Saturday, March 31, 2012

NLDကိုတဖက်စောင်းနင်းအားပေးလို့ ဒီစာမျက်နှာကိုဆင်ဆာဖြတ်သတဲ့

မကြာမီမှာ ကျင်းပတော့မယ့် ၂၀၁၂ကြားဖြတ်ရွေးကောက်ပွဲမှာ ဘယ်သူတွေက နိုင်ပြီးတော့၊ဘယ်သူတွေ ကိုတော့ ဘာကြောင့် ရစေ ချင်တယ်ဆိုတဲ့ပြည်သူတွေချစ်ရတဲ့အနုပညာရှင်တွေရဲ့  နိုင်ငံရေးအပြောင်းအလဲ  ပေါ်ထားရှိတဲ့စိတ်ခံစား မှုအသံတွေကို ခုလို ကြား သိခဲ့ရပါတယ်။


  • ကျားပေါက်(ဟန်ထူးလွင်)
ကျနော်တို့ မြို့ နယ်ကမပါဘူးခင်ဗျ။ ဒါပေမယ့်လည်း ကျနော်ပေးရမယ်ဆိုရင် NLD ပါတီကိုပဲပေးချင်တယ်။ ဘာကြောင့်လဲဆိုရင် ကျနော်ငယ်ငယ်ကတတည်းက မြင်တွေ့ ခဲ့ တာတွေရှိတယ်လေ။ သူတို့ ဘာတွေလုပ် ကြလဲ။ ဘာတွေအတွက်အနစ်နာခံပြီးတော့ လုပ်နေသလဲဆိုတာတွေကိုပေါ့နော်။ အဲဒီလို မျက်မြင်ကိုယ်   တွေ့ တွေ့ ထားတာတွေရှိတဲ့အတွက်ကြောင့်ရယ်၊ သူတို့  အပေါ်ကိုယုံကြည်မှုကြောင့်ရယ်၊ မဲပေးချင်တာ။ ကျနော်ထင်တယ်။ NLD ပါတီကိုမဲနိုင်မယ်လို့ ကျနော်ထင်တယ်။
  • ရဲတိုက်
ကျနော်က အမေစု(ဒေါ်အောင်ဆန်းစုကြည်)ပါတီမှာ ကိုယ်တိုင်ပါဝင်ထားပါတယ်။ အမေစုခိုင်းတာတွေကို  လည်းတသွေမတိမ်းလိုက်နာဆောင်ရွက်ပြီးတော့လုပ်ဖြစ်တယ်။ အဲဒီလိုလုပ်တာလည်း ဘယ်သူကမှ တိုက်တွန်းလို့ မဟုတ်ပါဘူး။ ကိုယ့်စိတ်ယုံကြည်ချက်နဲ့ ကိုယ်လုပ်တာပါ။ ကျနော်ကိုယ်တိုင်လည်း မဲဆွယ် စည်းရုံးရေးမှာ တတပ်တအားပါဝင်လှုပ်ရှားထားပါတယ်။ မြို့ နယ်တွေအများကြီးလည်းသွားခဲ့တယ်။ မကွေး၊ မေမြို့ ၊စစ်ကိုင်း၊ပုလဲ၊ပခုက္ကူစသဖြင့်ပေါ့နော်။ ကျနော်ထင်တယ်။အမေစုနိုင်မယ်လို့ လေ။
  • အဲလက်စ်
ကျနော်တို့ ကဗဟန်းဆိုတော့ မပေးရဘူးနဲ့ တူတယ်။ တကယ်ပေးရမယ်ဆိုရင်လည်း အားလုံးနဲ့ ထပ်တူဖြစ်  တဲ့NLD ပါတီကိုပေးမှာပေါ့။ ဒါကကျနော်တို့ ရဲ့ ယုံကြည်ချက်ပဲလေ။ ဒီရွေးကောက်ပွဲက တကယ်ပဲအစစ်အ  မှန်ဖြစ်မဖြစ်ဆိုတာစောင့်ကြည့်ရမယ်။ ကျနော်တို့ ယုံကြည်တာတော့ အမေစုနိုင်မယ်ပေါ့လေ။ ဒါကိုလည်း  စောင့်ကြည့်ရမယ်။ တကယ်ဟုတ်မဟုတ်ဆိုတာ။ အသေချာပြောဖို့ က ခက်နေသေးတယ်။ အမေစုရမယ်ဆိုရင်တော့ နိုင်ငံရေးကတကယ်ကိုပြောင်းလဲသွားမှာပါ။ 
  • မေသန်းနု
မဆင့်တို့ ကတော့မဲပေးလို့ မရဘူးထင်တယ်။ မဆင့်တို့ မြို့ နယ်တွေမပါဘူး။ လွတ်လပ်တဲ့နေရာတွေပဲမဲ     ပေးရမှာလေ။ မဆင့်တို့ ကလည်း ပြည်သူတွေထဲကပြည်သူတယောက်ဆိုတော့ ဘယ်သူ ပဲနိုင်နိုင်ပေါ့  နော်။ အားပေးပါတယ်။ ဘယ်သူနိုင်ရမယ် မနိုင်ရဘူးလို့ တော့ အစွဲမရှိပါဘူး။ ဘယ်သူ  ပဲတက်တက်ပေါ့နော်။ နောင်  မဆင့်တို့ က အနုပညာသမားဆိုတော့လေ။နိုင်ငံရေးအကြောင်းလဲ  သိပ်မသိပါဘူး။
  • ခင်လှိုင်
အကိုကတော့ ရွေးကောက်ပွဲကိုမဲပေးမှာပါ။ အကိုကတော့ အမေစု ပါတီကိုပဲမဲပေးမယ်။ အမေစုက အကို တို့   အတွက်အရမ်းကိုးလေးစားအားကျရတဲ့ ပုဂိုလ်လည်းဖြစ်တယ်လေ။ နောက်တခုကတော့ အကို  တို့ ဖြစ်စေချင်တာလေးတွေ ဖြစ်လာနိုင်မယ်လို့ ထင်လို့ လည်း ပေးတာဖြစ်တယ်။ ရွေးကောက်ပွဲမှာတော့   အမေစုပဲနိုင်မယ်လို့ အကို ယုံကြည်တယ်။
  • သျှီ
လှိုင်သာယာကဆိုတော့မဲပေးခွင့်မရှိဘူးနဲ့ တူတယ်။ တကယ်တမ်းပေးရမယ်ဆိုရင်တော့ NLD ပါတီကိုပေး  မယ်။  ရလည်းရစေချင်တယ်။ ဘာကြောင့်လည်းဆိုတော့ အဓိကတော့ ဒေါ်အောင်ဆန်းစုကြည်ဖြစ်နေလို့   ပဲ။သူ့ ကိုယုံကြည်တယ်။ သူ့ ရဲ့ လုပ်ရပ်တွေကိုလေးစားတယ်။ ဒီနှစ်အတွက်မဲရွေးတဲ့စနစ်က အစစ်အမှန်ဖြစ် ပါစေလို့ ဆုတောင်းရမယ်။ တကယ်အစစ်အမှန်ဖြစ်မဖြစ်ဆိုတာလည်း  ဘုရားမှတပါးမသိနိုင်ဘူးလေ။ တကယ်တမ်းသာအန်တီစုတို့ ရမယ်ဆိုရင် ဘာမှပြောစရာမလိုဘူးလေ။ အရာရာအားလုံးကပြောင်းလဲ သွားမှာပဲ။ ခုလည်းပဲတချို့ တ၀က်တော့ ပြောင်းလဲစပြုနေပြီ။ တခုတော့အန်တီစုတို့ လုပ်ရင်လည်း အသစ် တခုတည်ဆောင်တာထက် အဟောင်းကိုပြန်ပြုပြင်ရမှာဖြစ်တဲ့အတွက် ခပ်မြန်မြန်တော့ လုပ်နိုင်မှာ မဟုတ်သေးဘူး။အချိန်ကာလတခုအထိတော့စောင့်ရမှာပဲ။ ဒါကိုပြည်သူတွေသိထားဖို့ လိုအပ်တယ်။ အသစ်တည်ဆောက်တာထက် အဟောင်းပြင်တာပိုကြာတယ်လေ။ နောက်တခုက အမေစုကို ယုံ  ကြည်တဲ့နိုင်ငံတွေက အများကြီးပဲလေ။
  • ဒါရိုက်တာနေပိုင်
ကျနော်မဲပေးရမလားဆိုတာ ခုထိမသိသေးဘူး။ တကယ်တမ်းပေးဖြစ်မယ်ဆိုရင်တော့ NLD ပါတီကိုပေး  မယ်။နဂိုကတည်းက သဘောကျတယ်လေ။ သူတို့ ပါတီက လုပ်ရပ်တွေကိုပေါ့။ အပြောထက်အလုပ်သက်   သေမြင်တွေ့ နေရတယ်လေ။ အဓိက ကတော့အမေစုရဲ့ ဇွဲကို သဘောကျတယ်။ လေးစားတယ်။ ခန့် မှန်း  ချက်ကတော့ ဘယ်သူနိုင်မယ်ဆိုတာမသိဘူး။ တကယ်အမှန်အကန်ဖြစ်မယ်ဆိုရင်တော့ အမေစုတို့ နိုင်မှာ   သေချာပါတယ်။ အမေစုတို့ သာနိုင်မယ်ဆိုရင်တော့ ပြောင်းလဲမှုတွေ တကယ်ပဲဖြစ်လာနိုင်တယ်။ ခုလည်း  လက်ရှိတဖြည်းဖြည်းနဲ့ ပြောင်းလဲနေတာပဲလေ။ တခုတော့ရှိတာပေါ့။ဗြုန်းကနဲ တော့ဘယ်ပြောင်း မလဲနော်။
  • ဟဲလေး
ကျနော်တို့ မြောက်ဒဂုံမှာနေတာပါ။ မဲပေးရမလားတော့ သေချာမသိသေးဘူး။ တကယ်ပေးရမယ်ဆိုရင်  တော့ NLD ပါတီကိုပေးချင်ပါတယ်။ အဲဒါအန်တီစုကိုချစ်လို့ ပါ။ ကျနော်မပြောတတ်ပေမယ့် အန်တီစုရဲ့ အနစ်နာခံတဲ့စိတ်ဓာတ်ကို သဘောကျတယ်။ အဲဒီစိတ်ကလေးကို တန်ဖိုးထားလို့ ပါ။နိုင်ငံရေးလည်းသေချာမသိပါဘူး။ ရင်ထဲမှာသိတာတခုကတော့ အမေစုကိုနိုင်စေ ချင်တယ်။
  • ဖြိုးငွေစိုး
၂၀၁၂ မှာကျင်းပမယ့် ရွေးကောက်ပွဲမှာ ကျနော်ရန်ကင်းမြို့ နယ်ကနေပေးမှာပါ။ ကျနော်ပေးမယ့်ပါတီက အမေစု(ဒေါ်အောင်ဆန်းစုကြည်) NLD ပါတီကိုပဲပေးမှာပါ။ ဘာကြောင့်လဲဆိုတော့ အဲဒီပါတီကိုယုံကြည်မှု၊   လေးစားမှုရှိလို့ ပါ။ ကျနော်ရင်ထဲကတော့ အမေစုကို နိုင်စေချင်ပါတယ်။တခုတော့ရှိတယ်။ ဘယ်အရာမှ  ချက်ခြင်းမပြောင်းလဲနိုင်ဘူးလေ။ ဒါပေမယ့်လည်း လူတွေရဲ့ စိတ်ခံစားမှုတွေ၊ ယုံကြည်မှုတွေကတော့     ပြောင်းလဲသွားလိမ့်မယ်။ ဘယ်ကိစ္စမှသူ့ အလိုလိုဖြစ်မလာဘူး။ဒါပေမယ့်သေချာတာတခုကတော့ အရာအားလုံးအကောင်းဘက်ကိုပြောင်းလဲလာလိမ့်မယ်။

No comments: