Saturday, March 17, 2012

ဒါကလုပ်လို့ လွယ်တဲ့ကိစ္စပါတဲ့လားအောင်သောင်းရယ်

မြတ်ခိုင်။ ။ ဒေါ်အောင်ဆန်းစုကြည်က ကြားဖြတ်ရွှေးကောက်ပွဲအတွက် နေရာအနှံ့ လိုက်ပြီးမဲဆွယ်နေတဲ့အချိန်မှာ အဘတို့ဘက်က ငြိမ်နေတာ ဘာကြောင့်လဲ ?

အောင်သောင်း။ ။ မငြိမ်ပါဘူး။ သူလို့ အုံးအုံးကျွတ်ကျွတ် မလုပ်တာ တစ်ခုပါပဲ။ အရှေ့အလယ်ပိုင်းပုံ သဏ္ဍန်တွေဖမ်းနေတာပေါ့။ ရှိလည်းရှိမှာပေါ့။ လူထုတွေ တအားထောက်ခံတယ် ဆိုတဲ့ ပုံပန်းကို သုက ပြနေတာ ဒါကတော့ နိုင်ငံရေးအရ Image ကောင်းအောင်ပေါ့ဗျာ။
ဒါက လူထုတွေ တအားထောက်ခံတယ်။ ကြိုဆိုတယ်ပေါ့ဗျာ။ ဒါက လုပ်လို့ လွယ်တဲ့ ကိစ္စပါ။ အခုလည်းပဲ ဟိုက ဒီက ခေါ်ထားရင်ရပါတယ်။ မြို့ခံတွေ ဘယ်လောက် ပေါတယ်။ နယ်ခံတွေ ဘယ်လောက်ပေါတယ်ပေါ့။ အဲ့လိုနဲ့ သူကို မဲပေးမယ်လို့ ပြောလို့မရပါဘူး။

ဟုတ်လား။ ဘယ်သူ့မဲပေးမယ်လို့လည်း ဒီမှာ သိပ်ဆုံးဖြတ်လို့မရပါဘူး။ တကယ်တမ်းကျတော့ ဘာမှမပေးနိုင်ဘူး ဘာမှမလုပ်နိုင်ဘူးဆိုတာတွေက ဘာကတိမှလည်းမပေးနိုင်ဘူးဆိုတာတွေက ကတိပေးထားတဲ့သူတွေကိုသရော်တာ။ ပြည်သူ့အကျိုးလုပ်နေတဲ့သူတွေကို
ကိုယ်မလုပ် နိုင်လိုဝေဖန်တဲ့သဘောလေးလည်းဆောင်တယ်။ တကယ်တမ်းကတော့ ဒါကမလုပ်သင့်ပါဘူး။ ပြည်သူ့အကျိုးပြုလုပ်တာကောင်းတယ် လို့ပြောရမှာပေါ့။ ဟုတ်လား။ ပြည်သူတွေအတွက်လုပ်ပေးတာ ကောင်းတယ်ဆိုတာမျိုးပဲပြောရမှာ။ ပြည်သူ့ အတွက်
လုပ်ပေးတာမကောင်းဘူးလို့ပြောလာတာတွေက ဒီနိုင်ငံရေးအဓိပ္ပာယ်ကို ကျွန်တော်လည်း နားမလည်ပါဘူး။ ဘာဖြစ်လို့ပြောတာလည်းဆိုတာ ကျွန်တော်တို့လည်းမသိဘူး။ ကျွန်တော်တို့ အဲ့ဒီအဆင့်မမီဘူး။ ဒီတော့ ဒီမိုကရေစီလိုလားတယ်။ နောက်ပြီတော့မှ တရားဥပဒေစိုးမိုးရေးလိုလားတယ်လို့  အကြိမ်ကြိမ် နေရာတိုင်းမှာပြောတယ်။ တကယ့် လက်တွေ့မှာ သူတို့သွားတာ လာတာတွေ အားလုံးက တကယ်လက်တွေ့မှာ တရားဥပဒေကို တကယ်လိုက်နာလား။ မလိုက်နာဘူးလားဆိုတာ ကိုယ့်ဘာသာ ပြန်ဆန်းစစ်လိုက်ရင်သိတယ်။တိတိကျကျတော့ မပြောလိုပါဘူး။

(လျှပ်တစ်ပြက် သတင်းဂျာနယ် အတွဲ ၃ အမှတ် ၈၀ မှ)

No comments: