Friday, March 16, 2012

ရော်နယ်အောင်နိုင်ကို ပြောချင်တာက လူသားတစ်ယောက်ရဲ့ အခွင့်အရေး....

တစ်နေ့က ကိုရော်နယ်အောင်နိုင်ပြောတာလေး ဖတ်လိုက်ရပါတယ်၊ ဘာတဲ့ ''မေးမြန်းဖို့လိုအပ်ဖို့ခေါ်ရင်
သွားမှာပါ၊ ကျွန်တော်တို့ ဖုံးကွယ်ခဲ့တာ၊ စည်းမျဉ်း စည်းကမ်းဥပဒေတွေနဲ့ လွှဲချော်ပြီးလုပ်ခဲ့တာ ဘာမှမရှိ ပါဘူး...'' တဲ့။ ကိုရော်နယ်အောင်နိုင်ဆိုတာ ၁၉၉၂ ခုနှစ် ABSDF (မြောက်ပိုင်း) မှာ သတ်ဖြတ်မှုတွေဖြစ်နေ တဲ့ အချိန်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တဲ့သူ၊ သူ့အရင် ဥက္ကဋ္ဌက ကိုထွန်းအောင်ကျော်၊ ကိုထွန်းအောင်ကျော် ကို ထောက်လှမ်းရေးပါဆိုတဲ့ စွတ်စွဲ၊ဖမ်းဆီး၊ချုပ်နှောင်၊ နှိပ်စက်၊ညှင်းပမ်းထားပြီး လစ်လပ်တဲ့ ဥက္ကဋ္ဌနေရာမှာ ဝင်ရောက်တာဝန်ယူနေတဲ့ ကိုရော်နယ်အောင်နိုင် ပါ။ ဖြစ်ကြ တာက လူ ၂ဝဝ ကျော်ရှိတဲ့ အဖွဲ့သားတွေထဲမှာ အဖွဲ့ သား ၁ဝဝ နီးပါးကို ထောက်လှမ်းရေးတွေပါဆိုပြီး ဖမ်းဆီးပါတယ်။ ပြီးတော့ သူလျှိုဟုတ် မဟုတ်ဆိုတာ ကို စစ်ဆေးပါတယ်။ခေါင်းစဉ်နဲ့ ဖမ်းဆီးထားသူအားလုံး ကို ရက်ရက်စက်စက်နှိပ်စက် ရိုက်နှက်တယ်။ အချို့ကို စအိုထဲဝါးလုံးထည့်ပြီး မွေ့တယ်၊ ပြီးတော့မှ စအိုဝကို ကျဉ်စက်နဲ့ တို့တယ်။ ကသာက အားဆိုက်ဆို ရင် အတွင်း ထဲက ကလိစာတွေ ပုပ်ပြီး အသေဆိုးနဲ့ သေသွားရတယ်။ 

အချို့ကျောင်းသားတွေဆိုရင် လေးလက်မသံချောင်းကို ဖြေနောင့်ထဲ ရိုက်ထည့်ပြီး လမ်းလျှောက်ခိုင်းတယ်။ ကတ္တရာ အခင်းပြားတွေ မီးရှို့ပြီး ဗိုက်ပေါ်ကို အစက်ချ တယ်။ အချို့တတွေကိုတော့ ဓားမြှောင်မီး ကင်ပြီး   ပေါင် တွေ ခြေသလုံးတွေထဲ ထိုးထည့်တယ်။ တချို့ကိုများ ဆိုရင် ညအချိန်မှာ ရေခဲပြင်ထဲထုတ်ပြီး ဝါးစိမ်း တုတ်နဲ့ ရိုက်လိုက်တာ ဝါးလုံးစည်းတွေ မွစာကျဲကုန်လို့ ထင်း ချောင်းနဲ့ ပြောင်းရိုက်တယ်။ အဲဒီလိုရိုက်လို့ အားရမှ နှင်းခဲပြင်ထဲမှာ ထုတ်ပြီး အအေးဒဏ်ကို ခံစားစေတယ်။ နောက်တစ်နေ့ မနက်မှာ ကားစင် တင်ပြီး နေလှန်းပြန်တယ်။ ကားစင်တင်ထားတဲ့ အချိန်မှာလည်း ကြာပွတ် တွေနဲ့ တစ်နေ့လုံး အလှည့်ကျ ရိုက်တယ်။ ကျောင်းသူ တစ်ဦးကိုဆိုရင် သူမရဲ့ တန်ဆာထဲမှာ လက်နက်ဖွက်ထား တယ်ဆိုပြီး   နှိုက်ယူ စစ်ဆေးတယ်။ 

ဖမ်းဆီးချုပ်နှောင် ထားချိန်မှာလည်း ညတိုင်းညတိုင်း အချုပ်ခံတွေအား လုံးကို လက်ပြန် ကြိုးတွေတုတ်၊ ခြေထောက်ကို ဒေါက်ခတ် ပြီး မျက်နှာကို အဝတ်မည်းစီးပြီးမှ အိပ်စေတယ်။ ဒါတင် မကသေး ပါဘူး။ အနှိပ်စက်ခံကျောင်းသားတွေကို ကက်ဆက် လိုလုပ်ပြီး သူတို့နားထောင်ချင်တဲ့အချိန် သီချင်းဆို ခိုင်း တယ်။ ဆိုခိုင်းပုံကလည်း ကက်ဆက်ဖွင့်ချင်တယ်ဆို ရင် ညာဘက်ပါးကို ရိုက်လိုက်တယ်။ ဒီတော့ မျက်နှာ အဝတ်စည်းခံထားရတဲ့ သူဟာ ကိုယ့်ရဲ့ ညာဘက်ပါး ကို ဖြောင်းကနဲ အရိုက်ခံရပြီဆိုတာနဲ့ သီချင်းစ ဆိုပေ   တော့၊ အိပ်ချင်တာတွေ၊ အိပ်နေတာတွေ၊ ဖျားနာတာတွေ မလိုဘူး။ စပြီး ဆိုပေရော့၊ အသံအတိုးအကျယ် ကို နား ပန်ဆွဲပြီး သတ်မှတ်ထားတယ်။ အဆိုကို ရပ်စေချင်ပြီ တော့ ဘယ်ဘက်ပါးကို အားကုန်ရိုက်ချ လိုက်   တာပဲ။ အဲ ကျောင်းသားအချို့ကိုတော့ စစ်ဆေးနေရင်း လက်ဖြတ် ခြေဖြတ် ပစ်တယ်။ အဲဒီလိုဖြတ်တယ်ဆိုတဲ့နေရာမှာလည်း ဓားတွေ ဘာတွေနဲ့ ခုတ်ဖြတ်တာမျိုးအပြင် ယမ်းကပ် ပြီး မီးရှို့ဖြတ်တောက်တာမျိုးလည်း လုပ်ကြတယ်။ အချို့ တတွေများဆိုရင် ထောက်လှမ်းရေး ဟုတ်မဟုတ် စစ် လိုက်တာ တစ်ညထဲနဲ့ အသက်ထွက်သွားတဲ့သူတွေတောင် ရှိကြပါတယ်။ ဒီတော့ အဖမ်းခံ သူတွေ အားလုံး ဟာ ထောက်လှမ်းရေးတွေပါလို့ မရိုက်ခင်ကတည်းက ကြိုတင်ပြီး ဝန်ခံလိုက်ကြတယ်။ ဒါလည်းမရပါဘူး။ အနှိပ် စက်ကတော့ ခံရတာပါပဲ။ အဲဒီလို နှိပ်စက်ခံရတာတွေ ကလည်း တစ်ရက်တည်း တစ်ညတည်းမဟုတ်၊ အချို့ တတွေဆိုရင် ကိုးလ ဆယ်လ တစ်နှစ်အထိကြာခဲ့ကြရ တယ်။ နောက်တော့ ကျောင်း သားခေါင်းဆောင် ကိုထွန်းအောင်ကျော် အပါအဝင် ကျောင်းသား ၁၅ ယောက်ကို သတ်ပစ်ကြတယ်။ သတ်ပစ်ခံရတဲ့ ကျောင်းသားတွေ အားလုံးဟာ လက်ပြတ်၊ ခြေပြတ်တွေကြီးပဲ။ ဒါတောင် မသတ် ပဲ နှိပ်စက် ခံရမှုဝေဒနာတွေနဲ့ သေသွားတာတွေ ရှိသေးတယ်။ စုစုပေါင်းဆိုရင် ၃၈ ယောက်တောင်သေ တယ်လို့ ဆိုကြ တယ်။ နောက်ဆုံးတော့ အဖမ်းခံရတဲ့ ကျောင်းသား ၅၅ ယောက်ဟာ အချုပ်ခန်းဖောက်ပြီး ထွက်ပြေး လွတ်မြောက်လာကြတယ်။ နောက်တော့ သူတို့ ရဲ့ ပတ်ဝန်းကျင်မှာ မျက်နှာငယ်ငယ်နဲ့ ဟုတ်နိုးနိုးအကြည့် စူးတွေအကြားမှာ နေခဲ့ရတယ်။ ခုအချိန်လွတ်လပ်ခွင့် တွေရလာပြီး အွန်လှိုင်းမီဒီယာတွေ ခေတ်စားလာမှ ရင်ဖွင့် ခွင့်ရကြရှာတာပါ။ ဒါတွေဟာ ဒီကနေ့အချိန်ထိမသေပဲ ပြောဆိုခဲ့ကြတဲ့ ဖြစ်စဉ်တွေပါ။ သူတို့အများစုက ကလဲ့ စားချေလိုလို့ ရင်ဖွင့်ကြတာမျိုး မဟုတ်ကြပါဘူး။ သူတို့ ရဲ့ သန့်စင်ခဲ့တဲ့ ဘဝကို ပြချင်တာ၊ နောက်ပြီး တာဝန်ရှိ သူတွေရဲ့ မှားခဲ့မိပါတယ်ဆိုတဲ့ တောင်းပန်သံကို ကြား ချင်ကြတယ်။ အဲဒီလို အခြေအနေမှာ ကိုရော်နယ်အောင်နိုင် က ''ကျွန်တော်တို့ ဖုံးကွယ်ခဲ့တာ စည်းမျဉ်း၊ စည်းကမ်း ဥပဒေတွေနဲ့ လွဲချော်ပြီးလုပ်ခဲ့တာ ဘာမှ မရှိပါဘူး...ဆို တော့ ကျွန်တော်အနေနဲ့ ကြားထဲက ငထွားနေရာ ဝင်ပြီး ခါးနာပြရပါတော့မယ်။
ကျွန်တော်ပြောချင်တာ ကိုရော်နယ်အောင်နိုင်တို့ ဖမ်းဆီးနှိပ်စက်ခဲ့တဲ့ ကျောင်းသားတွေ ဟာ ထောက် လှမ်း ရေးဖြစ်ခြင်း၊ မဖြစ်ခြင်းဆိုတာထက် လူသားတစ်ယောက် ဖြစ်တည်ခြင်းအကြောင်းပါ။ သူတို့ထဲက အချို့ဟာ ထောက် လှမ်းရေးဖြစ်နေခဲ့ရင်တောင် လူသားတစ်ဦးဖြစ်တာနဲ့ အညီလူသားတစ်ယောက်လိုပဲ ဆက်ဆံရမှာပါ။ အခြား အဖွဲ့တွေ ဟိုလိုလုပ်တယ်။ ဒီလိုလုပ်တယ်ဆိုတာ လက်ညိုးပြန်ထိုးဖို့ မကြိုးစားပါနဲ့၊ သူတို့က သူတို့ပါ၊ ကိုအောင်နိုင်တို့ ဘာဖြစ်လို့ တော်လှန်ခဲ့တာပါလဲ။ လူ့အခွင့်အရေး အတွက် တော် လှန် ခဲ့တာပါ။ အဲဒီလို လူသားအားလုံးရဲ့ အခွင့်အရေးရရှိရေး ရရှိဖို့ တောင်းဆိုတဲ့နေရာမှာ ရန်သူ ကိုလည်း ရန်သူရဲ့ အခွင့်အရေးကို ပေးခဲ့ကြရမှာပါ။ ကိုယ့်နဲ့မတူ ကိုယ့်ရန်သူလိုသဘောထားပြီး ရက်စက်ခဲ့ တာဆိုရင်တော့ ကိုအောင်နိုင်ဟာ မိမိအတွက် အတ္တကြီး သော လူ့အခွင့်အရေးအရေခြုံသူတစ်ဦးလို့ပဲ သတ်မှတ် ရမှာ၊ ကိုအောင်နိုင်ကို တစ်ခုမေးချင်တာက ကိုအောင်နိုင် အနေနဲ့ ကျောင်းသားတွေကို ချုပ်ထား တဲ့ အခန်းကို ရောက်ခဲ့တယ်လို့ ကျောင်းသားတွေက ပြောပြကြပါတယ်။ အဲဒီလို ရောက်တဲ့အချိန်မှာ ကိုအောင်နိုင် ခြေပြတ်၊ လက်ပြတ်ကျောင်းသားတွေကို မမြင်ခဲ့ဘူးလား။ ဖြေနောင့် သံရိုက်ထား တဲ့ကျောင်းသားတွေ၊ ထိပ်ပေါက်ခေါင်းကွဲ သွေးသံတရဲရဲ ပြည်(ပြီ)တစိုစိုနဲ့ ကျောင်းသားတွေကို ရော မတွေ့ခဲ့ဘူးလား။ မလိမ်ပါနဲ့ ကိုအောင်နိုင်.. တွေ့ဖူးခဲ့ မှာပါ။ ဒီလို မလုပ်ကြပါနဲ့ ကွာလို့ အဲဒီအချိန်က ကိုအောင် နိုင်ရဲ့ ရဲဘော်တွေကို ဟန့်ဖူးခဲ့ပါသလား။ အဲဒီတုန်းက အဲဒီလို မဟန့်ခဲ့တဲ့ ကိုအောင်နိုင်က အခုချိန်မှာ ''ကျွန်တော် တို့ ဖုံးကွယ်ခဲ့တာ၊ စည်းမျဉ်း စည်းကမ်းဥပဒေတွေနဲ့ လွဲချော်ပြီး လုပ်ခဲ့တာ ဘာမှ မရှိပါဘူး...'' ဆိုတော့ ရက်စက်တာ၊ နှိပ်စက်တာ၊ လက်ဖြတ်၊ ခြေဖြတ်တာ သတ်ဖြတ်တာတွေဟာ စည်းမျဉ်း စည်းကမ်းဥပဒေတွေ နဲ့ အညီလုပ်ခဲ့တာ ဆိုတာမျိုး ဖြစ်သွားရပါတယ်။ ဒါဆို ရင် အိမ်စွန့်ယာစွန့် ပညာစွန့်ပြီး သေပွဲတိုက်ပွဲဝင်ခဲ့တဲ့ အေဘီကျောင်းသားတပ်မတော်ကြီးဟာ မြန်မာ့နိုင်ငံရေး လောကမှာ အများပြည်သူ နှာခေါင်းရှုံ့စရာအဖွဲ့ကြီး ဖြစ်သွားရရှာတော့မှာပေါ့ဗျာ။ ဒီတော့ဗျာ ကိုယ်လူရာ ဝင်ဖို့အရေး ဘာဘာညာညာတွေ တွေးပြီး မပြောလိုက် စမ်းပါနဲ့၊ ရဲရဲဝံ့ဝံ့ ယောက်ျားပီပီပြောထည့်လိုက်စမ်းပါ
ကျွန်တော် မှားခဲ့မိပြီဗျာ...လို့။
ဟာဂျူလီ(ကသာ)

No comments: