Tuesday, March 13, 2012

ကိုကိုကြီး(၈၈) မျိုးဆက် သို့ .....

ကိုကိုကြီး(၈၈) မျိုးဆက် သို. ABSDF မြောက်ပိုင်းရဲဘော်ဟောင်း ညီညီ မှ တုန်.ပြန် စာ

ကိုကိုကြီး (၈၈ ) မျိုးဆက်ခင်ဗျာ....ခင်ဗျာ messenger ဂျာနယ်ထဲမှာပြောသွားတဲ့စကားလုံး
တွေကိုဆွေးနွေးချင်လို.ပါ။အဲဒီစကားလုံးတွေကအခြားသူတွေသုံးရင်ပြသ၁နာမရှိပေမဲ့ ၈၈ မျိုးဆက်ထဲကပြောသွားတာကတော့ လက်မခံနိုင်ပါ။ ကိုကိုကြီးက " ဒီကိစ္စကြီးက သံသယရဲ. ဓါးစာခံတွေ သားကောင်တွေ ခေတ်ကာလအခြေအနေမှာ မှားယွင်းမှုတွေ လို." ပြောသွားပါတယ်။ဒီကိစ္စက အဲဒီလို လုံးဝမဟုတ်ပါဘူး၊ကြိုတင်ကြံစီပြီးမှဖြစ်ခဲ့တဲ့ကိစ္စပါ။ကျနော်
ရေးတဲ့အခန်းဆက်တွေကိုစောင့်ဖတ်ကြည့်ပါ။အစအဆုံးပြီးသွားရင် ဒါမှမဟုတ် မပြီးခင်မှာတောင်ဇာတ်ရည်လည်သွားပါမယ်။ အောင်နိုင်က အထက်ဗမာပြည်မှာ ထွန်းအောင်ကျော်ကထောက်လှမ်းရေးတာဝန်ခံ၊အောက်ဗမာပြည်မှာ ကိုကိုကြီးက ထောက်လှမ်းရေးတာဝန်ခံ ၊နိုင်အောင်ကလည်း မိုးသီးဇွန် လဲထောက်လှမ်းရေး မဟုတ်လားဆိုပြီး စွတ်စွဲတာ ကျနော်တို.အဖမ်းခံရသူတွေအားလုံးအသိပါ။ခင်ဗျာ မတော်လို.များ မြောက်ပိုင်းမှာတောခိုခဲ့ရင် ခင်ဗျာ ၊မောင်မောင်ကြွယ် နဲ. ထွန်းအောင်ကျော်တို.အမှုတွဲဖြစ်ပြီး ၁၅ ယောက်စာရင်းမှာ ခင်ဗျားပါ ပါသွားခဲ့မှာ။ အခု ၁၅ ယောက်ထဲပါတဲ့ကိုချိုကြီးဆိုရင်လဲ ကျနော်ရယ် သူရယ် GOSDA အမတ် ကိုမောင်မောင်အောင်ရယ် ၃ ယောက် မန္တလေး သံဃသမ္မဂ္ဂီ ဥက္ကဌ ဆရာတော် ဦးရေဝတ လွှတ်လို.မဲပေးပြီးနောက်ရက်ကစပြီး နိုင်ငံရေးလမ်းကြောင်းပုံစံသစ်ဖော်ဖို. အနိုင်ရမဲ့ ပါတီနဲ.ညှီနှိုင်းဖို. ဆွေးနွေးရန်အတွက်ခင်ဗျာနဲ.တောင်ဥက္ကလာပမှာ တွေ.ဆုံဆွေးနွေးခဲ့သူပါ။
ဒီလူတွေကမတော်တဆဆိုပြီးသေသွားခဲ့တဲ့သူတွေမဟုတ်ပါဘူး။ကျေးဇူးပြုပြီးစကားလုံးတိုင်းကိုအလေးအနက်ထားပြောဆိုပေးပါ။နောက်ပြီးခွင့်လွတ်တယ်ဆိုတဲ့စကားလုံး ၊နေရာတကာမှာ လူတကာက ကိုယ်မခံရတဲ့ကိစ္စတွေကို ကြားထဲကနေ ဝင်ဝင်ပြီးခွင့်လွတ်နေကြတာ မြန်မာနိုင်ငံသမိုင်းမှာ အစဉ်အလာဆိုးကြီးချန်ထားကြမလို.လား ။ လုပ်ချင်ရာလုပ်ကြ နောက်ကြခွင့်လွတ်ကြမှာပဲဆိုတဲ့အသိတရားကိုနောင်မျိုးဆက်အတွက်ချန်ထားခဲ့ချင်ကြသလားး မမှားကြပါနဲ. သတိထားပြီးလုပ်ကြပါ။ကိုယ်မှားရင်ကိုယ်ပြန်ခံရမယ် ဆိုတဲ့အသိတရားမျိုးထားခဲ့ဖို.ကြီုးစားပါ။ ခွင့်လွတ်တယ်ဆိုတဲ့စကားကပြောဖို.လွယ်ပါတယ်။ အထူးသဖြင့်သူများတွေခံရတဲ့ကိစ္စမျိုးပေါ.။ကျနော်တို.က ကိုယ်တိုင်ခံစားရတဲ့ကိစ္စတွေကိုလဲ ခွင့်လွတ်ပါတယ်ဆိုရင်တော့ အဲဒီလိုလူမျိုးတွေရဲ.အမြော်အမြင်နည်းပါးမှုကိုရှုတ်ချပြီးမေတ္တာဓါတ်ကြီးမားမှုကိုတော့ဂုဏ်ပြုပါတယ်။တဆက်ထဲမှာပဲ ၁၂ ရက်နေ.အမှတ်တရပွဲ ဦးဆောင်ကျင်းပခဲ့တဲ့ ကျနော်တို.နဲ.အတူ အချုပ်ခံရပြီးလွတ်မြောက်ခဲ့တဲ့ ရန်ကုန်က ပုဂ္ဂိုလ်များကို တခုမေတ္တာရပ်ခံလိုပါတယ်။နောင်ကို ကိုချိုကြီးနာမည်ကိုအသုံးပြုရင် လူသစ်ဆိုတဲ့စကားလုံးကိုမသုံးကြပါနဲ.။ ကိုချိုကြီးတို. ကျနော်တို.တတွေ UG လုပ်ခဲ့ကြတာဟာ မန္တလေးကျောင်းသားအုပ်စုတွေရဲ.အားပေး ကူညီပူးပေါင်းပါဝင်မှုနဲ.အတူ ABSDF ကိုမိခင်အဖွဲ.ဆိုပြီးလုပ်ခဲ့ကြတာပါ။ ၁၉၉၀ နှစ်ဆန်းပိုင်းမှာ မခင်ချိုဦးနဲ. နန်းအောင်ထွေးကြည် ကိုထောက်လှမ်းရေးဖြစ်ကြောင်းစုံစမ်းထောက်ခံပေးပါဆိုတဲ့ စာကျနော်တို. ဆီကို မြောက်ပိုင်း ဗဟိုကနေရောက်လာပါတယ်။ကျနော်တို.တတွေက ဆရာတော် ဦးရေဝတ နဲ.တိုင် ပင်ပြီး ထောက်လှမ်းရေးလို.မသင်္ကာံ ဘူးဆိုရင် မြို.ပေါ်ပြန်ပို.လိုက်ပါ။ဆက်ပြီးသတ်ဖြတ်မှုတွေ လုပ်နေမယ်တိုရင် မန္တလေးအုပ်စုက NB နဲ.အဆက်အသွယ်ဖြတ်မယ်လို.စာပြန်ခဲ့ပါတယ်။ဒါ ကိုချိုကြီးလုပ်ခဲ့တဲ့ အများကြီးထဲကတခုပါ။ခင်ဗျားတို.တတွေလဲသိသင့်သလောက်သိခဲ့ကြမှာပါ။အဲဒီတော့ပြောချင်တာကနောက်နောင်ကို ကိုချိုကြီးနာမည် ကိုအသုံးပြု( ဖို.များကြုံကောင်းကြုံလာခဲ့ရင်) ကိုချိုကြီးကိုလူသစ်လို.မသုံးကြပါနဲ.လို.မေတ္တာရပ်ခံပါတယ်။


Ko Lin Wai Aung facebook မှကူးယူဖော်ပြသည်။ 

No comments: