်တွေလည်း ဦးပဉ္စင်းနဲ့အတူ ပါဝင်ဆောင် ရွက်လျက် ရှိပါတယ်။
          အိမ်ရှင်က ဧည့်ဝတ်ကျေပွန်ရင် ဧည့်သည်က အိမ်ရှင့်ကျေးဇူးကို သိတတ်ရပါမယ်။ လူများစုက လူနည်းစုကို အနိုင်မကျင့်ဖို့ လိုသလို၊ လူနည်းစုက လူများစုကို မစော်ကားမိဖို့ လိုပါတယ်။

(ဆရာတော် အရှင်ဝီရသူနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် မူဆလင်မ် အဖွဲ့အစည်းမှာ မန္တလေး မူဆလင်မ် လူငယ်အဖွဲ့ဖြစ်ကြောင်း သိရပါသည်။)
 Ashin Vicittabhivamsa  facebook မှကူးယူဖော်ပြသည်။

No comments: