Friday, April 20, 2012

အပြုံးအောက်မှာဝှက်ထားတဲ့......

အပြုံးအောက်မှာ ၀ှက်ထားတဲ့
ခင်ဗျားတို့ရဲ့ ရင်တွင်းကဓါးသွားတွေမြင်တိုင်း
အသက်ရှုရတာ………ခါးတယ်။ ။

ယဉ်ကျေးမှုသိုးရေခြုံ
လျှာဖျားက ဂရုဏာတရားတွေ
ပလုံစီအောင်ထွက်ပေမယ့်
မျက်နှာမွဲ ရှုံးကျွဲတွေအတွက်တော့
ဝံပုလွေဆိုတာ
မကြည့်ဘဲလဲ……မြင်တယ်။ ။

အတူယှဉ်တွဲနေထိုင်ခွင့်တဲ့လား
ခြစားနေတဲ့ ရပိုင်ခွင့်တွေကြားထဲမှာ
နဖူးတစ်နေရာစာ ဦးချစရာ မြေမရှိတဲ့
ဘ၀တွေက………ရင်နာတယ်။ ။

ခုတော့
မုန်တိုင်းတွေ...တိုက်ပါ။
လျှပ်စီးတွေ…လက်ပါ။
မိုးသီးတွေ ….ကြွေပါ။
အပြစ်မဲ့တွေရဲ့ မခမ်းခြောက်တဲ့မျက်ရည်နဲ့
ကြံ့ကြံ့ခိုင်တဲ့ ငါတို့ယုံကြည်ခြင်းတွေအတွက်
အစားပေးခြင်းခံရတဲ့တစ်နေ့မှာ……………………။
…………………………………………..တနေ့မှာ
 အတာ facebook မှကူးယူဖော်ပြသည်။

No comments: