Saturday, March 10, 2012

မိခင်တစ်ဦး၏ကိုယ်တွေ့မှတ်တမ်း- အပိုင်း( ၄ )

( ၆.၄.၁၉၉၂ )
          မနက်၇း၀၀နာရီလောက် ချစ်လ္ဘက်ရည်ဆိုင်သွားပြီး အစာပြေစားကြတယ်… .ကျော်မြင့်ကပြန်မရောက်သေး ဘူး…..CS သံချောင်းလည်းမတွေ့ဘူး ဆေးရုံမှာလို့ပြောတယ်…. ဘယ်သူမှမတွေ့တော့ဘူး…. တရုပ်ငွေနဲ့ဗမာငွေလဲပြီးဈေးဝယ်ဘို့ကုန်တိုက်တွေလိုက်ကြည့်ကြတယ်…. ခရီးစရိတ် ချန်ပြီး ဗမာငွေ၃၀၀ ကို တရုပ် ငွေနဲ့လဲတာ ၂၀ကျပ်ရတယ်… စလင်းဘက်တစ်အိပ်၁၅ကျပ်နဲ့ ထီးတစ် လက်၅ကျပ်၅၀ကျတယ်…. အားလုံးဈေးဝယ်ကြပြီးတော့ ၂း၀၀နာရီထိုးပြီ….. ၂း၃၀နာရီမှာ ရွှေလီ ကတရုပ် ကားနဲ့ ကြယ်ဂေါင်ကိုပြန်လာကြ တယ်… ကြယ်ဂေါင်မှာPASSPORT အပ်ပြီးဂိတ်တွေမပိတ်သေးတာနဲ့ လာ တုံးကအတိုင်း ဈေးတန်းတွေဘက် ဗမာပြည်ဘက်ကိုပြန်ဝင် လာခဲ့ကြတယ်….

 မူဆယ်ရောက်တော့လှိုင်းတက်တည်းခိုခန်းမှာတည်းကြတယ်….ကိုမောင်မောင်ကမူဆယ်ထောက်လှမ်းရေးကိုမေးပြီးမှ လားရှိုး လက်မှတ်ဝယ်မယ်ဆိုပြီးမူဆယ်ထလရကိုသွားတာ လက်မှတ် မ၀ယ်ပါနဲ့ဦး မနက်၇း၀၀နာရီ သူတို့နဲ့ လာတွေ့ပါဦးဆိုလို့ မူဆယ်မှာ၂ညအိပ်ရတယ်…. 
မနက်ကျတော့ဗိုလ်ကြီးအောင်ကျော်ဦးဆိုတာနဲ့တွေ့လို့ ကလေးတွေမပါတဲ့အကြောင်းပြောတယ်…. သူတို့ လည်းပါလာလိမ့်မယ်ထင်တာ….သူ့ညီတွေလိုသဘောထားပါတယ်…စိတ်မကောင်းပါဘူး လို့ပြောတယ်… .မေးစရာရှိတာမေးပြီး ကိုယ်တို့ကိုမူဆယ်ဈေးအထိလိုက်ပို့တယ်… .ဈေးထဲလျှောက်ကြည့်ပြီး တည်းခို ခန်းပြန်နားကြတယ်….
          အန်တီစန်းကဟိုဘက်မှာရွှေလီမြစ်ရှိတယ်… တောင်တွေတောတွေရှိတယ်…သွားကြည့်မယ်ဆိုပြီး ထွက်သွားတယ်… ကိုယ်လည်းအရီနဲ့ရွှေလီမြစ်ကမ်းဘေး လမ်းလျှောက်ပြီး အန်တီစန်းလဲမတွေ့တာနဲ့ တည်းခိုခန်းပြန်လာနား….ခဏနေတော့မူဆယ်ဈေးထဲသွားပြီးစားစရာ… အထည်နဲနဲပါးပါးဝယ်ပြီး ပြန်အိပ် တယ်….
          ဦးအေးနိုင်တို့က ကိုမောင်မောင်အိမ်ကို ၉ရက်၁၀ရက်နေ့လောက်ပြန်ရောက်မယ် လို့ကြေးနန်းရိုက် တယ်.  မူဆယ်မှာ ၇.၄.၁၉၉၂နေ့ထိနေရတယ်...

 ( ၈.၄.၁၉၉၂ )
          မူဆယ်ကနေမနက် ၅း၃၀ ကားထွက်တယ်….အားလုံးနွမ်းလျှပြီးပြန်လာကြတယ်… ကွတ်ခိုင်ရောက်တော့ ထလရကိုသတင်းပို့ပြီးတော့ ထမင်း စားကြတယ်…. တစ်လမ်းလုံးမှာ စွယ်တော်တွေဖွေးနေအောင်ပွင့်တာ  အဝေး ကကြည့်ရင် နှင်းတောင်တွေလား လို့ထင်ရ တယ် …. ကွတ်ခိုင် ထမင်းဆိုင်မှာစွယ်တော်ပွင့်ကြော်ချက်စားခဲ့ရတယ်.. နောက်တော့သိန္နီ ကိုဖြတ်ပြီး လားရှိုးကိုဝင်တယ်…. ဆရာမတည်းခိုခန်းမှာဘဲတည်းတယ်…ဆရာမကလည်း အသွား ကတည်းကသိနေတော့ ကလေးတွေမပါဘူး လားမေးတော့….၀မ်းနဲစွာနဲ့ဘဲမပါဘူးလို့ဖြေရတယ်…. ကိုမောင်မောင် က ထောက်လှမ်းရေး၉ကို သတင်း ပို့ရ တယ်….ထလ၇ကလည်း ကိုယ်တို့နဲ့တွေ့ချင်တယ်လို့ပြော ပေမဲ့ ကလေးတွေမပါလာလို့စိတ် မကောင်းဖြစ်နေတာရော…ခရီးပန်းပြီးကျန်းမာရေးမကောင်းကြဘူးဆိုလို့….မနက်ကိုခရီးဆက်ခွင့်ပေး လိုက်တယ်….

( ၉.၄.၁၉၉၂ )
          မနက်၎း၀၀နာရီထပြီးကားဂိတ်ကိုသွားကြတယ်….၅း၃၀နာရီမှာလားရှိုးကစထွက်တယ်…မြို့အထွက် စစ်ဆေးရေးဂိတ်မှာမဖွင့်သေးလို့စောင့်ရပြီးမနက်၇း၀၀နာရီမှကားဆက်ထွက်ရတယ် …ကျောက်မဲရောက်တော့ ထမင်းစားပြီးဆက်ထွက်ကြတယ်…. သီပေါ…နောင်ချိုရောက်တယ်…. ဂုတ်ထိပ် တံတားကိုအပြန်ကျမှဘဲမြင်ရ တော့တယ်…မေမြို့…အနီးစခန်းရောက်တော့ ကားရေဆေးနားပြီးဆက်ထွက်တယ်….မေမြို့လမ်းတလျှောက် စိန်ပန်းပြာတွေပွင့်နေတာအရမ်းလှတာပဲ…. သီချင်းထဲမှာပါတဲ့ စိန်ပန်းပြာ ပန်းမြို့တော်ဆီဆိုတာနဲ့ကိုက်နေတာပဲ.. မေမြို့ကထွက်ပြီးနောက်   ပုသိမ်ကြီး… .နောက်တော့ မန္တလေးဝင်လာတာပါဘဲ….လမ်း၃၀မှာဆင်းပြီး ကိုမောင်မောင် အိမ်သွားကြတယ်…. အန်ကယ်ကြီး နဲ့အန်တီစန်းအမျိုးသားကထွက်လာကြိုကြတယ်…. ကိုမောင်မောင်အိမ်သား တွေပါထွက် လာကြ တယ်… .ကလေးတွေမပါမှန်းသိတော့ အန်ကယ်ကြီးတို့မျက်နှာပျက်နေကြတယ်….နောက်မှ အလုံးစုံရှင်းပြရ တယ်….   ကိုမောင်မောင်အိမ်မှာထမင်းစားပြီး မန္တလေးထလရကိုသတင်းပို့ကြရ တယ်… ဘာမှမ ထူးခြားတဲ့အတွက်… .မနက်ဖြန်ရန်ကုန်ပြန်ဘို့စီစဉ်ကြတယ်…. မဟာဇေယျာဘုံရပ်ကွက်…. အန်ကယ်ကြီး တို့အဒေါ် အိမ်မှာပြန်အိပ်ကြတယ်…..

( ၁၀.၄.၁၉၉၂ )

မနက်၅း၀၀နာရီအရောက်ဘူတာကြီးသွား….လက်မှတ်တန်းစီဝယ်တယ်….သင်္ကြန်အထူးရထားနဲ့မနက် ၇း၃၀နာရီမှာ မန္တလေးကထွက်တယ်….တောတွေတောင်တွေတွေ့တိုင်း သားတွေရှိတဲ့ဆီဘဲ သတိရနေမိ တယ်. လမ်းမှာလည်းသင်္ကြန်နားနီးတော့ တလမ်းလုံးရေပက်ကြတယ်…. ရန်ကုန်ကိုည၁၀း၃၀ရောက် တယ်….သုဝဏ္ဏကား မရှိတော့ သင်္ဃန်းကျွန်းကားစီးပြီး သူငယ်ချင်းဆရာမကြီး ဆီသွားအိပ်ရတယ်… .မနက်၆း၀၀နာရီကျောင်းသွားတော့ အဝေးကနေ ကျောင်းကိုဆေးသုတ်ထား တာတွေ့တော့ စိတ်ချမ်းသာ သွားတာဘဲ….
          ကျောင်းရောက်တော့ ဆရာမ၃ဦးလည်းရောက်လာကြတယ်… သူတို့အားလုံးလည်း စိတ်ပူရတဲ့အကြောင်းခုမှဘဲဝမ်းသာသွားကြောင်းပြောကြတယ်…. အထွေထွေလုပ်သားလင်မယားကလည်း ၀မ်းသာအားရပါဘဲ..သူတို့ လည်းစိတ်ပူနေတဲ့အကြောင်း ပြောတယ်…. ဒါနဲ့ဘဲဆိုက်ကားငှားပြီး အိမ်ကိုပြန် လာတယ်….အိမ်ရောက်တော့ သူတို့ညီ၊သူတို့မောင်၊သူတို့ အစ်ကို မပါတော့အားလုံး မျက်နှာ မကောင်းကြဘူး….ကိုယ်လည်းပြန်ပန်းမလှတဲ့အတွက်စိတ်မကောင်းဘူး….ကိုယ်ကစပြီးအိနြေ္ဒပျက်နေရင် ကလေးတွေပိုစိတ်ထိခိုက်မှာစိုးလို့ အိနြေ္ဒဆည်နေရ တယ်….
          ကိုယ်လိုဘဲမိဘတွေအားလုံး ပြန်ပန်းမလှတဲ့အတွက် အိမ်ရောက်ရင်ဘယ်လို ဖြေရပါ့နဲ့ စိတ်မော လူမော ရှိနေကြတယ်…ကိုယ်တို့မိဘတွေရဲ့စိတ်ထဲမှာတော့ ကမ္ဘာ့ကြက်ခြေနီ ( သို့ ) လွတ်လပ်သော အဖွဲ့အစည်း တစ်ခုခုကအမြန်သွားရောက်ပြီး ကယ်တင်ပါမှ သားသမီးတွေလွတ်လပ်ခွင့်ရပြီး မိဘနဲ့ အမြန်တွေ့ရမယ်…အဖွဲ့ အစည်းတွေအမြန်သွားရောက် ကယ်ယူရေးအတွက် မိဘတိုင်းဘုရား မှာအထပ် ထပ် ဆုတောင်းမေတ္တာပို့သနေ ရတယ် …..
          ကလေးတွေအားလုံးအမြန်ဆုံးမိဘရင်ခွင်( သို့ ) ငြိမ်းချမ်းသောရင်ခွင်သို့ ပြန်လည်ရောက်လာပါစေ လို့ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်……

Ko Lin Wai Aung facebook မှကူးယူဖော်ပြသည်။

2 comments:

လင်္ကာ said...

BarBu Abnb
ဒီခရီးစဉ်မှာAB ပြောလိုက်တဲ့ကြက်ခြေနီလိုကမ္ဘာ့အဖွဲ့ 
အစည်းတစ်ခုခုကလာခေါ်ရင်ရတယ်လို့ ပြောပြီးအား
လုံးဝင်နိုင်တဲ့ကျင်းကြီးတစ်ခုအဆင်သင့်တူးထားပြီး
ပါပြီ။တပ်ထဲကအလုပ်တွေပြီးပြီဆိုရင်တော့အားလုံးကို
ဒီကျင်းထဲမှာဘဲဗုံးခွဲသတ်ဖို့ မူးတဲ့အခါပြောနေတာကိုအပြင်က
ရဲဘော်တွေကပြန်ပြောပါတယ်။နောက်တစ်ချက်ကအဲဒီဂျပန်ကြီးဘာကြောင့်ပြန်ပြေး
သလဲဆိုတော့ကျွန်တော်တို့ ပုံတွေရိုက်ထားတဲ့Camera ကို စောမြအောင်နဲ့အရက်အတူတူသောက်ပြီးအပြန်မှာမျိုးဝင်းကပေါက်ခွဲခိုင်းလိုက်ပါတယ်။နောက်ဆုံးအချက်ကတော့ကျွန်တော်တို့  ၅၅ ယောက်ထွက်ပြေးတဲ့အခါမှာ
မျိုးဝင်းကငါ့ ဘဝတော့သွာပါပပြီကွာဆိုပြီးကျွန်တော်တို့ မသတ်ဘဲထားခဲ့တဲ့ထောင်မူးနဲ့ အစောင့်တစ်ယောက်ကို ဓါးနဲ့ ခုတ်သတ်လိုက်ပါတယ်။ဒါတွေကိုကြည့်ပြီးလွတ်ပေးမယ်ဆိုတာမဖြစ်နိင်ပါဘူးခင်ဗျာ။




ရဲဘော်ဘာဘူ

လင်္ကာ said...

Nang Aung Htwe Kyi
မိဘ တဦးရဲ့ မှတ်တမ်းကိုဖတ်မိတော့ ရင်ထဲ ထိခိုက်တယ် ။အဟောင်း တွေ အ သစ်ဖြစ်မိတယ် ။ဝမ်းနည်းတာရော နာကျည်းတာရော ..။ အဖေ့ကိုသတိရမိတယ် ပြောနေတဲ့ အန်ကယ်ကြီး နဲ့ အန်တီကြီး ဆိုတာ မငယ် အဖေ နဲ့အမေ ပါ ။ မိဘ တွေ လာရင် ပြန်ခွင့်ပေးမယ် ဆိုတဲ့ဂတိကိုဖျက်တယ် ။မင်းတို့ပြန် ခြင်ပြန် ။မင်း တို့ပြန်ရင် မင်းတို့မိဘ တွေခေါ်ထားမယ်ဆိုတဲ့ လူမိုက်စကားတွေပြောလာတယ်။ ဆိုတော့ အမေတွေကို မြန်မြန်ပြန်ကြပါလို့ ပြောရတယ် ။ဒုက္ခရောက်နေတဲ့ သား သမီးတွေကို လာခေါ်တဲ့မိဘတွေ သားသမီးမပါ ဘဲပြန်သွားကြရတယ်။ မငယ်မိ သားစုတွေဆို မငယ်ပြန်ပါလာပြီဆိုပြီး ဖဲကြိုးအဝါတွေတခြံလုံးချည်ပြီးစောင့်နေ ကြတာတဲ့ ။ပါ မလာတော့ ဝမ်းနည်းလိုက်တာတဲ့ ။