Sunday, March 25, 2012

ဘိုဘိုသို့ ..(ညီညီ)

ဘိုဘိုကမြောက်ပိုင်းကျောင်းသားထုကိုယ်စား ကိုကိုကြီး ၈၈ ကိုမြောက်ပိုင်းကိစ္စမှာသူ.ရဲ.မှတ်ချက် နဲ. ပတ် သက်ပြီးကျေးဇူးတင်ကြောင်းပြောခဲ့တယ်။ သူ.သဘောနဲ.သူပြောတာဆိုရင်တော့ကျနော် ဘာမှ မပြော လိုပါဘူး။ဘာဖြစ်လို.လဲဆိုတော့ ကျနော်ညီညီကလည်း ကိုကိုကြီးကို သူ.အရင်ကန့် ကွက် ခဲ့တာရှိခဲ့တာ ကိုး။
ဒါပေမဲ့အဲဒီကန်. ကွက်မှုက ညီညီ မြောက်ပိုင်းရဲဘော်ဟောင်းတယောက်ထဲအနေနဲ့ ကန့် ကွက်ခဲ့တာ  
ါ။ မြောက်ပိုင်းရဲဘော်ဟောင်းများကိုယ်စားဆိုပြီးကန်.ကွက်ခဲ့တာမဟုတ်ပါဘူး။အခု ဘိုဘို က မြောက်ပိုင်း ရဲဘော်ဟောင်းများကိုယ်စားဆိုတော့ဖတ်ရတဲ့သူတွေအနေနဲ.တမျိုးထင်သွားနိုင်ပါ တယ်။
။မြောက် ပိုင်းကျောင်းသားထုကိုယ်စားဆိုတဲ့စကားကိုသုံးဖို.သူ.ကိုရန်ကုန်တော့မသိ၊ကျန်တဲ့ ဘယ်ဒေသက မှသူ.ကို ကိုယ်စားလှယ်ပေးမထားပါ။ဘိုဘိုရေ ကိုကိုကြီးပြောတဲ့စကားကို သဘော မတူလို. ကန်.ကွက် ထား တဲ့ ညီညီ ရဲ.စာကိုဖတ်ကြည့်ပါအုံး။ဒါဆိုရင်ကျနော်က ကိုယ်စားဆိုတဲ့ စကားရဲ. အပေါ်မှာ သာကန်.ကွက် တာ ဆို တာ ရှင်းလောက်ပါတယ်။
စိတ်မကောင်း စွာနဲ.ပြောရမယ် ဆိုရင် ကျနော်က ကျနော် သိတဲ့(တခြားသူတွေမသိ တဲ့)အကြောင်းတွေ ကိုဖွင့်ချ လိုက်တော့တော်တော်များများကသဘောမတူပါ ဘူး။သိပ်ကြမ်းလွန်းတယ်။ မပြောသင့်ဘူးဆိုပြီး တားတဲ့သုတွေကတားကြပါတယ်။ကျနော်ရေးတာမကြမ်းပါ ဘူး၊အဖြစ်အပျက်ကြီးကို ကကြမ်းတမ်းတာပါ။ဒါတွေကိုသိရဖို.အဲဒီပါဂျောင်ဒေသမှာအဖမ်းအဆီးခံတွေအားလုံးပြန်ခဲ့ကြပြီး နောက် ကျနော်နောက်ထပ် ၃ နှစ်၊ ၃ နှစ်ခွဲလောက်ဆက်နေခဲ့ရပါတယ်။စုံစမ်းခဲ့ရပါတယ်။ အဖြေမရတဲ့ကိစ္စတွေကိုလူယုံမွေးပြီးမေးမြန်း ခဲ့ရပါတယ်။အန္တရာယ်ရှိတဲ့နေရာမှာအချိန်ပေးပြီးနေခဲ့တာဟာ တချိန်မှာဒီကိစ္စကြီးကိုဖွင့်ချမယ်ဆိုတဲ့ ရည် ရွယ်ချက်ရှိခဲ့လို.ပါ။နောက်တခုပြောရရင်ဒီမြောက်ပိုင်း လူသတ် မှုကြီးမှာအရင်ကပက်သက်ခဲ့ဘူးတဲ့မြို.ပေါ် ကလူတွေကလဲနှုတ်ပိတ်နေခဲ့ကြပြီးတာဝန်မဲ့ခဲ့ကြပါတယ်။ အခွင့်အရေးလေးရလို.အချင်းချင်းထုတ်ပြော လာကြတော့မှမကောင်းတက်တဲ့ ပုံနဲ.အားနာပါးနာဝင် ပါခဲ့ကြတာပါ။မန္တလေးအပိုင်းအနေနဲ.ဆို ရင်မန္တလေး မှာကျန်ခဲ့တဲ့ကျောင်းသားများဟာလည်း မြောက်ပိုင်း AB ရဲ.စစ်ချက်ထဲမှာထောက်လှမ်းရေးများအနေ နဲ.ထွက်ဆိုခြင်းခံရမဲ့သူတွေဖြစ်ပါတယ်။ဒါကြောင်သူတို.အနေနဲ.ရလဒ်ကောင်းထွက်လာအောင်ဘာမှလုပ်ပေး နိုင်မှာမဟုတ်ပါဘူး။သူတို.များတစ်စုံတခုပြောခဲ့ရင် ဆေးအတွက်နဲ.လေးဆိုတာလိုဖြစ်သွားပါမယ်။

 အဲဒီအချိန်ကအဖမ်းခံခဲ့ရသူတွေဟာထောက်လှမ်းရေး မဟုတ်ပါဘူး တာဝန်ခံပါတယ်ဆိုပြီးဆရာတော် ဦးရေဝတ  အပါအဝင်သံဃာတော်တွေရာချီပြီးလက်မှတ် ထိုးပြီးစာပေးပို.ပြီးဒီကိစ္စကြီးကိုဟန်.တားဖို.ကြိုးစား ခဲ့ကြပါသေးတယ်။ကျနော်တို.မန္တလေးမှာတော့ AB နဲ.မန္တလေးကျောင်းသားထုနဲ.ကခွဲမြင်လို.မရပါဘူး၊ အတူ တူအလုပ်လုပ်ခဲ့ကြတာပါ။နောင်လဲအနာဂတ်နိုင်ငံရေးမှာလက်တွဲပြီးဆက်လုပ်သွားကြမှာပါ။ မန္တလေးကျောင်း သားထုရဲ.ခံယူချက်ကညီညွတ်မှုအဓိ ကပါ။သီခြား ထိုးထွက်နေတဲ့ခေါင်းဆောင်မလိုပါ ဘူး။ ဒါကြောင့်လည်း ပထမဆုံး ဗကသ ညီလာခံ ၂ ခုကိုမန္တလေးသံဃာထုနဲ.ကျောင်းသားတွေပူးပေါင်း ပြီးအောင် မြင်စွာကျင်းပနိုင်ခဲ့တာပဲဖြစ်ပါတယ်။မပြောပလောက်တဲ့ပြဿနာအနဲငယ်ကလွဲပြီးတခြားဘာမှကြီးကြီးကျယ် ကျယ်မဖြစ်ခဲ့ပါဘူး။တဆက်ထဲမှာပဲမြောက်ပိုင်းကိစ္စကိုဝင်ရောက်ဆိုနေကြ  သူတွေအနေနဲ. အသက်ပေးသွား ခဲ့ကြသူတွေ၊အနှိပ်စက်ခံခဲ့ရသူတွေကို ထိခိုက်သွားစေနိုင်တဲ့၊ရာဇဝတ်သားတွေဘက်ကိုပြေလျှော့သွားစေနိုင် နဲ.ပြောဆိုမှုများမပြုလုပ်ကြပါရန်မေတ္တာရပ်ခံပါတယ်။
ဒီစကားကိုမန္တလးကျောင်းသားထုနဲ.ရဲဘော်ဟောင်းတွေ   အနေနဲ.လက်ခံနိုင် မယ်လို.မျှော်လင့် ပါတယ်။ 

ကျနော်ရဲ.ရည်ရွယ်ချက်ကအမှုမှန်ပေါ်ပေါက်ရေးနဲ.ထိုက်သင့်တဲ့အပြစ်ဒဏ်တွေကျခံရေးပဲဖြစ်ပါတယ်။ ရာဇဝတ်မှုတခုကိုကျေအေးခြင်းကိုကရာဇဝတ်မှု ဖြစ်ပါတယ်။ ဒီအတွက်နောက်ထပ်ရာဇဝတ် မှုတွေ ထပ်ဖြစ်အောင်ဇောင်းပေးရေးသားပြောဆိုနေမှုတွေ ကို တရားဥပဒေကိုလေးစားလိုက်နာတန်ဖိုး ထား တတ်သောနိုင်ငံသားများအနေနှင့်မပြုလုပ်ကြပါရန်အလေးအနက်တောင်းဆိုပါတယ်။ မန္တလေးကျောင်းသားထုနှင့်အတူစိတ်သဘောထားတိုက်ဆိုင်သူများနဲ. အတူရှေ.ခရီးကို 
ဆက်လျှောက်ပါ.မယ်။

ညီညီ(မြောက်ပိုင်းရဲဘော်ဟောင်း)

ko lin wai aung facebook မှကူးယူဖော်ပြသည်။

No comments: