Wednesday, March 28, 2012

သျှမ်းသံတော်ဆင့်ရဲ့ သူရဲကောင်းတပ်မဟာမှူးခွန်ကျော်(ခေါ်) သံချောင်း

(သျှမ်းသံတော်ဆင့်ကဖော်ပြထားတဲ့ သတင်းတပုဒ်ပါ။ အေဘီအက်ဒီအက်မြောက်ပိုင်းလူသတ်ပွဲမှာအဓိကတာဝန်ရှိသူတဦးဖြစ်တဲ့ သံချောင်း(ခေါ်)ခွန်ကျော်ရဲ့ အကြောင်းပါ။ ဒီသတင်းတပုဒ်လုံးမှာမြောက်ပိုင်းလူသတ်ပွဲအကြောင်းကိုတစိုးတစိမျှဖော်ပြထားခြင်း မရှိ တာကတော့ သျှမ်းသံတော်ဆင့်အယ်ဒီတာချုပ်အနေနဲ့ ဒီအကြောင်းကို မသိလို့ ပဲလား၊ ရည်ရွယ်ချက်ရှိရှိ မဖော်ပြပဲထားခဲ့တာလား ဆိုတာ သူပဲသိနိုင်ပါလိမ့်မယ်။ CSသံချောင်းရဲ့ အင်မတန်ကြီးကျယ်တဲ့လူသတ်ပွဲကြီးကိုဖျောက်ပြီး တပ်မဟာမှူးခွန်ကျော်ရဲ့ သမိုင်း ကိုဖြတ်ညှပ်ကပ်လုပ်ဖို့ ဆိုတာကြိုးစားသလားဆိုတာကိုလည်း သျှမ်းသံတော်ဆင့်အယ်ဒီတာချုပ်ကြီးကိုယ်တိုင်သာသိရှိနိုင်မည်ဖြစ် ပါကြောင်း။  )


လွယ်တိုင်းလျဲန်း၏တပ်မဟာမှူးမလွတ်မြောက်သေး
Monday, 23 January 2012 17:33 သျှမ်းသံတော်ဆင့်
အစိုးရသစ်က တတိယအကြိမ်မြောက် လွတ်ငြိမ်းချမ်းသာခွင့်ပေးသော်လည်း သေဒဏ် ချမှတ်ခံရသည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊သျှမ်းပြည်တပ်မတော် RCSS/SSA၏တပ်မဟာ ၂၄၁ တပ်မှူး လွတ်မြောက်လာခြင်းမရှိသေးကြောင်း သျှမ်းပြည်တပ်မတော်အသိုင်းအ၀ိုင်းမှသိရှိရပါသည်။
စစ်အစိုးရထံလက်နက်ချပြီးနောက် ၂လအကြာ ၂၀၀၆မတ် ၄ရက် သေဒဏ်ချမှတ်ခံရသည့် RCSS/SSA တပ်မဟာ တပ်မှူး ဒုဗိုလ်မှူးကြီးခွန်ကျော်နှင့် ၄င်း၏တပ်သား ၁၈ဦးမှာလွတ်မြောက်လာခြင်းမရှိသေးပေ။

ကချင်ပြည် မိုးညှင်းဒေသမှ ခွန်ကျော်သည် ဒီမိုကရေစီအရေးလှုပ်ရှားသော ၁၉၈၈ ကျောင်းသား သပိတ် နောက် ပိုင်းတောခိုခဲ့သည်။ ခွန်ကျော်သည် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်း သားများဒီမိုကရက်တစ် တပ်ဦး ABSDF ၏ ဒုဥက္ကဌဖြစ်ပြီး ကချင်လွတ်မြောက်ရေးတပ်မတော် KIA လှုပ်ရှား  သည့်ဒေသ တွင် လှုပ်ရှားခဲ့သည်။
၁၉၉၄ KIA က စစ်အစိုးနှင့် အပစ်ရပ်စဲသဖြင့် ၄င်း၏တပ်သားများနှင့်အတူ သျှမ်းပြည်တပ်မတော်-မြောက် ပိုင်း SSA-N နှင့်ပူးပေါင်းလှုပ်ရှားရာ ၄နှစ်ကြာပြီးနောက် သျှမ်းပြည်တပ်မတော်-တောင်ပိုင်း SSA-S သို့   သွားရောက်ပူးပေါင်းခဲ့၏။
သျှမ်းပြည်တပ်မတော်တောင်ပိုင်းနှင့်လက်တွဲလှုပ်ရှားစဉ် မြန်မာစစ်တပ်နှင့်ဝတပ်တို့ ပူးပေါင်းကာ SSA-S အား ထိုးစစ်ဆင်တိုက်ခိုက်သောကြောင့် ခွန်ကျော်နှင့်၎င်းတပ်သားများသည် ၂၀၀၂ပန်မိုင်ဆုန်တိုက်ပွဲနှင့် ၂၀၀၅လွယ်တိုင်းလျဲန်းတိုက်ပွဲတို့ တွင် ရဲရဲဝံ့ဝံ့ပါဝင်တိုက်ခိုက်ခဲ့သည်။
ခွန်ကျော်နှင့် ၄င်းတပ်သားများ၏ ယဉ်ကျေးမှု၊ သူတပါးအားရိုင်းပင်ကူညီတတ်မှုကြောင့် ဒေသခံလူထုက ၄င်းတို့ အားချစ်ခင်ကြသည်။ သို့ သော်သျှမ်းစကားအားနည်းခြင်းကြောင့် ၄င်းတို့ အားဗမာစစ်သားဟု ဒေသ  ခံ များကအထင်မှားကြသည်။
ခွန်ကျော်တို့ အဖွဲ့ စရောက်တုန်းက ဗမာစစ်သားလို့ ထင်နေတာ၊သျှမ်းစကားလဲမပီဘူး။ သူတို့ အချင်းချင်းလဲ ဗမာစကားဘဲပြောကြတာလေ။ ဟုဒေသခံတဦးက သျှမ်းသံတော်ဆင့်သို့ ပြောပြခဲ့ဖူးသည်။

 မိမိလှုပ်ရှားခဲ့ဖူးသော သျှမ်းနီအများစုနေထိုင်သည့်ဒေသဉ် ပြန်လည်လှုပ်ရှားရန်အတွက် ၂၀၀၅ ခုနှစ်နှောင်း ပိုင်းခွန်ကျော်နှင့်အဖွဲ့ သည် လွယ်တိုင်းလျဲန်း သျှမ်းပြည်မြောက်ပိုင်းသို့ ခရီးထွက်ခဲ့သည်။

သျှမ်းစကားအားနည်းခြင်းကြောင့် သျှမ်းပြည်အလယ်ပိုင်းမှ မြောက်ပိုင်းဆီသို့ စတင်တက်ကတည်းက ဗမာ့တပ်မတော်မှထပ်ကြပ်မကွာ ခြေရာခံနိုင်ခဲ့ကြောင်းကို တရုတ်-မြန်မာနယ်စပ်မှဒေသခံတဦးက  ကဲ့သို့ ပြောကြားခဲ့သည်။  

မြန်မာ့စစ်တပ်က သူတို့ ရဲ့ ရေဒီယိုလှိုင်းကို ဖမ်းယူနားထောင်တယ်။ အချင်းချင်းဗမာစကားနဲ့ ဆက် သွယ်ကြတော့ သူတို့ ဘယ်ရောက်နေတယ်။ဘာလုပ်မလဲဆိုတာ သိတာပေါ့။ တချို့ ဒေသခံရွာသားတွေလဲ သူတို့ ကို ဗမာစစ်သားလို့ ထင်ပြီး စားနပ်ရိက္ခာသွားမပို့ ပေးရဲကြဘူး။ တချို့ လဲ သူပုန်ကိုစားနပ်ရိက္ခာပို့ ရင် ဗမာစစ်သားတွေက ရွာကိုမီးရှို့ ၊ရွာသားတွေကိုရိုက်နှက်တာ ကြောက်ကြတော့ မပို့ ရဲကြဘူး။

မြန်မာစစ်တပ်ဖက်မှ ခွန်ကျော်တို့ အဖွဲ့ အားလက်နက်ချလျှင် ငြိမ်းချမ်းမည်ဟု ကတိပေးသောကြောင့် နမ့်ခမ်းမြို့ နှင့် မိုင်အနည်းငယ်ကွာဝေးသော နမ့်တီးရွာတွင် ၂၀၀၆ ဇန်န၀ါရီ ၁ ရက်တွင်လက်နက် ချခဲ့သည်။ နောက်တနေ့ တွင် ခွန်ကျော်နှင့်အဖွဲ့ အားစစ်တပ်မှ ဖမ်းဆီးကာလားရှိုးသို့ ခေါ်ဆောင်သွားခဲ့ သည်။

၂၀၀၆ မတ် ၄ရက်တွင်ခွန်ကျော်အားလူသတ်မှု၊မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ဆူပူသောင်းကြန်းမှု၊ကလေး  စစ်သားစုဆောင်းမှုနှင့်အခြားသောစွဲချက်ပေါင်း ၁၁ ချက်နှင့် ၄င်း၏တပ်သား ၂၈ဦးနှင့်အတူ သေဒဏ်ချမှတ် ခဲ့သည်။ အသက်ငယ်ရွယ်သောတပ်သား ၃ ဦးကိုမူ ထောင် ၇ နှစ်စီချမှတ်ခဲ့သည်။

ကျနော့်တပ်သားနဲ့ ပြည်သူတွေ အန္တရာယ်မရှိ အေးချမ်းမယ်လို့ ကတိပေးခဲ့တဲ့ ဗမာစစ်တပ်ကို ယုံကြည်ခဲ့မိပြီး လက်နက်ချခဲ့တာ ကျနော့် အမှားပဲ။ ကျနော်ဟာ အပြစ်မရှိတဲ့ သူတွေကို တခါမှ မသတ်ခဲ့ဖူးဘူး။ မူးယစ်ဆေး  ၀ါးနဲ့ လဲ မပတ်သက်ခဲ့ဘူးဖူး။ မတရားတာမကောင်းတာတွေလဲ တခါမှမလုပ်ခဲ့ဖူးဘူး ဟုခွန်ကျော်က တရားရုံး  တွင်ပြောဆိုခဲ့သည်။

ထို့ ကြောင့်တော်လှန်ရေးတပ်ဖွဲ့ များအား ခွန်ကျော်က စကား၃ခွန်းမှာကြားခဲ့သည်။ ၄င်းတို့ မှာ ၁ လက်နက် မချရန်။  ၂။ ဆက်လက်တိုက်ပွဲဝင်သွားရန် ၃။ ၄င်းကဲ့သို့ စစ်တပ်၏လိမ်လည်မှုမခံရစေရန်တို့ ဖြစ်သည်။

ယခုအခါ ဒု-ဗိုလ်မှူးကြီးခွန်ကျော်သည် ပဲခူးတိုင်းဒေသကြီးသာယာဝတီထောင်တွင်အကျဉ်းကျနေသည်။ ၄င်း၏ဇနီးနှင့်သမီး ၂ ယောက်မှာ ထိုင်းနယ်စပ်တနေရာတွင် နေထိုင်လျက်ရှိ၏။

သျှမ်းသံတော်ဆင့်  မှကူးယူဖော်ပြသည်။


No comments: