Monday, March 26, 2012

မြောက်ပိုင်းကျောင်းသားတပ်မတော်ကို ဖြိုခွဲသွားတဲ့ တရားခံအစစ်က ဘယ်သူတွေလဲ (ခင်ရွှေလှိုင်)

(လက်ရှိကျောင်းသားတပ်မတော်ဥက္ကဌကိုသံခဲရဲ့ ဇနီးဒေါ်ခင်ရွှေလှိုင်ရေးတဲ့ဆောင်းပါးပါ။ သူက ကိုထွန်းအောင်ကျော်ကို   ကိုယ်တိုင်  ခေါင်းဖြတ်ပါရစေလို့ သံချောင်းအိမ်တက်တောင်းဆိုတယ်လို့ ညီညီ( မြောက်ပိုင်းရဲဘော်)ရေးတဲ့ဆောင်းပါးမှာဖတ်ခဲ့ရဖူးသူပါ။   မြောက်ပိုင်းလူသတ်ပွဲအပေါ်ထားတဲ့ ဒေါ်ခင်ရွှေလှိုင်ရဲ့ သဘောထားနဲ့  မြောက်ပိုင်းကျောင်းသားတပ်မတော်ကိုဖြိုခွဲသွားတဲ့ တရားခံ
အစစ်ကဘယ်သူတွေ လဲ ဖတ်ရှု ဆင်ခြင်ကြပါကုန်။ )
(၁)
မြောက်ပိုင်းကျောင်းသားတပ်မတော်ရဲ့ နက်ရှိုင်းတဲ့တောတောင်တွေကြားမှာ မြှုပ်နှံခဲ့ရတဲ့ တော်လှန်ရေးနဲ့ ယုံကြည်ချက် အတွက် ကျဆုံးသေဆုံးသွားကြသော ရဲဘော်ရဲမေများအား ဦးညွတ်အလေးပြုလျက် …

 
ကျောင်းသားတပ်မတော်ဟာ နဖူးပေါ် စာတမ်းထိုးမလာကြတဲ့ ‘မ’ တထောင်သားတွေကြောင့် မိအေးနှစ်ခါ မက နာခဲ့ရတဲ့ အဖွဲ့အစည်းပါ။ အင်အားစုတစု ဖြိုခွဲခံခဲ့ရတယ်ဆိုတာ ကျောင်းသား တပ်မတော်အနေ နဲ့ရော တော်လှန်ရေးအတွက်ပါ ကြီး မားတဲ့ နစ်နာဆုံးရှုံးမှုတခု၊ စနစ်ဆိုးတခုအောက်က မိခင်တွေ အတွက်တော့ သားသမီးရတနာများအား တူညီသော ဆုံးရှုံး မှု၊ ဒီအဖြစ်အပျက်တွေမှာ အတွင်းကျကျ အနေ အထားမျိုးနဲ့ သိရှိပါဝင်ခဲ့သူတဦး မဟုတ်သလို ဘယ်လိုတွေ စစ်ဆေးမေး မြန်းခဲ့ကြတယ်ဆိုတာ ကိုယ်တိုင်မြင်တွေ့ခဲ့ရသူတဦး မဟုတ်ခဲ့ပေမဲ့ အရိုးရှင်းဆုံးအနေအထားကနေ အစအဆုံး ကြုံတွေ့ ခဲ့ရတဲ့ သာမန် ရဲမေတယောက်အနေနဲ့ ကျမရဲ့အမြင်ကို ပြောပြခွင့်ရှိမယ်ထင်ပါတယ်၊ မပြောခင်မှာ ကျမရဲ့ နောက် ခံသမိုင်းကြောင်းကို သိချင်တဲ့သူတွေ ရှိနေနိုင်ပါတယ်။

-----------------------------------------------------------------------------------------------------------------
...အစီစဉ်ရှိရှိ ပြန်အသုံးချနိုင်ဖို့ ကျောင်းသားတပ်ရဲ့ စစ်ရုံး၊ ကော်မတီ ရုံးတွေ ထဲ မှာ ရှိနေရမဲ့ ဗွီဒီယိုမှတ်တမ်းတွေ။ ဓါတ်ပုံမှတ်တမ်းတွေ စစ်ထောက်လှမ်းရေးတွေလက်ထဲ၊ ကိုယ်လွတ်ရုန်းပြေးခဲ့ရပါတယ်ဆိုတဲ့ လူတချို့ရဲ့လက်ထဲကနေအလျှိုလျို ပလူပျံပြီး ထုတ်ဝေဖို့စာအုပ် အသင့် နဲ့အတူ လက်ရှိနိုင်ငံရေးအခြေအနေနဲ့ အချိန်ကိုက် ပေါ်ထွက် လာနေပုံ ကလည်း“ဒါကိုစနစ်တကျလုပ်သွားခဲ့တဲ့“သူလျှိုတစုရှိနေတယ်”       ဆိုတဲ့ သင်္ကေတကို ညွန်ပြနေပါတယ်....
-------------------------------------------------------------------------------------------------------------------
အမေပေးထားတဲ့ ကျမရဲ့နာမည်က ခင်ရွှေလှိုင်၊ ဖြတ်သန်းခဲ့တဲ့တလျှောက် အခုချိန်ထိ ဒီနာမည်နဲ့ပဲနေပါ တယ်။ မမွေးခင် ကတည်းက “လူထု” ဆိုတဲ့ စကားလုံးက ကျမနဲ့ ရင်းနှီးပြီးသားပါ။ အဲဒီ စကားလုံးလေးကို ကျမအဖေ မြတ်နိုးလွန်းလို့ လူထု ဦးလှနဲ့ဒေါ်အမာတို့ဆီက ခွင့်ပြုချက်တောင်းပြီး မိသားစုနာမည်အဖြစ် အသုံးပြုခဲ့တာမို့ မန္တလေး၊ နန်းရှေ့၊ လူထုမိ သားစုကလို့ သိလိုရင် မေးကြည့်နိုင်ပါတယ်။
၈၈ မှာ နန်းရှေ့ တက္ကသိုလ်ကျောင်းသားများသမဂ္ဂအနေနဲ့ မန္တလေးတက္ကသိုလ် (ပင်မ) မှာ ပူးပေါင်းပါဝင် ချီတက် ဆန္ဒပြခဲ့တယ်၊ အာဏာသိမ်းပြီးတဲ့နောက် “အမျိုးသားနိုင်ငံရေးကျောင်းသားလူငယ်အဖွဲ့ (အနကလ)” ရဲ့ ဆိုင်း ပုဒ်အောက်မှာ အမျိုးသား နိုင်ငံရေးတပ်ပေါင်းစု (မနတ)၊ လူ့ဘောင်သစ်၊
ဒီမိုကရက်တစ်ဘွဲ့ရကျောင်းသားဟောင်းများအဖွဲ့(ဂေါစတာ)တို့နဲ့လက်တွဲပြီးအဖွဲ့ရဲ့လှုပ်ရှားမှု။ဗကသလှုပ်ရှားမှု။ ယူဂျီလုပ်ငန်းတချို့မှာပါဝင်ဆောင်ရွက်ခဲ့တယ်။တောထဲမှာဘယ်လိုနေခဲ့သလဲသိလိုရင်တော့
ရှမ်းပြည်မြောက်ပိုင်း(၄၀၁)တပ်ရင်းကရဲဘော်တွေ။မြောက်ပိုင်းကချင်ကျောင်းသားတပ်မတော်ကရဲဘော် ရဲမေတွေကိုမေး ကြည့်နိုင်ပါတယ်။

 ကေအိုင်အေ အပစ်အခတ်ရပ်ဆဲပြီးနောက် (၁၉၉၆ ၉၇) မှာ ကျမ အမေရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းဖို့ အိမ်ကလာ ခေါ်တဲ့အတွက် မြောက်ပိုင်းမှာ လုပ်သက် (၅) နှစ်ပြည့် ရဲမေများကို တရားဝင် အိမ်ပြန်ခွင့်ပြုချက် အရ အမှောင်ပြန်ဝင်ခဲ့ တယ်။ အဲဒီအချိန်မှာ မန္တလေးလှုပ်ရှားမှုရဲ့ ထိပ်ပိုင်းခေါင်းဆောင်တဦး ကျမနဲ့တွေ့ခဲ့ တယ်၊ “မင်းမှာလည်း တာဝန်ရှိတယ် ဘာလို့မတားမြစ်ခဲ့တာလဲ” ဆိုတဲ့ မေးခွန်းအပေါ် “ကိုယ်တိုင် လာနေကြည့်မှပဲ သိနိုင်မယ်” လို့ ဖြေခဲ့တယ်။
“မင်းရဲ့အမြင်တွေကို ရေးပေးနိုင်မလား” လို့ တောင်းခံလာခဲ့အပေါ် “အခုချိန်မှာ ဘယ်သူ့ကိုမှ ဘာမှ ရေး မပေးနိုင်ဘူး” လို့ဖြေခဲ့တယ်၊ သိချင်လို့ မေးလာတဲ့ သူငယ်ချင်းတွေကိုတော့ “တချို့လူတွေ ဖြစ်နိုင်တယ်” လို့ ဖြေခဲ့တယ်။

၁၉၉၈ မှာ အိန္ဒိယ (မဏီပူကန့်) ကို ရောက်တယ် ( လူလိမ္မာ အခါခါမိုက်)၊ အေဘီ (အနောက်ပိုင်း) တာဝန်ရှိ သူက ရဲမေ လုပ်မလား အိမ်ထောင်သည်လုပ်မလား မေးခဲ့တဲ့အပေါ် အထဲကိုပြန်ဝင်ခဲ့တဲ့ သူတယောက် အဖြစ် ကိုယ့်ကိုယ်ကို လိပ်ပြာ မသန့်တဲ့အတွက် အိမ်ထောင်သည်ကို ရွေးချယ်ခဲ့တယ်၊ နောက်ပိုင်းမှာ ဘယ်လိုနေခဲ့သလဲ သိလိုရင်တော့ အိန္ဒိယက ရဲဘော် ရဲမေတွေ။ ထိုင်းနယ်စပ် လက်ရှိကျောင်းသား တပ် မတော်က ရဲဘော်တွေနဲ့ သူတို့ရဲ့မိန်းမတွေ နိုင်ငံတကာမှာ ရောက်နေတဲ့ ရဲဘော်တွေနဲ့ မိသားစုတွေ ဒုက္ခ သည်စခန်းမှာ ကျမစာသင်ပေးခဲ့တဲ့ ကလေးတွေကို မေးနိုင်ပါတယ်။

၂၀၁၀ လက်ရှိမှာ ကျမသမီးရဲ့ ပညာရေးနဲ့အနာဂတ်အတွက် သြစတေးရီးယားကို ရောက်တယ်၊ ကျမဟာ မြို့မှာက တည်းက ကိုထွန်းအောင်ကျော် (GTI မန္တလေး၊ အသတ်ခံရ) ကိုအောင်နိုင်(MC မန္တလေး၊ လက်ရှိ ချင်းမိုင်) ကိုစိုးလင်း (RIT မန္တလေး၊ တောင်ပိုင်းမှာ အဖမ်းခံရပြီး ပြန်လွတ်မြောက်) တို့နဲ့အတူ လက်တွဲလုပ် လာခဲ့သူတယောက်ဖြစ်သလို သူတို့ (၃) ယောက် ရှောင်ပုန်းနေခဲ့ရာကတဆင့် တောထဲကိုသွားရမှာဖြစ်လို့ ကျမ (ရုက္ခဗေဒ ဒုတိယနှစ် ဂုဏ်ထူးတန်း၊ မန္တလေး) ကို မြို့လမ်းကနေတဆင့်သွားဖို့ ကိုညီညီရဲ့အကို ကိုမောင်မောင် (ရွှေကရ၀ိတ်) နဲ့ ကိုထွန်းအောင်ကျော်ရဲ့ အကိုဝမ်းကွဲ ကိုချိုကြီး (မန္တလေး ယူဂျီ) တို့ စီစဉ်ပေး ခဲ့ကြတာပါ။ တောထဲကိုလာခဲ့တုန်းက တယောက်တည်းပါ။ ဘယ်အ ဖော်မှ မပါပါဘူး။ တောထဲရောက်မှ ကိုသံချောင်း(မြစ်ကြီးနားတက္ကသိုလ်မိုးညှင်းမိုဟန်)။ကိုမျိုးဝင်း(RITမိုးညှင်း၊နမ္မား) ဒေသခံ ခေါင်းဆောင်တွေနဲ့ စုံတွေ့ခဲ့တယ်။
ကျမကိုယ်ကျမ တာဝန်ခံရဲတာက ကျမတောထဲကိုလာခဲ့တာ တော်လှန်ရေးလုပ်ဖို့ ပုဂ္ဂိုလ်ရေးကိုးကွယ် မှုတွေ ဒေသစွဲတွေ လုပ်ဖို့မဟုတ်ဘူးဆိုတာကိုပါ။ လုပ်တဲ့သူတွေဘက်ကလည်း ဒီလူတွေအားလုံးဟာ ရန်သူ့သူလျိုတွေပါလို့ စွပ်စွဲခဲ့သလို သူတို့မှာ ခိုင်လုံတဲ့ သက်သေ အထောက်အထားတွေရှိတယ်။ တချိန်ချိန် မှာ ဒီအတွက် ကြိုးစင်တက်ရမယ်ဆိုရင်လည်း ကြိုးစင်တက်မယ်လို့ ပြောခဲ့ကြတယ်။
ခံရသူတွေဘက်ကလည်း ငါ့တို့အားလုံးဟာ တယောက်မှ ရန်သူ့သူလျှိုမဟုတ်ဘူး မတရားလုပ်တာခံခဲ့ကြ ရတဲ့ ကျောင်း သား အစစ်အမှန်တွေပါလို့ ပြောခဲ့ကြတယ်။
ကျမကတော့ နှစ်ခုစလုံးကို လက်မခံချင်တဲ့သူ။ ၅၀၀ လောက်ရှိတဲ့တပ်ကိုဖြိုဖို့ ရန်သူ့သူလျှို ၅ ယောက်တောင်မလိုသလို  ရန်သူ့လူ အမှန်တကယ် မပါခဲ့ရင် ဒါတွေလည်းဖြစ်လာစရာ အကြောင်းမရှိဘူး လို့ ကျမ ယူဆတယ်။ ရန်သူ့သူလျှိုတယောက်မှမပါဘဲ သူတို့အချင်းချင်း တောထဲမှာ အာဏာလုခဲ့ကြ တာပါ ဆိုတဲ့ ပုံပြင်က ရိုးစင်းလွန်းအားကြီးပါတယ်။ အာ ဏာလုတာမှန်ရင် အမျိုးသမီးရဲမေတွေ နဲ့ အောက်ခြေ က ရဲဘော်တွေအများကြီးကို ဖမ်းစရာအကြောင်း မရှိပါဘူး။

သေချာတာကတော့ ကျောင်းသားလူငယ်တွေရဲ့ အတွေ့အကြုံနုနယ်မှုနဲ့ ရဲစိတ်ရဲမာန်ထက်သန်နေကြမှုကို အသုံးချပြီး တိုက်စရာမလိုဘဲ ကိုယ့်လူကိုယ်ပြန်စားနည်း (ရန်သူ့သူလျိုကို ထွက်ပေါက်အသင့်ပေးထားပြီးသား ကာကွယ်ထားပြီး သားဖြစ်တဲ့ ကျောင်းသားကို ကျောင်းသားက သတ်တဲ့အဖြစ်မျိုး ဖန်တီးခြင်း) နဲ့ ဖြိုခွဲဖို့ဆင် ထားတဲ့ ရန်သူ့ရဲ့ပရိယာယ် ထောင်ချောက်ထဲကို ကျမတို့အားလုံး ၀င်မိခဲ့ကြတယ်ဆိုတာပါပဲ။

အစီစဉ်ရှိရှိလုပ်ခဲ့ကြတဲ့အပေါ် အစီစဉ်ရှိရှိ ပြန်အသုံးချနိုင်ဖို့ ကျောင်းသားတပ်ရဲ့ စစ်ရုံး၊ ကော်မတီရုံးတွေ ထဲ မှာ ရှိနေရမဲ့ ဗွီဒီယိုမှတ်တမ်းတွေ။ ဓါတ်ပုံမှတ်တမ်းတွေ စစ်ထောက်လှမ်းရေးတွေလက်ထဲ၊ ကိုယ်လွတ်ရုန်းပြေးခဲ့ရပါတယ်ဆိုတဲ့ လူ တချို့ရဲ့ လက်ထဲကနေ အလျှိုလျို ပလူပျံပြီး ထုတ်ဝေဖို့စာအုပ် အသင့်နဲ့အတူ လက်ရှိနိုင်ငံရေးအခြေအနေနဲ့ အချိန်ကိုက် ပေါ်ထွက်လာနေပုံကလည်း “ဒါကို စနစ်တကျ လုပ်သွားခဲ့တဲ့ “သူလျှိုတစု ရှိနေတယ်” ဆိုတဲ့ သင်္ကေတကို ညွန်ပြနေပါ တယ်။
ခင်ရွှေလှိုင်
မပ ၀၀၃၆
ကျောင်းသားတပ်မတော် (မြန်မာပြည်မြောက်ပိုင်း)
မတ်လ (၂၇ )ရက် လူထုတော်လှန်ရေးနေ့

နေ့ သစ် မှကူးယူဖော်ပြသည်။ 

5 comments:

လင်္ကာ said...

ကိုကောင်း March 27, 2012

သပ်လျှိုပြီးလုပ်လုပ် အစီအစဉ်ရှိရှိပဲလုပ်လုပ်
အာဏာလုလို့ပဲသတ်သတ်
သူလျှိုမဟုတ်သူကျောင်းသားသာမက
သူလျှိုပဲဖြစ်ဖြစ် သူလျှိုဝမ်းကွဲယောက်ဖပဲဖြစ်ဖြစ်
ကျောင်းသားဥပဒေအရတော့ခေါင်းဖြတ်သတ်လို့ရချင်
ရမယ် ယဉ်ကျေးလူ့အဖွဲ့အစည်းမှာတော့မရဘူး
လုပ်သူကိုအပစ်ပေးရမယ် လုပ်ဖို့တာဝန်ပေးသူကိုလည်း
ဖော်ထုတ်အရးသူရမယ်
လုပ်ရဲရင်ခံရဲကြပါ
Reply
Phome March 27, 2012

မခင်ရွှေလှိုင်၊ခင်ဗျားတခုဘဲမေးမယ်၊စပိုင်ဟုတ်ခြင်းမဟုတ်ခြင်းကအဓိကကျသလား၊ညှင်းဆဲသတ်ဖြတ်ချင်တဲ့အကျင့်ဆိုးကအဓိကကျတာလား၊စပိုင်တယောက်မိဖို့ကိုယ်လူ့ဘယ်လောက်ဘဲစတေးရစတေးရလုပ်ရမှာလား၊ခင်ဗျားကအခုမှအသံကောင်းလာဟစ်မနေနဲ့၊အကြီးအကျယ်မှားခဲ့တာကိုဖုံးကွယ်ဖို့ခလေးညာဏ်လောက်နဲ့လာမဖြီးစမ်းပါနဲ့၊ခုတော့ကျနော်စမားပြောတာလုံးဝယုံသွားပြီ၊”ကျမကတော့ နှစ်ခုစလုံးကိုလက်မခံချင်တဲ့သူ”လို့မင်းကနှစ်ဖက်စလုံးကိုသရေပွဲချင်တယ်ပေါ့ဟုတ်လား၊ငါသာအဲဒါမျိုးအသတ်ခံခဲ့ရရင်ဆိုတဲ့ကိုယ်ချင်းစာစိတ်မင်းမှာမရှိတဲ့အတွက်မင်းဟာယောကျာင်္ံးတပိုင်းမိန်းမရိုင်းဘဲပေါ့
Reply
Thu Htut March 27, 2012

Based on hate and anger to military regime transformed to fear and suspicious then finally relinquish to each other in inhuman ways.
Immoral of the human’s dignity like as CPB Thakhin Than Tun’s manslaughter in 1967 and Red Flag Thakhin Soe’s Sinswe village homicide in 1958.
Reply
ကိုဗမာ March 27, 2012

ly

လင်္ကာ said...

ကျွန်တော် မရှင်းတာလေးရှိလို့ မေးပါရစေ၊ ၁။အေဘီ (အနောက်ပိုင်း) တာဝန်ရှိသူက ရဲမေ လုပ်မလား အိမ်ထောင်သည်လုပ်မလား မေးခဲ့တဲ့အပေါ် အထဲကိုပြန်ဝင်ခဲ့တဲ့သူတယောက်အဖြစ် ကိုယ့်ကိုယ်ကို လိပ်ပြာ မသန့်တဲ့အတွက် အိမ်ထောင်သည်ကို
ရွေးချယ်ခဲ့တယ် … အဲဒါက ဘာကိုဆိုလိုတာလဲခင်ဗျာ။ ကျွန်တော် စဉ်းစားလို့ရသလောက် ရဲမေဆိုရင် အရင်လို ပြန်တိုက်ရမယ်ပေါ့ဗျာ။ဒါဆို အိမ်ထောင်သည်ဆိုတာကရော … ကျွန်တော် ဘယ်လိုမှ နားမလည်ဘူးဖြစ်နေတယ် … တချက်လောက်ဖြေပေးပါလား။ ၂။ ကျမကိုယ်ကျမ တာဝန်ခံရဲတာက ကျမတောထဲကိုလာခဲ့တာ တော်လှန်ရေးလုပ်ဖို့ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုတွေ ဒေသစွဲတွေ လုပ်ဖို့မဟုတ်ဘူးဆိုတာကိုပါ ။ ဒါဆို အမ တောထဲကို ဘာသွားလုပ်ပါသလဲ ခင်ဗျ …
Reply
Set Set March 27, 2012

။နောက်တခါ မဒမ်သံခဲ ကလဲမန္တလေးမှာ အလင်းဝင်ပြီးရောက်လာ ချိန်မှာ“ဒီမှာကိုညီညီ ဒီသတ်ဖြတ် မှုတွေမှာ CS သံချောင်းမှားခဲ့တယ် ဆိုရင်တောင်စေတနာအမှားပဲဖြစ် ရမယ်ဆိုပြီး အဲဒီတုန်း ကမန္တလေး တရုပ်တန်းဈေးက ကျနော်.မိန်းမဆိုင်ရှေ. မှာ အော်ပြောတော့ကျနော်တောင်ဆဲလွှတ် လိုက်သေးတယ်။
အဲဒီမဒမ်သံခဲကပဲ ကိုထွန်းအောင်ကျော်ကို ကျမ ကိုယ်တိုင်ခေါင်းဖြတ်ပါရစေလို.သံချောင်း အီမ်ကို တက်ပြီးတောင်းဆိုတယ်ဆိုတာ အားလုံးပြောနေတဲ့ကိစ္စပါ။ (ညီညီ)
http://8-8-88.blogspot.com/2012/03/blog-post_15.html
Reply
မိုးနတ် March 27, 2012

အေဘီဆိုတာ ခေါင်းဖြတ်သတ်တဲ့အဖွဲ့ကြီးလား စစ်ဆေးပုံကတော့ စစ်တပ်ထက်လက်သံပြောင်ပါပေတယ် သူတို့ဥပဒေမှာကိုပြဌာန်ရေးဆွဲထားလို့ သတ်တဲ့သူတွေဘက် တရာမျှတတယ်လို့ ဒေါ်လှိုင်ပြောချင်ပုံရတယ်
ကောင်ပါပေ့ အေဘီ ရယ် ငါတို့တွေ ထောက်ခံအားပေ လာရတာ ရှက်တောင်လာပြီ
Reply

TOTALLY AGREE with all the comments.. I don’t understand what you mean in some parts of your article… Look!!! We couldn’t stand what they had done to all the innocent student heroes. There’s no reason to torture and murder inhumanely to anyone… Most of all, why and how did the photos of Ko Tun Aung Kyaw and others arrive in the hands of the MI????
We wish, we all can see the punishments to all those who were involved in these inhumane incidents…And I couldn’t understand why Ronald Aung Naing and Dr. Naing Aung are still doing well…And also, what about Madame Than Khae who requested to behead Ko TUn Aung Kyaw herself???? Most importantly, why is current AB chief, Than Khae so quiet about this???
Reply
kochit March 27, 2012

ရန်သူ့ရဲ့ပရိယာယ် ထောင်ချောက်ထဲကို ကျမတို့အားလုံး ၀င်မိခဲ့ကြတယ်ဆိုတာပါပဲ လို့ ပြောထားတယ်နော် — ရန်သူက ပရိယာယ် မိပြီး ကိုယ့်လူကို ဖမ်းမှားဖမ်းရင်တောင် အဲဒီလောက် ရက်စက်ဖို့လိုလို့လား– အခုမှ ဆင်သေကို ဆိတ်သားရေနဲ့ မဖုန်းချင်စမ်းပါနဲ့ဗျာ– ကိုယ့်အပြစ် လွတ်အောင် အများမုန်းပါတဲ့ဆိုတဲ့ စစ်တပ်ကို ဆွဲထည့် လည်း ခင်ဗျားတို့ ရက်စက်မှုကတော့ မလွတ်ပါဘူး– ရက်စက်တာက ရက်စက်တာပါပဲ–
Reply
အစမှအဆုံးဖတ်နေသူ March 27, 2012

No matter what the reason behind it.
They can give 1001 reasons, but shouldn’t done that way. What’s go around will come around. just the matter of time.
Rep

လင်္ကာ said...

AgKg March 27, 2012

No culture, all Myanmar under military! But this is history, not reading lovel poem! So we can stay but history will live always all the time in the world!
Reply
ုသံခဲ March 27, 2012

ကိုယ့် လူ ဘက်တော် သား အချင်းချင်း သတ်ပစ်တာ မြန်မာ့ တပ်မတော် မှာ တစ်ခါမှ မကြားဖူးဘူး၊ ဆောင်းပါးသော ခင်ရွှေလိုင် ခင်ဗျား အပြစ်မဲ့ လူတွေကို သတ်ခဲ့ တဲ့ အပြစ်ကို စစ်အစိုးရ လက်ချက်၊စစ် အစိုးရ ရဲ့ အကွက် ၊ စစ်အစိုးရ ကြောင့် ဖြစ်တာလို့ လှီးလွှဲ မချပါနဲ့၊ အပြစ်မဲ့ သတ်ခံခဲ့ရတဲ့ ကျောင်းသားတွေရဲ့ ၀ိညာဉ်က ခင်ဗျားကို ဒဏ်ခတ်ပါလိမ့်ဦးမယ်၊
Reply
88 မျိုးဆက် March 27, 2012

မခင်ရွှေလှိုင်ရေ
မခင်ရွှေလှိုင်ရဲ့ ကောက်နုတ်ချက်ကို ကောင်း မကောင်း မပြောလိုပါဘူး။ ဒါပေမဲ့ လူတွေကို ရက်ရက်စက်စက်နှိပ်စက်၊ သတ်ဖြတ်တာကို အားပေးအားမြေုာက်လုပ်နေတာကို တော့ ကျမ နားမလည်တော့ပါဘူး။ ဖမ်းခံထားရသူတွေ ထွက်မပြေးနိုင်ခင် မန္တလေးက ထောက်တွေလက်ထဲမှာ ကိုထွန်းအောင်ကျော်တို့ပုံတွေရောက်နေတာကတော့ အမ အပြောအတိုင်းဆိုရင် လုပ်သူတွေထဲမှာ ထောက်လှမ်းရေးပါလို့နေမှာနော်။ ကျမက တောမခိုဖြစ်ပေမဲ့ တောခိုခဲ့သူတွေကို သိပ်လေးစားမိတာပါ။ ဒါပေမဲ့ အခုတော့ ဒီအဖြစ်အပျက်တွေ အပေါ်ရပ်တည်ချက်တွေကို သိရတော့ ကျမ ငါတောမခိုဖြစ်တာ သိပ်ကောင်းတာပဲလို့၊ ထောင်ကျတာက ငါ့အတွက် သိပ်ကောင်းတာပဲလို့ ယူဆမိတယ်။ အမ တို့ရဲ့ ရပ်တည်ချက်တွေက နောငက်လာနောင်သားတွေကို ကျမလိုခံစားမိစေပါတယ်။
Reply
အရိုးတွန်သံကိုအစမှအဆုံးဖတ်နေသူ March 27, 2012

ဘာခေါင်းစဉ်ပဲတပ်ပြီးသတ်သတ် ညှင်းဆဲသတ်ဖြတ်ခဲ့သူတွေကိုအရေးယူနိုင်အောင် ဆက်လက်လုပ်ဆောင်စေချင်တယ်။
သူလျှိုကသွေးခွဲလို့ အထင်မှားတယ်ဆိုရင်တောင် လူလူချင်း တိရိစ္ဆာန်လောက်တောင် အကြင်နာတရားမရှိတဲ့လုပ်ရပ်တွေကို ရွံရှာမိတယ်။ မခင်ချိုဦးအပေါ်လုပ်ရပ်တွေ ဖတ်ပြီးပြန်တောင်မတွေးနိုင်ဘူး။ ဆို့နင့်လွန်းလို့။ ကိုထွန်းအောင်ကျော်၊ ကိုကျော်ဝေ၊ ကိုချိုကြီး၊ ကိုအောင်မင်း။သေဆုံးခဲ့သူအားလုံးကိုယ်စားတောင်းဆိုပါတယ်။ တရားခံများအညှင်းဆဲခံရပြီး သေစားသေစေကျပါစေ။
Reply
kyaw March 27, 2012

၈၈၈၈အရေးခင်းတုန်းကလဲ စစ်ထောက်လှမ်းရေးဆိုပြီး စွပ်ဆွဲပြီး တက္ကသိုလ်ကျောင်းဝင်းထဲမှာ ခေါင်းဖြတ်အသတ်ခံရတဲ့ ကျောင်းသားတွေကိုလည်း သတိရသင့်ပါတယ်။
Reply
ဘီတူး(၂၁၄) March 27, 2012

ခင်ရွှေလှိုင်(ခ)မဒမ်သံခဲ ရေ -ဖုံးကာမှ အကုန်ပေါ်ကုန်ပြီ။ သေချာစဉ်းစားပြီးမှပြော။ ခင်ဗျားတို့ နိုင်အောင်အုပ်စုက လုပ်နေတာတွေက ရိုးစဉ်းလွန်းပါတယ်။ တခါဖတ်လိုက်ရတယ်။ မြောက်ပိုင်းကိစ္စပေါ်လာပြီး နိုင်ငံတကာရောက် အေဘီအဖွဲ့ဝင်တွေက အေဘီကိုမထိနဲ့။ အသက်နဲ့ရင်းကာကွယ်မယ်ပေါ့။ စာရင်းကြည့်လိုက်တော့ နိုင်အောင်ဘက်ကလူတွေချည်းဖြစ်နေတာတွေ့ရတယ်။ မြောက်ပိုင်းလူသတ်တရားခံ အောင်နိုင်ကို ဥက္ကလေး လို့အမြဲတမ်း အားပေးအားမြောက်ပြုနေသူတွေဖြစ်နေတယ်။ ဒါ စဉ်စားစရာတချက်ပါ။ နောက်တချက်က ၈၈ တောခိုကျောင်းသားအများစု ရောက်ရှိစုရုံးခဲ့တာ ကချင်ဒေသမဟုတ်ဘူး။ မွန်၊နဲ့ကရင်တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးနယ်မြေတွေဘဲဖြစ်တယ်။ ဘာကြောင့် ရန်သူက ကျောင်းသားတော်လှန်ရေးအင်အားစု၊ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုကို ဖြိုခွဲဘို့ မဟာဗျူဟာချမှတ်ထားတယ်ဆိုရင် ဘာမှအင်အားမရှိတဲ့ ကချင်ဒေသက ကျောင်းသားတွေဆီ သူတို့ သူလျှိုတွေကို ရာနဲ့ချီပို့လွှတ်မလဲ။ အေဘီ ဗဟိုဌာနချုပ်တည်ရှိရာဒေသ ကျောင်းသား သောင်းချီရှိတယ်။ ရန်သူ့လူဘယ်နှစ်ယောက်ဖမ်းမိတယ်ကြားလဲ။ မမိတော့ရော ဘာမကောင်းတာတွေဖြစ်ခဲ့တာကြားလဲ။ မြောက်ပိုင်းက ဆက်စပ်တယ်ဆိုပြီး စိုးလင်း၊ နေ၀င်းအောင်၊ အောင်သူ၊(နိုင်အောင်ဗဟိုကဖမ်းဆီးနှိပ်စက်၊ အောင်သူကို သတ်ပစ်)ဌေးနိုင်(မိုးသီးဗဟိုက စစ်ဆေးနှိပ်စက် သတ်ပစ် – ၀င်းနိုင်ဦး၊ အောင်သူငြိမ်းတို့အမိန့်နဲ့) ဒါဘဲရှိတယ်။ လုပ်ခဲ့ပြီးပြီမဟုတ်လား။ ကိုယ်ခံရမဲ့အလှည့်ကျတော့ မကြောက်မဒမ်သံခဲရေ။ မင်းအလှည့်တနေ့ရောက်လာလိမ့်မယ်။ လုပ်ခဲ့တဲ့သူတွေအလှည့်လဲ မကြာသောတစ်နေ့မှာ လာပါလိမ့်မယ်။ နိုင်အောင် ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီးနောက်မှ ရေးဦးမယ်။ ဟိုလူ့လွှဲချ၊ ဒီလူ့ပတ်နဲ့ ရန်သူလုပ်ရပ်ဆန်တဲ့ ထုတ်ပြန်ချက်ကိုလဲ ကိုယ်ဟာကို ပြန်ဖတ် ပြန်သုံးသပ်ပါဦး နိုင်အောင်ရေ။
Reply
Mon March 27, 2012

လင်္ကာ said...

Aung Moe Win နေပါအုံး ခင်ဗျားတို့ မန္တလေးသားတွေ ကြားဘူးလား။ နန်းရှေ့လူထု မိသားစု ဆိုတဲ့ ဝေါဟာရ။ ကောင်မလေးကလည်း စိတ်ပျက်စရာကောင်းလောက်အောင် လေလုံးကတော့ ထွားပါ့ဗျာ။ ကိုထွန်းအောင်ကျော် ကို “ကိုကြီး” လို့ ခေါ်တတ်တာက လွဲလို့ ဘာနိုင်ငံရေးအတွေးအခေါ်မှ မည်မည်ရရ မရှိပဲနဲ့ ကိုယ်ရည်သွေးနေပုံများ။
19 hours ago · Like · 2
ဘရာဇီး ငှက်ရိုး လူတွေ ခဲနဲ့ ဝိုင်းထုကြလို့ နေမှာပေါ့... ကိုညီညီဆမား ရေးတော့ ပုဂ္ဂိုလ်ရေး နာကျည်းချက်တွေ ထည့်ရေးတယ် ထင်ထားတာ... အခုတော့ ကိုညီညီ့ အရေးအသား တွေကိုတောင် ဖတ်ကြည့်နေရပြီ... အပိုင်း၂မှာတော့ ဥက္ကဌရဲဘော် ထွန်းအောင်ကျော် ဖြစ်သွားပြီခင်ဗျ... အပိုင်း၂မှာ ကောင်မလေးလို့လဲ မခေါ်ပါနဲ့တဲ့ စိတ်မကောင်းဖြစ်ရပါတယ်တဲ့...

မောင်ငြိမ်းချမ်း said...

ဲမြန်မာပြည်သူပြည်သားများကံကောင်းလေစွ သံချောင်းတို့၊
မျိုးဝင်းတို့၊ ခင်ရွှေလှိုင်တို့ လိုလူမျိုးတွေအာဏာရလို့က
တော့ မြန်မာပြည် Cambodia ထက်သာမယ်၊
စေတနာအမှားဆိုပြီးလူအရိုးတောင်လိုပုံသွားမယ်။