Saturday, March 10, 2012

အကျဉ်းထောင်ထဲကအနုပညာ


Uploaded by on Mar 10, 2012
နိုင်ငံရေးအကျဉ်းသားတွေရဲ့ အကျဉ်းထောင်တွေအတွင်းက စွန့်ပစ်ပစ္စည်းတွေ၊ ရရာပစ္စည်းတွေနဲ့ မိမိတို့ရဲ့ ခံစားချက်တွေကို ဖော်ကျူးခဲ့ကြတဲ့ ပန်းချီလက်ရာတွေကို စုစည်းပြသထားတဲ့ လွတ်လပ်ငြိမ်းချမ်းခွင့် နံရံကြားမှ အနုပညာများ ပြပွဲ ဆိုတဲ့ Amnesty Prison Art Show 2012 ပြပွဲကို မတ်လ ၉ ရက်နေ့က ပန်းဆိုးတန်းလမ်းမပေါ်မှာရှိတဲ့ စာပေလောကစာအုပ်တိုက် ခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီပြပွဲမှာ မြန်မာနိုင်ငံအနှံ့ အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေရစဉ် အတွင်း   နိုင်ငံရေးအကျဉ်းသားတွေ ရေးဆွဲခဲ့တဲ့ ပန်းချီကားပေါင်း ၁၀၀ ကျော်ကို ခင်းကျင်းပြသထားတာ ဖြစ်ပါတယ်။ အကျဉ်းထောင်တွေ တကွဲတပြားစီ ကျခံခဲ့ရပေမဲ့ အနုပညာ ခံစားချက်ချင်း တူညီတဲ့အပြင် အကျဉ်းထောင်တွေ အတွင်း နိုင်ငံရေးအကျဉ်းသားတွေ ကျန်ရှိနေသေးတယ် ဆိုတဲ့ ခံစားချက်ကို သိရှိစေဖို့ လွတ်လပ်ငြိမ်းချမ်းခွင့် နံရံကြားက အနုပညာများ ပြပွဲလေး ခင်းကျင်းဖို့ စိတ်ကူးရခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

No comments: