Saturday, March 31, 2012

လေလွင့်သမိုင်း ။

by ကိုဝိုင် ဝိုင်ကေ on Saturday, 31 March 2012 at 16:50 ·
မငယ်က နန်းတော်ရှေ့က လူထုပိုင် “ဘိုမလေး” ကို ကာကွယ်ရင်း သံချောင်းကို ပြောပြလိုက်တဲ့ စစ်ဆင်ရေး ပုံပြင်ကို ကျွန်တော် မကြားလိုက်ရပေမယ့် နှလုံးသားခြင်း နားလည်နိုင်တဲ့ မြောက်ပိုင်း မောင်နှမ mood နဲ့  alter သီချင်းတစ်ပုဒ် လက်ဆောင် ပေးလိုက်ပါတယ်….။ ခံစားကြည့်ပါဦး….။


                                                  လေလွင့်သမိုင်း ။

  • ရိုင်းစိုင်းလွန်းတဲ့ … တစ်ကိုယ်ရည်အတွေး… ညစ်ပတ်လွန်းတဲ့…. ခြေထောက်များအောက်… စိတ်ဓါတ်တို့… အမဲလိုက်ခံခဲ့ရ….
     နေ့ရဲ့နှလုံးသား.. တိမ်များနောက်…. ကြမ်းရှခဲ့တဲ့… ကောင်းကင်ကို… ပြန်တွေး…ငေးကြည့်နေရင်း …   ငါဟာ….

( တစ် ကောင် ထဲ လွင့်ခဲ့တယ်)
( တစ် ကောင် ထဲ လွင့်ခဲ့တယ်)
( တစ် ကောင် ထဲ လွင့်ခဲ့တယ်)
( တစ် ကောင် ထဲ လွင့်ခဲ့တယ်)
( တစ် ကောင် ထဲ လွင့်ခဲ့တယ်)
( တစ် ကောင် ထဲ လွင့်ခဲ့တယ်)

  • ကျောက်နဲ့ပြည့်နှက် ….ကန္တာလမ်း… အဆိပ်ထုတ်ထားတဲ့… ဒါဏ်ရာများကြောင့်… “ ငါ ဝတ်စုံ” … ဆွေးမြေ့ကြွေကျရင်း …
     ကြိုးများရှုပ်ခဲ့… ကဝေများကြောင့်… လမ်းတို့ပျောက်ခဲ့…. ခရီးစဉ်ကို… ကြိုတွေး … စဉ်းစားပါဦး… တကြိမ်မှာ …

(တစ်ဘဝ ပဲ ရခဲ့တယ် ) ….
(တစ်ဘဝ ပဲ ရခဲ့တယ် ) ….
(တစ်ဘဝ ပဲ ရခဲ့တယ် ) ….
(တစ်ဘဝ ပဲ ရခဲ့တယ် ) ….
(တစ်ဘဝ ပဲ ရခဲ့တယ် ) ….
(တစ်ဘဝ ပဲ ရခဲ့တယ် ) ….


CHO: ချိုမြိန်ပါ့မလား… တမာတောထဲက… ပျားရည်စက်များ…
        မြင်နိုင်ပါမလား … ကောင်းကင်ထက်က … ညမျက်နှာများ…။

  • နူးညံ့သတဲ့လား …. ယုန်လို နှလုံးသား … တားဆီးမရတဲ့… မျှော်လင့်ခြင်းများနောက်….
    ငါသမိုင်းတို့ … လေလွင့်မျှောပါရင်…
    ညတို့ ဟောင်းနွမ်း… ပင်လယ်သစ်… ရူးသွပ်ရင်းနဲ့… (ငါတို့) ကောင်းကင်ကို …
   ဖမ်းဆုပ်နေရင်း…

( ငါ ဟာ ရုတ်တရက် သေဆုံးခဲ့တယ် )
( ငါ ဟာ ရုတ်တရက် သေဆုံးခဲ့တယ် )
( ငါ ဟာ ရုတ်တရက် သေဆုံးခဲ့တယ် )
( ငါ ဟာ ရုတ်တရက် သေဆုံးခဲ့တယ် )
( ငါ ဟာ ရုတ်တရက် သေဆုံးခဲ့တယ် )
( ငါ ဟာ ရုတ်တရက် သေဆုံးခဲ့တယ် )

ကျော်စွာဝင်းမောင်
ကိုဝိုင်ကေကေ facebook မှကူးယူဖော်ပြသည်။

No comments: